Saturday, January 5, 2019

မျက် ရည် သောက် တဲ့ လူ

လူတွေအားလုံး
နေ့စဉ်နေ့တိုင်းအကြိမ်ကြိမ်
ရေသောက်ကြပါတယ်။

ရေသောက်တိုင်းရေသောက်တိုင်း
ရေအိုးထဲမှာရှိတဲ့ရေ၊
ရေခွက်ထဲမှာရှိတဲ့ရေကို
ကြည့်ပြီးတော့……

တရားအားထုတ်ရာတွင် တွေ့ရမည့် အတားများ။

        တရားအားထုတ်တဲ့အခါ တရားအသိဉာဏ်တွေ မရအောင် မတိုးတက်အောင် နှောက်
ယှက်ပိတ်ဆို့ တားထားတတ်ကြပါသည်။ စိတ်ယုတ်များဖြစ်ကြသည်။
 ၁။ ကာမစ္ဆန္ဒ နိဝရဏ။  ။ အဆင်း၊ အနံ့၊ အသံ၊ ခံစားမှု ကြံစည်မှု အာရုံတွေအပေါ်မှာ နှစ်သက်

Friday, January 4, 2019

နိဗ္ဗာန်ကို ဘာကြောင့် လိုချင် တာလဲ

ဘာဖြစ်လို့ နိဗ္ဗာန်ကို လိုချင်တာလဲ။

ခန္ဓာကို မလိုချင်တော့လို့။

ခန္ဓာကို ဘာလို့မလိုချင်တာလဲ။

ဆင်းရဲလို့။

ဘာဖြစ်လို့ဆင်းရဲတာလဲ။

နိဝရဏတရား ၅ ပါး။

         နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
                             ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
                             နိုင်သောစိတ်။

Thursday, January 3, 2019

သဒ္ဓါမျိုးစေ့

သဒ္ဓါတရားဟာ မျိုးစေ့နဲ့ တူပါသတဲ့။ မိုးတွေ ဘယ်လောက် ရွာချနေနေ ဘယ်လောက်မိုးကောင်းနေနေ၊ မိမိမှာ စိုက်ပျိုးစရာမျိုးမရှိလို့
ရှိရင်ဘာမှမစိုက်နိုင်ဘူး။ ဘာမှ သစ်ပင်တွေ မစိုက်နိုင်လို့ အကျိုးမရဘူးဆိုပါတော့။ လယ်လုပ်စရာစပါးမရှိလို့ စပါးမရဘူး။

ဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။

   မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရား
လောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။  အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့် အားဖြင့်

Wednesday, January 2, 2019

အမှားဆယ်ပါး

၁။ ပညာအားကောင်း၍ သဒ္ဓါအားနည်းသော သူတို့သည်

စကားများခြင်းဟူသော အမှားကို ရောက်တတ်ကုန်၏။

၂။ ပညာအားနည်း၍ သဒ္ဓါအားကောင်းသော သူတို့သည်

ကျဉ်းမြောင်းသည့် အယူသန်ခြင်းဟူသော အမှားသို့

ရောက်တတ်ကုန်၏။

သုခဝေဒနာသည် ဒုက္ခသစ္စာဟုတ် မဟုတ်။

        သုခဝေဒနာဆိုတာ သမ္မုတိသစ္စာနယ်ထဲက စကားပါ။ ပရမတ္တသစ္စာက “သဗ္ဗေသင်္ခါရာ
 ဒုက္ခာ” တဲ့။ သုခဝေဒနာကို သိမှတ်နေတဲ့ ယောဂီရဲ့ အသိဉာဏ်မှာ အဲဒီ ပေါ်လာတဲ့ သုခ ခံစား
ချက်ကလေးတွေဟာ မှတ်တိုင်း ရှုတိုင်း ပျက် ပျက်သွားတာ တွေ့ရခြင်းကြောင့် ဒုက္ခသစ္စာတွေ

Tuesday, January 1, 2019

အကုသိုလ် ရောင်ပြန်


ကျွန်တော်ဟာ ရန်ကုန်တိုင်းလသာမြို့နယ်မှာ နေထိုင်ပါတယ်။ လသာမြို့နယ်မှာ ရပ်ကွက်ပေါင်း ၁၀ ခုရှိပါတယ်။ အဲဒီအထဲမှာ အမှတ်
၉ ရပ်ကွက်နဲ့ အမှတ် ၁၀ ရပ်ကွက်ဟာ ဆေးရုံကြီးဝင်းဖြစ်ပါတယ်။ အမှတ် ၁၀ ရပ်ကွက်မှာ ဆေးရုံကြီးဝင်းအလုပ်သမားတွေနေ
ထိုင်တဲ့ နှစ်ထပ်ပျဉ်ထောင်အိမ် သွပ်မိုး တန်းလျားတွေရှိပါတယ်။ 

ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။

   ဘုန်းဘုန်းကလည်းပဲ ကိုယ့်ဘ၀ ဒီဘ၀ရဲ့အစကို  ဘုန်းဘုန်း မှတ်မိတာလေး  တစ်ခု
ပြောကြည့်ပါအုံးမယ်။ တစ်နေ့တော့ အဖေအမေတို့ အိမ်မှာမရှိကြဘူး ရွာထဲကိုကိစ္စတစ်ခုနဲ့
သူတို့သွားကြတယ်။ မှတ်မိတာကတော့ အချိန်က ည(၇)နာရီ လောက်ပေါ့။ မှောင်လာပါပြီ

Monday, December 31, 2018

နဂါးရုံဘုရားပုံတော် ပြုသင့်-မပြုသင့်

အရှင်ဘုရား။ နဂါးရုံဘုရားပုံတော်သည် မဟာယာနမှ ဆင်းသက်လာသော ပုံတော်ဖြစ်၍ ထိုပုံတော်များ မပြုလုပ်သင့်ကြောင်း တချို့က ပြောဆိုနေကြပါသည်။ မှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။
( အရှင်နန္ဒာသီရိ-ဦးလှမျိုးနိုင်-တောင်ငူ)

မြတ်စွာဘုရားအလောင်းတော်ရဲ့ ဆရာတွေ။

      မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ

Sunday, December 30, 2018

သာသနာကွယ်ကြောင်း ငါးပါး

အရှင်ဘုရား၊ သာသနာကွယ်ကြောင်း ငါးပါးကို တပည့်တော် သိပါသည်ဘုရား။ သာသနာကွယ်ပြီးချိန်တွင် လူ့ပြည်၌ သူတော်ကောင်းဆိုတာ ရှိပါဦးမလား။ နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်းမရှိလျှင် သေလွန်ပြီး နတ်ပြည်ရောက်သည့်ပုဂ္ဂိုလ် ရှိ-မရှိနှင့် သာသနာတွင်း သာသနာပ အခါ၌ နတ်၊ ဗြဟ္မာ ဦးရေ ကွာခြားမှု ရှိ-မရှိ သိလိုပါသည်ဘုရား။
( ဦးသာရှိ (ခ) စိုင်းသန်းရွှေ-တမူးမြို့)


(ဖြေ)
သာသနာပအချိန်နှင့် သာသနာကွယ်ချိန်တို့မှာလည်း သူတော်ကောင်းတွေ ရှိပါသေးသည်။ ကံ ကံ၏အကျိုးတရားကို ယုံကြည်သော သူတော်ကောင်းများသည် မကောင်းကံတွေက မကောင်းကျိုးကို ပေးလိမ့်မည်။ ကောင်းကံတွေက ကောင်းကျိုးတွေကို ပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုလုပ်သော သူတော်ကောင်းတွေ ရှိနိုင်ပါသည်။

မိစ္ဆာဝိတတ်ရဲ့ သဘောတရား။

   မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတတ်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ