Saturday, October 10, 2015
စဉ်းစားပါဦး
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။
ညနေချမ်းရောက်တော့
ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက်
နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။
မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။
လူသိနည်းသော လူယုတ်မာ
သုတ္တနိပါတ်ပါဠိတော်၊ ဝသလသုတ်မှာ အိုမင်းလာတဲ့ မိဘတွေကို လုပ်ကျွေးနိုင်စွမ်းရှိပါလျက်
လုပ်မကျွေးတဲ့ သားသမီးဟာ “လူယုတ်မာ” သာဖြစ်တယ်လို့ ဘုရားက ဟောထားတယ်။
ဒီအကြောင်းကို ခေတ်လူငယ်တွေ နားလည်အောင် ရွှေဟင်္သာတောရ၊ စံကျောင်းဆရာတော်ကြီးက...
လုပ်မကျွေးတဲ့ သားသမီးဟာ “လူယုတ်မာ” သာဖြစ်တယ်လို့ ဘုရားက ဟောထားတယ်။
ဒီအကြောင်းကို ခေတ်လူငယ်တွေ နားလည်အောင် ရွှေဟင်္သာတောရ၊ စံကျောင်းဆရာတော်ကြီးက...
"ပထမ ဆုံး ရဟန်းပြုသော အမျိုးသား"
-"သေနာနိဂုံး" သူ "သုဇာတာ" ၏သား "ယသ သတို့သား" သည် ကာမဂုဏ်တို့၌ ငြီးငွေ့စိတ်ပျက် သဖြင့် ည အခါ မိမိ နေအိမ်မှ တစ်ယောက်ထဲထွက်ခွာသွားလေ၏။ "မိဂဒါဝုန်တော" ထဲသို့ ရောက်သွားလေရာ "ဗုဒ္ဓမြတ်စွာဘုရားရှင်" နှင့်တွေ့ဆုံ၍ တရားနာရသော အခါ "သောတပန်" တည်၍ လူပုဂ္ဂိုလ်ထဲမှ ပထမဦးဆုံး 'ရဟန်းပြု ၊ဧဟိဘိက္ခု ရဟန်း' ဖြစ်သော အမျိုးသား ဖြစ်ပါ၏။
နေ့စဉ်နဲ့အမျှ ကောင်းအောင်ပြင်ပါ။
မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မ၀,၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြ
ပါတယ်။

ပညာစစ်၊ ပညာတုဆိုတာ။
ပညာစစ် = ကံ၊ ကံ၏အကျိုးကို သိတတ်သောဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို
နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတ
ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာအစစ်ပင်တည်း။
ပညာတု = “ ပါးနပ်သူ ” ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တစ်ဖက်သားကျလောက်အောင်

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။
နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
Friday, October 9, 2015
ဒါနမြောက်အောင် ပေးပါ
ဒါနဆိုတာ ပေးကမ်းခြင်းကို
ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့
လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။
သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊
ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို
ပေးတတ်ပါတယ်။
အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့
အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊
မြတ်စွာဘုရား၏ နောက်ဆုံးသာဝက
ရှင်အာနန္ဒာကား နွမ်းလျနေသောဘုရားရှင်ကို ခြေဆုံးခေါင်းဆုံးဖူးလိုက်၊ မိမိ၏ ရှေ့ရေးနောင်ရေး တွေးလိုက်နှင့် တလှိုက်လှိုက် ပူဆွေး၍ ဘုရားရှင်နှင့် မနီးမဝေး ကျောင်းတိုင်ကို
မှီလျက် ရိုက်ကြီးတငင် ငိုကြွေးနေ၏။
မှီလျက် ရိုက်ကြီးတငင် ငိုကြွေးနေ၏။
စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ
- လူ့သဘာဝ ကြိုက်တဲ့သူက ကိုယ့်ကို ကောင်းတာပြောမယ်။ ချီးမွမ်းမယ်။
မကြိုက်တဲ့သူက မကောင်းတာ ပြောမယ်။ ကဲ့ရဲ့မယ်။ ဝေဖန်မယ်။ အပြစ်
တင်မယ်။
မကြိုက်တဲ့သူက မကောင်းတာ ပြောမယ်။ ကဲ့ရဲ့မယ်။ ဝေဖန်မယ်။ အပြစ်
တင်မယ်။
Thursday, October 8, 2015
ငရဲထိန်းနဲ့ယမမင်းအကြောင်း သိကောင်းစရာ
မေး။ ။ ဆရာတော်ဘုရား တပည့်တော် မသိတာလေးတစ်ခုမေးချင်ပါတယ်။
အပါယ်လေးဘုံမှာ ငရဲကျခံရမဲ့ ငရဲသားတွေကို လှံနဲ့ထိုး၊ သံရေပူထဲထည့်ကြော်၊ ဆူးပင်ပေါ်တတ်ခိုင်း၊
မီးတောင်ပေါ် တတ်ခိုင်းနေတဲ့ ငရဲထိန်းတွေဟာ ဘာအကုသိုလ်ကံကြောင့် အဲလိုငရဲမှာ လာသမျှငရဲသားတွေကို သတ်ပေးနေရတာလဲ သိချင်လို့ပါ။ စာအုပ်တော်တော်များများမှာ ငရဲသားတွေ
အကြောင်း ရေးထားပေမယ့် သူတို့အကြောင်းကို ရေးတာသိပ်မတွေ့လို့ သိချင်ပါတယ်ဘုရား။
ရပ်ပြစ်ရှစ်ပါး ကျခံရသူများ။
ရပ်ပြစ်ရှစ်ပါး ကျခံရသူများ ဆိုသည်မှာ လောကမှာ လူလာဖြစ်သော်လည်း
အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်၊ လောကမှာ ဘ၀အခြေအနေ အကျိုးပေး
မလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်ကို ဆိုလိုပါတယ်။
၁ - ငရဲကျနေသူ ။ ။ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရား

အာနာပါနအကျိုးဆက်။
တစ်ပါးသောတရားကို ပွားများလျှင် လေးပါးသောတရားနှင့် ပြည့်စုံမည်။
= လေးပါးသောတရားကို ပွားများလျှင် ခုနှစ်ပါးသောတရားနှင့် ပြည့်စုံမည်။
= ခုနှစ်ပါးသောတရားကို ပွားများလျှင် နှစ်ပါးသောတရားနှင့် ပြည့်စုံမည်ဟု မြတ်စွာဘုရား
ဟောတော်မူခဲ့ပါသည်။ ( မ- ၃၊ ၁၂၄)
= တစ်ပါးသောတရားဟူသည် အာနာပါနတည်း။

စတုလောကပါနတ်မင်းကြီး ၄ ပါး။
စတုလောကပါနတ်မင်းကြီး (စတုမဟာရာဇ်) ၄ ပါးမှာ==
၁။ ဓတရဌ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အရှေ့မျက်နှာအရပ်၌ နေ၏။
၂။ ၀ိရုဠက နတ်မင်းကြီး = မြင်းမိုရ်တောင်၏ တောင်မျက်နှာအရပ်၌ နေ၏။
၃။ ၀ိရုပက္ခ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အနောက်မျက်နှာအရပ်၌ နေ၏။
၁။ ဓတရဌ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အရှေ့မျက်နှာအရပ်၌ နေ၏။
၂။ ၀ိရုဠက နတ်မင်းကြီး = မြင်းမိုရ်တောင်၏ တောင်မျက်နှာအရပ်၌ နေ၏။
၃။ ၀ိရုပက္ခ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အနောက်မျက်နှာအရပ်၌ နေ၏။
Wednesday, October 7, 2015
ကိုယ်ကအရင် စပြင်ကြစို
တစ်ခါတလေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင်
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေမှာ
ကိုယ်ကအရင်စပြီး ဘယ်နှစ်ခါများ လျော့ချဖူးသလဲလို့။ ကိုယ်ကအရင် စပြီးတောင်းပန်တာ၊
ကိုယ်ကအရင်စပြီး ခွင့်လွှတ်ပေးတာ၊ ကိုယ်ကအရင်စပြီး သည်းခံတာ စသဖြင့်
ဘယ်နှစ်ခါများ လုပ်ဖူးသလဲလို့ပေါ့။မလုပ်ဖြစ်တာ များပါတယ်။

အမြဲတမ်းရှိနေတဲ့ အန္တရာယ်
နေ့စဉ်ကြုံတွေ့နေရတဲ့ “စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ” တွေဟာ “ကိုယ့်ရဲ့စိတ်အင်အား နဲ့
စိတ်အခြေအနေ၊ စိတ်ကြည်လင်ရွှင်လန်းမှု” ကို ဖျက်စီးနေတဲ့အရာတွေထဲမှာ “အကြီးမားဆုံး”ပဲ။
ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။
စိတ်အခြေအနေ၊ စိတ်ကြည်လင်ရွှင်လန်းမှု” ကို ဖျက်စီးနေတဲ့အရာတွေထဲမှာ “အကြီးမားဆုံး”ပဲ။
ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။
Tuesday, October 6, 2015
စိတ်ယဉ်ကျေးမှု
ဗုဒ္ဓတရားတော်များသည် စိတ်ယဉ်ကျေးမှုအတွက် အထောက်အကူဖြစ်စေသည်သာမက စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုကိုပါ ပေးစွမ်းနိုင်ပါ၏။ ကိုယ်ကာယဆိုင်ရာ ယဉ်ကျေးမှု သိမ်မွေ့မှုအတွက်မူ ပြောစရာပင် မလိုတော့ပေ။ လူသားနှင့် သတ္တ၀ါအားလုံးတို့ ရင်ဆိုင်နေကြရသည်မှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု၊ နွမ်းနယ်မှု၊ မသက်မသာဖြစ်မှု၊ စိုးရိမ်ပူပန်မှု၊ ၀မ်းနဲကြေကွဲမှုစသည်ဖြင့် စိတ်ပိုင်းဆိုင်ရာ
"ပထမဆုံး သောတပန် တည် သူ"နှင့် "ပထမ ဆုံး ရဟန္တာ ဖြစ်သူ။
"ပထမဆုံး သောတပန် တည် သူ"
************************
-"ဗုဒ္ဓမြတ်စွာဘုရားရှင်" အထံတော်မှ တရားဦးဒေသနာတော် ကို နာကြားရ၍ "အရှင်ကောဏ္ဍည" သည် "ပဉ္စ၀ဂ္ဂီ ငါးဦး" တွင် ရှေးဦးစွာ(သာသနာတော် တွင်) သောတပန်ပုဂ္ဂိုလ် ဖြစ်လေ၏။
************************
-"ဗုဒ္ဓမြတ်စွာဘုရားရှင်" အထံတော်မှ တရားဦးဒေသနာတော် ကို နာကြားရ၍ "အရှင်ကောဏ္ဍည" သည် "ပဉ္စ၀ဂ္ဂီ ငါးဦး" တွင် ရှေးဦးစွာ(သာသနာတော် တွင်) သောတပန်ပုဂ္ဂိုလ် ဖြစ်လေ၏။
တရားရှိ မရှိ။
ဓမ္မမိတ်ဆွေများ.. အချိန်တိုင်း နေရာတိုင်းတွင် တရားရှိမရှိကို သီလ၊ သမာဓိ၊
ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့်
တိုင်းတာမှသာ မှန်ကန်ပါမည်။
ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့်
တိုင်းတာမှသာ မှန်ကန်ပါမည်။
မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်။
မိစ္ဆာဒိဌိဖြစ်သူဟာ အကျွတ်တရားရဖို့ အခွင့်အရေး ဆုံးရှုံးနေသူပါ။ ဘုရားပွင့်တယ်၊
ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်။ ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့၊ မြတ်စွာဘု
ရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်နေမယ်၊

မဂ္ဂင် (၈) ပါး။
မဂ္ဂင် (၈) ပါးတို့မှာ ==
၁။ သမ္မာဒိဌိ = သစ္စာလေးပါးကို ကောင်းစွာမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသော အကြံကို ကြံခြင်း။
၃။ သမ္မာဝါစာ = ၀စီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်၍ ကောင်းသော စကားကိုဆိုခြင်း။
၎။ သမ္မာကမ္မန္တော = ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်၍ ကောင်းသောအမှုကို လုပ်ခြင်း။

Sunday, October 4, 2015
*မဆုတ်ယုတ်ကြောင်းတရား(၇)ပါး*
"မဆုတ်ယုတ်ကြောင်းတရား(၇)ပါးဖြစ်တဲ့ ဗောဇ္ဈင်(၇)ပါး" ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။
"ဗောဇ္ဈင်" ဆိုတာ… ဗောဇ္ဈင်္ဂ (ဗောဓိ+အင်္ဂ)
"ဗောဓိ" ဆိုတာ… အသိဉာဏ်၊
"အင်္ဂ" ဆိုတာ… အကြောင်းအင်္ဂါအစိတ်အပိုင်း၊
ဒီတော့… ဗောဇ္ဈင်တရားတွေဆိုတာ "အသိဉာဏ်ဖြစ်ကြောင်း အစိတ်အပိုင်းအင်္ဂါ (၇)ပါး"ပါပဲ။
အသိဉာဏ်မရှိရင် ပစ္စုပ္ပန်မှာရော သံသရာမှာပါ ကောင်းကောင်းမွန်မွန် ရပ်တည်ဖို့ မဖြစ်နိုင်သလို၊
*** အာဖရိက သို့ ဗုဒ္ဒသာသနာ ပြန့်ပွါးပြီ ***
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်ကဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှအိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့
"မာနကိလေသာနှင့် ပတ်သက်၍"
ထုထည်အကြီးဆုံး ကိလေသာ (၃)ပါးရှိသည်။ ယင်းတို့မှာ လောဘ၊ဒေါသ၊မာန တို့ဖြစ်၏။ ရဟန္တာဖြစ်မှ ထိုကိလေသာ သုံးပါးကို ပယ်သတ်နိုင်၏။ မာနကိလေသာသည် အလွန်သိမ်မွေ့၏။ သိရခက်၏။ မိမိမှာ ဖြစ်နေတာကိုပင် ဖြစ်နေမှန်းမသိချေ။ တစ်နာရီ မပြင်ပဲ တရားထိုင်နိုင် သူသည် ပြင်သောသူကို အထင်သေးတတ်၏။ နှစ်နာရီ မပြင်ပဲ တရားထိုင်သူသည် တစ်နာရီ ထိုင်နိုင်သူကို အထင်သေးတတ်၏။
ဆွမ်းသုံးဆောင်ခါနီး ဆင်ခြင်ရန်။
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊
မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊
ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊
လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊
မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊
ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊
လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊
တရားသိနေသူ။
လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့
အသိစိတ်လေး ပေါ်လာပါတယ်။ အဲဒီ မြင်သိစိတ်ကလေး ပေါ်လာတာကို မြတ်စွာဘုရားက

စိတ်ပါလက်ပါ အားထုတ်ပါ။
တရားအလုပ်အားထုတ်တဲ့အခါ ဂရုတစိုက် တကယ်အားထုတ်ရင်၊ စိတ်ပါလက်ပါ တ
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ
အားထုတ်လိုက်စမ်းပါ။ ဂရုတစိုက် အားထုတ်လိုက်စမ်းပါ။
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ
အားထုတ်လိုက်စမ်းပါ။ ဂရုတစိုက် အားထုတ်လိုက်စမ်းပါ။
ကောင်းမှုကုသိုလ်ပြုခြင်းနှင့်အတူ ဆုတောင်းချွတ်ချော်မှုများ။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကောင်းမှုကုသိုလ်၌ မွေ့လျော်ပျော်ပိုက်တတ်ကြပါ
တယ်။ နေ့စဉ်နှင့်အမျှ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ ရှိကြပါတယ်။ ကုသိုလ်ပြုခြင်းနှင့်အတူ
တွဲလျက် လိုရာဆုတောင်း တတ်ကြပါတယ်။ ဆုတောင်းတတ်ဖို့ကလည်း ဘ၀အတွက် တော်တော်
လေး အရေးပါနေကြောင်း သိသူက နည်းလွန်းပါတယ်။ ဆုတောင်းချွတ်ချော်ခဲ့လို့ ဘ၀တွေ က

Subscribe to:
Posts (Atom)