Saturday, November 17, 2018

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

(က) အပါယ်လေးပါး

အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ 

Friday, November 16, 2018

ဗုဒ္ဓစာပေလာ ဈာန်အဘိဥာဉ်အကြောင်းများ

လူတို့ပါးစပ်ဖျားတွင် ဈာန်ပျံသည်၊ မြေလျိုး၊ မိုးပျံသည် ဟူသောစကားများပြောသည်ကို မကြာခဏ ကြားရပေသည်။
လူအများစုသည် ဘုရား ရဟန္တာတို့အား ဈာန်တရားများ ရရှိထားခြင်းကြောင့် ယခုလို ဈာန်ပျံနိုင်သည်၊ ကောင်းကင်မှာ သွားလာနိုင်သည်၊ မြေကြီးမှာ ငုတ်လျိုးသွားနိုင်သည် စသည်ဖြင့် မှတ်ထင်နေတတ်ကြ၏၊ အမှန်စင်စစ်ကား ဈာန်တရား ကြောင့် ကောင်းကင်ပျံနိုင်ခြင်း မဟုတ်ပါ၊ ဈာန်တရားနှင့်အတူ တွဲပါလာတတ်သော တန်ခိုးအဘိဥာဉ်စွမ်းအား များ ကြောင့်သာ ဖြစ်၏၊

Thursday, November 15, 2018

တရားနဲ့ပူဇော်တာအမြတ်ဆုံးလဲ

အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။

     ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ

Wednesday, November 14, 2018

ဘုရားရှင်က ကျားမ တန်းတူအခွင့်အရေးပေးပါသလား..?

အမေး။ ။အရှင်ဘုရား….ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမ တွေမှာ ပါရာဇိက (၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ် ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလား လို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
မန်းစဖီးလ်၊အင်္ဂလန်

စူဠသောတာပန် ဖြစ်ရခြင်း၏ အကျိုးတရားများ။

  ၁။ မိမိ၏အသိဉာဏ် တိုးတက်လာပြီး သီလကို စင်ကြယ်အောင် စောင့်ထိန်းနိုင်သူ
တစ်ယောက်ဖြစ်လာသည်။
  ၂။ သီလရှိခြင်းကြောင့် စိတ်ဖြူစင်သန့်ရှင်းပြီး တည်ငြိမ်အေးချမ်းလာသည်။

Tuesday, November 13, 2018

နည်းမှန်လမ်းကျဗုဒ္ဓဂုဏ်တော် ပွားခြင်း

(၁) လက္ခဏာတော် ကြီးငယ် အသွယ် သွယ်ဖြင့် သပ္ပါယ်သော ဗုဒ္ဓမြတ်စွာ ကိုမိမိ၏ ရှေ့မှောက်မနီးမဝေး၌ကြွ ရောက်နေပုံကို အာရုံယူပါ။

(၂)ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါတိုင်း၌ရှေးရှေးသော ပါရမီ ကောင်းမှုထူးများကထုံမွှမ်းသော ကြောင့် ထူးထူးခြားခြားကြည်လင် နေပုံကို အာရုံယူပါ။

(၃)အရဟတ္တမဂ်ဖြင့် ကိလေသာအား လုံးကို ပယ်ဖြတ်ပြီး၍ စိတ်အစဉ် သန့်ရှင်းကြည်လင်နေပုံကို အာရုံ ယူပါ။

ဗုဒ္ဓသာသနာအတွက် ရင်လေးစရာကောင်းသည့် ဟန်ဆောင်မှုများ။

   သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့...အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး၊ အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့.. ကိုယ့်အထင်နဲ့ ကိုယ်

Monday, November 12, 2018

ပရိတ်အစွမ်းထက်ခြင်း

အမေး။ ။ဆရာတော်ဘုရား……. တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံး ရွတ်တဲ့အနက် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဆိုတာ အဖြေပေးတော်မူပါဘုရား။
ရှင်သန့်
ရေနီ

ကောင်းသော ရက်၊ လ၊ နှစ်၊ တွေဖြစ်လာအောင်ဆိုရင်။

   ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊
လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်
ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ

Sunday, November 11, 2018

ဓုတင်အကျင့်ကို လူပုဂ္ဂုလ်များ ကျင့်လို့ရပါသလား

အမေး။ ။ အရှင်ဘုရား….တပည့်တော်ကြားဖူးတာပြောရရင် ဓုတင်အကျင့်ဆိုတော ရဟန်းသံဃာတော်များသာ ကျင့်ရတဲ့အကျင့်လို့ ကြားဖူးပါ တယ်ဘုရား။ အခုခေတ် လူတွေကပါ ဓုတင်အကျင့်တွေကို ကျင့်နေကြတာ တွေ့ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဓုတင်အကျင့်များကို လူတွေပါ ကျင့်လို့ရသလားဆိုတာ သိချင်ပါတယ်။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။

ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါး။

          ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါးမှာ = =
၁။ ဘုရားလောင်း ဖွားတော်မူစက လက္ခဏာဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်း
ကို ကြားကုန်၍ အစောင့်အရှောက်ပြုကုန်၏။