Saturday, December 31, 2016

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၃)

Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း
တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)
နှင့်သက်ဆိုင်ပြီး၊သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက်အလွန်ခက်ခဲနက်နဲသည်။အချို့သောအချက်အလက်များကိုစကားလုံးများဖြင့်ဖော်ပြပြောဆိုရန်ခက်ခဲသည်ဆိုသော်လည်း
လုံးဝနားမလည်နိုင်သောကိစ္စမျိုးတော့မဟုတ်ပါ။စကားလုံးများဖြင့်ဖော်ပြမူကို ကျော်လွန်၍

Friday, December 30, 2016

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၂)

Misconception #2 လွဲမှားသောအယူအဆ(၂)
Meditation means going into a trance
အသိတရားကင်းလွတ်၊မေ့မျောနစ်မောနေရန် လွဲမှားစွာတရားအားထုတ်ခြင်း
အသိတရားမှကင်းလွတ်၊မေ့မျောသွားအောင်ပြုလုပ်နိုင်သောနည်းလမ်းများရှိကောင်းရှိနိုင်ပါသည်။

Thursday, December 29, 2016

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၁)

Misconception #1လွဲမှားသောအယူအဆ(၁)
Meditation is just a relaxation technique
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း မျိုးမလုပ်သင့်ပါ။

“ သူယုတ်မာအင်္ဂါ လေးပါး ”

   (၁)သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောကြားတတ်ပြီး
မေးလျှင်လည်း ချဲ့ ကား၍ ပြောတတ်ခြင်း။
    (၂)သူတစ်ပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးလျှင်မပြောဘဲ မေးလျှင်လျှော့
ပေါ့၍ ပြောခြင်း။
    (၃)မိမိ၏ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင်မပြော၊ မေးလျှင် လျှော့ထိန်
ချန်၍ ပြောခြင်း။

စက္ခုဒွါရဆိုင်ရာ ရှုမြင်ပုံ။

         မျက်စိနှစ်လုံးဖွင့်ပြီး မြင်စရာ အာရုံတွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိမှာ
ရူပါရုံ ထင်ဟပ်လာတဲ့ အခါမှာ ထင်ဟပ်မှု စွမ်းအားကြောင့် ထိုရူပါရုံကိုမြင်ပြီး သိတဲ့စိတ်
ဆိုတဲ့ စက္ခုဝိညာဏ် စိတ်ကလေး ပေါ်လာပြန်ပါတယ်။ အဲဒီ စက္ခုဝိညာဏ်စိတ်ကလေး ပေါ်
လာတာနဲ့တစ်ပြိုင်နက် အာရုံနဲ့စိတ် ထိတွေ့မှုဆိုတဲ့ ဖဿ ဆိုတာ ပေါ်လာပါတယ်။ အဲဒီ

တောင်တန်းသာသနာပြု ဆရာတော်ဦးဥတ္တမသာရ၏ ဗြဟ္မ၀ိဟာရတရား ၄ ပါး။

     လူ့လောကမှာ မေတ္တာလောက် တန်ခိုးထက်သောအရာ မရှိပါ။ မေတ္တာတရားဟာ လော
ကကြီးတစ်ခုလုံးတွင် တန်ခိုးအထက်ဆုံးနှင့် စိတ်အချမ်းသာဆုံးတရား ဖြစ်ပါတယ်။ ချမ်းသာမှုတ
ကာတို့တွင် ဘယ်ချမ်းသာမှုနှင့်မျှ မတူကြောင်း ကိုယ်တိုင် မေတ္တာတရား ပွားများနေဖူးသူတိုင်း
ကောင်းစွာသိပြီး ဖြစ်ကြပါမယ်။ နှစ်ပေါင်းကြာမြင့်စွာ လူသူမနီးသော တောကြီးတောင်ကြီးတွေ

Wednesday, December 28, 2016

ခံတွင်းနံ့ ကောင်းချင်ရင်

အကုသိုလ် အကျိုးအပြစ်တွေ အများကြီးထဲကတချို့ “အကုသိုလ် အကျိုးအပြစ်”တွေကိုတော့
တော်တော်လေးကြောက်မိပါတယ်။အကြောက်ဆုံးထဲက အကြောက်ဆုံး တစ်ခုကတော့
“ခန္ဓာကိုယ် အနံ့အသက်ဆိုး” ရှိမှာကိုပါပဲ။

အထူးသဖြင့်တော့ ခံတွင်းက ကြာညိုနံ့မသင်းရင်နေပါစေ။အနံ့အသက်ရှိမှာကိုပါ။

ဒါကြောင့် ဒီလို ဆိုးပြစ်တွေ ဖြစ်စေမယ့် အကုသိုလ်မျိုးကိုတော့ အထူးပဲ သတိထားရှောင်ဖြစ်ပါတယ်။

Tuesday, December 27, 2016

"သံဃာကိုအပြစ်မတင်မိပါစေနှင့်"


"သံဃာကိုအပြစ်မတင်မိပါစေနှင့်"
<><><><><><><><><><>

ကိလေသာအတုံးအခဲတွေကို ဖြိုခွဲတတ်သူကို
ပါဠိလို"ဘိက္ခု"
မြန်မာလို"ရဟန်း" လို့ ခေါ်ပါတယ်…
အခြားအဓိပ္ပာယ်လည်း များစွာရှိပါသေးတယ်…

ဘုရားရှင်ရဲ့ အလုပ်အကျွေးတာဝန်။

  အရှင်ပုဏ္ဏဟောကြားသော တရားကြောင့်ရှင်အာနန္ဒဟာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ် လို့ ဆိုတဲ့ ဒီ ခန္ဓာငါးပါးအပေါ်မှာ တဏှာနဲ့ တွယ်တာ သာယာမှုဆိုတာ မလာတော့ပါ။
ခန္ဓာအပေါ် ငြီးငွေ့လာပါတယ်။ ငြီးငွေ့ လာတဲ့အခါ တွယ်တာမှုတွေ ကင်းပြတ်လာပါတယ်။
တွယ်တာမှု ကင်းပြတ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကလေးဟာ ကိလေသာ အတွယ်အတာတွေ

အမှတ်တမဲ့ပြုမိခဲ့တဲ့ အပြစ်။

         ဂင်္ဂါမြစ်ဘေး တစ်ခုသော ကုက္ကိုပင်ရင်းတွင် သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားရဲ့
ရှေ့မှောက်သို့ မျက်ရည်ပြိုင်ပြိုင်စီးကျ  ငိုကြွေးနေတဲ့  နဂါးမင်းကြီး  ရောက်လာပါတယ်။
မျက်ရည်တွေစီးကျငိုကြွေးနေတဲ့ နဂါးကို ဘုရားကမေးပြီ။ ဘာဖြစ်လို့ ငိုရတာလဲကွယ်......။
         မှန်လှပါဘုရား... ဘုရားတပည့်တော်သည် လူဖြစ်ခဲ့ပါတယ်ဘုရား။ ရဟန်းဖြစ်ခဲ့ပါတယ်

ဗြဟ္မ၀ိဟာရ ၄ ပါး။

၁။ မေတ္တာ    = ချစ်ခြင်းဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၂။ ကရုဏာ  = သနားကြင်နာစိတ်ဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၃။ မုဒိတာ    = သူတပါးကြီးပွားချမ်းသာခြင်း၌ ၀မ်းမြှောက်သောစိတ်ဖြင့် သူတပါးတို့အပေါ်
                   သို့မဟုတ် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။

Monday, December 26, 2016

မနုဿီဟ ရုပ်​ထု သမိုင်

 ဘီလူး​ကြောက်​ တဲ့ မနုဿီဟ ရုပ်​ အ​ကြောင်း

     ဒီ​နေ့ ​ခေတ်​လူငယ်​များ နှင့်​ တကွ လူုကြီး​တွေ ပါ ဗဟုသုတ ရ​အောင်​ ဘုရား ပုထိုး​တွေ မှာ ​တွေ့ ရတတ်​တဲ့ မနုဿီဟ သတ္တဝါ ရုပ်​ အ​ကြောင်း ဦးဇင်း ​ရေးပြပါ မယ်​။
     ဟိုး​ရှေ့အခါ က သထုံပြည်​ကြီး ဟာ သာသနာ မထွန်းကား​သေးပါ ဘူး ။ ကုသိုလ်​ အကုသိုလ်​ ကို မသိတဲ့ အတွက်​ မ​ကောင်းမူ့များ ကြီးဆိုးကာ​နေပါ​တော့ တယ်​ ။

Sunday, December 25, 2016

မေတ္တာသဘောကို ဖွင့်ကာပြရင်....?

မေတ္တာ ဆိုသည်မှာ
---------------------
    မေတ္တာ ဆိုသည်မှာ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသော စိတ်၊ သတ္တဝါတို့ကို ချမ်းသာစေလိုသော စိတ်ပင် ဖြစ်သည်။ သတ္တဝါတို့၏ အ

ကျိုးစီးပွါးကို လိုလားလျက် ချစ်ခင်သော စိတ်ဟုလည်း ဆိုနိုင်၏။ [အဘိဓမ္မာ၌ မေတ္တာသည် စေတသိက် ဖြစ်၏။ ဤ မေတ္တာဘာဝနာ အရာ​၌မူ ထို

မေတ္တာ စေတသိက်နှင့် ယှဉ်သော စိတ်ကို မေတ္တာ ဟုဆိုရသည်။]

မ​သေခင်​ပြုလုပ်​ရမည့်​အလုပ်​နှစ်​ခု.

၁.. ကတ္တဗ္ဗံ   ကုသလံ။
          ကုသိုလ်ကောင်းမှု့ပြုရမည်။
၂... စရိတဗ္ဗံ ဗြဟ္မစရိယံ ။
           မြတ်သောအကျင့်ကို ကျင့်ရမယ် ။
#ကုသိုလ်ကောင်းမှု့ပြုရမယ်... ဆိုတာက ဒါနကောင်းမှု့ သီလကောင်းမှု့ .. သမထကောင်းမှု့လို့ခေါ်တဲ့  ကုသိုလ်ကောင်းမှု့ သုံးမ်ျုးကို ပြုလုပ်ရမယ်လို့ ဆိုလိုပါတယ်။
#မြတ်သောအကျင့်ကျင့်ရမယ်... ဆိုတာက သံသရာဝဋ်ဆင်းရဲ မှ အပြီးတိုင် လွတ်မြောက်သွားစေတဲ့  ၀ိပဿ         နာအကျင့်ကို ကျင့်ကြံအားထုတ်ရမယ်.. လို့ဆိုလိုပါတယ်..။

ရှင်ပုဏ္ဏဟောကြားသော ၀ိညာဏ်ကိုရှုမြင်ပုံတရားတော်။

         အသိစိတ် လို့ဆိုတဲ့ ၀ိညာဏ် လေးဟာလဲပဲ စဉ်ဆက်မပြတ် တစ်စိတ်ပြီး တစ်စိတ်၊
တစ်စိတ်ပြီးတစ်စိတ် အင်မတန်မှ လျှင်မြန်တဲ့   နှုန်းထားနဲ့ ပြောင်းရွေ့ပျက်စီးပြီးတော့နေ
ပါတယ်။ အဲဒီလို လျှင်မြန် တဲ့အဟုန်နဲ့ ဖြစ်ပြီး ပျက်နေတဲ့ အသိစိတ်ကလေးကိုလည်းပဲ မြဲ
တာမဟုတ်သည့်အတွက်ကြောင့် အနိစ္စ။ မမြဲသည့်အတွက်ကြောင့် ဒုက္ခ။ ပြောင်းလဲတတ်သည့်

သဒ္ဓါနှင့်ပညာ ကွာခြားပုံ ယှဉ်ကြည့်လျှင်။

        သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရက်ရော၏။ နောင်သံသရာမှာ
ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားရေးကို
လေးလေးနက်နက် သတိမထားတတ်ပါ။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ
ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်း

နိကာယ် ၅ ပါး။

        နိကာယ် ၅ ပါးမှာ ==
၁။ ဒီဃနိကာယ် = သုတ်သုံးကျမ်း။
၂။ မဇ္ဈိမနိကာယ် = ပဏ္ဏာသသုံးကျမ်း။
၃။ သံယုတ္တနိကာယ် = သံယုတ်ငါးကျမ်း။