Saturday, December 23, 2017
ပဋ္ဌာန်းအကြောင်းသိကောင်းစရာနှင့်ရွတ်ဆိုရကျိုး
ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊အမျိုးကောင်း
သမီး သူတော်စင်များအနေဖြင့်
၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။
၂။ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ
၃။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန်
၎။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ
၅။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ်
၆။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက်
၇။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း
၈။ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်
၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
၁၀။ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော အကျိုးတရားများ၊ဤဆယ်ချက်ကိုအကျဉ်းချုပ်သိထားဖို့လိုပါတယ်။
Friday, December 22, 2017
နောင်တတစ်ဖန်ပူပန်ခြင်း(ကုက္ကုစ္စအကြောင်း)
နောင်တ တစ်ဖန်ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။ထို့ကြောင့် “ကုက္ကုစ္စ” နောင်တတစ်ဖန် ပူပန်ထန်ပြင်း”ဟုဆိုခဲ့သည်။ချဲဦးအံ့။ဤကုက္ကုစ္စ၏ နောင်တရမှုသည် “အကုသိုလ်ပြုပြီးမှ ပြုမိတာ မှားလေစွ “ဟုလည်းကောင်း၊ကုသိုလ်မပြုမိ၍ “မပြုမိတာ မှားလေစွ”ဟုလည်းကောင်း နောင်တရခြင်း(၂)မျိုးရှိ၏။
နောင်တရပုံ
“ဒု-သ-န-သော”ဟု အများပြောကြသော အများပြောကြသော သူဌေးသားလေးယောက်သည် လူဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းအလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရ ကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ထိုနောက် “လောဟကုမ္ဘီ”သံရည်ပူငရဲ၌ကျကာ အနှစ်ခြောက်သောင်းကြာမှပေါ်လာ၍
ဒါနက သံသရာရှည်တာလား ?။
      သံသရာမှ လွတ်မြောက်လိုတဲ့ ဘုရားအလောင်းတော်တွေဟာ ပါရမီ ဆယ်ပါးမှာ
ဒါနပါရမီကို ပထမဆုံးဖြည့်ကြတယ်။ ဒါနဟာ သံသရာမှ လွတ်မြောက်ကြောင်း ဖြစ်လို့သာ
ဒါနပါရမီကို ပြုလုပ်ကြတယ်။ ဒါနပြုတဲ့ စေတနာဟာ နောင်ဘ၀ ချမ်းသာအောင်ဆိုတဲ့
ဗုဒ္ဓဟောကြားသော မိတ်ကောင်းဆွေကောင်း အကဲဖြတ်နည်း။
   မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုးလူကောင်းဒလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ မသိနိုင်ပါ။ အ
ပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ပါ။ လူမြင်ရုံနဲ့ လူဆိုးလား၊ လူကောင်းလား မသိနိုင်ပေမယ့် သူတို့ရဲ့
လုပ်ရပ်အပေါ် မူတည်ပြီး သိနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းနဲ့ ပက်သတ်ပြီးတော့ အကဲ
တစ်သက်လုံး တရားမွေ့လျော် နေတတ် ထိုင်တတ် အားထုတ်တတ်အောင်။
ဉာဏ်အစစ်မရသေးခင်  ၀ိပဿနာပေါ်အောင်  ကြိုးစားရတယ်။  ၀ိပဿနာအစစ်ဟာ  ဘယ်အချိန်ဖြစ်
ဖြစ်  ပေါ်နိုင်ပါတယ်၊  ၀ိပဿနာဉာဏ်ပေါ်အောင်  ကြိုးစားတဲ့အလုပ်  လုပ်မယ်ဆိုရင်  အချိန်မရွေး
Thursday, December 21, 2017
စရိုက်အားလုံးနှင့် သင့်လျော်သော ကမ္မဋ္ဌာန်းများ
စရိုက်နှင့် ကမ္မဋ္ဌာန်းများ
စရိုက် ( ၆ )ပါး ဆောင်ပုဒ်လင်္ကာ
၁။ ရာ ၊ ဒေါ ၊ မော ၊ ၀ိ ၊ သဒ် ၊ ဗုဒ္ဓိ ၊ စရိ ဤခြောက်ဖြာ။
၂။ အသု ၊ ကာယ ၊ ဆယ့်တစ်ဝ ၊ ရာဂ လျော်လှစွာ။
၃။ အဆင်း၊ မည ၊ ရှစ်ဋ္ဌာန ၊ ဒေါသ လျော်လှစွာ။
၎။ အာနာပါန ၊ အလျော်ကျ ၊ မောဟ ၊ ၀ိတက်သာ။
၅။ မရဏနှင့် ဥပသမာ၊ သညာတစ်တန် ၊ ၀၀တ္ထာန် လေးတန် ဗုဒ္ဓိသာ။
၆။ နုဿတိ ဆ ၊ သဒ္ဓါ ကျ ၊ သေသ အားလုံးသာ။
၇။ ကသိုဏ်းကြီးမူ ၊ မောဟယူ ၊ ငယ်မူ ၀ိတက်သာ။
Wednesday, December 20, 2017
တရားနာခြင်းနှင့် ဉာဏ်စဉ်လေးပါး
မြတ်စွာဘုရားသခင် တရားနာစေချင်တဲ့ အဆင့် ၄ ဆင့်ရှိပါတယ်။
(၁) အဆင့်က တရားနာတာနော်၊ သူများရွတ်တာဖတ်တာတွေ၊
သူများဟောတာတွေ လိုက်နားထောင်တာပေါ့၊ နားကိစ္စပေါ့..
(၂) နံပါတ်အဆင့်ကျတော့ မိမိပါးစပ်နဲ့ ရွတ်ဖတ်ရတယ်၊ ဒု အဆင့်က ပါးစပ်... ကိုယ့်ပါးစပ်နဲ့ ကိုယ်ရွတ်ရတယ်၊ 
(၃)တတိယအဆင့်ကျတော့ စိတ်နဲ့ကြံစည်ရတယ်။ စိတ်နဲ့ အဖန်ဖန် စဉ်းစား ဆင်ခြင်ရတယ်တဲ့ ၊ ဒါက ပစ္စည်းတရား၊ ဒါက ပစ္စယုပ္ပန်တရား၊
ဒါက ပစ္စယသတ္တိ စသည်ဖြင့် အဲ့ဒီလို စိတ်နဲ့ကြံတဲ့အဆင့်၊ 
(၄) စတုတ္ထအဆင့်ကျတော့ အနိစ္စ ဒုက္ခ အနတ္တ ရှု့တဲ့အဆင့် ...
အေးအဲ့ဒီအဆင့်လေးဆင့်ရပြီ ဆိုလို့ရှိရင်တော့ဒီုဂ္ဂိုလ်ဟာ
နိဗ္ဗာန်လမ်းဖက်သွားပြီတဲ့။ နိဗ္ဗာန်လမ်းပေါ်ရောက်ပြီ။ သူက တဖြည်းဖြည်းနဲ့ လျှောက်ဖို့ပဲလိုတယ်၊ ဆရာတော် ကတော့ နိဗ္ဗာန်လမ်းပေါ် တင်ပေးပြီးပြီ။ အဲ့ဒါဆိုရပြီနော်.....။
ဉာဏ်စဉ်အနေအားဖြင့်လည်း လေးဆင့်ရသွားပါမယ်။
(၁) နံပါတ် အနေနဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ် - နာမ်တရား ၊ ရုပ်တရားကို ခွဲခြားပြတဲ့ဉာဏ်စဉ်၊
(၂) နံပါတ်ကျတော့ ပစ္စယပရိဂ္ဂဟဉာဏ်၊ ပစ္စယဆိုတာ အကြောင်းတရား၊ ပရိဂ္ဂဟဆိုတာ သိမ်းဆည်းတာ ၊
အကြောင်းတရားဆိုသဖြင့် အကျိုးတရားပါ ပါတယ်ပေါ့နော်။
ဒါကအကြောင်းတရား ဒါကအကျိုးတရား ၊ အကြောင်းတရားကြောင့် 
အကျိုးတရားတွေ ဖြစ်ပျက်နေပါလားလို့ အကြောင်းအကျိုး ဆင်ခြင်တဲ့ ဉာဏ်ပေါ့၊ 
(၃) နံပါတ်က သမ္မသနဉာဏ်၊ သုံးသပ်ဆင်ခြင်တာပေါ့၊
ရှိရှိသမျှလောကထဲရှိတဲ့ တရားတွေဟာ နာမ်တရား ရုပ်တရားတွေပါလားလို့ သုံးသပ်ဆင်ခြင်တဲ့ဉာဏ်ပေါ့၊
(၄) သမ္မသနဉာဏ်ရပြီးနောက် အဖြစ်အပျက်တွေကိုမြင်တဲ့ 
ဥဒယဗ္ဗယဉာဏ် ၊ အဖြစ်အပျက်ကို မြင်တဲ့ဉာဏ်ပေါ့၊ 
(၁)(၂) ဒီဉာဏ် ၂ပါးရရင် အပါယ်တံခါးပိတ် စူဠသောတပန်ဖြစ်တယ်။
(၃)(၄) ဉာဏ်ရရင်တော့ ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ဖက်သွားပြီ။
အနှေးနဲ့အမြန်နိဗ္ဗာန်ရတော့မှာ.....။
သာဓု သာဓု သာဓု။
(ဗန်းမော် ဆရာတော်ဘုရားကြီး)
နဂါးမင်းကြီးရဲ့ စိတ်နေသဘောထား။
       တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး
ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ
လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။
သိဒ္ဓတ္ထမင်းသား အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။
    ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂)။
       ”မကောင်းမှု”
          xxxxxxxxxxxxx
      ”ဣဓ  သောစတိ  ပေစ္စ  သောစတိ၊
      ပါပကာရီ  ဥဘယတ္ထ  သောစတိ။ ။
   သော  သောစတိ  သော  ၀ိဟညတိ၊
Tuesday, December 19, 2017
အမှီ ချမ်းသာ နှင့် အမှီကင်းသော ချမ်းသာ
ချမ်းသာနှစ်မျိုးရှိပါသည်။ 
အမှီ ချမ်းသာ နှင့် အမှီကင်းသော 
ချမ်းသာတို့ ဖြစ်သည်။
အမှီ ချမ်းသာသည် ပိုက်ဆံ ရှိမှ၊ 
တိုက် ရှိမှ ချမ်းသာခြင်းဖြစ်သည်။
အာရုံ တစ်ခုကို အမှီပြု၍ သုခဝေဒနာ
ဖြစ်ပေါ်ခြင်းကိုပင် ချမ်းသာသည်ဟု 
ယူဆခြင်း ဖြစ်ပါသည်။
Monday, December 18, 2017
အဆိုးဆုံးရောဂါ ကုစားပါ
..ရောဂ..သဒ္ဒါသည် နာကျင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထိုရောဂါသည် --
(၁) ကိုယ်မှာဖြစ်သော အနာရောဂါ၊
(၂) စိတ်မှာဖြစ်သော အနာရောဂါဟု နှစ်မျိုးနှစ်စားရှိပါသည်။ ထိုတွင် ကိုယ်မှာဖြစ်သော အနာရောဂါသည် သွေးကြောင့်ဖြစ်သော ရောဂါ၊ လေကြောင့်ဖြစ်သောရောဂါ စသည်ဖြင့် (၉၆)ပါးသာရှိပါသည်။ စိတ်မှာဖြစ်သော အနာရောဂါကား (၁၅၀၀)တောင် ရှိပါသည်။ (၉၆)ဖြာ အနာရောဂါသည် မိမိသန္တာန်မှာ ဖြစ်သည်ရှိသော် သေလုအောင်လည်း ရောဂါခံစားချင်ခံစားရမည်၊ သေချင်လည်း သေမည် (တစ်နည်းသော်) သေလုအောင်လည်း နှိပ်စက်ချင်လျှင် နှိပ်စက်မည်၊ သေအောင်လည်း နှိပ်စက်ချင်လျှင် နှိပ်စက်မည်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော နတ်တွေပြောကြတဲ့ သူတော်ကောင်း။
       သိကြားမင်းကြီး လူ့ဘ၀တုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့
ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြပါတယ်။ အဲဒါတွေကတော့
၁။ “ မာတာ ပေတ္တိဘရော ” အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်
စွန့်လွှတ်ပေးကမ်းတိုင်း ဒါနမြောက်ပါသလား ?။
       ဒါနဆိုတာ လှူဒါန်းပေးကမ်းခြင်းဖြစ်ပါတယ်၊ ဒါနမြောက်ဖို့အတွက် =
၁။ အလှူပေးပုဂ္ဂိုလ်။
၂။ အလှူခံပုဂ္ဂိုလ်။
၃။ လှူဖွယ်ဝတ္ထု။
ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်များ။
- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
       စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
Sunday, December 17, 2017
ဓမ္မလမ်းသို့ ချဉ်းကပ်ခြင်း
ကိုယ်တစ်ခါမှမသွားမလာဖူးတဲ့ လမ်းခရီး တစ်ခုသွားတော့မယ်ဆိုရင် ဒီလမ်းခရီး အကြောင်း ကြိုသိထား သင့်တာပေါ့။ ဘယ်နေရာမှာ ခလုတ်ကန်သင်းကျင်းချိုင့်ရှိတယ်။ ဘယ်နေရာမှာ သားရဲတိရစ္ဆာန်ရှိတယ်။ စမ်းချောင်းကလေးကတော့ဖြင့် ဘယ်နေရာမှာ စသည်သိ ထားရမယ်။ လမ်းခရီးအကြောင်း အစမှ အဆုံး ပြည့်စုံအောင် ပြောပြ နိုင်တဲ့ သူဆီမှာ ချဉ်းကပ်ရမယ်။ ဒီခရီးကိုသွားဖူး၊ ရောက်ဖူးသူသာလျှင် ရေလည်အောင် ပြောပြနိုင်လိမ့်မယ်။ မသွားဖူး၊ မရောက်ဖူးဘဲနဲ့ အထင်ကြီးအောင် ပြောပြသူဆီ ချဉ်းကပ်မိရင် လမ်းလွဲမယ်။ ခရီးလမ်းဆုံး ပန်းတိုင်မရောက်ဘဲ မျက်စိလည် လမ်းမှားပြီး ဘဝတစ်ခုကို အချည်းနှီး ပေးဆပ်ရလိမ့်မယ်။