Saturday, May 26, 2018

"မျက်စိ (သုံး) မျိုး"

၁။ ပပဉ္စမျက်စိ (တဏှာ|မာန|ဒိဋ္ဌိ)
၂။ ဗြဟ္မစိုရ်မျက်စိ (မေတ္တာ|ကရုဏါ|မုဒိတာ|ဥပေက္ခါ)
၃။ဥာဏ်မျက်စိ (သစ္စာလေးပါးသိသောဥာဏ်)
၁။ ပပဉ္စမျက်စိ 
==========
လူကိုကြည့်သောအခါ(မြင်သောအခါ) လူကို လူဟုမမြင်ဘဲ  တရုတ်ဟူ၍လည်းကောင်း 
ကုလားဟူ၍လည်းကောင်း  သူဌေးဟူ၍လည်းကောင်း  ဆင်းရဲသားဟူ၍လည်းကောင်း အစသဖြင့် မြင်တတ်သော မျက်စိဖြစ်၏။
ယင်းမျက်စိသည် ကြည့်သောသူ မိမိအား ချစ်ခြင်း​ကိုဖြစ်စေ....
  မုန်းခြင်းကိုဖြစ်စေ ဖြစ်ပေါ်စေနိုင်၏။

Friday, May 25, 2018

လေ့လာထားသင့်​သော​ပဋိစ္စသမုပ္ပါဒ်​တရား

ခန္ဓာရှိသူတိုင်း လေ့လာသင့်သော သိထားသင့်သော....
ပဋိစ္စသမုပ္ပါဒ်တရား
_/|\_*_/|\_*_/|\_
***ယော ပဋိစ္စသမုပ္ပါဒံ ပဿ         တိ ၊ဿ
***သော  ဓမ္မံ ပဿ         တိဿ          ..
ယော...အကြင်ပုဂ္ဂိုလ်သည်
ပဋိစ္စသမုပ္ပါဒံ... ခန္ဓာဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို..
ပဿ         တိ.. သိမြင်၏ ။
သော..ထိုပုဂ္ဂိုလ်သည်
ဓမ္မံ.. တရားကို
ပဿ         တိ..သိ၏.. မြင်၏ ။

စိတ်အလှကို ပြင်ကြပါ။။

         စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်

သေခြင်းတရားကို မကြောက်သူ။

   ဗုဒ္ဓဘာသာဝင် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊
သမ ထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို
အရ ယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အ

**#ပျော်စရာအကောင်းဆုံးမိသားစုဘ၀ကိုရရှိအောင်။

     ဘ၀ဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့
သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း
ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။  အိမ်ဆိုတာက  အိမ်ကောင်းရင်လည်း  နေတဲ့သူက

Thursday, May 24, 2018

မေတ္တာတရား အစဉ်ပွား စွမ်းအားပိုင်ရှင် ဖြစ်ရသည်

မြတ်စွာဘုရားရှင် ရဲ့ အောင်ခြင်းရှစ်ပါး နှင့် အခြားသော တရားပြိုင်လာသူတို့အပေါ် အောင်မြင်ခဲ့သည်များမှာ
တန်ခိုးတော်ဖြင့် အောင်မြင်ခဲ့ခြင်း မဟုတ်ပေ ၊ မေတ္တာစွမ်းအားဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည် ။ မေတ္တာစွမ်းအားသည်
တန်ခိုးစွမ်းအား , လက်နက်စွမ်းအား များထက် အဆပေါင်း များစွာ အစွမ်းထက်ပေသည် ။

Wednesday, May 23, 2018

မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြဝါဒ

မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြဝါဒ

"ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ” “ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ” “ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ” “ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ” “ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ” မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ် တရားများ ဖြစ်သည်။ ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်းတစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။

သံ ယော ဇဉ် နှောင် ကြိုး တစ် မျှင်

သံယောဇဉ် ရှိသည် ၊ သံယောဇဉ် ငြိသည် ၊ သံယောဇဉ် တွယ်သည် ၊ သံယောဇဉ် ကြီးသည် ဟူ၍
သံယောဇဉ် စကားသည် လူတို့ကြား၌ သတ်မှတ် ပြောဆို သုံးစွဲ လာခဲ့သည်မှာ ကြာပါပြီ ။
ထိုသံယောဇဉ်သည် မွေးကတည်းက လူနှင့်ရစ်ထွေးလျက် ပါလာသော ဝမ်းတွင်းပါ နှောင်ကြိုးတစ်မျှင် ဖြစ်ဧ။် ။
လူတို့အား ကြီးမားသော ဒုက္ခဆင်းရဲကို ဖြစ်စေကြောင်း ခိုင်မာလှသည့် တရားပင် ဖြစ်လေသည် ။

တရားသိနေသူ။

    လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့

ကိလေသာ (၁၁) ပါးမှာ။

            ကိလေသာ (၁၁) ပါးမှာ==
 ၁။ ကောဓ = အမျက်ထွက်ခြင်း။
 ၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း။
 ၃။ ထမ္ဘ = ရိုသေထိုက်သူကို မရိုသေခြင်း။

ကြေးစားကုသိုလ်။

            ဗုဒ္ဓဘာသာဝင် မြန်မာအများစုသည် အလှူဒါန၌ မွေ့လျော်ကြပါတယ်။ ကုသိုလ်ကံ၏
ကောင်းကျိုးပေးမှုနှင့် အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ
ဘာသာတွေထဲမှာကို အတော်လေးခရီးရောက်နေပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ကံ၊ ကံ၏

Tuesday, May 22, 2018

နေ့စဉ် ပြုနေကျ ' ကံ ' နှင့် သေခါနီး ပြုနိုင်သော ' ကံ '

နေ့စဉ်ပြုနေကျကံကို " အာစိဏ္ဏကံ " ဟု ခေါ်ဆိုသည် ၊ သေခါနီး ပြုနိုင်သောကံကို " အာသန္နကံ " ဟုခေါ်ဆိုရသည် ။
ဒေသနာဥပမာတို့တွင် သေခါနီးပြုနိုင်သောကံ(အာသန္နကံ) ကို နွားအိုကြီးဖြင့် ဥပမာပြသည် ၊ ခြံထဲဝင်ရာ၌ နွားအိုကြီးသည် အားမရှိသဖြင့် နောက်ဆုံးမှ ဝင်နိုင်၍
ခြံတံခါးဝ၌ နေရာရပြီး ခြံဖွင့်၍ ပြန်ထွက်သော် ပထမဦးစွာ ထွက်ခွင့်ရသကဲ့သို့ သေခါနီး၌ အားနည်းသော အာသန္နကံသည် နောက်ဘဝအတွက် ချက်ချင်းအကျိုးပေးသည်ဟု
ဖေါ်ပြထားသည် ။ သေခါနီး စိတ်တွင်ထင်ဟပ်မှုက အရေးကြီးသည်ဟု ဆိုပါသည် ။

Monday, May 21, 2018

သူများအလှူ မကြည်ဖြူ ၊ ထိုသူဆင်းရဲ ရောက်ရမြဲ

ဘုရားရှင်တိုင်း လက်ထက်တော်တွင် ဘုရားတစ်ဆူ တစ်ဆူ ပွင့်ပေါ်တော်မူလျှင် တုဘက်မမြင် မှတ်တမ်းတင်လောက်အောင် ဂုဏ်ထူးဆောင်နိုင်သော
အတုမရှိသော အလှူကြီး " အသဒိသ ဒါန " ဟူ၍ တစ်ကြိမ် တစ်ခါသာ ဖြစ်ပေါ်လေ့ ရှိသည် ။
ဗုဒ္ဓဘုရားရှင်သာသနာတွင် ယင်း " အသဒိသ ဒါန " အလှူကြီးကို ကောသလမင်း နှင့် ပြည်သူပြည်သားတို့က ဖြစ်မြောက်စေရန် ဘုရင် နှင့် ပြည်သူများ
တစ်ဘက်နှင့် တစ်ဘက် သူ့ထက်ငါ မသာ,သာအောင် ပစ္စည်းအား၊ ကိုယ်အား၊ ဥာဏ်အား ကြီးမားစွာဖြင့် အပြိုင်အဆိုင် လှူဒါန်းကြလေသည် ။
ထိုစဉ် ကောသလမင်းကြီးဧ။် ကဏှ အမတ်ကြီးက " သူတို့ အပြိုင်အဆိုင် ဂုဏ်ထူးရလို၍ လှူဒါန်းနေကြတာ ဘာကုသိုလ်ရမည်လဲ ၊ ဝတ္တုပစ္စည်းများ
ဆုံးရှုံးရုံမျှသာ ဖြစ်ကြပြီး အကုန်လုံး အချည်းနှီးမျှ ဖြစ်ကြကုန်ရာဧ။် " ဟု စိတ်ပြစ်မှားလျှက် ရှိနေဧ။် ။

နေ့စဉ်နဲ့အမျှ ကောင်းအောင်ပြင်ပါ။

     မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။

ဒီလိုဆိုရင် အပါယ်မကျဘူး။

    ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များတွင် ရှေးဘ၀၊ နောင်ဘ၀ရှိတယ်ဆို
တာ ဖြစ်စဉ်သာဓကများနှင့် ဟောကြားခဲ့သလို ဗုဒ္ဓဘာသာများကလည်း ယုံကြည်ကြပါတယ်။ တ
မလွန်ဘ၀ဆိုတာ ရှိနေသေးတဲ့အတွက်ကြောင့် ယခုဘ၀အရေးတင်မက နောင်ဘ၀အရေးအတွက်

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။

****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
      ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
      မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊

Sunday, May 20, 2018

သီလ ' ဟူသည် ' ကိုယ်ချင်းစာ တရား

သီလ ဆိုတာ ကိုယ်ချင်းစာတရား အပေါ်မှာ အခြေခံပြီး တည်ဆောက်ရတာပါ ။
အဓိကအားဖြင့် ကိုယ်မကြိုက်တဲ့ အမှုကို သူတစ်ပါးအပေါ်မှာ မပြုမိဖို့ပါပဲ ။
မိမိရဲ့အသက်ကို သူတစ်ပါး သတ်ဖြတ်တာ မိမိမကြိုက်ဘူးဆိုရင် သူတစ်ပါးလဲ ငါ့လိုရှိမှာပဲလို့
ကိုယ်ချင်းစာစိတ်ထားပြီး သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ခြင်း မပြုတော့တဲ့အခါ
ပါဏာတိပါတ သိက္ခာပုဒ် သီလကို ကျင့်ဆောင်ပြီး ဖြစ်သွားပါတယ် ။