Saturday, July 20, 2013

တို့တိုင်းပြည်လဲထေရ၀ါဒပါဘဲ


သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ
လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို
တွေ့ခဲ့ဘူးပါတယ်။

ဟတ္တကာဠ၀က ဥပါသကာ ကို အတုယူ၍"


 ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တပည့်သာဝကတို့တွင် ရှေးဘ၀အဆက်ဆက် က ဖြည့်ကျင့် ဆည်းပူးခဲ့သော ပါရမီ ကုသိုလ်နှင့် တောင့်တ ခဲ့သော ဆုတောင်းအလျောက် ထူးကဲ သာလွန် သည့်ပုဂ္ဂိုလ်မြတ်တို့အား "ဧတဒဂ်" ဘွဲ့ထူး ပေးအပ်လေ့ရှိပါ၏။

ဘုရားထက်သာသူများ


ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။

*မေမေ*


ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

အသေတတ်သည်ဆိုရာဝယ်

                                 သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်း
အကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလို
ဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့
အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။

မြတ်ဗုဒ္ဓဟောကြားသော လူတိုင်းအတွက် ဘ၀ခရီးလမ်း ရွေးချယ်ရာဝယ်(ကေသမုတ္တိသုတ်)။

         ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ
ကိုယ့်အပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကေသမုတ္တိရွာက ရွာသူ၊ ရွာသားတွေကို  လက်တွေ့ကျကျ

Friday, July 19, 2013

ရဟန်းမအရေးတော်ပုံ


ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို 
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့ 
သုံးကြိမ် သုံးခါ လျှောက်တာတောင်
မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။
ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။

စေတီပုထိုးလိုသေးလို့လား




အခန်းထဲအောင်းပြီး စာဖတ်ရတာငြီးငွေ့လို့ ၀ရံတာထွက်ပြီး
အရပ်လေးမျက်နှာ ဟိုဟိုဒီဒီ ကြည့်လိုက်ရင်
စိမ်းစိမ်းစိုစိုတောင်ကုန်း (သို့မဟုတ်) တောင်တန်းလေးတွေ တွေ့ရတယ်။
ဒီနိုင်ငံရောက်ခါစက ဒီတောင်ကုန်း တောင်တန်းလေးတွေကို ကြည့်ပြီး
တစ်ခုခုလိုနေသလို ခံစားရတယ်။ 

လူလိုသူလို



ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်တယ်။

မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်။

ဗုဒ္ဓဟောကြားသော မိတ်ကောင်းဆွေကောင်း အကဲဖြတ်နည်း။

         မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုးလူကောင်းဒလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ မသိနိုင်ပါ။ အ
ပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ပါ။ လူမြင်ရုံနဲ့ လူဆိုးလား၊ လူကောင်းလား မသိနိုင်ပေမယ့် သူတို့ရဲ့
လုပ်ရပ်အပေါ် မူတည်ပြီး သိနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းနဲ့ ပက်သတ်ပြီးတော့ အကဲ
ခတ်လို့ရတဲ့ အခြေအနေမျိုးတွေကို မြတ်စွာဘုရားက ===

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၆)။

       “သတိပဌာန် ဆောင်ပုဒ်များ(၁)”
       ==================
            “သတိပဌာန် လမင်း”
            ============
ရှင်တော်ဗုဒ္ဓ၊  သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊  ထိန်လင်းကြည်လင်၊

“ အတ္တကိလမထာနုယောဂအကျင့် ” ဆိုတာ။

          အတ္တကိလမထာနုယောဂအကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့အကျင့်ပါ။
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ
သော ကာမဂုဏ်တွေကို မပေးဘဲ ပင်ပန်းဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ

Thursday, July 18, 2013

ဘ၀နေနည်း


ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။
-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။

တရားရှာ ကိုယ်မှာတွေ့ တရားတော်



ဒီတရားတော်ကို မြတ်စွာဘုရား အင်္ဂုတ္တိုပါဠိတော် ရောဟိတဿသုတ်မှာ ဟောကြားတော်မူခဲ့ပါ တယ်၊ မြတ်စွာဘုရားက ဒုက္ခသစ္စာ စတဲ့ သစ္စာ လေးပါး တရားတွေကို မိမိခန္ဓာကိုယ်မှာပင် တွေ့ရှိနိုင် တယ်လို့ ဒီသုတ်မှာ မိန့်ဆိုတော် မူခဲ့ပါတယ်။

သူယောင်မယ် သူယောင်သီး


                                                            `သူယောင်မယ် - သူယောင်သီး´ ဟူ၍ကြားဖူးပါသည်။ ယုံတမ်းစကားလား၊ တကယ်ရှိတာလား သိလိုပါသည်။ ဗုဒ္ဓစာပေ ပိဋကတ်၌ ပြဆိုထားချက် ရှိပါက ကျမ်းစာအကိုးအကားဖြင့် ဖြေကြားတော်မှုကြပါရန်နှင့် ရှေးဟောင်းစာပေများ၌ တွေ့ကြုံရဖူးကလည်း ထိုကျမ်းများအရ ဖြေကြားပေးတော်မှုကြပါရန် အနုးအညွတ် တောင်းပန်သည်။

"... ရဟန်းသံဃာများနှင့် နိုင်ငံရေး ပါဝင်ပတ်သက်မှု ..."




ဆရာကြီး ပါရဂူ၏ “ဗုဒ္ဓနှင့် အခြေခံလူ့ အခွင့်အရေး” ဆောင်းပါး၌ “အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာသည် ဘာသာရေးသက်သက် အဘိဓမ္မာရေးသက်သက်မျှသာမဟုတ်။ အမျိုးသားရေးလည်းဖြစ်သည်။ သဘောတရားရေးလည်း ဖြစ်သည်” ဟု အနောက်နိုင်ငံပညာရှင်တဦးက ရေးသားထားဖူးသည့် အဆိုကို ဆရာကြီး ပါရဂူ ကလည်း ပီပီပင်ပင် “မှန်သည်” ဟု ထောက်ခံသွားခဲ့ဖူးသည်။

“ ဓမ္မဘဏ္ဍာစိုး- အရှင်အာနန္ဒာ ”

အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မော်ကွန်း
တင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော
မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-၀ါကာလပတ်လုံး
ဟောကြားတော်မူသော တရားဒေသနာအားလုံးကို သူမတူ
နာယူမှတ်သားနိုင်သော ဉာဏ် ၀ီရိယ သတိ သမာဓိတရား
အားကောင်းသူဖြစ်သည်။

ဒါလေးတော့သိထားမှ




စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။
ဝိနယ ကို မြန်မာမှုပြုထားတာက ၀ိနည်းတဲ့။
စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း
ပေါင်းစုထားတာကိုတော့ ၀ိနယပိဋက လို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။

ဘုရားရှင်အမဲသားစားမစား



ဘိက္ခုနီ (ရဟန်းမ) တွေ အကြောင်းရေးရင်း
ဥပ္ပလ၀ဏ်ကို သတိရမိတယ်။
သူက သာဝတ္ထိသူ၊  သူဌေးသမီး။
သူမအသားအရေက ကြာပန်းလိုပဲတဲ့။

အိမ်ထောင်မပြုလိုသူ


ဘုရားရှင်ရဲ့  ပထမသာဝက က ရှင်သာရိပုတ္တရာဖြစ်ပြီး 
ဒုတိယသာဝက က ရှင်မဟာမောဂ္ဂလာန်ဖြစ်ပါတယ်။
တတိယသာဝက ကတော့ ရှင်မဟာကဿပ ပါ။

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် နိဗ္ဗာန်၏ ဂုဏ်တော်များ။

              ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်တွင်=======
၁။ “ ခယဂုဏ်တော် ”
============ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်   သည်နှင့်

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၅)။

   
  ””စံနှင့် မှတ်ကျောက်””
         ==========
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။

ဥပုသ်ရက်သတ်မှတ်ပုံနှင့် အနှစ်သာရ။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ

Wednesday, July 17, 2013

ကုသိုလ်ဆိုတာယူတတ်ရင်အလွယ်လေး

DSC00081
ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး
၁။ ဒါန – ပေး ကမ်း လှူဒါန်း ထောက်ပံ့
၂။ သီလ- ငါးပါး ရှစ်ပါး တတ်အားသမျှ ဆောက်တည်
၃။ ဘာဝနာ – သမထ ၀ိပဿနာ နှစ်သက်ရာ တစ်ခုခုပွားများ
၎။ အပစာယန – ရိုသေထိုက်သူက အရိုအသေပေး

ကိုယ့်အမျိုးကိုယ်ချစ်ပါ



မြန်မာပြည်သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေနဲ့ ရပ်တည်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ ဦးဇင်းတို့မြန်မာသက္ကရာဇ် အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာ မြန်မာယဉ်ကျေးမှုလေးတွေ ရှိနေတာကိုဆိုလိုချင်တာပါ။

ဗုဒ္ဓ၀ါဒနှင့်စဉ်စားဝေဖန်မှု




စာရေးသူ ဒီပို့စ်လေးကို တင်ပြလိုက်ရသော အကြောင်းကတော့ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ စဉ်စားဝေဖန် နိုင်အောင်နှင့် ဗဟုသုတ ရပါစေခြင်း အလို့ငှာ သီရိလင်္ကာနိုင်ငံ ကလနိယ တက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပေးနေသော အနောက်တိုင်း ပါဠိပါရဂူ ဆရာများ၏ ဗုဒ္ဓဘာသာအပေါ်တွင် ဝေဖန်နှိုင်းယှဉ် သုံးသက် ချက်များကို
သင်ကြားခဲ့ရ၍

မိလိန္ဒမင်းကြီး၏ စိတ်ကိုပြုပြင်ပုံ ပြုပြင်နည်း။

       
 မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့ အမေး၊ အဖြေအကြောင်း ဗုဒ္ဓဘာသာဝင် အတော်များများ
သိရှိကြပါမည်။ သို့သော် သူတို့အကြောင်း သိရပြီး မှတ်သားစရာကို အသိပေးချင်ပါသည်။ မိလိန္ဒမင်း
ကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်
လွန်စွာအရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေး

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၄)။

   
 ”” အပြု(ကာယကံ)””
      =========
ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။

မြတ်စွာဘုရားက တပည့်ဖြစ်တဲ့ ရဟန်းတော်တွေကို ဆုံးမတော်မူသောနည်း။(ကာသိမြင်းထိန်း)

     “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများ ဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။

Tuesday, July 16, 2013

ဘူတန်နိင်ငံ၏အမျိုးစောင့်ဥပဒေ...။

ဇူလိုင်လမှာ ဘူတန်နိုင်ငံဟာ ဥပဒေတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ခရစ်ယာန်တွေက သူတို့ရဲ့ ခရစ်ယာန် ဘာသာဝင်တွေ တိုးတက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး အဲဒီဥပဒေကို ထုတ်ပြန်လိုက်တာပါလို့ ငြီးတွားနေ ကြပါတယ်။

အကောင်းမြင်စိတ်နှင့်ရိုးစင်းသောဘဝ




လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း 
များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း 
ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊

သေခါနီးမှာဘာအရေးကြီးသလဲ



တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။

မေတ္တာ၏အကျိုးကျေးဇူးများ




စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

ဗုဒ္ဓဘာသာဝင်တစ်ဦး ရှောင်ကြဉ်ရမည့်အချက်များ။

     
   ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူကို “ဗုဒ္ဓဘာသာဝင်” ဟုခေါ်၏။
မြန်မာနိုင်ငံသား အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အ
နေဖြင့် ဗုဒ္ဓဘုရားရှင်နှင့် သူတော်စင်တို့ မနျစ်သက်အပ်၊ ပယ်အပ်သော ဒုစရိုက်(၁၀)ပါး တရားများ

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၃)။

   
  ”မဂ္ဂင်ရှစ်ပါး”
     xxxxxxxxxx
သိမှန် ကြံမှန်၊  ပြော ပြုမှန်နှင့်၊
ကောင်းမှန်သက်မွေး၊ ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြားသတိ၊

နက္ခတ်ဗေဒင်နှင့် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ကုသိုလ်၊ အကုသိုလ်အမြင်။


     
 ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သည် "ရတနာသုံးပါး" ကိုသာလျှင်
ကိုးကွယ်ဆည်းကပ် ကြပါသည်။ မြန်မာနိုင်ငံသည်  ထေရ၀ါဒ ဗုဒ္ဓဘာ
သာ နိုင်ငံဖြစ်ပါလျက် ဘာသာခြား ဗြဟ္မဏပုဏ္ဏားများ စီရင်ရေးသား

Monday, July 15, 2013

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံ ဆောက်တည်တဲ့ ဗောဓိကုမာရမင်းသား။


      မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။