Saturday, November 11, 2017

ရုပ်ဖြစ်ပျက်မှုနဲ့ စိတ်ဖြစ်ပျက်မှု

ရုပ်ဖြစ်ပျက်မှုနဲ့ စိတ်ဖြစ်ပျက်မှုမှာ အဆပေါင်းများစွာ လျင်မြန်တယ်လို့ ဆိုတယ်။ စိတ်ဖြစ်ပျက်နေပုံကို ထင်ရှားအောင် ရှင်းပြပေးပါဘုရား။

(ဖြေ)
သင်္ချာနည်းနဲ့ တွက်ကြည့် -
ပြီးတော့ ခုန လက်ဖျာက်တချက်တီးမှာ စိတ်က ကုဋေတသိန်းမက ဖြစ်တယ်ဆိုတာ ရုပ်ကနှေးတယ် မဟုတ်လား။ လက်ဖျာက်တချက်တီး ကုဋေတသိန်းမက ဖြစ်တယ်။ စိတ်တဆဲ့ခုနစ်ချက်မှာ ရုပ်တခါဖြစ်တယ်ဆိုတော့ သင်္ချာနည်းနဲ့ တွက်ကြည့်လို့ရှိရင် ရုပ်က လက်ဖျာက်တချက်တီးမှာ ဘယ်လောက်ဖြစ်နိုင်တယ် တွက်ကြည့်ရင် ရမယ်။ သခ်ျာနည်းနဲ့ ဘုန်းကြီး မတွက်တတ်ဘူး။ မတွက်တတ်တော့ မတွက်တတ်တဲ့အတိုင်းပဲ မှတ်ထားလိုကတယ်။ လက်ဖျာက်တချက်တီးမှာ ရုပ်ပေါင်းဘယ်လောက် ဖြစ်တယ် လို့တော့ ဘုန်းကြီးမပြောနိုင်ဘူး။ မပြောနိုင်ပေမယ့်လို့ အဲဓီရုပ်တွေဟာလည်း အင်မတန် မြန်မြန်ဖြစ်တာပဲ။

Friday, November 10, 2017

အယောင်ဆောင်ရဟန်း

အရှင်ဘုရား၊ ၀ိနည်းထုံးစံအရ သိမ်တွင် ရဟန်းခံသူမဟုတ်သော အယောင်ဆောင်ရဟန်းမှာ မည်သို့အပြစ်ရှိပါသနည်း။

(ဖြေ)
ဘေးရန် တစုံတရာမရှိဘဲ မိမိဘာသာ သင်္ကန်းဝတ်သူကို လိင်္ဂထေနက-(ရဟန်းအသွင်ခိုးသူ) ဟုခေါ်၏။ ရဟန်းအစစ်လုပ်၍ အခြားရဟန်းတို့နှင့် အတူပေါင်းနေလျှင် (ရဟန်းဝါ မည်မျှရပြီ-ဟု လိမ်၍ပြောလျှင်) သံဝါသထေနက (အပေါင်းအသင်းခိုးသူ) ဟုခေါ်၏။

ဗုဒ္ဓမြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ။

      တစ်နေ့ ဇေတ၀န်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။

ရဟန်းတော်တွေကို ဘယ်လိုများဆုံးမပါသလဲ ဘုရား?။

    “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။

ကံ၏ အကျိုးပေးမှု။

       ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီးက ပစ္စုပ္ပာန်တွင် ကောင်းသော
ကံများပြုနေပါစေ၊ ထိုအချိန်တွင် အားကြီးသော အတိတ်ကံဆိုးက အကျိုးပေးခွင့်သာပါက
ကုသိုလ်ကောင်းမှုပြုနေပါလျှက် မကောင်းကျိုးနဲ့ ဆုံရတတ်တယ်။

Thursday, November 9, 2017

ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင်

အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။

(ဖြေ)
ဗိမ္ဗိသာရမင်း၏ ခြေဖ၀ါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘ၀တုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။
နိသဇ္ဇနတ္တာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ-ရဟန်းသံဃာတို့ထိုင်ဖို့ရန် ခင်ထားအပ်သော သင်ဖြူးကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့။ တဿာယံ နိသန္ဒောတိ ၀ဒန္တိ-ဤသို့ ခြေဖ၀ါးကို ဓားခွဲခံရခြင်းသည် ထိုအပြစ်၏ အကျိုး ဖြစ်သတဲ့။ ဤသို့ပြောကြသည်။ (ဤကား သမညဖလသုတ် အဋ္ဌကထာ စကားတည်း)။

Wednesday, November 8, 2017

လူဝတ်ကြောင်တို့၏ သားသမီးကလေးများကို ပွေ့ချီကောင်းပါသလား။

အရှင်ဘုရား၊ ရဟန်းတော်သည် လူဝတ်ကြောင်တို့၏ သားသမီးကလေးများကို ပွေ့ချီကောင်းပါသလား။

(ဖြေ)
မပွေ့ချီကောင်းပါ။
(ဤသို့ပြုမှုကို အနေသန-မအပ်သော ပစ္စည်းရှာနည်း တမျိုး-ဟုခေါ်၏။ ငါတို့ကလေးကို ယုယရှာပေသည်-ဟု သဘေကျ၍ လူတို့က ဆွမ်း စသည်ကို လှူတတ်၏။ ထိုလှူအပ်သော ဆွမ်း စသည်ကို ထိုရဟန်းနှင့် တကွ အခြားရဟန်းသာမဏေများ မသုံးစားကောင်းပါ။ ဤအနေသနသည် ၂၁-ပါးရှိ၏)။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဘ၀တစ်ခု၏ အနှစ်သာရ။

    ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့ လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့  အနှစ်သာရကို ရအောင်ယူတတ်ဖို့  လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ

နက္ခတ်ဗေဒင်နှင့် ထေရ၀ါဒဗုဒ္ဓဘာသာ ။

     ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သည် "ရတနာသုံးပါး" ကိုသာလျှင်
ကိုးကွယ်ဆည်းကပ် ကြပါသည်။ မြန်မာနိုင်ငံသည်  ထေရ၀ါဒ ဗုဒ္ဓဘာ
သာ နိုင်ငံဖြစ်ပါလျက် ဘာသာခြား ဗြဟ္မဏပုဏ္ဏားများ စီရင်ရေးသား

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၆)။

 “ ဘာသာဝါဒ ရွေးချယ်ကြ ”
   ================
ဘာသာဝါဒ၊  ရွေးချယ်ကြ
မှန်မှ  ကျိုးများမည်။
အယူဝါဒ၊  မှားယွင်းက

Tuesday, November 7, 2017

နိဗ္ဗာန် ဂုဏ်တော် လေး ပါး

     
နိဗ္ဗာန် ဂုဏ်တော်ပေါင်း မြောက်များစွာထဲက မှတ်သားစရာ အကောင်းဆုံး ဂုဏ်တော်ဖြစ်တဲ့ ခယံ ဝိရာဂံ အမတံ ပဏီတံ ဂုဏ်တော်လေးပါးကို ရတနာသုတ္တ မှာ ကျူးရင့်ထားတာကို စေတနာရှေ့ထားပြီး နိဗ္ဗာန် ဂုဏ်တော် လေး ပါးကို အကြယ် ရှင်းပြပေးပါအုန်းမယ်။

Monday, November 6, 2017

သြကာသ ရှင်းတန်း။











  သြကာသ…သြကာသ….သြကာသ
ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊
တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ
ရတနာ မြတ်သုံးပါးတို့ ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့
ကန်တော့ပါ၏ ရှင်ဘုရား။

မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။

        မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။

ထာဝရချမ်းသာအောင် နေနည်း။

    လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုး

ကမ္မ၀ါဒ။

       မြတ်စွာဘုရား၏ ။ကမ္ပ၀ါဒကို နားလည်သဘောပေါက်လျှင် ဗေဒင်ဆရာ၊ နတ်ကတော်၊
ဘိုးတော် စသည်တို့၏ ညွှန်ကြားစေခိုင်းချက်အရ၊ ကံပွင့်လာဘ်ခေါ် အစီအမံများ အဆောင်
လက်ဖွဲ့များ၊ သိဒ္ဓိတင်ပစ္စည်းများကိုသာ ဆောင်နေသူများ မဖြစ်လာနိုင်တော့ပါ။

Sunday, November 5, 2017

ဓါရဏပရိတ် (သို့) မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော် ၁၈ ပါး ပါဠိတော်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။


၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။