Saturday, February 4, 2017

ဆင်ခြင်ဉာဏ်ရှေ့ထား

ရာဟုလာ . . . ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့်အလုပ်ကို လုပ်ရမည်။ ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရမည်။ ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရမည်။
                   ရာဟုလာ . . . သင်သည် ကိုယ်ဖြင့် အလုပ်တစ်ခုခုကို ပြုလုပ်မည် ရှိသောအခါ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာ ဖြစ်မည်လော၊ မိမိ သူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲခြင်းငှာ ဖြစ်မည်လော။ ဤအမှုသည် အကုသိုလ်လော၊ ဆင်းရဲဒုက္ခ ပွားစေတက်သလော၊ ဆင်းရဲခြင်း အကျိုးရှိသလောဟု ဆင်ခြင်ရပေမည်။

ကုသိုလ်ဂုဏ်သိရ်၊ လူ့အရှိန်။

  လူ့ဘ၀မှာ အမြဲစုနေရမှာက ကုသိုလ်တစ်ခုတည်းပါ။ ဘာပဲလုပ်လုပ် လူ့လက်ထဲမှာ ကုသိုလ်တစ်ခု
တော့ ကျန်နေခဲ့ရမယ်။ ကုသိုလ်ဟာ လူ့ဘ၀ရဲ့ လုပ်ခရလဒ်ပဲ။ လူရဲ့ အဓိကစွမ်းအားကလည်း ကုသိုလ်ပါပဲ။
လူဟာ ဒီလူ့ဘ၀ကိုရောက်လာတုန်းက ကုသိုလ်အရှိန်နဲ့လာခဲ့တာပါ။ ကုသိုလ်အရှိန်မပါပဲ ဘယ်နည်းနဲ့မှ

ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။

      နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။
ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ်

ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ။

         မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့်  အဘိုးလေး၊ အဘွားလေးပါမကျန်  ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။

Friday, February 3, 2017

နိဗ္ဗာန်ရောက်ဖို့ထက် ခက်သောအရာ

“အတ္တပျောက်ပြီး အနတ္တပေါက်၍ 
နိဗ္ဗာန်ရောက်ဖို့ နည်းလမ်းက လွယ်လွယ်ကလေးရယ်၊ သို့သော်လည်း ပြောမဖြစ်အောင် ခက်နေတဲ့
အခက်ကြီးတစ်ခက်က ရှိနေပြန်တယ်။

အဲဒီအခက်က ဘာလဲဆိုတော့ ဒကာမောင်တို့တွေရဲ့ စိတ်ကလေးတစ်ခုပါပဲ။

အဲဒီ စိတ်ကလေးဟာ ‘ပါပသ္မိံ ရမတိ မနော’ ဆိုတဲ့အတိုင်း
မကောင်းတဲ့ နေရာမှာ မကောင်းတဲ့ အာရုံ၌သာ မွေ့လျော်ပျော်ပါး ကျက်စား၍ နေလေ့ရှိတယ်။

Thursday, February 2, 2017

ကာလပရိယန္တသီလ (ကာလအပိုင်းအခြားဖြင့် ဆောက်တည်သော သီလ)

ဆရာတော်ထံ စာတစ်စောင် ရောက်လာပါတယ် ဘုရား
                   ဘယ်ကလာတဲ့စာလဲကွယ့်
                   သီပေါမြို့ ပန်းထိမ်ရပ် ဦးသုခထံကပါဘုရား
                   သြော်-အင်း-အင်း၊ ဟိုကမ္မဝါစာကိစ္စလျှောက်ဖူးတဲ့ ဦးသုခပါလား၊ စာက ဘာတဲ့တုန်းကွယ့်
                   သူ့စာရဲ့ ဆိုလိုရင်းက ဓမ္မဗျူဟာစာစောင်မှာပါတဲ့ ဆောင်ပါးအမှတ်(၁၂)တွင် ဥပုသ်ချပြီး ညစာစားသူများကို သစ်ကျုတ်၏ သီလနှင့် ခိုင်းနှိုင်းထားတာကို ဖတ်ရှုရပါသတဲ့၊  မန်လည်ဆရာတော်ဘုရားရေးသားတဲ့ ဝဇီရဂ္ဂ ဒီပနီကျမ်းမှာ မိမိစောင့်နိုင်သမျှ တစ်အောင့်တစ်ခဏ, တစ်ညတစ်ရက်, တစ်လ, တစ်နှစ်စသည် ဆောက်တည်နိုင်သမျှ ဆောက်တည်ခြင်းဟာ အကျိုးရတယ်လို့ ပါပါတယ်တဲ့၊ ဒါကြောင့် အချို့နေကုန်အောင် မစောင့်နိုင်ကြလို့ နေ့ဝက် ညဥ့်ဝက်စောင့်ခြင်းများလည်း ရှိကြပါတယ်၊ သည်လိုတက်နိုင်သလောက် သီလစောင့်ရှောက်ခြင်းများ သင့်မသင့်အကျိုးရှိမရှိ သိလိုပါသတဲ့ ဘုရား

တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)

       တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း၊ အများနဲ့ ငြိမ်းချမ်းအောင်နေနည်းလို့ ၂နည်းရှိတယ်။
တစ်ယောက်တည်းငြိမ်းချမ်းအောင်နေတတ်မှ အများနဲ့လည်း ငြိမ်းချမ်းအောင်နေတတ်တယ်။ ကိုယ်ငြိမ်းချမ်း
အောင်နေတတ်မှ သူများကိုလည်း ငြိမ်းချမ်းအောင်လုပ်ပေးနိုင်တယ်။ တစ်ယောက်တည်းငြိမ်းချမ်းအောင်

ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ကို နှုတ်တက်ဆောင်ခဲ့တဲ့ ရှင်အာနန္ဒမထေရ်မြတ်။

        ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မက္ခန္ဓာပေါင်း (၈၄,၀၀၀)ကို
နှုတ်တက် ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘယ်လောက်ထိအောင် လုံ့လ ၀ီရိယ ကောင်းသလဲ
ဆိုရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာလည်း နာတယ်၊ မှတ်လည်း မှတ်ထားပါတယ်၊

နိဝရဏတရား ၅ ပါး။

          နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
                             ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
                             နိုင်သောစိတ်။

Wednesday, February 1, 2017

အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ

 တပည့်တော် အလယ်တောရဆိုတဲ့ရွာကိုရောက်တော့ အလယ်တော ဦးပဉ္စင်း ဦးသီရိန္ဒနှင့် စပ်မိလို့ ရဟန်းတော်များရဲ့ အမည်ရှေ့မှာ အသျှင်တပ်တာ, အရှင်တပ်တာ, ဦးတပ်တာ, ဦးပဉ္စင်းခေါ်တာနှင့် ကိုရင်ခေါ်တာများနှင့်ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့တယ်ဘုရား၊ သည်ပြဿနာကို ဦးသိရိန္ဒလည်း မဖြေနိုင်ဘူး၊ တပည့်တော်လည်း မသိဘူး၊ အရေးမကြီးသော်လည်း သည်အဖြေကလေးကိုလည်း တပည့်တော်များ သိချင်ပါတယ် ဘုရား

Tuesday, January 31, 2017

ဘုရားပေးခဲ့တဲ့ အမျိုးသမီးအခွင့်အရေး


ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည်၊ နတ်ကြီးသည် ဒါကြောင့်ဤဘုရားစေတီအနီးသို့အမျိုးသမီးများချဉ်းကပ်ထိကိုင်လျက်ရှိခိုးဦးတိုက်ခြင်းမပြုရ၊ ပြုလုပ်လျှင် လေ ကြီး မိုးကြီး ကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက် တားမြစ်ကြပါတယ်။
ဥပမာ-- ကျိုက်ထီးရိုးစေတီတော်လိုမျိုး ဖြစ်ပါတယ်။

Monday, January 30, 2017

“မြတ်ဗုဒ္ဓအလိုတော်ကျ ကောင်းသော စကားကို ပြောဆိုခြင်း”

(အပြောကောင်းတာလား၊ အကောင်းပြောတာလား)
သုဘာသိတာစ ယာ ၀ါစာ၊
ဧတံ မင်္ဂလမုတ္တမံ။
“ကောင်းသောစကားကို ပြောဆိုခြင်းသည်မြတ်သောမင်္ဂလာ” ဖြစ်၏။

လူသားတို့ နေ့စဉ်နေထိုင်လုပ်ကိုင် ကူးလူးဆက်ဆံနေကြရာ၌ တစ်ဦးနှင့်တစ်ဦး နားလည်
သဘောပေါက်မှုသည် ပဓာနကျ၏။ ထိုနားလည်သဘောပေါက်မှုကို စကားလုံးများက
ကိုယ်စားပြုပေးကြ၏။ ပြောဆိုဆက်ဆံ ဆိုသည့်အတိုင်း ဘာသာစကား တစ်ခုခုကို ပြောဆို၍ ဆက်ဆံကြရ၏။ ထိုပြောဆိုသော စကားသည် မှားသည်လည်း ရှိ၏။

Sunday, January 29, 2017

သူတော်ကောင်း မှတ်ကျောက်

 လောက၌ လူအမျိုးမျိုး စရိုက်အထွေ ထွေ စိတ်နေစိတ်ထားအဖုံဖုံရှိပါသည်။ ရုပ်အဆင်းသဏ္ဌာန် လှပတင့်တယ်သူ
တွေရှိသလို အကျည်းတန် သူတွေလည်း ရှိပါ သည်။ စိတ်ရင်းကောင်း၍ စိတ်ကောင်းမွေးသူတွေ ရှိသလို စိတ်ရင်းမကောင်း စိတ်ကောင်းမမွေးသူတွေ လည်း ရှိပါ၏။ စိတ်နှင့်ရုပ် ဒွန်တွဲဖြစ်တည်နေသောလူတို့ တွင် အချို့မှာ ရုပ်ရည်ချောမောလှပပြီး စိတ်ထားလည်း ကောင်းမွန်သည်။ အချို့မှာ ရုပ်ရည်လည်းအကျည်းတန်သလို စိတ်ထားလည်းမလှပ။ အချို့မှာ ရုပ်ဆင်းသဏ္ဌာန် လှပတင့် တယ်သော်လည်း စိတ်နေစိတ်ထားမှာ မလှပ၊ မကောင်း မွန်။ အချို့မှာ ရုပ်ဆင်းသဏ္ဌာန်မလှပစေကာမူ စိတ် နေစိတ်ထား လှပဖြူစင်သည်။