Saturday, April 25, 2015
ရုပ်လှတာ- မလှတာ။
        တိရစ္ဆာန်ဖြစ်သွားအုန်း၊ ကောင်းတဲ့ကံတွေက အခွင့်သာလို့ ခွေးကလေး လှလှလေးဆိုရင်
ကျွေးမယ့်သူနဲ့ မွေးမယ့်သူနဲ့၊ သူ့ကို တကတည်း မွေးချင်တဲ့သူတွေနဲ့၊ ခွေးကလေးက လှတာကိုး။
ဥပဓိက လှနေလို့ရှိရင် ကောင်းတဲ့ကံတွေက အကျိုးပေးတယ်။
တိရစ္ဆာန်ဖြစ်တောင် လိုက် အကျိုးပေးတယ်။
ကမ္မဌာန်း အခြေခံတရား ၁၅ ပါး (ကမ္မဠ္စာနုပစာရတရား)။
၁။ ကမ္မဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း။
၂။ ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း။
၃။ တည်ကြည်သောစိတ် ရှိခြင်း။
၎။ ပညာရှိစကားကို နာယူလွယ်ခြင်း။
၅။ နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ ရှိခြင်း။
စိတ်၏စေရာနောက်။
     ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
ဟူ၍ ယုံကြည်ထားကြသည်။ ဘ၀သံသရာသည် ရှည်လျားလွန်းသည့်အလျောက် နိဗ္ဗာန်သို့ မရောက်မီ ဘ၀တစ်
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား
မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
မျက်ကန်းများနှင့် ဆင်
တစ်နေ့မှာ ဆွမ်းခံအပြန် ရဟန်းတွေက ဘုရားရှင်ကို လျှောက်တယ်။ "အရှင်ဘုရား၊ ဆွမ်းခံလမ်းမှာ အခြားဘာသာရေးဂိုဏ်များမှ အယူအဆကွဲပြားပြီး သူတို့အမြင်တွေကို လှည့်လည်ဖြန့်နေတဲ့သူတွေဟာ အပြန်အလှန် ရန်လိုမုန်းထားပြီး "သူ့တရားက မှန်တယ်၊ ငါ့တရားကမှန်တယ်" ဆိုပြီး ငြင်းခုံရန်ဖြစ်နေတာကို တွေ့ခဲ့တယ်ဘုရား"
သာသနာ့ အန္တရာယ်
                                                          ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်” သည်နောက်ပါရဟန်း (၅၀၀)ဖြင့် “ပါဝါပြည်” မှ “ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာအားဖူးမြော် ရန်ကြွတော်မူလာစဉ် လမ်းခရီးအလယ်၌ တက္ကတွန်းတစ်ဦးထံ မှ... “ကုသိနာရုံ၊မလ္လာမင်း အင်ကြင်း ဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ(၇)ရက်ကြာပြီဖြစ်ကြောင်း”သတင်း စကားကြား သိရ၍ ရဟန်းတစ်ချို့ယူကြုံးမရ ငိုကြွေးကြရာ၊တောထွက်ရဟန်းကြီး
ငရဲကျကြောင်းတရား ( ၁၀ )ပါး။
(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။
(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌
ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။
        ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး
ကြီးပေ၏။ ထို့ကြောင့် ဓမ္မဒေသနာကုသိုလ်အစစ် ဖြစ်စေလိုလျှင် ထိုတရားဟောမှုကြောင့် ရမည့်
ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် ၁၃ ယောက်။
၁။ န၀ီသတိဂဿ = ပဋိသန္ဓေယူသည့်နေ့မှစ၍ အနှစ် (၂၀) မပြည့်သေးသောသူ။
၂။ အန္တိမ၀တ္ထုအဇ္ဈာပန္န = ပါရာဇိကကျပြီး ပုဂ္ဂိုလ်။
၃။ ပဏ္ဍုတ် = သူတစ်ပါး၏ သုက်သွေးကို စုတ်ယူသောသူ။
၎။ ထေယျသံဝါသက = ထေရ်ရဟန်းယောင်ဆောင်သော ပုဂ္ဂိုလ်။
၅။ တိတ္ထိယပက္ကန္တက = တိတ္ထိဘောင်သို့ ပြေးဝင်သောသူ။
ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။
         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ
Friday, April 24, 2015
တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား? ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း?
                                ဒကာ။ ။ ခုကာလ ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီတွေက ဝေဒနာချုပ်အောင်လိုက်တယ်၊ ကျွတ်အောင်လိုက်တယ်၊ ဝေဒနာချုပ်မှ တရားအမှတ်ဖြုတ်တယ်တဲ့၊ သူတို့ရဲ့ ၀ိပဿနာ ဓမ္မဆရာများကလည်း ဝေဒနာချုပ်အောင် လိုက်ရမယ်လို့ စေခိုင်းတတ်ကြပါတယ်တဲ့၊ အဲဒါတွေဟာ မှန်ပါရဲ့လား ဆရာတော်၊ စိတ်ရှိသူမှာ ဝေဒနာချုပ်နိုင်ပါသလား။
ကုရုတိုင်းရှိ မဟာသတိပဋ္ဌာနသုတ်ဟောကြားခဲ့ရာ ကုန်းတော်သို့ ဦးခိုက်ခြင်း
ဘုံဘေ (Mumbai) မှာ သီတင်းသုံးနေစဉ်အတွင်း တစ်ချိန်က အဖမြတ်စွာ ဟောကြားထားခဲ့တဲ့ ပိဋကတ်သုံးပုံ တရား တော်များထဲက ခက်ခဲ နက်နဲအသိမ်မွေ့တဲ့ မဟာသတိပဋ္ဌာန်တရားဟောကြားခဲ့ရာ ကုန်းတော် ဟာ ယနေ့ခေတ်မှာ နယူးဒေလီမြို့မှာ ရှိနေတယ် ဆိုတဲ့စကားကို ကြားရကတည်းက စိတ်လှုပ်ရှားစွာ နားထောင်ခဲ့မိ တယ်၊ နောက်မှာတော့ တစ်ခြား အကြောင်းတွေ အသာထားတော့၊ သတိပဋ္ဌာန်ကုန်းတော်ကို ဖူးမြင်ရတာ နဲ့တင် ဒေလီကို ရောက်အောင် သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ်၊
ဗုဒ္ဓကို လိုက်တုသော ဂျိန်းဘုရား
ဂျိန်းဘာသာနှင့် ပက်သက်သော အချက်အလက်များကို အရင်ပို့စ် ဒီနေရာတွင် ဖော်ပြထားပါသည်၊  ယင်းဘာသာ အကြောင်းကို အရင်လေ့လာထားပြီးမှ ဤပို့စ်ကို ဆက်စပ်ကာ လေ့လာရန် အကြံပေးလိုပါသည်၊
၁။ ဗုဒ္ဓသည် သက္ကတိုင်း ကပိလ၀တ္ထုမြို့ သာကီဝင်မင်းမျိုးမှ မင်းသားဖြစ်သည်။
ဂျိနသည် ၀ဇ္ဇီတိုင်း ဝေသာလီမြို့ လိစ္ဆ၀ီမင်းမျိုးမှ မင်းသားဖြစ်သည်။
၂။ ဗုဒ္ဓသည်တ၀မ်းကွဲနှမတော်စပ်သူ ယသော်ဓရာနှင့် လက်ဆက်ပြိး သားတယောက်ရသောအခါ အသက်(၂၉) တွင် တောထွက်သည်။
ကောင်းကံက လွှမ်း။
ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ
ပါလာတယ်။
အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။
အဲဒီ မကောင်းကံတွေကို အကျိုးပေးခွင့်မရအောင် ကောင်းကံတွေကို အများကြီး ပြုရတယ်။
အများကြီးပြုလို့ ကောင်းကံတွေက လွှမ်းနေပြီဆိုမှဖြင့် မကောင်းကံတွေက အကျိုးပေးမယ်လို့
ဝိနည်းကိုလိုက်နာလျှင် ရရှိမည့်အကျိုး(၁၀) ပါး။
        ဗုဒ္ဓသည် ၀ိနည်းကျင့်ဝတ်များကို ဥပဒေအဖြစ်ဖြင့် ထုတ်ဖေါ်ပညတ်လိုက်ခြင်းသည် ထို
ဝိနည်းကို ချီးမြှောက်မြင့်တင်ရာရောက်သည်။ ၀ိနည်းကိုလိုက်နာလျှင် အောက်ပါ အကျိုးများကို
ရရှိပါသည်။
   ၁။ ကောင်းပါပြီဘုရားဟု စကားတော်ကို လက်ခံနိုင်ခြင်းအကျိုး။
   ၂။ သံဃာတော်များ၏ ချမ်းသာစွာနေထိုင်ရခြင်းအကျိုး။
မြတ်စွာဘုရားကိုယ်တော်တိုင်၏ သံသရာခရီးသွားရင်း အမှား။
         သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ
ဒုက္ကရစရိယ ကျင့်ခဲ့ရတယ်။ ကဿပမြတ်စွာဘုရားလက်ထက်က ဇောတိပါလဆိုတဲ့  ပုဏ္ဏားလု
လင်ဖြစ်ခဲ့တဲ့ အချိန်မှာ သူက အမျိုးဇာတ်ကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ခဲ့တယ်။
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၄)။
     “စိတ်ကို ထိန်းသူ”
     -----------------
မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍၊
သူကျလိုရာ၊ ကျတတ်ပါသည့်၊
ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို၊
ချင့်နှိုင်းဉာဏ်ယှဉ်၊သမ္ပဇဉ်နှင့်၊
အစဉ်ချွန်းအုပ်၊ သတိချုပ်၍၊
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၅) ။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၄) ”
====================
၃၈။ ဆရာနေခင်း၊ အင်းပျဉ်ညောင်စောင်း၊
လဲလျောင်းဘုံလျှို၊ ထိုထိုထက်မှာ၊
မနေရာသည်၊ မြင့်ရာမသင့်၊ မထိုင်နှင့်။
၃၉။ ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊
Thursday, April 23, 2015
ကျိုက်ထီးရိုးစေတီဘက် မိန်းမများ တက်ကောင်းသလော၊ ကျိုက္ခမီဘုရားတန်ဆောင်းပေါ် မိန်းမများ တက်ကောင်းသလော
              ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား
ဒကာ။ ။ ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည် နတ်ကြီးသည် ဒါကြောင့် ဤစေတီအနီးသို့ မိန်းမများ ချဉ်းကပ်ထိကိုင်လျက် ရှိခိုးဦးတိုက်ခြင်းမပြုရ၊ ပြုလုပ်လျှင် လေကြီးမိုးကြီးကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြပါသည်၊ ပုံပမာ ကျိုက်ထီးရိုးစေတီတို့လို ဟာမျိုး။
သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား
                                                                 ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။
သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။
တာဝန် ဝတ္တရားသာလျှင် အဓိက
                                                                   ကြုံခဲတဲ့ သာသနာ ရခဲတဲ့ ဘဝမှာ
သာသနာ့ ဘောင်ဝင် ရဟန်းဝတ်
တရားအားမထုတ်နိုင်သေးရင်တောင်မှ
ဘုရားလောင်းဘဝတွေကို သာဓကထားပြီး
ရောက်ရာဘဝမှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်
ကျင့်ကြံဖို့လိုသည်။
ဘဝ ကောင်း၊ ဘဝဆိုး။
      ဂတိ=ဘဝကိုက မကောင်းတဲ့ ဘဝ၊ တိရစ္ဆာန်ဘဝ ရောက်စမ်းပါလား။ ငရဲဘဝ ရောက်နေ
စမ်းပါလား။ ပြိတ္တာဘဝ ရောက်နေစမ်းပါလား။
မကောင်းတဲ့ ကံဟာလေ သိပ်အကျိုးပေးခွင့် ရသွားတာပဲ။
ဂတိက လူ့ဘဝတွေ ရောက်နေစမ်းပါလား။ နတ်ဘဝတွေ ရောက်နေစမ်းပါလား။
ငတ်အောင် နှိပ်စက်နိုင်တဲ့ ကံပါပေမယ့် အို .. လူ့ဘဝဆိုတာ နောက်ဆုံး တောင်းစားရင် ရသေး
ငြိမ်းသတ်ရန်လိုသော မီး ၁၁ ပါး။
၁။ လောဘမီး = တပ်မက်နှစ်သက်သဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
၎။ ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
၅။ ဇရာမီး = အိုမင်းရသဖြင့် ပူလောင်ခြင်း။
သုခဝေဒနာသည် ဒုက္ခသစ္စာဟုတ် မဟုတ်။
         သုခဝေဒနာဆိုတာ သမ္မုတိသစ္စာနယ်ထဲက စကားပါ။ ပရမတ္တသစ္စာက “သဗ္ဗေသင်္ခါရာ
 ဒုက္ခာ” တဲ့။ သုခဝေဒနာကို သိမှတ်နေတဲ့ ယောဂီရဲ့ အသိဉာဏ်မှာ အဲဒီ ပေါ်လာတဲ့ သုခ ခံစား
ချက်ကလေးတွေဟာ မှတ်တိုင်း ရှုတိုင်း ပျက် ပျက်သွားတာ တွေ့ရခြင်းကြောင့် ဒုက္ခသစ္စာတွေ
ပေါ် ပေါ်လာတာပါပဲ။ သုခရယ်လို့ မမှတ်ထင်တော့ဘူး။ “ မြဲမှ မမြဲတဲ့တရားဟာ အနိစ္စပပပဲ ”။
ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။
         ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်
အောင် ဟောကြားထားသည်မှာ== “ ကမ္ဘာလောကကြီး အတွင်းမှာရှိတဲ့ အဖိုးတန် ရတနာတွေ
ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၅)။
    “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
Tuesday, April 21, 2015
လောကဓံတရား (၈) ပါး
                                                   လောကဓံသည်
၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။
၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။
၃။ယသ =အခြွေအရံများခြင်း။
၎။အယသ =အခြွေအရံမရှိခြင်း။
၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။
၆။ပသံသာ =ချီးမွမ်းခံရခြင်း။
၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။
၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ ဤသို့အားဖြင့် ရှစ်ပါးရှိပါတယ်။
ငရဲ၏ဒုက္ခဆင်းရဲများနှင့် လွတ်မြောက်ဖို.အချိန်
                                                                         ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။
ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။
၁) သိဉ္စိုး ငရဲ၊
၂) ကာဠသုတ် ငရဲ၊
၃) သံဃာတာ ငရဲ၊
၎) ရောရုဝ ငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊
'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊
ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို 'ရဟန္တာ'ချည်းထင်တတ်၏။
အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊
ရဟန္တာတိုင်းလည်းကောင်းကင်မှာမပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏။
ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏ ။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊
တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏။
မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ (မွေးနေ့ ဓမ္မဒါန)
      မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ရှိပါတယ်။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
ရှင်ရာဟုလာ၏ စိတ်နေသဘောထား။ (မွေးနေ့ ဓမ္မဒါန)
      ရှင်ရာဟုလာသည် အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ ဖွားမြင်ခဲ့၏။ မိမိကိုယ်တိုင်လည်း
စကြာမင်းဖြစ်လောက်သော ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများ ကြည်
နူးလောက်အောင် ကျက်သရေကိုဆောင်၏။ ရှင်သာမဏေဘ၀သို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်
စွာ၏ ရင်သွေးတော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်များပင် လေးစားမြတ်နိုးကြရုံမက
ကောသလမင်း, အနာထပိဏ်, ၀ိသာခါစသော မင်းပိုင်း သူဌေးသူကြွယ်ပိုင်းကလည်း ကိုင်းရှိုင်း
ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ၇ ရက်အကြာ။ (မွေးနေ့ ဓမ္မဒါန)
      မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့မှာ မလ္လာတိုင်း
ကုဿိန္နာရုံမှာ ပရိနိဗ္ဗာန်စံဝင်တော် မူပါတယ်။
         ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီး ရှင်မဟာကဿပမထေရ်ကြီးဟာ နောက်ပါရဟန်း(၅၀၀)
နှင့်အတူ ပါဝါပြည်မှ ကုဿိန္နာရုံသို့ မြတ်စွာဘုရားအား ဖူးမျှော်ရန် ကြွရောက်လာစဉ် လမ်းခရီး
မှာ တက္ကတွန်းတစ်ယောက်က မြတ်စွာဘုရားဟာ ကုဿိန္နာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်
မြတ်စွာဘုရားရှင်၏လက်ထက်တော်တွင် အသက်ရာကျော်ရှည်ကြသူများ။(မွေးနေ့ ဓမ္မဒါန)
အရှင်ဗာကူလ။ ။အသက် ၁၆၀ နှစ်
အရှင်အနုရုဒ္ဓါ။ ။အသက် ၁၅၀ နှစ်
အရှင်မဟာကဿပ။ ။အသက် ၁၂၀ နှစ်
အရှင်အာနန္ဒာ။ ။အသက် ၁၂၀ နှစ်
ဗျာဝရိယပုဏ္ဏား။ ။အသက် ၁၂၀ နှစ်
ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်။ (မွေးနေ့ ဓမ္မဒါန)
        ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့၏ နောက်ဆုံးပန်းတိုင်သည် မြတ်နိဗ္ဗာန်ပင် ဖြစ်ပါ
တယ်။ နိဗ္ဗာန်ကိုရရောက်နိုင်ရန်အတွက် တရားကျင့်ကြံအားထုတ်ကြရပါတယ်။ တရားအားထုတ်
ရာ၌ ကိုယ်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်ကာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန်
မာနတွေ ဣဿာမစ္ဆရိယတွေကို သိနိုင်ပါတယ်။ ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေသေး
Monday, April 20, 2015
ရဝေနွယ်(အင်းမ)၏ ပါရမီမြောက်ကုသိုလ်။
         ပါရမီမြောက်ဖို့အတွက် အင်္ဂါ ၃ ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက==
၁။ နိဗ္ဗာန်ကို ဦးတည်ရမယ်။
၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
၃။ မိမိအကျိုးကို မငဲ့ရဘူးတို့ ဖြစ်ပါတယ်။
   *ပါရမီမြောက်ကုသိုလ်*
မြတ်ဘုရား၏ ဥပဒေတော်ကြီး။
အကျဆုံးဖြစ်၍ သာသနာတော်၏ အသက်ဖြစ်သည်။ ရဟန်းတော်များသည် ထို ၂၂၇ သွယ်သော
ဝိနည်းတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းတော့ဘဲ ဆယ်ပါးသီလမျှကိုသာ
စောင့်စည်းနေထိုင်ခဲ့သော် သာသနာပ ရသေ့ပုရိဗိုဇ် အနေမျှသာ ဖြစ်ကြတော့၏။ သာသနာတော်
ဝိသာခါရသောဆု (၈)ပါး။
၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခြင်း။
၂။ အာဂန္တု ရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၃။ ခရီးသွားရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၎။ ဖျားနာသောရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
ဗုဒ္ဓဟောကြားသော လုပ်ငန်းအောင်မြင်ပြီး ကြီးပွားချမ်းသာကြောင်းတရားများ။
       လူတိုင်းလူတိုင်းသည် လူ့လောကအလယ်တွင် တင့်တင့်တယ်တယ် ပြည့်ပြည့်စုံစုံနှင့်
နေချင်ကြ၏။ ထိုသို့နေနိုင်ဖို့ရန် စီးပွားဥစ္စာ ရှာဖွေမှုကို ပြုကြရသည်ချည်း ဖြစ်ပါ၏။ လူသား
များအနေဖြင့် အသွေးအသားခန္ဓာရုပ်ကြီး ရှင်သန်တည်မြဲနေသေးသမျှ စားဝတ်နေရေး ဟူ
သော စာလုံးသည် စီးပွားရေးပင်စည်ကြီးအပေါ် အမှီပြုလျက် ရှိပါ၏။ စီးပွားရေးပင်စည်ကြီး
အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း။
       ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ
ကိုယ့်အပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကေသမုတ္တိရွာက ရွာသူ၊ ရွာသားတွေကို  လက်တွေ့ကျကျ
မကောင်းဝဲပြီး အကောင်းတွဲကာ ပြောင်းလဲလိုက်ကြပါစို့
“သင်္ကန္တ” ဆိုတာ “ကူးပြောင်းခြင်း”တဲ့။အဲဒီကနေ အခုတော့ “သင်္ကြန်”တဲ့လေ။
ဒါလည်းပဲ ပြောင်းလဲခြင်းတစ်မျိုးပါပဲဝေါဟာရပြောင်းလဲခြင်းပေါ့။
သတ်မှတ်ချက်ဆိုတာကလည်း “ပညတ်သဘော”ဆိုတော့ တသမှတ်တည်း ဘယ်ရှိမလဲလေ။
ပြောင်းနေမှာပါပဲ။ မပြောင်းလဲတော့တဲ့ အမှန်သစ္စာကို ရရှိမှပဲ ပြောင်းလဲခြင်းတွေ ရပ်ဆိုင်းသွားကြမှာပါ။
“နှစ်ဦးကာလ ဓမ္မလက်ဆောင်”
နှစ်သစ်အခါသမယမှာ ပိုပြီးကောင်းလာစေချင်လို့ရှိရင်ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊
ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ပိုပြီး စွန့်လွှတ်မှုတွေ ခိုင်မာလာအောင်၊
ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင် လုပ်ဖို့ လိုပါတယ်။အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့မျှော်လင့်ချကဖနဲ့ ချမ်းသာသုခတွေ၊မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ ၊
တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။
အလွှာ ၃ ပါး
ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဘုန်းတော်ကြီး ဟောတဲ့တရားထဲကပါ။ နှစ်သက်လို့ ဘာသာပြန်လိုက်ပါတယ်။
လူမှာ အမျိုးအစားလူတန်းစား ၃ မျိုး ၃လွှာ ခွဲခြားထားပါတယ်။ ။ အထက်တန်းလွှာ၊ အလယ်တန်းလွှာ နဲ့ အောက်တန်းလွှာ ဖြစ်ပါတယ်။ သူတို့ကိုဒီလိုခွဲခြားထားပါတယ်။
အထက်တန်းလွှာမှာ အရည်အချင်းရှိတယ်။ မာနမရှိပါ။
အလယ်တန်းလွှာမှာ အရည်အချင်းရှိတယ်။ မာနကြီးတယ်။
အောက်တန်းလွှာမှာ အရည်အချင်းမရှိပါ။ မာနကျတော့ လုံးဝမလျှော့ပါ။
“နှစ်ဟောင်းကို နှုတ်ဆက်ရင်း ပါရမီဖြည့်မယ်”
တိမ်တိုက်ပမာ၊သံသရာ၊တွေ့လာခဏ။လေကြောင့်ကွဲကာ၊ပျက်ရရှာ၊လျင်စွာပျောက်သွားကြ။
-【တိပိဋကဓရ ယောဆရာတော်】ဘဝဆိုတာ ကောင်းကင်က တိမ်တိုက်ကလေးတွေလိုပါပဲ။
ခဏတွေ့ပြီး၊ခဏအကြာမှာပဲ ပျောက်ကွယ်သွားကြတာပါ။
လူ့ဘဝသက်တမ်းကို ယေဘုယျပြောရရင် (၇၅)နှစ်ပါပဲ။(၇၅)နှစ်အတွင်းမှာပဲ
ပျောက်ကွယ်သွားကြရတာပါ။ကံကောင်းလည်း နှစ်ကာလတစ်ခုအလွန်ပါပဲ။
●ပျောက်ကွယ်သွားတဲ့သူတွေက ပျောက်ကွယ်ကုန်ပါပြီ။
စေတနာကို ကံလို့ ခေါ်ပါတယ်။
       ဒါ့ကြောင့် ကံဆိုတဲ့ဥစ္စာ ဘယ်လိုပါလိမ့်မလဲလို့ ပထမဆုံး ပြန်ပြီးတော့ စဉ်းစားကြည့်ပါ။
ကုသိုလ်ပြုပြု အကုသိုလ်ပြုပြု ဒီထဲမှာ ရှိတဲ့ စေတနာကို ကံလို့ ခေါ်တယ်။
ဒါဖြင့် အဲဒီ စေတနာက ဘယ်လိုသဘောနဲ့ ဘဝများစွာသို့လိုက်ပါလိမ့်မတုန်းဆိုတော့ -
“ကုသလာ ကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်သော
စူဠသောတာပန်နှင့်ပတ်သက်၍ အရှေ့ပရက္ကမချောင်ဆရာတော်၏ သြ၀ါဒ။
       ကမ္မဋ္ဌာန်းထိုင်ရင်း၊ ကမ္မဋ္ဌာန်းတရားအားထုတ်ရင်း၊ ၀ိပဿနာတရားအားထုတ်ရင်း၊
ဥပနိဿယနှင့် မပြည့်စုံသေး၍ မဟာသာတာပန်ကြီး မဖြစ်ရင် ရှိပါစေဦးတော့ စူဠသောတာပန်
လောက်တော့ ဖြစ်ဖို့ အလွန်ကောင်းလှပေသည်။
         ကမ္မဋ္ဌာန်းထိုင်ပါလျက်၊ ကမ္မဋ္ဌာန်းတရားအားထုတ်ပါလျက်၊ ၀ိပဿနာတရား ပွားများအားထုတ်ပါလျက်
အကောင်းဆုံး လက်ဆောင်။
        ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက
မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း
ပစ္စည်းလေးပါး အစရှိသဖြင့် လှူဒါန်းတတ်ကြပါသည်။ လှူဒါန်း ပေးကမ်းရတာတွေ အများကြီး
တစ်သိန်းမှာ တစ်ယောက်။
     “လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့ ”။ ။
      လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
      လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ လူ(၈၀,၀၀၀) က
အသံကောင်းတာနဲ့  နာမည်ကြီးတာကို ကြည်ညိုကြပါတယ်။ ။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၄) ။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၃) ”
     --------------------------
၂၆။ လှူဖွယ်တန်းဖွယ်၊ ကြီးငယ်တည်တည်
ရောက်လာသည်ကို၊ လှယ်ကာခဏ
သူ့ခွက်ယောက်ကို၊ မပျောက်နေ့ည ပေးလိုက်ကြ။
၂၇။ ကွမ်း ဆေး မီးလျှင်၊ ဧည့်သည်မြင်သော်
Sunday, April 19, 2015
တရားစစ် တရားမှန်၏ အင်္ဂါလက္ခဏာများ။
ကပ်ငြိမှု ရာဂကင်းဖို့သာ ဖြစ်စေ၏။
ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲဖို့ မဖြစ်စေခြင်း။
သံယောဇဉ် ကင်းဖို့သာ ဖြစ်စေ၏။
သံယောဇဉ် တိုးပွားဖို့ မဖြစ်စေ။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့သာ ဖြစ်စေ၏။
ပြိတ္တာ ဘာကြောင့်ဖြစ်ရသလဲ ?။
        ပြိတ္တာမှာ အပါယ်လေးဘုံဝင်ဖြစ်ပြီး လူ့ဘ၀နှင့် အလွန်နီးစပ်ပါသည်။ လူ့ဘ၀တွင်ပင်
တောခြုံပိတ်ပေါင်း၊ တောင်စောင်း၊ သင်္ချိုင်းသစ်ပင်တို့ကိုမှီ၍ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်
နှင့် နေကြရ၏။ လူတို့၏ မစင်၊ နှပ်၊ တံတွေးတို့ကို စားသောက်နေရပြီး အနှစ် တစ်ရာ၊ တစ်
ထောင်၊ တစ်သိန်းမက ဘုရားတစ်ဆူနှင့်တစ်ဆူ ကြားကာလပါတ်လုံး ထမင်းတစ်လုပ်မှ မစားရ၊
မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။
၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။
၎။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း။
၅။ ရေ အလိုရှိက တောင်ထိပ်က ရေထွက်ခြင်း။
တရားသိလျက် အကျင့်ခက်။
         ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့ အချိန်လေးမှာ
သာသနာကြည်ညိုတဲ့ မိသားစု တစ်စု သာသနာဘောင် ၀င်လာခဲ့ပါတယ်။ အကိုကြီးရဲ့ နာမည်က
“ သာဂတ ” တဲ့။ သူ့ညီရဲ့ နာမည်က “ ကပိလ ” တဲ့။ နှမလေးရဲ့ နာမည်က “ တာပနာ” တဲ့။ အ
မေကြီးကတော့ “သာဓိနီ” ဆိုတဲ့ နာမည်နဲ့ သာသနာဘောင်ကို မိသားစုလိုက် ၀င်လာကြပါတယ်။
         သာသနာဘောင် ၀င်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်ရမယ့်အလုပ် (၂) ခုရှိပါတယ်။