Saturday, March 4, 2017

အချစ်လဲမစောနဲ့ အပြစ်လဲမပြောနဲ့





အဘိဓမ္မာသဘော သက်သက်ဖြစ်တဲ့ ပဋ္ဌာန်းပစ္စည်း တရားတွေကို မှန်းဆပြီး အာရုံပြုနိုင်ဖို့ အတွက် အဋ္ဌကထာဆရာ အစရှိတဲ့ ရှေးဆရာ မြတ်များက လောက ဥပမာများနဲ့ ခိုင်းနှိုင်းဖွင့်ပြ ကြတော်မူကြပါတယ်၊ ဒီလိုခိုင်းနှိုင်း တာဟာလည်း အနုမာနသဘောနဲ့ မှန်းဆ ကြည့်နိုင်ရုံလောက် ပါပဲ၊ တကယ်တော့ ပရမတ္ထ သဘောနဲ့ လောကဝေါဟာရ ပညတ်သဘောတို့ဟာ ထပ်တူထပ်မျှ တူညီမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ မှန်းဆပြီး ခိုင်းနှိုင်းတယ် ဆိုရာမှာလဲ ရှုမြင် တဲ့မြင်ထောင့် ကွဲပြားသလို မြင်ကွင်းကလဲ ပြောင်းလဲ သွားတာမို့ ခိုင်းနှိုင်းမှုများလဲ ပြောင်းလဲ သွားပါလိမ့်မယ်။

နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားကြ။

   လောကမှာလူဖြစ်လာရင် အမြင်နှစ်ဖက်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုပါတယ်။ လူဆိုတာ မျက်စိနှစ်လုံး
ရှိသလို အမြင်နှစ်ဖက်ရှိရပါမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရပါမယ်၊ ကိုယ်ကျင့်
တရားဘက်ကလည်း လက်မလွတ်စေရပါ။ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်၊

မုန်းသူကို ချစ်အောင်လုပ်နည်း။

    မိမိအား သူတစ်စုံတစ်ယောက်က မနာလို မုန်းထားခြင်း ခံနေရလျှင် ထိုသူအား မုန်း
စိတ်ကင်းပျောက်သွားပြီး မိမိကို သနားချစ်ခင်စိတ် ၀င်ရောက်လာစေလိုသော် မေတ္တာ ပို့
လွှတ်ပေးရပါမည်။

ဘယ်သူ့ ကြောင့် သံသရာလည်ရတာလဲ?။

            လောကမှာ သိနိုင်ခဲတယ်၊ သူများနားလည်အောင် ပြောရတာလဲ ခက်ခဲတယ်၊ ရှင်းရတာလဲ ခက်ခဲတယ်၊
 နားထောင်ရတာလဲ  ခက်ခဲတယ်၊ ရှင်းအောင် နားလည်ဖို့  မလွယ်တဲ့အရာ လေးမျိုး ရှိတယ်။  ၁။သစ္စာလေးပါးတရား၊

Friday, March 3, 2017

အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု




လူထုထဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ဖြန့်ဝေတဲ့နေရာမှာ ဘယ်လို လမ်းကြောင်းကဖြစ်ဖြစ် ပေးတတ်ရင် ရောက်တယ်ဆိုတာလေးကို အခုတင်ပေးမယ့် ဆောင်းပါးလေးက သက်သေပြနေပါတယ်။ စာဖတ်သူ ပရိသတ်တွေ များလာတဲ့ ဒီဆရာတော်လေးရဲ့ ဆောင်းပါးက ဘာသာရေး အသိသာမက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေကိုပါ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။

Thursday, March 2, 2017

အကျိုးတစ်ခုကို ရွေးချယ်တဲ့အခါမှာ။

         ရွေးချယ်တဲ့အခါမှာ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊
အကျိုးရှိတယ် ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့
အင်မတန် ကြီးမားတဲ့ အကျိုးရှိတာလားဆိုတာ   မစဉ်းစားဘဲနဲ့ မနေသင့်ပါ။ အကျိုးတစ်ခုကို

အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ဂုဏ်တော်ပွားနည်း။

       ဂုဏ်တော်ကို မည်သို့ နှလုံးသွင်း၍ပွားသင့်ကြောင်း အရှင်ဆန္ဒာဓိက ဆရာတော်က ဤ
သို့ မိန့်တော်မူပါ၏။
       “ = ပွားတော့ စိတ်ထဲကနေ ဘယ်လို ဆင်ခြင်ရမလဲဆိုရင် -- --
အရဟံ = ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။

မုန်းခြင်းသံယောဇဉ်


သံယောဇဉ် ဟူသည် ချစ်သော သူများ ကြား၌သာ ရှိသည်မဟုတ် မုန်းသော သူများ ကြား၌လည်း ရှိသည်။ မုန်းခြင်း သံယောဇဉ် သည်လည်း ဖွဲ့စည်း ချည်နှောင် တတ်သော သဘော ရှိသည်သာ ဖြစ်၏။

မုန်းခြင်း သံယောဇဉ် ဖြင့် ချည်နှောင် သောအခါ ဘ၀တစ်ခု အတွင်း၌ သာမက ဘ၀ဘ၀ ပေါင်းများစွာ ဖန်ဖန်တလဲ ကြုံကြ ဆုံကြ ရတတ်သည်။ ကြုံကြ ဆုံကြရ သည် ဆိုရာ၌ အချင်းချင်း အကျိုးပြု၍ တစ်ဆင့် ထက်တစ်ဆင့် မြင့်မြင့် သွားမည့် ဘ၀ပေး အခြေအနေ မျိုးနှင့် ကြုံကြ ဆုံကြရ ခြင်းတော့ မဟုတ်။ အချင်းချင်း အပြန် အလှန် ဖျက်ဆီး၍ တစ်ဆင့် အောက် တစ်ဆင့် နိမ့်နိမ့် သွားမည့် ဘ၀ပေး အခြေအနေ မျိုးနှင့် ကြုံကြ ဆုံကြရခြင်း ဖြစ်၏။

သူတော်ကောင်းဥစ္စာ ၇ ဖြာ။

          သူတော်ကောင်းဥစ္စာ ၇ ဖြာမှာ ==
၁။ သဒ္ဓာ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင်များခြင်း။

Wednesday, March 1, 2017

ရိက္ခာနှင့် သိက္ခာ



ရွှေကျင်ဆရာတော်က ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။ ရွှေကျင်ဂိုဏ်းကို စတင် တည်ထောင်ခဲ့တဲ့ဆရာတော်ဘုရားလည်း ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ် အတွင်း ရွှေကျင်ရွာ ဇာတိဖြစ်လို့ ရွှေကျင်ဆရာတော်လို့ ခေါ်ကြတာပါ။ ပဲခူးတိုင်း ရွှေကျင်မြို့က ရွှေကျင်မဟုတ်ပါဘူး။

Tuesday, February 28, 2017

ဒိဋ္ဌိ နှစ်ပါး



လူတစ်ဦးတစ်ယောက် ကွယ်လွန်သောအခါ ထိုသူ၏ သက်မဲ့ခန္ဓာကိုယ်မှ ဝိညာဉ်လိပ်ပြာကလေး ထွက်သွားသည်။ ထိုဝိညာဉ်လိပ်ပြာကလေးသည် ၇ ရက်မပြည့်မီ မိမိ၏ နေအိမ်တွင် ကျင်လည်သည်။ ၇ ရက်ပြည့်ပြီးမှ အခြားဘဝသစ်သို့ ကူး၏။ ခန္ဓာကိုယ်တစ်ခုထဲသို့ ဝင်စား၏ဟူသော အယူအဆ၌ သက်ဝင်ယုံကြည်သူတို့ များစွာရှိပါ၏။ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်လိပ်ပြာရှိသည် ဟူသောအယူသည် မှားယွင်းသော အယူဖြစ်ပါသည်။ ဝိညာဉ်လိပြာအနေဖြင့် ဘဝသစ်သို့ ကူးပြောင်းသည်ဟူသော အယူသည် မှားယွင်းသောအယူ(ဆက်မှား) ဖြစ်ပါ၏။ သဿတဒိဋ္ဌိ ဟုခေါ်ပါ၏။

အပါယ်ရောက်ကြောင်း၊ မကောင်းသော အကုသိုလ်ကံများ။

ဒုစရိုက်ကာယကံ ၃ပါး။
၁။ ပါဏာတိပါတ        = သူ့အသက်ကို သတ်မှု။
၂။ အဒိန္နဒါန              = သူ့ဥစ္စာကို ခိုးယူမှု။
၃။ ကာမေသုမိစ္ဆာစာရ  = ကာမဂုဏ်တို့၌ လွဲမှားစွာကျင့်မှု။

မြတ်စွာဘုရားက ရှင်အာနန္ဒကို ဟောကြားတဲ့ ၀ိပဿနာတရား။

       တစ်နေ့သောအခါ ရှင်အာနန္ဒဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ တပည့်တော်ကို ကမ္မဋ္ဌာန်းတရား အကျဉ်းချုပ် ဟောပေးပါတဲ့။ အဲဒီ ကမ္မဋ္ဌာန်းတရား
အကျဉ်းချုပ်ဟောပြီးရင် တပည့်တော်ဟာ တစ်ပါးထဲ လွတ်လွတ်ကင်းကင်း နိဗ္ဗာန်ကို ဦးတည်ချက်

ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။

       ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး

Monday, February 27, 2017

မြသိန်းတန်ဆရာတော်ကြီး၏ ယုံလွယ်သူနှင့်ယုံခဲသူ



ဤလောက၌ လူလည်းအမျိုးမျိုး အရာဝတ္ထုလည်း အမျိုးမျိုး တရားလည်း အမျိုးမျိုး ရောပြွမ်းရှုပ်ခတ်လျက်ရှိပါ၏။ လူထဲတွင် လူကောင်းရှိသလို လူဆိုးလည်းရှိသည်။ ရိုးသားဖြောင့်မတ်သူရှိသလို ကောက်ကျစ်စဉ်းလည်းသူလည်း ရှိသည်။ သူတော်အစစ်ရှိသလို သူတော်အတုလည်းရှိ၏။ ရုပ်ဝတ္ထုပစ္စည်းတွင်လည်း ပစ္စည်းအစစ်ရှိသလို ပစ္စည်းအတုလည်းရှိ၏။ တရားထဲတွင်လည်း တရားအစစ်ရှိသလို တရားအတုလည်းရှိ၏။

Sunday, February 26, 2017

ဘုရားရှင်တော်၏ ရုပ်ပုံတော်ကို ကြည်ညိုရအောင်


ဘုရားရှင်တော်၏ ရုပ်ပုံတော်ကို ကြည်ညိုရအောင်
ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် 'ဤ၍ ဤမျှ ရှိ၏' ဟုဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များမြောင်လှပေ၏။ ကမ္ဘာလောက၌ ရှိသမျှ သတ္တ၀ါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရာရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်ယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏။

မြတ်စွာဘုရားရဲ့ဖွားဘက်တော်များ။

 မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို “ အာ ဗော ကာ ယ ဆန် ရွှေ ကဏ်” လို့ အတို
ကောက်လုပ်ထားတဲ့ အထဲမယ် အာ ဆိုတာ ရှင်အာနန္ဒကိုပြောတာ၊ ဗောကတော့ ဗောဓိပင်ပေါ့၊
ကာ က ကာဠုဒါယီ၊ ယ က ယသောဓရာ၊ ဆန် က မြင်းတော်ခံ မောင်ဆန်၊ ရွှေက ရွှေအိုးကြီး

ငါကိုယ်တိုင် သောတာပန် တည်ပြီလား။

       ၁။ မဟာသောတာပန်အနေနဲ့ ဒိဌိဝိစိကိစ္ဆာ အစရှိတဲ့ တရားတွေကိုသာ ပယ်သတ်နိုင်တာ
လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ(ငိုက်မြည်းမှု)၊ ဥဒ္ဓစ္စကုက္ကစ္စ(စိတ်ပျံ့လွင့်မှု) ဆိုတဲ့ ပုထုဇဉ်တို့ မပယ်
နိုင်သေးတဲ့ တရားတွေကို ပယ်နိုင်တာချင်းတူပေမယ့်လို့ မိုးကုတ်ဆရာတော်ကြီးက လောကီအ

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။

     ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀