Saturday, December 14, 2013
ကာမဂုဏ်အာရုံနှင့် သေမင်း ကြိုးကွင်းမှ ရုံးထွက်လာခဲ့သူ
ကာမဂုဏ်အာရုံနှင့်   သေမင်း ကြိုးကွင်းမှ ရုံးထွက်လာခဲ့သူ
မြတ်စွာဘုရားရှင်လက်ထက်က ဝေသာလီမြို့ မှာ အမျိုးကောင်းသမီး တစ်ဦးရှိခဲ့ပါတယ်...။ သီဟ စစ်သူကြီးရဲ့  တူမပါ..။ သီဟ စစ်သူကြီးက ဒီတူမလေးကို တုန်နေအောင် ချစ်လို့  သူ့ နာမည်အတိုင်း...သီဟာလို့  မှည့်ခေါ်ခဲ့ကြတာပါ..။ မြန်မာလိုတော့ ...မခြင်္သေ့ပေါ့..။
နာမည်နဲ့ လိုက်အောင် ထက်မြက်တဲ့ မခြင်္သေ့ဟာ တစ်နေ့  ဦးကြီးတော်ရဲ့ အိမ် ဆွမ်းကျွေး အလှုမှာ... မြတ်စွာဘုရားဟောတဲ့တရားကိုနာရပြီး သဒ္ဒါတရားတွေ ထက်သန်လာတဲ့အတွက် မိဘထံ ခွင့်ပန်ကာ ရဟန်းပြုလိုက်ပါတယ်...။
ဘုရားရှစ်ခိုးတိုင်းရွတ်နေကြပါဘဲ( လူငယ်များအတွက်)
အပါယ်လေးပါးဆိုသည်ကား။
၁။ ငရဲ                   …….. ချမ်းသာ အနည်းငယ်မရှိပဲ ၊ မီးတောက် မီးလျှံ ဓါးလှံ စက်တို့၌ ခံရခြင်းကို ငရဲဟု ခေါ်ပါသည်။
၂။ တိရစ္ဆာန်            …….. တရားကို မသိ ၊ စားခြင်း အိပ်ခြင်း မေထုန်မှီဝဲခြင်းကိုသာသိသော ၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ                …….. ချမ်းသာသုခမှ ကင်းဝေးသော ဖုတ် တစ္ဆေ စသောသတ္တ၀ါ။
သတိပဌာန်တရား (၄) ပါး ဖြစ်ပေါ်လာပုံ။
         အနာပါနကမ္မဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ၀င်လေထွက်လေ ထိခိုက်မှု
ကို သိနေလျှင် ကာယာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပ
ကိလေသာကြောင့် ကံဖြစ်တာပါ။
         ကိလေသာတွေကို အခြေခံပြီးတော့ ကံတရားတွေက စုဆောင်းမိ ဖြစ်လာတယ်။ ကံ
တရားတွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာ
ပေါင်းသင်းရမည့် ဆရာသမားကောင်း ရွေးချယ်နည်း။
                     “ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=
Friday, December 13, 2013
အနာထပိဏ်သေဌေးကြီး မျက်ရည်ယိုစီး ငိုကြွေးရခြင်း။
     အနာထပိဏ်သေဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏ တရားတော်ကို နာလို၍တောင်း
ဆိုရာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏။ ....
ရွှေဥမင်ဆရာတော်ကြီး၏ သတိပဌာန် တရားတော်။
   *ဘုရားအဆူဆူရော၊ တပည့်သာဝကတွေရော၊ အားလုံးနိဗ္ဗာန်စံဝင်တော်မူကြပြီဆိုတာ
သတိပဌာန်တရားနဲ့ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ ရှုပွားသွားကြရတာပဲ။
ပိုနေသောအရပ်နှင့် လိုနေသောအရပ်
ရန်ကုန်မြို့မှ ဂဏန်းပေးသော ဆရာတော်ထံတွင် ဗုဒ္ဓဘာသာ ၀င်များ၏ လှူဒါန်းငွေ သိန်းပေါင်းလေးသောင်းကျော်ရှိ၏။ ထိုငွေများသည်
လောကအတွက် သာသနာအတွက် ဘာမျှ အကျိုးမရှိဘဲ အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ
စောင့်ရှောက်ရေးကျောင်းများတွင် လှူဒါန်းသူ နည်းပါး လှသဖြင့် ကလေးငယ်များမှာ မ၀ရေစာစား နေကြရ၏။
(ပိုင်းလော့ဆရာတော်)အရှင်ဇေယျပဏ္ဍိတ ထေရုပ္ပတ္တိအကျဉ်း
                                           ဆရာတော်အား (ပိုင်းလော့ဆရာတော်)ဟုအမည်တွင်ခေါ်ဆိုရခြင်း မှာ ဖခမည်းတော်ဆရာဝန်က ဆေးတိုက်ကို (Pilot) ပိုင်းလော့အမည်၊ လမ်းပြသင်္ဘော တံဆိပ်နှင့်ဖွင့်ခဲ့ပါသည်။ ကလေးဘဝကပင် ပိုင်းလော့လေး ဟု ကျောင်းမှ ဆရာ၊ ဆရာမ များကခေါ်လေ့ရှိပါသည်။ ရဟန်းဘဝရောက်သော်လည်း ပိုင်းလော့ဘုန်းကြီးလေးမှ ပိုင်းလော့ ဆရာတော်ဟု အမည်တွင်နေခဲ့ပါသည်။ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း လမ်းမှန်သမျှ လမ်းမမှားရအောင် လမ်းပြပို့ဆောင်ပေးသော အဓိပ္ပါယ်ရှိသောကြောင့် ဆရာတော်ကလည်း မတားမြစ်ဘဲ ထားခဲ့ကြောင်း အမိန့်ရှိခဲ့ဘူးပါသည်။
သီလ၊ သမာဓိ၊ ပညာ၊ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်။
  လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့ ။ ။
      လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
Thursday, December 12, 2013
ဓမ္မစေတီခေါင်းလောင်းပိုင်ရှင် ဓမ္မစေတီမင်းခေါင်၏ ကျောက်စာတော်ကို ရှာဖွေတွေ့ရှိခြင်း။
       ဘုရားရှင်ဗျာဒိတ်တော်အတိုင်း ရဟန္တာ ၆ ပါးတို့၏ဗျာဒိတ်တော်အရအလံတစ်ရာစေတီ
ကြီး ဘီလင်းမြို့နယ်တွင် ပွင့်ပေါ်ပြီ ဖြစ်ပါသည်။ ကေလာသတောင်ထိပ်တွင် ထိုအကြောင်းကို
ဝဋ်ဆိုတာ။
ဟာရှိမယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မမြတ် တစ်ခုနဲ့တစ်ခုဟာ ဆက်
အတုယူဖွယ်ရာ အရှင်အာနန္ဒာ။
     တစ်နေ့သောအခါ အရှင်အာနန္ဒာမထေရ်သည် နောက်ပါရဟန်းငါးရာနှင့်အတူ ကောသမ္ဗီ
ပြည်သို့ ကြွချီတော် မူခဲ့၏။ အကြောင်းမှာ ဗုဒ္ဓမိန့်တော်မူခြင်းကြောင့် အရှင်ဆန္ဒအား ဗြဟ္မဒဏ်
ထူးခြားသော စကားလက်ဆောင်
အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍
ထူးတဲ့ တမန်တော်
ရှေးအခါက ... ဗာရာဏသီပြည်မှာ ဘောဇနသုဒ္ဓိ မင်းနန်းစံနေတယ်။
အဲဒီမင်းဟာ စားတော်ထမင်းအုပ်ကို အဖိုးတစ်သိန်းထိုက်အောင် ပြင်ဆင်စေတယ်။ သူဟာ ရှေးဘုန်းရှေးကံကောင်းလို့ ဒီလိုအဖိုးတစ်သိန်းထိုက်တဲ့ ပွဲတော်အုပ်ကို သုံးဆောင်နေနိုင်တာဖြစ်ကြောင်း လူတွေ တွေ့မြင် အားကျလာစေချင်တယ်။ အဲဒီအခါမှ လူတွေ အားကျပြီး ဘုရင်လို ဘုန်းကံကောင်းလာအောင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်ပြီး .....
Wednesday, December 11, 2013
အသာဓရဏဉာဏ်တော် ၆ ပါး။
 ၁။ မဟာကရုဏာ သမာပတ္တိဉာဏ် = မြင်မြင်သမျှ ဝေနေယျတို့ကို ရင်၌ဖြစ်သော သားကဲ့သို့
                                             သနားကြင်နာတော်မူခြင်း။
မြတ်ဗုဒ္ဓဟောကြားသော လူတိုင်းအတွက် ဘ၀ခရီးလမ်း ရွေးချယ်ရာဝယ်။
   ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ကြွက်ထောင်ချောက်
တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက် တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ကြွက်ကလေးဟာ စိုးရွံ့စွာနဲ့ ခြံထဲကိုဆင်းပြီး တခြားတိရစ္ဆာန်တွေကိုလိုက်သတိပေးပါတယ်။
ငါးပါးသီလ ထပ်မံဆောက်တည်လျှင် ရှစ်ပါးသီလ ပျက်/မပျက်
ဗုဒ္ဓဘာသာဝင်တွေနဲ့ ရှစ်ပါးသီလနဲ့ဟာ မစိမ်းကြပါဘူး …. အခါကြီး ရက်ကြီးတွေမှာ ဥပုသ်သီလ ဆောက်တည်ခြင်းဟာ မွန်မြတ်တဲ့ ကုသိုလ်တစ်ပါးပါပဲ ….။
ဒါ့ကြောင့် ဒီနှစ်သင်္ကြန်တွင်းကာလမှာ ကျွန်မလည်း တတ်နိုင်သလောက် ဥပုသ်သီလ ဆောက်တည်ခဲ့ပါတယ် …. မှတ်မှတ်ရရ အဲဒီနေ့က နှစ်ဆန်းတစ်ရက်နေ့
ရှိခိုးဦးချတဲ့ အဓိပ္ပါယ်ကို သင်သိပါသလား ?။
        မိမိတို့ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အလေးအနက် အမြတ်တနိုးထားတဲ့ အစိတ်အပိုင်းကို
ပြပါဆိုရင် ဦးခေါင်းပိုင်းကို ပြရပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် အချင်းချင်း နောက်ပြောင်
Tuesday, December 10, 2013
သူဌေးသမီးရပြီး ချမ်းသာမယ်ဆိုရင်။
    ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းဘုရား ငယ်ရွယ်စဉ် အချိန်ကာလ
ဖြစ်၏။ ရွှေဘိုနယ်သို့ ဘိုးတော်လိုလို၊ ၀ိဇ္ဇာလိုလို ရှမ်းဆရာကြီးတစ်ယောက် ရောက်လာပြီး လူ
နတ်ပြည်၊ ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား။
         လူ့ပြည်ဖြစ်သော ဤကမ္ဘာတွင် သဲမြေ၊ နူးမြေ၊ ရွံ့မြေ၊ ကျောက်မြေစသည်ဖြင့် မြေ
အမျိုးမျိုး ရှိပါသည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန့်ပါသောမြေမျိုး
ဗုဒ္ဓဟောကြားသော မိတ်ကောင်းဆွေကောင်း အကဲဖြတ်နည်း။
   မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုးလူကောင်းဒလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ မသိနိုင်ပါ။ အ
ပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ပါ။ လူမြင်ရုံနဲ့ လူဆိုးလား၊ လူကောင်းလား မသိနိုင်ပေမယ့် သူတို့ရဲ့
* နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ...
နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည်
* ၀ိဉာဉ်ကူးပြောင်းနေတယ်ဆိုတာ ဟုတ်ရဲ့လား ...
ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ်ဟာ ဘုရားသခင်ရှေ့မှောက်ကို  နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘ၀ပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းသွားလာနေတဲ့ ၀ိဉာဉ် (ခေါ်) အတ္တ ကောင် မရှိပါဘူး။
Monday, December 9, 2013
ကောင်းကျိုးချမ်းသာရဖို့ ဘယ်လိုနေကြရမလဲ ?။
   ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄ ချက် လိုအပ်တယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
* ဗုဒ္ဓဘာသာ နှင့်.. ဗေဒင်ပညာ
ဗေဒင် ပညာရဲ့ ဖြန့်ကျက် နိုင်မှု ဘောင်နဲ့ မိစ္ဆာဒိဌိ မဖြစ်ရအောင် ဗေဒင် ပညာကို ဘယ်လောက် အတိုင်းအတာ အထိသာ အသုံးချ မလဲ
ဗေဒင်က ရက်ရာဇာနှင့်  ပြဿဒါးကို ပဓာန ထားသကွဲ့ ။မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ် ပဓာန ထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့ ။မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။
မင်္ဂလာရာမကျောင်းဆရာတော်ဦးဥာဏ
နမ္မား ၊ ကချင်ပြည်နယ်
ရှင်သန်းခြင်း၏ အဓိပ္ပာယ်
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က ဘာလဲ?
ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်က ဘာလဲ?
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က လိုရာခရီးပါပဲ။
ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်ကလည်း တစ်ခုသော လိုအပ်ချက်အတွက်ပဲ မလား?
တစ်ခုသော လိုအပ်ချက်ကို ချမှတ်ပေးတာက ဘယ်သူလဲ?
ဘုရားရှိခိုးခြင်း၏ အကျိုး။ (ဘုရားလက်ထက်တော်အခါက)
      မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက “ မဌကုဏ္ဍလီ ” အမည်ရှိ လူတစ်ဦးသည် သေလု
ဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်
Sunday, December 8, 2013
ဂုဏ်ဟိတ်အမွန် ပုံရိပ်မှန်။
* ဗုဒ္ဓနိမိတ်၊ ကြာတံဆိပ်တည့်
   ဂုဏ်ဟိတ်အထွက်၊ ဘဒ္ဒကပ်၌
စွဲလန်းပြိတ္တာ၊ လူ့ရပ်ရွာ။
     ဇနီးမယား၊ သားသမီး၊ အိမ်၊ မြေ၊ စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာ ပစ္စည်းတွေကို
စွဲလန်းပြီး ဘ၀ကူးခဲ့မယ်ဆိုရင် ပြိတ္တာ၊ ဥစ္စာစောင့်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒီလို အခြေ
ဥပုသ်ရက်သတ်မှတ်ပုံနှင့် အနှစ်သာရ။
    ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း
ရှိရှိသမျှသောသတ္တဝါအားလုံးသည် အနတ္တသဘောချည်းဖြစ်ခဲ့လျှင် မည်သည့်တရားသည် ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေပါသနည်း။ အကယ်၍ ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း။ ဗုဒ္ဓ၏ ဝါဒအရ ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေခြင်းသဘောကို အနတ္တ သို့မဟုတ် ဝိညာဉ်မဲ့တရားဒေသနာနှင့်အညီ ရှင်းလင်း ဟောကြားတော်မူပါ ဘုရား
(မေးမြန်းလျှောက်ထားသူ - ဒေါက်တာ အေ၊ အမ်၊ ဘေကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်းဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ဥစ္စာစောင့် @ ဥတ္တစောင့် လား? အဲဒီ စောင့်ချင်တာစောင့်သူအကြောင်း
တကယ်တော့ ဥစ္စာစောင့်ဆိုတာ ပါးစပ်ကပဲ ပြောနေကြတာ။ မျက်စိနဲ့ တပ်အပ် လက်တွေ့မြင်ဖူးသူရှိမယ် မထင်ဘူး။ သိုက်ပုံပြင်တွေ၊ ဥစ္စာစောင့်ဇာတ်လမ်းတွေ ရှိတယ်။ တစ်ချို့ ဘုရားဆင်းတုအိ၊ု စေတီပျက်တွေတောင် သိုက်နဲ့ ဥစ္စာစောင့် ပတ်သက်နေတတ်တယ်။ ဒါပေမယ့် ခိုင်လုံတဲ့ သမိုင်းအထောက်အထား မရှိ၊ ယုတ္တိလဲ မတန်ပါဘူး။