Saturday, January 23, 2016
Friday, January 22, 2016
လောကမှာ ဘုရားပွင့်လာတာဟာ။
လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲပျော်တယ်။
ဘာဖြစ်လို့ မကောင်းဘက် ပျော်တုန်းဆိုတော့ အကျင့်ကိုက ဒီအတိုင်းဖြစ်နေတာ။ သံသရာ တစ်
လျှောက်လုံးမှာလည်း မကောင်းတာကျတော့ သိပ်ပျော်တယ်။

ကံအကျိုး မြင်လို့။
ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း၊ ရှင်၊ လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။
ဘယ်လိုလိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ
နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။

ဗုဒ္ဓဘာသာဝင်တို့၏ သရဏဂုံခံယူပုံ လေးမျိုး။
ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံ ဖြစ်ပါသည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာ
မြတ်သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါမည်ဟု ခံယူဆောက်တည်ခြင်းသည် ဗုဒ္ဓဘာ
သာဝင်အဖြစ် စတင်ခံယူလိုက်ခြင်းပင် ဖြစ်ပါသည်။ သရဏဂုံတည်သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။
သရဏဂုံခံယူရာ၌ ခံယူပုံ အခြင်းအရာ လေးမျိုးရှိပါ၏။ ထို လေးမျိုးကိုပင် သရဏဂုံ လေးမျိုး

Thursday, January 21, 2016
Wednesday, January 20, 2016
ကိုယ့်စိတ်လေးကို ဖြူစင်အောင်လုပ်ပါ။
မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မ၀,၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြ

မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။
၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။

ရှင်သီဝလိ ဂါထာတော်ကို လောဘအရင်းခံလျက်မူ မပူဇော်သင့်ပါ။
မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်အချို့သည် ရှင်သီဝလိဂါထာတော်၊ စိန္တာမဏိဂါထာတော်များ
ကို ရွတ်ဖတ်ပူဇော်တတ်ကြပါသည်။ ရှင်သီဝလိမထေရ်မြတ်ကြီးသည် လာဘ်အရာ၌ အသာဆုံး
အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူရရှိတော်မူသော ထေရ၀ါဒပိဋကတ်တော်လာ ရဟန္တာအရှင်

Tuesday, January 19, 2016
အပါယ်တံခါး ပိတ်ချင်ရင်
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။
ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။
ဒီနေရာမှာ စဉ်းစာရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။
ဆိုပါစို့ ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ် သို့သော် သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။
Monday, January 18, 2016
ဝိပဿနာသာလျှင် စိတ်အချရဆုံးတရားတော်။
လူတွေကထင်နေကြတယ်၊ #“ငါ” ဒါနတွေပြုထားတာပဲ၊ သိန်း ထောင်ပေါင်းများစွာကုန်ကျခံပြီး
ကျောင်းဆောက်လှူခဲ့တာပဲ၊ သီလတွေ ဆောက်တည်တာပဲ၊ ရဟန်း တစ်ထောင်၊ တစ်သောင်းဒုလ္လဘ
ဝတ်ပေးခဲ့တာပဲ၊ ဘုရားတွေလဲ ဘယ်နှစ်ဆူတည်ပြီးနေပြီ။ အဟာရတွေလည်း ထမင်းရည်ချောင်းစီး
မောင်းတီးလှူခဲ့တာပဲ။ ကောင်းရာသုဂတိသို့ သေချာနေတာပဲလို့ ထင်နေကြမှာပါ။

အကောင်းဆုံးဖြစ်အောင်။
“အဆိုးတွေ လျော့ကျပြီးတော့ အကောင်းဘက်ကို ရောက်အောင် ကြိုးစားအားထုတ်ရတယ်”
တဲ့။ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ဖို့ဆိုတာ နေရာဒေသမရွေး၊ အချိန်မရွေး ဖြစ်နိုင်တဲ့ကိစ္စ မ
ဟုတ်ဘူး။ “ကောင်းအောင် ပြင်” ဆိုတဲ့နေရာမှာ “ဘယ်ထိအောင် ကောင်းအောင်ပြင်ရမှာလဲ” ဆို

(မိခင်လောင်း၊ ဖခင်လောင်းများအတွက်) #သားသမီးရတနာတွေရအောင် နည်းလမ်းကောင်းများ။
ဦးဇင်းတို့အမေ မှားခဲ့တာတစ်ခု ရှိခဲ့တယ်။ ဦးဇင်းတို့ ငယ်ငယ်တုံးက ပြောပြီးပြီ၊ အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ
ကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ အိုး....“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်

Sunday, January 17, 2016
အနှစ်သာရငါးမျိုး
၁။ လူ့ဘ၀ ဒကာ ဒကာမတွေ မိမိတို့ဘ၀ အနှစ်သာရရှိတဲ့ ဘ၀ဆိုတာလေး သိရအောင် နည်းနည်း အနှစ်တရားလေးနဲ့ အစချီရအောင်။
သံသာရံ သာရံ မာနုသတ္တံ၊ တဟိဉ္စ ဝေကလ္လာဘာဝေါ သာဓု သဗ္ဗိန္ဒြိယာနံ၊
ကောသညံ တသ္မိံ၊ တဿသောစေယျ ဘာဝေါ၊
တသ္မိံသုဿုသာ ဓမ္မရာဇဿ ဓမ္မံ။ သံသာရေ၊ သံသရာလောကထဲ၌။
မာနုသတ္တံ၊ လူ့ဘ၀လူ့အဖြစ်ကိုရခြင်းသည်။ သာရံ၊ အနှစ် သာရအစစ် တကယ်တမ်း ဖြစ်ပါပေ၏။
Subscribe to:
Posts (Atom)