တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့
Saturday, September 17, 2016
သက်သတ်လွတ်နဲ့ ရသတဏှာ

Friday, September 16, 2016
တော်သလင်းလပြည့်နေ့ (သို့ ) ဂရုဓမ္မ အခါတော်နေ့ - သမိုင်းကြောင်း
![]() |
https://www.facebook.com/BuddhismBeams |
တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အကြောင်းကို မေးထားတာ ကြာပါပြီ၊ အကြောင်းကြောင်းတွေ ကြောင့် လပြည့် နေ့ကို ကျော်လွန်သွားမှပဲ ရေးဖြစ်တော့တယ်၊ ငယ်စဉ်ကတော့ ဂရုဓမ္မအခါတော်နေ့ဆိုတာ သိပ်ပြီး ထူးခြားတဲ့ နေ့လို့ မခံ စားခဲ့ဖူးဘူး၊ သို့သော် သူ့သမိုင်းကြောင်းကို လိုက်ပြီးခြေရာခံလိုက်တော့မှ အစဉ်အလာကောင်းခဲ့တဲ့ နေ့ထူးနေ့မြတ် တနေ့ ဆိုတာကို သိခဲ့ရတယ်။
မိဖုရားကြီး မလ္လိကာ မေးလျှောက်သော အမျိုးသမီးတို့ကံအကျိုးပေး
★ တစ်လောက ဂျာနယ်တစ်စောင် လက်ဆောင်ရလို့ ဖတ်ကြည့်တော့ တစ်နေရာမှာ တွေ့လိုက်ရတာက
ဘယ်မင်းသမီးလေးရဲ့ ဘယ်ပွဲတက်တဲ့ဝတ်စုံက သိန်း ဘယ်နှစ်ဆယ်၊ ဘယ် မင်းသမီးရဲ့ ပွဲတက်ဝတ်စုံက ဘယ်နှစ်သိန်းဆိုတာ ဖတ်လိုက်ရတော့။ သြော် သူတို့ တွေ ရုပ်ရည်ကလည်းလှ၊ စည်းစိမ်ဥစ္စာကလည်း ပေါ ကြွယ်ဝလို့ ရောက်လေရာနေရာမှာ အခြံအရံကလည်းပေါများ လှပါလားဆိုတာလေး တွေးမိလိုက်ပါတယ်။

ငရဲကျနေသူ။
ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး
မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ မရှိပါ။ အဲဒီ ငရဲကျနေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။

စူဠသောတာပန်နှင့်ပတ်သက်၍ ညောင်လေးပင်တောရဆရာတော်၏ သြ၀ါဒ။
ဒုလ္လဘသာသနာ တွေ့ကြုံပါလျက် စူဠသောတာပန်မဖြစ်ဘဲ သေလျှင် ရှက်ဖွယ်ကောင်း
သော သေရခြင်းသာ ဖြစ်လတ္တံ့။ ဘုရားရှင်လက်ထက်တော်၌ တစ်မဂ်တစ်ဖိုလ်မဖြစ်ဘဲ သေသူများကို အများဝိုင်း၍ ကဲ့ရဲ့ကြသတတ်၊ စူဠသောတာပန်မဖြစ်ဘဲ သေသူများကိုလည်း အသေခံ

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး

Thursday, September 15, 2016
ဗုဒ္ဓဘာသာဝင်များအတွက် အရေးပါသော သရဏဂုဏ် သုံးပါး
Wednesday, September 14, 2016
သုစရိုက်တရား (၁၀)ပါး
ကာယကံ = ကိုယ်လက် လှုပ်ရှားမှု ကာယဝိညတ်ဖြင့် အများအားဖြင့် ပြုလုပ်သော အမှု၊
ဝစီကံ = နှုတ်အမှုအရာ ဝစီဝိညတ်ဖြင့် အများအားဖြင့် ပြုသောအမှု၊
မနောကံ = စိတ်ကူးကြံစည်၍ ပြုလုပ်အပ်သော အမှု
သုစရိုက် ၁၀ ပါး
အပြစ်ရှိဘဲ ကောင်းကျိုးပေးတတ်သော ကံကို ကုသိုလ်ကံဟု ခေါ်၏ မြင့်မြတ်သော အမူအကျင့် ဖြစ်သည့်အတွက် သုစရိုက်ဟုလည်း ခေါ်၏။
အခွင့်ကောင်းကို ရအောင်အသုံးချသူ။
သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောပေးခဲ့ပါတယ်။ ထို
ဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ လောက
မှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပါ။ သံသရာလည်နေ

နကုလပိတာနှင့် နကုလမာတာ။
မြတ်စွာဘုရား လက်ထက်တော်အခါဝယ် “နကုလပိတာ” ဟုထင်ရှားသော သူကြွယ်နှင့်
“နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘ၀ များစွာကပင် မကွဲမကွာ ဖြစ်လာ
ကြ၍ ယခုဘ၀၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန်များ ဖြစ်ခဲ့ရ

Tuesday, September 13, 2016
ပုထုဇဉ်တို့ နေ့စဉ်မသိလိုက်ဘဲ ကျူးလွန်နေသော ဒုစရိုက်များ
ဒုစရိုက်ဟူသောစကားကို အများသူငါ ပြောဆိုသုံးစွဲနေကြသည်။ သို့ရာတွင်
ဒုစရိုက်၏ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော
ဒုစရိုက်၏ သဘောသဘာဝကိုလည်းကောင်း အချို့ကသာ သိသည်။ အချို့က မသိရှိကြပေ။
Monday, September 12, 2016
အရှေ့ မှအနောက်သို့ ..ဗုဒ္ဓသာသနာရောက်လေပြီ
ဒီအကြောင်းလေးကို ရေးဖြစ်သွားတော့လည်း ရေးရင်းနဲ့ ဝမ်းသာတဲ့ပီတိလေး
.တစ်ခုကို ခံစားရပါတယ်။ကျွန်တော့်မိတ်ဆွေတွေလည်း ကျွန်တော်ခံစားရတဲ့ပီတိလေး
.ကို ထပ်တူမျှဝေခံစားနိုင်ဖို့ အတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ခြင်းပဲဖြစ်ပါသည်။

မာနစိတ်၏ ထွက်ပေါက်များ။
လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး အရည်
အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန”
လို့ ပြောကြပါတယ်။

ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့အတူ ရှိနေပါသလဲ?။
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်
တင့်တယ်သပ္ပာယ်မှုကိုသာ ကြည်ညိုတတ်တဲ့ “၀က္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ ဒီရဟန်းက
ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီး ကြည်ညိုကိုးကွယ်နေချင်တယ်။ အဆုံးအမအတိုင်း လိုက်

Sunday, September 11, 2016
မေတ္တာရှေ့ထား တုံ့ပြန်ပါ
ကိုယ်နေနေရတဲ့( Society ) မှာကနှုတ်စည်းကမ်းရှိတဲ့သူတွေရှိသလိုနှုတ်စည်းကမ်းမရှိတဲ့သူတွေလည်း
ရှိနိုင်တယ်။ ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားတွေကို လိုက်ပြီးတော့ပြဿသနာဖြစ်နေရင်တော့ ဆုံးနိုင်မှာ
မဟုတ်တော့ဘူးတဲ့။ အဲဒါကိုတော့မြတ်စွာဘုရားက မေတ္တာနှလုံးအစဉ်သုံးတဲ့။ ဒီလိုဟောခဲ့ပါတယ်။
ဘာပဲပြောပြော မေတ္တာနဲ့သာတုန့်ပြန်ပါတဲ့။

Subscribe to:
Posts (Atom)