တရားအားထုတ်ခါစမှာတော့
သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာ
ရှုရင်းကနေ အသေးစိတ် သိလာတဲ့ အခါကျတော့ ကာယာနုပဿနာနှင့် တွဲပြီး
ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့ အနတ္တသဘော၊
ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့ ဒုက္ခသဘော တွေကို တဖြည်းဖြည်း သိလာတယ်။
Saturday, July 11, 2015
ဗုဒ္ဓနည်းကျ ရေစက်ချအမျှဝေနည်း ”
မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။
ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။
ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည်
အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး
အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။

“အနှိုင်းမဲ့ ရောဂါ”
လောကမှာ ရှိရှိသမျှ ရောဂါအားလုံးထဲမှာ“ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
သို့မဟုတ် ဆာနာရောဂါ” ဟာ အနှိုင်းမဲ့ရောဂါဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးကို နာကျင်စေပါတယ်၊
နှိပ်စက်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ထပ်တူပြုစရာ တခြားရောဂါ မရှိတော့လို့ပါပဲ။

စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်” နဲ့ ၊ “ ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ ”
တစ်ချိန်တုန်းက လူသားတွေဟာ ဒီကနေ့ အခြေအနေမျိုး မရောက်ခင် အလွန်သာ
ယာ အေးချမ်းပြီးတော့ အစစအရာရာ စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်” လို့ ခေါ်ရမယ့် ခေတ်တစ်
မျိုးကို ကြုံခဲ့ကြရပါတယ်။ ထိုအချိန်တုန်းကတော့ လူသားတွေရဲ့ သက်တမ်းဟာ နှစ် ၈၀၀၀၀
သက်တမ်းရှည်တယ်။ နှစ် ရှစ်သောင်း သက်တမ်းရှည်တဲ့ လူ့လောကမှာ ပြဿနာအလွန်နည်း

အကုသိုလ်ကြောင့် ငရဲကျမည်ကို ကုစားနိုင်မည်လား ?။
အကုသိုလ်ကြောင့် ငရဲကျမည်ကို ကုစား၍ရတာလည်း ရှိသလို၊ ကုစား၍ မရနိုင်တာလည်း
ရှိပါသည်။ အကုသိုလ်လုပ်မိတိုင်း “ ငရဲကျမည်ကို ကုစားမရဘဲ ” တိုက်ရိုက်သွားကြသည်မှာ အား
လုံး မဟုတ်ပါ။ ကုစားမရသည်မှာ ပဉ္စနန္တရိယကံ ( အမိကိုသတ်၊ မဖကိုသတ်၊ ရဟန္တာကိုသတ်၊
မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာသင်းခွဲခြင်း) ကျူးလွန်ထားသူများဖြစ်၏။

ဆွမ်းတစ်နပ်မှ ၀အောင်မဘုန်းပေးရသော မထေရ်။
လောသကတိဿသည် သာဝတ္ထိမြို့ထဲတွင် လှည့်လည်တောင်းသော်လည်း ရှေးယခင်ဘ၀ ဣဿာ
မစ္ဆရိယဓာတ်ခံကြောင့် ပေးမည့်ကျွေးမည့်သူ တစ်ယောက်မျှ မရှိပေ။ အိမ်နောက်ဖေးတွင် အိမ်ရှင်မများ
လှမ်းပက်ထားသော အိုးဆေးရေ ခွက်ဆေးရေများထဲမှ တမင်းစေ့ကလေးများကို တစ်စေ့ချင်း လိုက်
ကောက်စားကာ အသက်ဆက်ရရှာ၏။
မစ္ဆရိယဓာတ်ခံကြောင့် ပေးမည့်ကျွေးမည့်သူ တစ်ယောက်မျှ မရှိပေ။ အိမ်နောက်ဖေးတွင် အိမ်ရှင်မများ
လှမ်းပက်ထားသော အိုးဆေးရေ ခွက်ဆေးရေများထဲမှ တမင်းစေ့ကလေးများကို တစ်စေ့ချင်း လိုက်
ကောက်စားကာ အသက်ဆက်ရရှာ၏။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး
မသေတရားကို ရှာကြတယ်။ အဲဒီလိုရှာရင်းနဲ့ သိဉ္ဇည်းပရဗိုဇ်ကြီးဆီ ရောက်သွားတယ်။ သိဉ္ဇည်းဆ

Friday, July 10, 2015
"ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်"
မကြာခင်ရေးသားပြီး တင်တော့မည့် ပဋ္ဌာန်း(၂၄)ပစ္စည်း မြန်မာပြန်အတွက်
ရှေးဦးစွာ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမည့် လုပ်ငန်းလေးတွေအကြောင်းကို
ရေးသားပြီးအသိပေးမှဖြစ်ပါမှာပါ။ဘာကြောင့်လဲလို့ဆိုတော့ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။
``ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား..´´
Thursday, July 9, 2015
မျက်စိလည်စရာ ကံအကျိုးပေး
လောကတွင် မကောင်းမှုလုပ်လျှင် မကောင်းကျိုးပေးမည်၊ ကောင်းမှုလုပ်လျှင်
ကောင်းကျိုးပေးမည်ဟု... ဗုဒ္ဓကဟောဖေါ်ညွှန်ပြပေးခဲ့ပါသည်။ သို့သော်လည်း
ဗုဒ္ဓ၏အဆုံးအမကို "သတိ ဓာတ်လိုက်တတ်သည်၊ မကိုင်ရ" ဆိုသည့်
လျှပ်စစ်မီးကြိုးလောက်ပင် ဗုဒ္ဓဘာသာဝင်များမယုံကြပေ။
**အားကိုးရာ ရှာကြသော်လည်း**
ကုသိုလ်ဟူသည်

မဋ္ဌကုဏ္ဍလီ သည် အိမ်ပြင် ညောင်စောင်း ထက်၌ လဲလျောင်း နေသည်။ စင်စစ် လဲလျောင်း နေသည် ဟူသည် မှာလည်း မည်ကာ မတ္တ မျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်း ပေါ်တွင် ပုံကျ နေသည် ဟု ဆိုနိုင် ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့ နေသော မျက်လုံးများ ရံဖန် ရံခါ လှုပ်ခတ် သွားသည် ကလွဲ၍ သူ၏ တစ်ကိုယ်လုံး သည် ငြိမ်သက် လျက် ရှိသည်။
သဘာဝအရှိတရားကို သိစွမ်းနိုင်တဲ့ ပညာ။
ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ
သညာအဆင့်ပဲရှိသေးတယ်၊ အဲဒီအပေါ်မှာ အကောင်းအဆိုး ခွဲခြားသိတာမှ ပညာဖြစ်တယ်။

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုရန် ကုသိနာရုံသို့ ကြွခြင်းအကြောင်း ၃ ပါး။
၁။ မဟာသုဒဿနသုတ် ဟောတော်မူလိုသောကြောင့် လည်းကောင်း။
၂။ သုဘဒ္ဒရဟန်း ရဟန္တာဖြစ်လတ္တံကို သိတော်မူခြင်း။
၃။ ဓာတ်တော်ကြောင့် ၇ -ပြည်ထောင် မင်းတို့ စစ်ဖြစ်မည့်အရေးကို ဆရာဒေါနပုဏ္ဏားက
စစ်မဖြစ်အောင် တားနိုင်မည်ကို သိခြင်းတို့ ဖြစ်ပါတယ်။
၂။ သုဘဒ္ဒရဟန်း ရဟန္တာဖြစ်လတ္တံကို သိတော်မူခြင်း။
၃။ ဓာတ်တော်ကြောင့် ၇ -ပြည်ထောင် မင်းတို့ စစ်ဖြစ်မည့်အရေးကို ဆရာဒေါနပုဏ္ဏားက
စစ်မဖြစ်အောင် တားနိုင်မည်ကို သိခြင်းတို့ ဖြစ်ပါတယ်။
“တစ်ယောက်တည်း တည့်အောင်နေပါ”
“ခင်မကန်ဆရာတော်ဘုရားကြီး”ဆိုတာ
ကုန်းဘောင်ခေတ် “မင်းတုန်းမင်းကြီး”လက်ထက်မှာ
ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။
ကုန်းဘောင်ခေတ် “မင်းတုန်းမင်းကြီး”လက်ထက်မှာ
ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။
ဘုရား၊ ရဟန္တာဓာတ်တော်။
ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ နေအိမ်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်နှင့်
ကိုယ်တော်စား ရုပ်ပွားဆင်းထုတော်များကို ထားရှိ ကိုးကွယ်ကြပါသည်။ အချို့ဆိုလျှင် ရိုသေ
လေးစားအပ်သည့် နာမည်ကြီး ဘယ်ဆရာတော်က ဓာတ်တော်ကျသည်၊ ဘယ်ဆရာတော်ကြီးက
တော့ နာမည်ကြီးပေမယ့် ဓါတ်တော်မကျဘူး ဟူ၍ပင် ငြင်းခုံလေ့ ရှိတတ်ကြပါသည်။ ဆရာတော်

Wednesday, July 8, 2015
“ဘဝကူးမှုနှင့်ပတ်သက်၍ သဿတဓိဋ္ဌိဖြစ်ပုံ၊ ဖြုတ်ပုံ”
ရုပ်တရား၊ နာမ်တရားတစ်ပါးပါးကို မပျက်မစီး အမြဲတည်နေတယ်လို့ အယူမှား
တာကို သဿတဒိဋ္ဌိလို့ခေါ်တယ်။ သတ္တဝါဆိုတာ သေရင်ပြတ်တာပဲ။ နောက်
ထပ်ဘာမှ မဖြစ်တော့ဘူးလို့ အယူမှားတာကျတော့ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တယ်။
ဗုဒ္ဓဘာသာတွေဟာ လူသေပြီးဘဝကူးပြောင်းတာနဲ့ ပတ်သက်ရင် သဿတဒိဋ္ဌိ
အယူရှိတယ်။
ဘယ်လမ်းက သွားနေသလဲ

မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့
တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့
ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။
ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ
ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ
လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ
သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။
စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ

တစ်နေ့မှာ သိကြားမင်းဟာ သရဘင်္ဂရသေ့ကို မေးခွန်းတွေ လာမေးပါတယ်။ သိကြားမင်းမေးတဲ့ မေးခွန်းတွေထဲမှာ ပထမဆုံးမေးခွန်းကတော့........
ကိံသု ၀ဓိတွာ န ကဒါစိ သောစတိ။
“အဘယ်အရာကို သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရပါသနည်း?
ဒီတော့ သရဘင်္ဂရသေ့က ဖြေပါတယ်..။
ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။
ဒေါသကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
Tuesday, July 7, 2015
သီလ၏ ကြောင်းကျိုး အဆက်ဆက်
♦ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါးကို ယုံကြည်လျှင် ကောင်းသော အလုပ် (ကုသိုလ်)
ကြောင့် ကောင်းကျိုး ရ၍ ဆိုးသော အလုပ် (အကုသိုလ်) ကြောင့် ဆိုးကျိုး ရသည်
ဆိုသော ကြောင်းကျိုး သဘာဝ (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည် လက်ခံ၏။ (
ကမ္မသကတာ သမ္မာဒိဋ္ဌိ )
ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး
ပိုက်ဆံကုန်မှ ကုသိုလ်ယူလို့ရတာလဲ ရှိတယ်၊
ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ယူလို့ရတာလဲရှိတယ်နော်။
မတတ်နိုင်လို့ ကုသိုလ်မလုပ်နိုင်ဘူးဆိုပြီး စိတ်အားမငယ်ပါနဲ့။
ဒီ(၁၀)ပါးကို ပုညကြိယာဝတ္ထု
ကုသိုလ်ဖြစ်ကြောင်းတရား (၁၀)ပါးလို့ခေါ်တယ်။
ဒီထဲက တစ်ခုခုလုပ်နေဖြစ်တယ်ဆိုရင် ကုသိုလ်ရနေပါတယ်။

သူတော်ကောင်းတို့၏ စိတ်နေသဘောထား
သူတော်ကောင်းတို့၏စိတ်နေသဘောထား
သူတော်ကောင်းဆိုတာ
“သူတော်ကောင်း”ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ “သပ္ပုရိသ”လို့ခေါ်တယ်၊ “သန္တော ပုရိသော သပ္ပုရိသော”ဆိုတဲ့အတိုင်း ငြိမ်သက်အေးချမ်းသောသူ ဟု အဓိပ္ပါယ်ရတယ်။
မြန်မာလိုသူတော်ကောင်း ဆိုတာ တော်လည်းတော်၊ ကောင်းလည်းကောင်းတယ်လို့ ဆိုလိုတယ်၊ တော်တယ်ဆိုတာ အရည်အချင်း ရှိတာ၊ ကောင်းတယ်ဆိုတာ စိတ်ထားကောင်းတာ၊

ပါချုပ်ဆရာတော်၏ ဘ၀မှ လွတ်မြောက်ဖို့ နည်းလမ်းကောင်းများ။
ဒီဘ၀ပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘု
ရား တရားတော်တွေ တို့တစ်တွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်
အောင် ကုသနိုင်တဲ့ ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့
ရောဂါ မပျောက်နိုင်ပါ။ ရောဂါပျောက်ချင်ရင် ဆေးကိုမှန်မှန် သောက်ရပါတယ်။ တရားဆို

“ရဟန်းပြုခြင်း၏ အကျိုးများ”
ရဟန်းပြုခြင်းဖြင့် ------
(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်ဘေးမှ ကင်းဝေးခြင်း။
လူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။
လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = =
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = =
ရဟန်းတော်တွေကို ဆုံးမတော်မူသောနည်း။
“ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများ ဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။
အဲဒီလို မေးလျှောက်တာကို ခံရတော်မူတဲ့အခါ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက “အသင်က

Monday, July 6, 2015
“ အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏ ”
ဗြဟ္မ (မြတ်သောအကျင့်)
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော
အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော
အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော
အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော
အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊
ကံတူသော်လည်း အကျိုးပေးမတူခြင်းအကြောင်း
မေး - ကဿပဘုရားရှင် လက်ထက်က ရဟန်းတပါးသည်
အနှစ်နှစ်သောင်း ရဟန်းတရားကို အားထုတ်ခဲ့ သော်လည်းသေခါနီး၌ မြက်ပင်တို့ကို မတော်တဆ နှုတ်မိသော ၀ိနည်းပြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူကြား
ကာလပတ်လုံး တိရိစ္ဆာန် နဂါးဘ၀ ဖြစ်ရခြင်း၊
အနှစ်နှစ်သောင်း ရဟန်းတရားကို အားထုတ်ခဲ့ သော်လည်းသေခါနီး၌ မြက်ပင်တို့ကို မတော်တဆ နှုတ်မိသော ၀ိနည်းပြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူကြား
ကာလပတ်လုံး တိရိစ္ဆာန် နဂါးဘ၀ ဖြစ်ရခြင်း၊
အားပေးစကား
စိတ်ဓာတ်အကျဆုံးအချိန်
လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သိဖို့လိုတယ်နော်၊ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သောအချိန်” ဆိုတာဘယ်အချိန်လဲ? သေခါနီးအချိန်ပေါ့။ လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး၊ တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်လို့ ဆိုလိုတယ်။

Sunday, July 5, 2015
ပါချုပ်ဆရာတော်ကြီး၏ ကောင်းကျိုးချမ်းသာရဖို့ ဘယ်လိုနေကြရမလဲ ?။
ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄ ချက် လိုအပ်တယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
၁။ “ ငါ့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်စေရမယ်” = ငါ့သန္တာန်မှာ ဒီဘ၀ရလာတဲ့အချိန်မှာ
ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။ ဘာဖြစ်လို့ ကုသိုလ်စိတ်များများ ဖြစ်စေရမှာလဲဆိုရင်
ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အကောင်းတရားတွေကို ဖော်ဆောင်ပေးနိုင်တဲ့

သေခြင်းအကြောင်း ၄ မျိုး။
၁။ အသက်တမ်း ကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ ဆီကုန်ခြင်း။)
၂။ ကံ အစွမ်းကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ မီးစာကုန်ခြင်း။)
၃။ အသက်တမ်း၊ ကံ အစွမ်း ၂ မျိုးလုံးကုန်ခြင်း။ (ဆီနှင့် မီးစာ ၂ မျိုးစလုံး ကုန်ခန်းခြင်း။)
၎။ ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်။ (ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း

" မု ချ ချမ်း သာ မည်။ "
*သဒ္ဓါလွန်ကဲ ပညာနည်း
တလွဲယုံတတ်သည်။
*ပညာလွန်ကဲ သဒ္ဓါနည်း
စဉ်းလဲကောက်ကျစ်သည်။
*သတိတရား ထိုနှစ်ပါး
စွမ်းအားညှိပေးသည်။
တလွဲယုံတတ်သည်။
*ပညာလွန်ကဲ သဒ္ဓါနည်း
စဉ်းလဲကောက်ကျစ်သည်။
*သတိတရား ထိုနှစ်ပါး
စွမ်းအားညှိပေးသည်။
သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍။
ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
Subscribe to:
Posts (Atom)