Saturday, August 12, 2017

ရာဟုလာ -

၁။ တစ်ခုဆိုတာ ဘာလဲ
၂။ နှစ်ခုဆိုတာ ဘာလဲ
၃။ သုံးခုဆိုတာ ဘာလဲ
၎။ လေးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ခြောက်ခုဆိုတာ ဘာလဲ
၇။ ခုနစ်ခုဆိုတာ ဘာလဲ
၈။ ရှစ်ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆိုတာ ဘာလဲ
…………………………

Friday, August 11, 2017

စရိုက်ပြင်နည်း

စရိုက်ပြင်ချင်တယ်။ ဘာနဲ့ ပြင်မလဲ။
“ရာဂစရိုက်”
အလှအပတွေ သိပ်ကြိုက်တယ်နော်။
မက်မောတယ်။
အဆင်းလှတာ သဘောကျတယ်။
အသံကောင်းတာ သဘောကျတယ်။
အနံ့မွှေးတာ သဘောကျတယ်။
ဟင်းကောင်းကြိုက်တယ်။

သဘာဝအရှိတရားကို သိစွမ်းနိုင်တဲ့ ပညာ။

     ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ
သညာအဆင့်ပဲရှိသေးတယ်၊ အဲဒီအပေါ်မှာ အကောင်းအဆိုး ခွဲခြားသိတာမှ ပညာဖြစ်တယ်။

နတ်ဖြစ်ချင်တဲ့စိတ်က နတ်ကို ဖြစ်စေပါတယ်။

    ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
ဟူ၍ ယုံကြည်ထားကြသည်။ ဘ၀သံသရာသည် ရှည်လျားလွန်းသည့်အလျောက် နိဗ္ဗာန်သို့ မရောက်မီ

ရဟန်းသံဃာများ အာပတ် (အပြစ်)မသင့်စေသည့် သင်္ကန်းလှူဒါန်းနည်း။

       သင်္ကန်းဝယ်ချိန်မရ၍ သင်္ကန်းဖိုးငွေကို ရဟန်းတော်အားပေးပြီး “သင်္ကန်းဖိုး
အလှူခံတော်မူပါ” ဟူ၍ မလှူအပ်ပါ။
         သင်္ကန်းလှူလို၍ ရဟန်းတော်တွင်ရှိသော သင်္ကန်းကို မူရင်းဈေးဖြင့် ဖြစ်စေ၊
ဝန်ဆောင်ခပေါင်းပြီး မူရင်းဈေးထက် ပိုပေး၍ဖြစ်စေ၊ လျော့ဈေးဖြင့်ဖြစ်စေ ပြန်ဝယ်ပြီး

Thursday, August 10, 2017

သူတို့အလှနှင့်၊ သူတို့ဘ၀ကြေးမုံ

မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာအား “သာသနာတော်အတွင်းသို့ အမျိုးသ္မီးများဝင်ရောက်လာသော် သာသနာတော်သည် အနှစ်တစ်ထောင်မတည်တော့ဘဲ အနှစ်ငါးရာသာ တည်တော့မည်”ဟု မိန့်တော်မူသည်ဟု ပါဠိတော်တွင်ဆိုပါသည်၊၊ ပါဠိတော်မူရင်းအဆိုဖြစ်၍ ဆရာတော်အများက လက်ခံယုံကြည်ကြသည်၊၊ (စူဠ၀ဂ္ဂပါဠိတော်၊ ဘိက္ခုနီခန္ဓက၊ မဟာပဇာပတိဂေါတမီဝတ္ထု)

Wednesday, August 9, 2017

အမျိုးသ္မီးများ၏ နေရာ

အမျိုးသ္မီးများ၏ နေရာ


        အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ် ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရား အလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိ သည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊

ပါချုပ်ဆရာတော်၏ လူသားတို့၏ အဓိကမျှော်လင့်ချက်။

     ၁။ ချမ်းသာလိုခြင်း။ ။ လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ခြုံငုံပြီးတော့ ပြောရ
မယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်။ ချမ်းသာကြွယ်ဝချင်ကြ
တယ်။ ဒါဟာ လူသားတိုင်း မျှော်လင့်တောင်းတကြတဲ့ ဆန္ဒတစ်ခုပါ။

အဓိပတိသုံးပါး။

       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား

Tuesday, August 8, 2017

ထူးဆန်းတိုင်းလဲ ဆရာမတင်နဲ့

“ပုဂ္ဂိုလ်ထူးလျှင် အကျိုးပေးထူးမည်၊ ပုဂ္ဂိုလ်ဆန်းလျှင် အကျိုးပေးဆန်းမည်” ဆိုသော အကြားဖြင့် (အထင်ဖြင့်) လိုက်၍ ဆည်းကပ်အားကိုး နေသည်မှာ စိတ်မသက်မသာစရာ၊ စိတ်မကောင်းစရာများပင် ဖြစ်၏။

လူတို့သည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးစသည့် အရေးပေါင်းမြောက်များစွာဖြင့် ဘဝတစ်ခုကို တည်ထောင်ထားကြ၏။ ထို့ကြောင့် ကျန်းမာဖို့လိုအပ်သလို ပညာတတ်ဖို့လည်း လိုအပ်လေ၏။ တဖန် စီးပွားရေးကောင်းမွန်ရမည်ဖြစ်
သလို လင်ကောင်းမယားကောင်း၊ သားကောင်းသမီးကောင်း၊ မိတ်ကောင်းဆွေကောင်းတို့နှင့်လည်း ပြည့်စုံရန် လိုအပ်ပေသေး၏။

Monday, August 7, 2017

မေတ္တာအကြောင်း

မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။
အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာဟု ခေါ်ဝေါ်ရပေသည်။

ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့

ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“ ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို့ သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြုသည်ကိုဆိုသည်။ ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို့ အလို့ငှါ အ
ပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်ရကြသည့် အခါသမယလည်းဖြစ်သည်။

အစစအရာရာ စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်”

       တစ်ချိန်တုန်းက လူသားတွေဟာ ဒီကနေ့ အခြေအနေမျိုး မရောက်ခင် အလွန်သာ
ယာ အေးချမ်းပြီးတော့ အစစအရာရာ စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်” လို့ ခေါ်ရမယ့် ခေတ်တစ်
မျိုးကို ကြုံခဲ့ကြရပါတယ်။ ထိုအချိန်တုန်းကတော့ လူသားတွေရဲ့ သက်တမ်းဟာ နှစ် ၈၀၀၀၀

ရဝေနွယ်(အင်းမ)၏ ပါရမီမြောက်ကုသိုလ်။

       ပါရမီမြောက်ဖို့အတွက် အင်္ဂါ ၃ ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက==
၁။ နိဗ္ဗာန်ကို ဦးတည်ရမယ်။
၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
၃။ မိမိအကျိုးကို မငဲ့ရဘူးတို့ ဖြစ်ပါတယ်။

လူအစစ်ဖြစ်ဖို့ရာ။

      အို  ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့.....
  ၁။ ရုပ်နာမ်နှစ်ပါး၊ မှန်ငြားလျက်သာ
      အမြင်ဖောက်ပြား၊ မှောက်မှားချက်နှာ
      လူ့ဘ၀ကွဲ့၊ ရတဲ့အခါ
      လူလိုပဲ ဝေခွဲသိလိုက်ပါ။

Sunday, August 6, 2017

ဓမ္မအစစ်



လောကမှာ လူသားအားလုံး မိမိတို့နဲ့ ဆိုင်တဲ့ တာဝန်တွေ ကိုယ်စီ ရှိနှင့်ကြပြီးသားပါ။ ကျောင်းသားက စာသင်တဲ့ အလုပ်ကို လုပ်ရသလို ဆရာက စာသင်ပေးတဲ့ အလုပ်ကို လုပ်ရပါတယ်။ အလုပ်သမားက အလုပ်လုပ်ပေးရသလို အလုပ်ရှင်က ကျသင့်သလောက် အခကြေးငွေ ပေးရပါတယ်။ ဈေးရောင်းသူက ပစ္စည်းပေးရသလို ဈေးဝယ်သူက တန်ရာတန်ကြေးပေးရပါတယ်။