Saturday, May 12, 2018

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက်

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက် သမ္ဗုဒ္ဓေ ဂါထာတော်ကြီး သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ) ဒွါဒသဉ္စ သဟဿကေ၊ (ဒွါဒသင်စ သဟသကေ) ပဉ္စဿတ သဟဿာနိ၊ (ပင်စ သတ်တာ သဟသာနိ) နမာမိ သိရသာမဟံ။

Friday, May 11, 2018

ဝေဖန်ရေး နဲ့ တာဝန်

ဓမ္မဒူတဘာသာရေးမဂ္ဂဇင်း တာဝန်ရှိပုဂ္ဂိုလ်များရဲ့ “ဓမ္မဒူတစာပေဆု’’နဲ့ပတ်သက်လို့ စည်းဝေးတိုင်ပင်တဲ့ ပွဲကလေးတစ်ခု လုပ်ပါတယ်၊ အစီအစဉ်အရ နာယကအဖွဲ့မှာပါဝင်တဲ့ မိမိအနေနဲ့ အနုမောဒနာ စကားပြောရတဲ့အခါ ဝေဖန်ရေးနှင့် တာဝန်ယူမှုအကြောင်းကိုလည်း နည်းနည်းထည့် ပြောလိုက်မိပါတယ်၊ နောက်တစ်နေ့မှာ ထုတ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာ မောင်ဝံသရဲ့ “အိုင်ဒီယော်လော်ဂျီ မရှိဘူး, ရှိတယ်”ဆောင်းပါးအဆုံးနားမှာ “အယူဝါဒ မှားကြောင်းပြောတာကတော့ ဟုတ်ပါပြီ၊ မှန်တဲ့အိုင်ဒီယော်လောဂျီဘာလဲဆိုတာကို ပြဖို့လဲ လိုဦးမယ် ”ဆိုတဲ့ အပိုဒ်ကို ဖတ်လိုက်ရတဲ့အခါ မိမိပြောခဲ့တဲ့ အကြောင်းအရာနဲ့ တိုက်ဆိုင်သလိုဖြစ်နေတာကို တွေ့ရတဲ့အတွက် မိမိပြောခဲ့ ဖြစ်တဲ့ အကြောင် အရာလေးကို ပြန်လည်တင်ပြလိုက်ပါတယ်။

အကောင်းဆုံးပျော်စရာ။

      လောက လူတွေဟာ စိတ်ရဲ့ပျော်မွေ့ရာတွေ ရှိကြပါတယ်၊ စိတ်ရဲ့ ပျော်မွေ့ရာမှာ
လူတွေဟာ ဘာနဲ့ပျော်ကြသလဲဆိုရင် သားသမီးရှိတဲ့ ပုဂ္ဂိုလ်က သားသမီးနဲ့ပျော်တယ်၊ ပစ္စည်း
ရှိတဲ့ပုဂ္ဂိုလ်က ပစ္စည်းဥစ္စာနဲ့ ပျော်တယ်၊ ပျော်စရာ အာရုံတွေနဲ့ပျော်တယ်၊ လောကမှာ ပျော်စရာ

စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါ။

   လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်
အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူး
တော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အ

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။

   အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး

Thursday, May 10, 2018

ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း




အဲဒီဘ၀တုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။ အဲဒီမြို့ တော်က သူဌေးအိမ်မှာ သူက ကျွန်မ။ နေ့ တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊ ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊ ဘာက ဘယ်လိုနဲ့ ၊ အဲဒီနေ့ ကျတော့ ဆိတ်လို့ ။
မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး ။

သူဌေးကတော်ကလည်း နေ့ တိုင်းတော့ဖြင့် ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။ ဟိုဟာ ၀ယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ့ ၊ အဲဒီနေ့ ကျ တိတ်လို့ ၊ ရှိတာလေးနဲ့  ချက်တယ်။

Wednesday, May 9, 2018

ဂေါတမ ဗုဒ္ဓလောင်းလျာ အမျိုးသမီးဘ၀ မရောက်ခဲ့ဖူးဘူး ဆိုတာ ဟုတ်လို့လား

ဤဘဒ္ဒကမ္ဘာမှရေတွက်သော် ကမ္ဘာပေါင်း၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်
ပေါရာဏဒီပင်္ကရာဗုဒ္ဓ ပွင့်သည့်ကာလတွင်ဂေါတမဗုဒ္ဓလောင်းလျာသည် ဘုရင် သမီးတော် (အမျိုးသမီး)ဘ၀၌ ဖြစ်ခဲ့သည်။

ပေါရာဏဒီပင်္ကရာဗုဒ္ဓ၏ လူ့ဘ၀က နှမတော်လည်းဖြစ်သည်။ မင်းသမီးသည် တစ်နေ့သော ညနေအခါတွင် ဆီးမီးအလို့ငှာ မုန့်ညှင်းဆီကိုအလှူခံနေသော ရဟန်းတော်တစ်ပါးအား မုန့်ညှင်းဆီလှူဒါန်းပြီး ဗုဒ္ဓဖြစ်ရန်ဆုပန်ခဲ့သည်။

အကောင်းဆုံး အရသာ။

      “လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊
 ဘယ်အရသာဟာ အကောင်းဆုံးလဲ?” ဆိုတဲ့ မေးခွန်းတစ်ခု မေးလာပါတယ်။
         မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကိုဖြေပေးလိုက်တာကတော့ “သဗ္ဗရ

သေခြင်းအကြောင်း ၄ မျိုး။

၁။ အသက်တမ်း ကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ ဆီကုန်ခြင်း။)
၂။ ကံ  အစွမ်းကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ မီးစာကုန်ခြင်း။)
၃။ အသက်တမ်း၊ ကံ အစွမ်း ၂ မျိုးလုံးကုန်ခြင်း။ (ဆီနှင့် မီးစာ ၂ မျိုးစလုံး ကုန်ခန်းခြင်း။)

အနတ္တသို့ အပြန်ခရီး။

  * ဓမ္မသဘော၊ ဘယ်သို့ပြောလည်း
  * လိပ်ကျောကြောင်ကော်၊ ပြောင်ချော်ချော်နှင့်
  * ပျော်တပြုံးပြုံး၊ မော်မဆုံးဘဲ
  * နှလုံးမယှဉ်၊ ဉာဏ်မယှဉ်တည်း

Tuesday, May 8, 2018

ငရဲကြီး ရှစ်ထပ် အကြောင်း နှင့် သက်တမ်းများ




ငရဲ ကို ပါဠိ လို နိရယ ဟု ခေါ်သည်။ ချမ်းသာ ကင်းသော ဘုံ ဟု အဓိပ္ပါယ် ရသည်။ ငရဲထိန်း နှင့် ငရဲခွေး တို့၏ နှိပ်စက်မှု ကို လည်းကောင်း ငရဲမီး လောင်မှု ကို အမြဲ မပျက် ခံစား နေကြ ရသော ဘုံ ဖြစ်သည်။ ဤကဲ့သို့ ပြင်းထန်သော ဒုက္ခ ဝေဒနာ ကို ခံစားနေရ သော်လည်း အသက် မသေနိုင် အကုသိုလ် ကံ မကုန်သမျှ အသက်ရှင်လျက် ဆက်လက် တည်နေသည်။
အကုသိုလ်ကံ ကုန်ဆုံးသည့် အခါမှ သာလျှင် ငရဲသား ဘဝ မှ သေဆုံး ၍ အခြားဘဝ သို့ ကူးပြောင်း နိုင်သည်။
ငရဲကြီး ရှစ်ထပ်သည် ဤ ကမ္ဘာမြေကြီး အတွင်း ၌ အထက်အောက် အဆင့်ဆင့် တည်လျက် ရှိသည်။ တစ်ထပ် နှင့် တစ်ထပ် ယူဇနာပေါင်း တစ်သောင်း ငါးထောင်စီ ခြားလျက် တည်ရှိ၏။

၃၁ ဘုံ၌ ပုဂ္ဂိုလ်တို့၏ သက်တမ်း

ဗြဟ္မပြည်
--------
နေဝသညာနာသညာယတန = ကမ္ဘာပေါင်း ၈၄၀၀၀
အာကိဉ္စညာယတန =ကမ္ဘာပေါင်း ၆၀၀၀၀
ဝိညာဏဉ္စာယတန =ကမ္ဘာပေါင်း ၄၀၀၀၀
အာကာသာနဉ္စာယတန =ကမ္ဘာပေါင်း ၂၀၀၀၀
အကနိဋ္ဌ =ကမ္ဘာပေါင်း ၁၆၀၀၀
သုဒဿီ =ကမ္ဘာပေါင်း ၈၀၀၀
သုဒဿာ =ကမ္ဘာပေါင်း ၄၀၀၀
အတပ္ပာ =ကမ္ဘာပေါင်း ၂၀၀၀
အဝိဟာ =ကမ္ဘာပေါင်း ၁၀၀၀
ဝေဟပ္ဖိုလ် =ကမ္ဘာပေါင်း ၅၀၀
အသညသတ် =ကမ္ဘာပေါင်း ၅၀၀

Monday, May 7, 2018

ဘေးမဲ့အလှူ

အော်ညည်းသံတွေ ဆူညံနေတဲ့ အဆောက်အဦးထဲမှာ “နွားမ” တစ်ကောင်ဟာ နွားပေါက်လေးများနှင့်အတူ
သေမင်းတံခါးဝ မှာ တန်းစီစောင့်နေကြပါတယ်။တိရစ္ဆာန်သဘာဝ အကြောင်း၊အကျိုးခွဲခြား
နားမလည်နိုင်သော်လည်း သေမှာကိုတော့ ကြောက်တတ်ကြပါတယ်။
နွားမကြီး ဟာ သူ့ရှေ့မှာ တစ်ကောင်ပြီး၊တစ်ကောင် လည်လှီးခံနေရတာကို မြင်ပြီး ထိတ်လန့်တုန်လှုပ်ကာ
မျက်ရည်များပေါက်ပေါက်ကြနေပါတော့တယ်။သူလို အိုမင်းနေတဲ့ နွားမကြီးအတွက် သေခြင်းတရားဟာ
မထူးခြားသော်လည်းခုမှ လောကထဲရောက်လာတဲ့ နွားပေါက်ကလေးများအတွက်
ကြေကွဲဝမ်းနည်းနေပုံရပါတယ်။

ပစ္စန္တရစ် လူဖြစ်သူ။

      မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊
သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင်  တရားဟောတာ ကြားနာခွင့်  မရတဲ့
အတွက် အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ လောကမှာ

ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ယောက်။

ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ယောက်မှာ==
 ၁။ မဟာပဇာပတိဂေါတမီထေရီ = နေ့ည အပိုင်းအခြားကို သိတတ်သော အရာ၌ ဧတဒဂ်ရသည်။
 ၂။ ခေမာထေရီ = ပညာကြီးသည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ ဥပ္ပလ၀ဏ်ထေရီ = တန်ခိုးအရာ၌ ဧတဒဂ်ရသည်။

ဒေါက်တာအရှင်ဉာဏိဿရ၏ ကိုယ်ပိုင်ဥစ္စာ ။

     ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ”
“ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ” ဟူ၍ ဟောကြားတော် မူခဲ့ပါသည်။ မိမိပြုလေသမျှ ကာယကံ၊ ၀စီ

Sunday, May 6, 2018

ရုပ်လှချင်ရင်

ရိပ်သာမှာ တံမြက်စည်း လှည်းနေရင်း အတွေးတစ်ခု ကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့ အပြုံးကို အနားက ဖြတ်သွားတဲ့ သူငယ်ချင်းက မြင်ဖြစ်အောင် မြင်သွားတော့ “ဘာပြုံးတာလဲ” တဲ့။ မိမိကလည်း “ဘာမှ မဟုတ်ပါဘူးလို.” ပြုံးပြီး ပြန်ပြော လိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်း ဖြစ်သူက “စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော် စိတ်ကူးယဉ်” လို.ပြောပြီး ရှေ.ဆက်လျှောက် သွားပါတယ်။ တကယ်တော့ မိမိ ပြုံးရခြင်း ရဲ့ အကြောင်းမှာ အဖြေက သီးသန်. ရှိပြီးသားပါ။ သူငယ်ချင်းကို ပြောမပြ ဖြစ်ခဲ့ ပေမဲ့ ချစ်တဲ့ စာဖတ် ပရိသတ်ကိုတော့ တကူးတက ကိုပြောပြ ချင်ပါတယ်။