လူနှင့် ကိုးကွယ်မှုတွင် သမိုင်းဆရာတို့၏ လေ့လာမှုအဆိုအရ လူသည် ခြေသလုံးအိမ်
တိုင်ဘ၀မှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့်နေတတ်လာသူများ ဖြစ်သည်
ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့
စည်းထားသောသဏ္ဍာန်တစ်ခုသာဖြစ်ကြောင်း ထင်ရှား၏။