Saturday, March 24, 2018

ကုသိုလ်ပညာဥစ္ခာရဖို့၊ သင့်ရာဒေသအမြဲနေ

ပဋိရူပဒေသ၀ါသောစ၊ ဧတံမင်္ဂလမုတ္တမံ။
သင့်လျော်သောအရပ်၌နေရခြင်းသည် မြတ်သောမင်္ဂလာမည်၏။
ကုသိုလ်ပညာဥစ္ခာရဖို့၊ သင့်ရာဒေသအမြဲနေ။
တစ်ခါတုန်းက ရဟန်းခြောက်ကျိပ်ဟာ ၀ါကျွတ်ပြီဆိုတော့ မြတ်စွာဘုရားရှင်ဆီကို လာကန်တော့ကြပါတယ်။အဲဒီအချိန်မှာ အညတရ ရဟန်းငယ်လေးတစ်ပါးလည်း မြတ်စွာဘုရားရဲ့ အနားမှာ ရှိနေပါတယ်။
မြတ်စွာဘုရားက ရောက်လာတဲ့ တပည့်ရဟန်းခြောက်ကျိပ်ကို ချစ်သားတို့ အစစအရာရာ အဆင်ပြေခဲ့ကြသလား လို့ မေးလိုက်ပါတယ်။

ဒိဌိ၏ အထင်မှားမှုကြီးများ။

   မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ကိုဖယ်လိုက်တာနဲ့ တပြိုင်
နက် မှန်ရိပ်ထဲက ပုံရိပ်လွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ကိုယ် ထင်ပြီးတော့ အားကိုးစရာ အ
ရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့  မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အ

ဣဿာမီးလောင်၍ ချက်ချင်းသေသော နတ်များ။

     ကိုယ့်ထက်သာသူအပေါ်  ၀မ်းသာလိုက်လျှင်  မုဒိတာဟူသော ကုသိုလ်ဖြစ်၏။  မနာလိုလိုက်လျှင်
ဣဿာဟူသော အကုသိုလ် ဖြစ်၏။ ကိုယ့်အောက် နိမ့်သူအပေါ် ကရုဏာထားလျှင် ကုသိုလ်ရသလို ကိုယ့်
ထက်သာသူအပေါ် ၀မ်းမြောက်လျှင်လည်း ကုသိုလ်ရသည်သာ ဖြစ်၏။

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ။

အချိန်မဖြုန်းနဲ့။
--------------
ဘာမှ မလုပ်နိုင်တော့တဲ့
သေခါနီးအချိန်ကျမှ
အသက်ရှည်ချင်နေမယ့်အစား

Friday, March 23, 2018

ပြောသလိုလုပ်၊ လုပ်သလိုပြော

ငယ်ငယ်တုန်းက စီးကရက် တော်တော် သောက်တယ် ။ မကောင်းမှန်းသိလို့ မသောက်တော့တာ ၊(၂၅)နှစ် လောက် ရှိသွားပြီ။ ငယ်ငယ်တုန်းကသောက်တယ် ။ တော်တော်ငယ်ငယ်ကတည်းကစသောက်ခဲ့တာပဲ။ ဘုန်းကြီးက စီးကရက်သောက်တော့ထုံးစံ အတိုင်းမိဘတွေကကြိုက်သလား။မကြိုက်ဘူး။ဒါပေမယ့်ဘုန်းကြီးအဖေကလည်း ဆေးလိပ်သောက်တယ် ၊ အမေလည်း ဆေးလိပ်သောက်တယ်။
ဘုန်းကြီးက သောက်တော့ အမေက ပြောတယ်“ဟဲ့ ဆေးလိပ်မသောက်နဲ့” တဲ့ ။

Thursday, March 22, 2018

အလုပ် ဖြစ်မှာလား၊ အဖြစ် လုပ်မှာလား

ဝီရိယကို မှီ၍ အသက် ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုလုံးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုစလုံးကို မမှီဘဲ အသက် ရှင်ရသူ ဟု ပုဂ္ဂိုလ် လေးမျိုး ရှိကြောင်း ဘုရားရှင် အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောကြားတော် မှုခဲ့သည်။

မာန၏ အထင်မှားမှုကြီး။

   ဘ၀တစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်
ကို ဘယ်သူမှ မစဉ်းစားနိုင်ကြပါ။ သိလည်းမသိကြပါ။ ဘ၀ ရလာတာနဲ့  လူတိုင်း လူတိုင်းဟာ
“နိစ္စထာဝရ” မသေတော့မယ့်ပုံစံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်

မိုးကုတ်ဆရာတော်၏ တရားတော်မှ ကောက်နုတ်ချက်များ(၂)။

 ၁၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊
         ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။
   ၁၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊

အရှင်ဆေကိန္ဒ၏ ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးတရားတော် ။

  ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်

Wednesday, March 21, 2018

ဝေဘူ ဆရာတော်ဘုရားကြီး၏ တရား အနှစ်သာရများ

သီလ ဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့်စုံပြီ ဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။
ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်က လွဲလို့ တခြားမရှိဘူး။
ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်ဝန်းတယ်။

Tuesday, March 20, 2018

ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )

ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။
သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။

တဏှာ၏ အထင်မှား အမြင်မှား။

    ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်

သတိပဌာန် ၄ ပါး။

    သတိပဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပါယ်ရရှိ
ပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုပါ
သည်။ တရားကိုယ်အားဖြင့် သတိစေတသိက် ၁ ပါးတည်းဖြစ်သော်လည်း အာရုံ ၄ မျိုး၊ ယူပုံအ

“လွတ်မြောက်ဖို့ဝေး”

ခရီးကရှည်၊ အရူးတွေ
စားရေးကသိုး၊ အဖော်ကဆိုးနဲ့
အမျိုးမျိုးကာမဂုဏ်
အာရုံတွေ နှောင့်တာကြောင့်

Monday, March 19, 2018

Doing, Having & Being




ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ )
Doing ဆိုတာ အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ပြနိုင်တာ၊ အောင်မြင်တာကိုဆိုလိုတယ်။ လူအများမြင်နိုင်တဲ့ သိနိုင်တဲ့ အလုပ်မျိုး လူအထင်ကြီးတဲ့အလုပ်မျိုးကို လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတယ်လို့  ယူဆတာ။ အဲဒါကိုမှ တစ်ခုတည်းသော တိုင်းတာစရာ ကျေနပ်စရာလို့  ယူဆရင်၊ လူအထင်ကြီးအောင် လုပ်ပြနိုင်မှ ငါ့ဘ၀ဟာ အောင်မြင်တာလို့  သဘောထားတဲ့လူဟာ မလုပ်နိုင်တော့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်။ လုပ်နိုင်တယ်ဆိုတာ လူများကိုပြလို့ ရတဲ့အရာဖြစ်နေတယ်။ သူများနဲ့  ဆက်စပ်နေတယ်။

Sunday, March 18, 2018

ကိုယ့်ကိုယ်ကို ရှာပါ

ဘုန်းဘုန်းတို့ ဒီနေ့အချိန်နဲနဲရတာနဲ့ ဇိနတ္တပကာသနီကျမ်းကြီးကို ဟိုလှန်ဒီလှန် ဖတ်ကြည့်လိုက်မိပါတယ်။ အားလုံးသိထားပြီးတဲ့အတိုင်း ဇိနတ္ထပကာသနီကျမ်းဆိုတာ ကျီးသဲလေးထပ်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကျမ်းကြီးပါ။ မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီးနဲ့ ချိန်ထိုးပြောမယ်ဆိုရင်တော့ ဗုဒ္ဓ၀င်အကျဉ်းလို့ ပြောလို့ရပေမယ့် အတော်အတန်ပြည့်စုံတဲ့ ကျမ်းတစ်စောင်ပါ။ 

ဗုဒ္ဓမြတ်စွာရဲ့ စိတ်ကိုလှအောင်ပြုပြင်ပါ။

    ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ ဒေသနာတော်အရ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုကို
ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်နေရ
ခိုက် ဆင်းရဲဒုက္ခတွေ နည်းနိုင်သမျှ နည်းအောင် ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စိတ်ဖြူ

ပါရမီ (၁၀) ပါး။


ပါရမီ (၁၀) ပါးမှာ==
 ၁။ ဒါန = ပေးလှူခြင်း။
 ၂။ သီလ = သီလစောင့်ခြင်း။
 ၃။ နိက္ခမ = တောထွက်ခြင်း။

အယုတ်ညံ့ဆုံးစိတ်။

       လောကမှာ အဆိုးဆုံး အယုတ်ညံ့ဆုံးလို့  ဘုန်းကြီးယူဆတဲ့ ဆင်းရဲစိတ် ကိလေသာစိတ်
ဟာ မနာလိုတဲ့စိတ် ဣဿာပဲ။ သူတစ်ပါး ကိုယ့်ထက် ရုပ်ချောနေတာကို မနာလိုဘူး။ အလကား
သက်သက် သူ့ဟာသူ ရုပ်ချောတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ အဲဒါ သွားပြီး မနှစ်မြို့တဲ့ မနာလိုတဲ့