Saturday, March 15, 2014

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ အကျဉ်း


ဆရာတော်လောင်းလျာမှာအင်းကြင်ပင်ရွာ-ဦးလူဖေ၊ဒေါ်ကြင်နုတို့ မှ ၁၂၅၇ ခုနှစ်တပေါင်း
လဆန်း၆ရက် တနင်လာနေ. နံနက် လေးချက်တီးကျော်မွေးဖွားခဲ.သည်။ ကျေးလက်တော
ရွာတွင်ကံက ပစ်ချခဲ.သော်လည်း ဆရာတော်ကားမင်းဆွေစိုးမျိုးဖြစ်ဧ။်။

လက်သည်းခွံပေါ်က မြေတစ်မှုန့်


(က)
ယေဘုယျအားဖြင့် သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ်ယုံကြည်လျက်ရှိကြသည်။
တကယ်တော့ သူမသည် ခရစ်ယာန်ဘာသာဝင် မိခင်ဝမ်းမှာ ၀င်စားခဲ့ခြင်းဖြစ်သည်။ သူမ မိခင်ဘက်မှ အဖိုးနှင့်အဖွား၊ ဦးလေးနှင့် အဒေါ်များအားလုံး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်း။

       ရဟန်းတော် တစ်ပါးဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို လိုက်ရှာ
လိုက်တာ အခုခေတ်စကားနှင့်ပြောရရင်ကမ္ဘာအနှံ့ပေါ့နော်။ သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ
ဈာန်အဘိဉာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်

ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။

        ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး

ဝမ်းမြောက်မှု စေတနာသာပဓာန။

          ဒါနပြုရာဝယ် တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း
သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီးမထက်လှ၊ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထို
သူတို့ အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။

ဆရာတော်ဥူးသုမင်္ဂလ၏ သောတာပန်ဆိုတာ ။

        ဗုဒ္ဓဘုရားရှင်က အကုသိုလ်ဖြစ်မယ့် အလုပ်မျိုးကို လုံးဝမလုပ်ကြပါနဲ့။ ကြောက်ကြစမ်းပါ၊
ကုသိုလ်ဖြစ်မယ့် အလုပ်မှန်သမျှ လုပ်ဖြစ်အောင် လုပ်ကြ။ အခု လောကီမှာရှိတဲ့ ရာထူးတွေ၊
စည်းစိမ်တွေ၊ ဂုဏ် ပါဝါတွေနဲ့ ဘုရားရဲ့အဆုံးအမမှာ ဘုရားအဆုံးအမက တန်ဘိုးရှိပါတယ်။

ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။

        ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊  ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာ
ဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။

အင်းဝခေတ် ရှင်မဟာရဌသာရ။

       ရှင်မဟာရဌသာရဟာ အင်းဝနေပြည်တော်မှာ မွေးဖွားပြီး နန်းတော်ထဲမှာ ကြီးပြင်းခဲ့
ရတဲ့ မင်းဆွေမင်းမျိုးတစ်ဦး ဖြစ်ပါတယ်။ လူနာမည် ကိုမောင်မောက် လို့ခေါ်ပါတယ်။ ငယ်စဉ်
ကပင် ကဗျာပညာ ထူးချွန်ကျော်ကြားလှပါတယ်။

Friday, March 14, 2014

အစွဲကင်းမှ နိဗ္ဗာန်ရောက်မှာ

             

ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့ အစွဲကိုစွန့် လွတ်ပစ်တာ။မမျှော်နဲ့ မျှော်ရင်ချော်မှာပဲ။
မျှော်တာကတဏှာ၊အကျိုးပေးမှာက စေတနာ၊စေတနာသန့် ရှင်းရင် အကျိုးပေးသန့် ရှင်းမယ်။
ပစ္စည်းလက်ကစွန့် ချပြီး ငါစွဲကမလွှတ်မိရင် ငါ-ဝတ္ထု-ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်းတန်းဝင်ကြရမယ်။

တရားရှာ ကိုယ်မှာတွေ့ တရားတော်


ဒီတရားတော်ကို မြတ်စွာဘုရား အင်္ဂုတ္တိုပါဠိတော် ရောဟိတဿသုတ်မှာ ဟောကြားတော်မူခဲ့ပါ တယ်၊ မြတ်စွာဘုရားက ဒုက္ခသစ္စာ စတဲ့ သစ္စာ လေးပါး တရားတွေကို မိမိခန္ဓာကိုယ်မှာပင် တွေ့ရှိနိုင် တယ်လို့ ဒီသုတ်မှာ မိန့်ဆိုတော် မူခဲ့ပါတယ်။

ဘ၀နေနည်း

ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။
-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။

၁။ ဆိတ်   = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင်     = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့်  = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။

တိသရဏဂမနိယထေရ်လောင်းလျာနှင့် သရဏဂုံတည်ခြင်း၏အကျိုး။

         စေတီ၊ ပုထိုး၊ ရုပ်ပွားဆင်းတုတော်များကို တွေ့မြင်သောအခါနှင့် ရဟန်းသံဃာတော်
များကို တွေ့မြင်သောအခါ မိဘအုပ်ထိန်းသူတို့က “ရှိခိုးကြ၊ ဦးချကြ” ဟု ခိုင်းသောကြောင့်
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ကလေးသူငယ်တို့၏ မိရိုးဖလာ သရဏဂုံသည် ဉာဏ်

စေတနာထက်သန်ပုံ ကွာခြားပုံ။

        လှူဖွယ်ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် လှူဖွယ်ပစ္စည်းများများ ကြီးကြီးကျယ်ကျယ်
လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူညီကြချေ။ နည်းနည်းလှူဖို့ရန် အား
ထုတ်ရာ၌ တစ်ခဏနှင့်ကိစ္စပြီး၏။ ကြီးကြီးကျယ်ကျယ် များများလှူဖို့ အားထုတ်ရာ၌ကား အလှူ

မြတ်စွာဘုရားက ရှင်ပုဏ္ဏကို သုနာပရ န္တ အရပ်မှာ နေခွင့်ပြုရခြင်း။

       ရှင်ပုဏ္ဏက “သုနာပရန္တ ဆိုတဲ့ အရပ်ကို တပည့်တော်သွားပြီး နေမှာပါ” လို့ဆိုတော့ မြတ်
စွာဘုရားက =“သုနာပရန္တ အရပ်ကလူတွေ လူဆိုးတွေ၊ လူကြမ်းတွေများတယ်။ မင်း အဲဒီနေရာ
သွားနေမယ် ဆိုလို့ရှိရင် မင်းကို အဲဒီလူတွေကမြင်တော့ ၀ိုင်းဆဲရင် ဘယ်လိုလုပ်မတုန်း။”

အဇာတသတ်မင်းတရားကြီး။

        အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဘုရင်ကြီးကို
သတ်မိသည်အထိ ပြစ်မှားဆိုးသွမ်းခဲ့ပါသည်။ ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်   ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။ သူ၏  မျက်လုံးတို့ကို လှံချက်ပေါင်း အ

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ သံပေါက် လင်္ကာများ ။

၀၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာ ရှည်လှပြီ။
၀၂။ အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြ မရှိပြီ။
၀၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုး ယုတ်လှပြီ။

Thursday, March 13, 2014

"ပညာကြီးစေနိုင်သည့် သပိတ်ခြေစသည့် အလှူ"

ရဟန်းသံဃာတော်များ၏ သပိတ်အောက်ကခံရန် သပိတ်ခြေကို လှူဒါန်းခြင်းသည် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သည့် တိပိဋကဓရ မဟာပညာရှိကြီး ဖြစ်နိုင်သည့် အကျိုးကို ရရှိနိုင်၏။ အတန်ငယ်ချဲ့၍ဆိုရလျှင် သာမာဝတီမိဖုရားကြီး အခြံအရံ အစေအပါး တစ်ဦးဖြစ်သူ ခုဇ္ဖုတ္တရာသည် တစ်ခုသောဘဝတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ နန်းတော်၌ နန်းတွင်းသူတစ်ဦး ဖြစ်ခဲ့ဖူး၏။

“ ဓမ္မဘဏ္ဍာစိုး- အရှင်အာနန္ဒာ ”

အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မော်ကွန်း
တင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော
မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-၀ါကာလပတ်လုံး
ဟောကြားတော်မူသော တရားဒေသနာအားလုံးကို သူမတူ
နာယူမှတ်သားနိုင်သော ဉာဏ် ၀ီရိယ သတိ သမာဓိတရား
အားကောင်းသူဖြစ်သည်။

ဘူတန်နိင်ငံ၏အမျိုးစောင့်ဥပဒေ...။

ဇူလိုင်လမှာ ဘူတန်နိုင်ငံဟာ ဥပဒေတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ခရစ်ယာန်တွေက သူတို့ရဲ့ ခရစ်ယာန် ဘာသာဝင်တွေ တိုးတက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး အဲဒီဥပဒေကို ထုတ်ပြန်လိုက်တာပါလို့ ငြီးတွားနေ ကြပါတယ်။ “ဘူတန်ဟာ ခရစ်ယာန်ကိုဖိနှိပ်နေပါတယ်”လို့လည်း ခရစ်ယာန်တွေက စွပ်စွဲပါတယ်။ အဲဒီဥပဒေ ကတော့ “ဘာသာပြောင်းမှု တားဆီးဆန့်ကျင်ရေး ဥပဒေ (Anti-Conversion Law) ပဲဖြစ်ပါတယ်။

အကျိုးပေးသော စေတနာဒါန။

         စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို “ဒါန” ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု
၂ မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထု
များကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထို

အမြတ်ဆုံးဒါန။

         ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်

ကောင်းမှုပြုသင့်သောတရား(ပုညကြိယ၀တ္ထု) ၁၀ ပါး။

         မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေသောတရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမှု
=ကောင်းသောအမှု” ဟုခေါ်၏။ ထိုပုညစုကို ဧကနပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်
မာလို “ပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု= ကောင်းကျိုးချမ်းသာ၏တည်ရာ) ဤစကားစဉ်

သာသနာ ဘယ်နေရာမှာတည်တာလဲ။

         သာသနာနဲ့ကြုံခိုက်မှာ ကိုယ့်ဘ၀ကို ကိုယ်သာလျှင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရပါ
မယ်။ သာသနာတွင်းသားနဲ့ သာသနာပသား အခွင့်အရေးချင်းမတူပါ။ ဘာတွေကွာခြားသလဲဆိုရင်
သာသနာပမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါတယ်။ သာသနာတွင်းမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါ

မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။

          ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် ကိုးကွယ်ရာနှင့် မကိုးကွယ်ရာကို ခွဲခြား
၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်မှာသည်မှာ=
      *  “ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။

အင်းဝခေတ် ရှင်မဟာသီလ၀ံသ။

         မြန်မာစာပေနယ်မြေမှာ ပေလေးပင်၊ ရှင်လေးပါးအဖြစ် ဂုဏ်ပြုခေါ်ဆိုခြင်း ခံရတဲ့ စာဆို
ပုဂ္ဂိုလ်ကြီးလေးဦး အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီး လေးဦးကတော့ ရှင်ဥတ္တမ
ကျော်၊ ရှင်အုန်းညို၊ ရှင်ခေမာနဲ့ ရှင်မဟာသီလ၀ံသတို့ ဖြစ်ကြပါတယ်။

Wednesday, March 12, 2014

"ကောမာရဗြဟ္မစရိယသီလကို အိမ်ထောင်သည်များ ဆောက်တည်နိုင်သလား"

 
အိမ်ထောင်သည်ဖြစ်ပြီး ကိုယ့်အမျိုးသားနဲ့ ခဏခွဲနေချိန်မှာ ဒီသီလကိုစောင့်ထိန်းလို့ရလားဆရာလေးလို့ တပည့်တော်ညီမကမေးလာတယ်ဘုရား။ သူကအပျိုတည်းကဒီသီလကိုစောင့်ထိန်းခဲ့တယ်။ ခု သူ့အမျိုးသားနဲ့ခဏခွဲနေရတော့ ဒီသီလကိုပြန်ဆောက်တည်ပြီးနေတယ်ဘုရား။ တပည့်တော်က ရပါတယ်လို့ပြောလိုက်တယ်။ အဲ့ဒါသင့်/မသင့် ဆုံးဖြတ်ပေးပါဘုရား။