Saturday, January 12, 2019

ဒီဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ

“ ဒီဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ ရှင်းပြတော်မူပါဘုရား ”
.................................................................................

“ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတဲ့အခါ ဇောစေတနာတွေဖြစ် တယ်။ 

ဒီဇောစေတနာတွေက နာမ်တရားဖြစ်လို့ပျက်သွားတာမှန်

ပေမယ့် နောက်ဘ၀မှာ ကောင်းကျိုးဆိုးကျိုးဖြစ်စေမယ့် 

အကောင်းဆုံး အရသာ။

    “လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊
 ဘယ်အရသာဟာ အကောင်းဆုံးလဲ?” ဆိုတဲ့ မေးခွန်းတစ်ခု မေးလာပါတယ်။
         မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကိုဖြေပေးလိုက်တာကတော့ “သဗ္ဗရ

Friday, January 11, 2019

အလှူများ၏ ဆိုင်ရာအကျိုးကျေးဇူးများ

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
------------------------------

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း

ဆွမ်းအကျိုး ငါးပါး
------------------

၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြီးခြင်း
၎။ ခွန်အားကြီးခြင်း
၅။ ဥာဏ်ပညာကြီးခြင်း

မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဘာသာရေးအတုနဲ့ အစစ်။

    ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အားတိုက်ရိုက် လှူ
ဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်း
ပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ မိမိ၏ စိတ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါ

Thursday, January 10, 2019

အမွေးအရေအတွက် လည်လှီးခံရချက်

ဆရာတော်ဘုရား၊ ဟိုရှေးရှေးက မိန်းမတဦးသည် မွေးထားသော ဆိတ်တကောင်အား ဟင်းအလို့ငှါ လည်လှီးသတ်ခဲ့မိ၍ နောက်ဘ၀တွင် ငရဲ၌ ကျခံရသည်၊ ထို့နောက် ဆိတ်အမွေး အရေအတွက်နှင့်အမျှ ဘ၀ပေါင်းများစွာ လည်လှီးသတ်ခံရသည်ဟု ဆိုပါသည်၊ မိမိကျူးလွန်မှု တခုအတွက် တူသောအကျိုးပေးခြင်း မဟုတ်ဘဲ အဘယ်ကြောင့် ဘ၀ပေါင်းများစွာ ခံရကြောင်း၊ တပည့်တော်မ နားမလည်နိုင်ပါ၍ ရှင်းလင်းဖြေကြားတော်မူရန် အသနားခံအပ်ပါသည် ဘုရား။
( ဒေါ်လှနွယ်-မူအုပ်၊ ကမ်းတောင်းကြီးရွာ၊ မြေပုံမြို့နယ် )

ရဟန်းတော်တွေကို ဘယ်လိုများဆုံးမပါသလဲ ဘုရား?။

     “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။

Wednesday, January 9, 2019

အလှူသုံးမျိုး အကျိုးပေးပုံ

အရှင်ဘုရား၊ ဆရာကြီး မင်းယုဝေမှတဆင့် ဦးအုန်းမြင့် မေးမြန်းသည်မှာ-
(က) စေတီဘုရား တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ခ) ကျောင်း၊ သိမ်၊ ဇရပ် စသည်ကို တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ဂ) ရှင်ပြု ရဟန်းခံ၍ လှူဒါန်းသည့်ကုသိုလ်များလည်း အကျိုးပေးပုံ မည်သို့ထူးခြားသည်ကို ရှင်းလင်းပေးတော်မူ ပါရန် တဆင့် မေးမြန်းထားပါသည်။
(ကိုအုန်းမြင့်-ရွှေကူမြို့၊ ကချင်ပြည်နယ်)


(ဖြေ)
ဤမေးခွန်း၏အဖြေမှာ ကျယ်ပြန့်လှပါသည်။ အကျဉ်းချုပ်၍သာ ဖြေပါမည်။

အမြတ်ဆုံးဒါန။

   ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်

Tuesday, January 8, 2019

အသုဘ ကမ္မဋ္ဌာန်း ၁၀-ပါး

အရှင်ဘုရား၊ ကမ္မဋ္ဌာန်း ၁၀-ပါးရှိသည်ဟု မှတ်သားဖူးပါသည်။ အသုဘကမ္မဋ္ဌာန်းအားလုံး မတင့်တယ်ဖွယ်၊ မနှစ်သက်ဖွယ် အတူတူပင်ဖြစ်၍ အသုဘကမ္မဋ္ဌာန်းကို တမျိုးတည်းဟု သတ်မှတ်လျှင် ရနိုင်ပါသလားဘုရား။ အသုဘ ၁၀-ပါး၏ ပါဠိအနက်အဓိပ္ပါယ်တို့ကို အကျဉ်းချုပ်၍ မှတ်သားရလွယ်ကူအောင် ဖြေကြားပေးတော် မူပါဘုရား။
(မြဂိုးလူ-တမူးမြို့)


(ဖြေ)
အသုဘ ဟူသမျှသည် မတင့်တယ်ဖွယ် အတူတူပင် ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး ရာဂစရိုက်-တပ်မက်နှစ်သက်မှု များသောပုဂ္ဂိုလ်များအတွက် ရာဂစရိုက် လျော့ပါးအောင် အသုဘကမ္မဋ္ဌာန်းကို ရှုရပါသည်။ ထိုသို့ရာဂစရိုက် ဖြစ်ပေါ်ရာ၌ တပ်မက်နှစ်သက်မှု ပုံစံ အမျိုးမျိုးရှိကြသည့်အတွက် ထိုတပ်မက်နှစ်သက်မှု ကွဲပြားသည့် အလျောက် အသုဘ ၁၀-မျိုး ခွဲခြမ်းထားခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင် ၀ါတော်စဉ် သီတင်းသုံးတော်မူခြင်း။

     ဘုရားအလောင်းတော်သည် မယ်တော် မာယာဒေ၀ီ၏ ၀မ်းကြာတိုက်မှ မဟာသက္ကရာဇ်
၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီသာမော အင်ကြင်းတော၌ ဖွားသန့်စင်ခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ သက်တော် ၃၅ နှစ်တွင် သစ္စာလေးပါးကို

Monday, January 7, 2019

ဆယ်ပါးသော အမှားများ

၁။ ပညာအားကောင်း၍ သဒ္ဓါအားနည်းသော သူတို့သည်

စကားများခြင်းဟူသော အမှားကို ရောက်တတ်ကုန်၏။

၂။ ပညာအားနည်း၍ သဒ္ဓါအားကောင်းသော သူတို့သည်

ကျဉ်းမြောင်းသည့် အယူသန်ခြင်းဟူသော အမှားသို့

ရောက်တတ်ကုန်၏။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ။

  ”မဂ္ဂင်ရှစ်ပါး”
     xxxxxxxxxx
သိမှန် ကြံမှန်၊  ပြော ပြုမှန်နှင့်၊
ကောင်းမှန်သက်မွေး၊ ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြားသတိ၊

Sunday, January 6, 2019

" တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးသူ "

မြတ်စွာဘုရားသခင်ရဲ့ 
တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ 
အဆုံးအမတွေကို 
ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ 
မလိုက်နာတာပါလား။

ဒို့ တစ်တွေဟာ ဘုရားရဲ့ အဆုံးအမကို 
ဒါလေးတောင် မလိုက်နာဘူးဆိုရင် 
တစ်ခြားဟာတွေလည်း 
လိုက်နာမှာ မဟုတ်ဘူးလို့ 
အဓိပ္ပါယ်ဟာ အင်မတန်မှ ထင်ရှားတယ်။

ကြည့်လေ..။ 

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

    တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း