Saturday, October 7, 2017

“ခွင့်လွှတ်ခြင်း”

အတိတ်က ဘာပဲဖြစ်ခဲ့၊ဖြစ်ခဲ့အဲဒါကို နားလည်ဖို့လိုတယ်။ခွင့်လွှတ်ဖို့လိုတယ်။
အတိတ်ကဖြစ်ခဲ့တဲ့ လွဲခဲ့တာတွေ၊မှားခဲ့တာတွေကိခွင့်လွှတ်နိုင်ခြင်းအားဖြင့် နောင်အနာဂတ်မှာ
  ကောင်းတာတွေ လုပ်နိုင်ဖို့အတွက် အုတ်မြစ်ကောင်းကောင်းကိုရသွားတယ်နော်။
အတိတ်ကအကြောင်းတွေကိုထပ်ခါ တလဲလဲ တွေးနေ၊ ပြောနေပြီးတော့
အဲဒီအတိတ်ထဲမှာပဲ ချောင်ပိတ်မိနေလို့ရင်ထောင်ချောက်ကြီးထဲ ရောက်နေသလို ဖြစ်တယ်။

အကောင်းဆုံး အရသာ။

     “လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊
 ဘယ်အရသာဟာ အကောင်းဆုံးလဲ?” ဆိုတဲ့ မေးခွန်းတစ်ခု မေးလာပါတယ်။
         မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကိုဖြေပေးလိုက်တာကတော့ “သဗ္ဗရ

သာမညဆရာတော် ဘုရားကြီး ဘဒ္ဒန္တ၀ိနယ ၏ ချမ်းသာအစစ်။

   ရာထူးဂုဏ်ရှိန် စည်းစိမ်ချမ်းသာ ဥစ္စာရတနာတို့  ပိုင်ဆိုင်ခံစားခြင်း ဟူသည်ကိုပင် ပုထုဇဉ်တိုင်း
လိုချင်တက်မက် ကြပါသည်။ ယင်းချမ်းသာခြင်း၏ နောက်ကွယ်၌ ဆင်းရဲခြင်းသည် ရှိသည့်အတွက်
ချမ်းသာအတု အယောင်သာဖြစ်သည်။ ရတနာသုံးပါးကို အမှီပြုလျှက် ရရှိသော ချမ်းသာမှုကား

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂)။

      ”မကောင်းမှု”
          xxxxxxxxxxxxx
      ”ဣဓ  သောစတိ  ပေစ္စ  သောစတိ၊
      ပါပကာရီ  ဥဘယတ္ထ  သောစတိ။ ။
   သော  သောစတိ  သော  ၀ိဟညတိ၊

Friday, October 6, 2017

တန်ခိုးကြီးဘုရား



ဘုရားစေတီမှန်သမျှ ပွင့်ခဲ့ပြီးသောမြတ်စွာဘုရား အဆူဆူကို ကိုယ်စားပြုရည်မှန်း၍ တည်ထားခြင်းဖြစ်ပါ၏။
ယင်းသို့ မြတ်စွာဘုရားကို ရည်မှန်း၍ တည်ထားသော“ဘုရားစေတီ” အချင်းချင်း၊မည်သည့်ဘုရားက တန်ခိုးကြီးသည် ဟု သုံးနှုန်းနေကြခြင်းမှာ သင့်တော်လျှောက်ပတ်ပါ၏လော၊
မြန်မာပြည်အ၀န်းတွင် ဘုရားစေတီအများအပြားရှိလေရာ“တန်ခိုးကြီးဘုရားဖူးမည်” ဟု အချို့သော
ဘုရားဖူးလုပ်ငန်းရှင်များက ကြော်ငြာလေ့ရှိကြ၏။ထိုဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က
တန်ခိုးမရှိတော့ပြီလော။

Thursday, October 5, 2017

အချစ်မရှိတဲ့ တစ်နေ့သောအခါ



တစ်ခါတုန်းက ပရိယတ္တိ ပဋိပတ္တိကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါးရှိပါတယ်။
ဆရာတော်က စာလည်းချပါတယ်၊ တရားလည်းဟောပါတယ်၊ သံဃာ့အဖွဲ့အစည်းတွေ၊
ပရဟိတအဖွဲ့အစည်းတွေမှာလည်း ပါနေတော့ စည်းဝေးပွဲတွေလည်း မကြာခဏတက်နေရပါတယ်။
ဆိုလိုတာကတော့ နေ့စဉ် အလုပ်များနေတဲ့ဆရာတော်ပါ။

နွားသတ်သမား။

        ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။  ကြည့်

မိသားစုလုံး ငြိမ်းအေးလိုလျှင်။

   လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ

ဒါနကုသိုလ်နဲ့ လာဘ်ထိုးခြင်း။

 * ကိုယ့်လက်ထဲကပစ္စည်း
     သူတစ်ပါးလက်ထဲ
     ထည့်ပေးလိုက်တာကို
     “ပေးကမ်း” တယ်လို့ ခေါ်ပါတယ်။

Wednesday, October 4, 2017

ကိုယ်ချင်းစာစိတ်

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစ ရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ

ဘ၀နဲ့စိတ်ကောက်နေကြသူများ

ဘယ်သူမှားတယ်ဆိုတာတော့ ကိုယ်ဟာကိုပဲ စဉ်းစားကြည့်ကြပေါ့၊ နောက်ဆုံးမှ ဆုံးဖြတ်ချက် ချကြပါ၊ ဘ၀နဲ့ စိတ်ကောက်နေကြတဲ့သူတွေ အကြောင်း နည်းနည်းပြောကြည့်ချင်ပါတယ်။
ဘ၀ဆိုတာ တိုက်ပွဲတဲ့၊ တိုက်ပွဲဆိုတာက အနိုင်ရှိသလို အရှုံးဆိုတာလည်း ရှိတာပဲလေ၊ အမြဲတမ်းနိုင်နေလို့ကတော့ ဘယ်တိုက်ပွဲခေါ်မလဲ၊ နိုင်ပွဲလို့ တစ်မျိုးတည်း ခေါ်မှာပေါ့၊ လောကမှာ တိုင်းပြည်အတွင်း အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်တိုက်ပွဲ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတို့နဲ့ တိုက်ခိုက်ကြတဲ့ ပြည်ပစစ်ပွဲ စသည်စသည်ဖြင့် တိုက်ပွဲတွေအများကြီးပါပဲ၊ နောက် လူတွေပဲ ပြုလုပ်ကြတဲ့ လူတွေကပဲ ဖန်တီးပေးနေတဲ့ နွားချင်းတိုက်တဲ့ နွားတိုက်ပွဲ၊ လူချင်းတိုက်တဲ့ လက်ဝှေ့ပွဲ၊ ကြက်ချင်းတိုက်တဲ့ ကြက်တိုက်ပွဲ၊ ကုန်ကုန်ပြောရရင် တွင်းထဲမှာနေတဲ့ ပုရစ်ကလေးတွေကိုတောင် တိုက်ပွဲလုပ်ပေးကြတဲ့ တိုက်ပွဲတွေကို စိတ်ဝင်စား တတ်တဲ့ လူဆိုတဲ့ လူတွေ … လူသားတွေပေါ့…

“ကမ္ဗည်းထိုးရာမှာ သိကောင်းစရာ၊ အလှူကမ္ပည်းကြောင့် ပြိတ္တာဘဝက လွတ်မြောက်သွားပုံ”

“အလှူကမ္ပည်း”
••••••••••••••••••••••••••
“ပေးသောလက်ကို လူမမြင်စေနဲ့”ဆိုတာဟာ
ဗုဒ္ဓဝါဒ အဆုံးအမ မဟုတ်ဘူးလို့ စိတ်ထဲ မြဲမြဲမှတ်ထားပါ။
ဗုဒ္ဓဝါဒအရ ကောင်းမှုရှင် ကမ္ပည်းထိုးရာမှာ ရည်ရွယ်ချက်
နှစ်ခု ရှိတယ်။

❖(၁)။ မိမိနဲ့ မိမိရဲ့ သားစဉ်မျိုးဆက် အဲဒီကုသိုလ်နဲ့
ပတ်သက်ပြီး အပရစေတနာ(ကိုယ့်အလှူကို ပြန်သတိရပြီး
ကြည်နူးနှစ်သက်မှု) ထက်သန်နေဖို့။

Tuesday, October 3, 2017

သင်...ညဘယ်လို အိပ်တာလဲ

ပြိတ္တာ အိပ်နည်း
••••••••••••••••••
လိုချင်တာ ရချင်တာတွေကိုတွေး
ရလာမည့်အရာ မရသေးတာတွေကို
တွေးပြီး အိပ်တဲ့သူဟာ လောဘနဲ့ အိပ်တာမို့ ပြိတ္တာအိပ်နည်း။

အမြတ်ဆုံးဒါန။

     ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်

ယုံကြည်မှုသဒ္ဒါ မဟာအမှားကြီး ။


 ထေရ၀ါဒ ဗုဒ္မဘာသာဝင် သူတော်စင်တို့ သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။
ယင်းကံ၏အကျိုးပေါ်တွင် မဆုတ်မနစ် မယိမ်းမယိုင် ခိုင်မာစွဲမြဲစွာ ယုံကြည်ထားကြသည်။ ကံ၊ ဥာဏ်၊ ၀ိရိယများကို

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၁)။

  “ကိုယ်စီခပ်နှိပ်ကြ”
    ===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊

Monday, October 2, 2017

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ

အော်လူ့ဘ၀ဆိုတာ တကယ်တော့
တည်းခိုခန်းလိုပဲ ခေတ္တခဏ ၀င်ရောက်တည်းခိုကြတာပါ။
အချိန်တန်ရင်သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်ထိ နေခွင့်ရဦးမလဲ...?

လူ့ဘ၀သက်တမ်းကို ယေဘုယျ (၇၅) နှစ်ပဲ ထားလိုက်ပါတော့။
အသက်(၄၀) ရှိတဲ့လူတစ်ယောက်ဟာ တည်းခိုခန်းမှာ
(၃၅) နှစ်ပဲနေထိုင်ခွင့်ရတော့မှာပါ။

Sunday, October 1, 2017

“သစ်ပင်စိုက်ရင်း ပါရမီဖြည့်မယ်”

တခါတုန်းက သာဝတိ္ထပြည်မှာ မထင်ရှားတဲ့အမျိုးသမီးလေးတယောက် ရှိပါတယ်။
ပါဠိလိုဆိုရင်တော့ “အညတရာ” ပါ။ တနေ့တော့ အဲဒီ အမျိုးသမီးလေးက ကျောင်းအလှူ
အကျိုးကြီးမားပုံတရားကိုနာရလို့ ကျောင်းလှူချင်စိတ်ဖြစ်လာပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်ကို ခွင့်တောင်းပြီး၊ကျောင်းဆောင်တဆောင် ဆောက်လှူပါတယ်။
အညတရာအမျိုးသမီးလေးရဲ့ နောက်ဆက်တွဲထူးခြားချက်ကတော့ ကျောင်းဝန်းကျင်ပတ်ပတ်လည်မှာ
သရက်ပင်တွေ စီတန်းပြီးစိုက်တော့တာပါပဲ။ စိုက်ထားတဲ့ သရက်ပင်အားလုံးကို အ၀တ်သစ်တွေပါ
ပတ်ထားလိုက်ပါတယ်။

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

         တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း

မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။

        မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။

ကံတရား၏ အလိုတော်အတိုင်း။

 * တစ်ခါတစ်ရံမှာ
     မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့
     ကိုယ်ဘယ်လိုမှ
     အကူအညီပေးလို့မရတော့တဲ့