Saturday, February 6, 2016

“သည်းခံခြင်း” နှင့်“အောင့်ခံခြင်း”



“ခန္တီ ပရမံ တပေါ တိတိက္ခာ”
●တိတိက္ခာ- အရာရာတွင်သည်းခံခြင်းတည်းဟူသော
●ခန္တီ- သည်းခံခြင်း ခန္တီတရားသည်
●ပရမံ-ထူးမြတ်လှစွာသော
●တပေါ-အကျင့်တရားအစစ်ဖြစ်ပါပေ၏။
ခန္တီ - သည်းခံခြင်းကို ဘာဖြစ်လို့အမြတ်တရားလို့ မြတ်ဗုဒ္ဓ ဟောတာပါလဲ။

Friday, February 5, 2016

ကုက္ကုရဇာတ်(ခွေးသူခိုး ဖော်ထုတ်ပွဲ)




လွန်လေပြီးသော အခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးစဉ်က ခွေးများ ကပ်ကြီးဆိုက်ခဲ့ဖူးပါတယ်။

"ခွေးမြင်သမျှ သတ်စေ" ဟူသော အမိန့်ကြောင့် လမ်းဘေးခွေးတွေ တော်တော်များများ သေကျေပျက်စီး၍ လွတ်အောင်ပြေးနိုင်သော ခွေးအနည်ငယ်မျာ သုဿန်တွင် ခိုးအောင်းကြ၍ သေဘေးမှ လွတ်ကြရပါတယ်။

အမြင်နှစ်မျိုးရှိသူ။

   လောကမှာလူဖြစ်လာရင် အမြင်နှစ်ဖက်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုပါတယ်။ လူဆိုတာ မျက်စိနှစ်လုံး
ရှိသလို အမြင်နှစ်ဖက်ရှိရပါမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရပါမယ်၊ ကိုယ်ကျင့်
တရားဘက်ကလည်း လက်မလွတ်စေရပါ။ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်၊

ပဋိစ္စသမုပ္ပာဒ် ၁၂ ပါး။

၁။ အ၀ိဇ္ဇာ = အဟုတ်အမှန်ကို မသိတတ်သောတရား။
၂။ သင်္ခါရ = ပြုပြင်စေ့ဆော်တတ်သော တရား။
၃။ ၀ိဉာဏ = ပဋိသန္ဓေ ၀ိဉာဏ်စိတ်။

ချင်ကို သတ်ပါ။

      မြတ်စွာဘုရားက ချင်ကို သတ်ပါတဲ့။ ဟိုဟာလိုချင်၊ ဒီဟာလိုချင်၊ ဟိုဟာစားချင်၊
ဒီဟာစားချင်၊ ဟိုကိုသွားချင်၊ ဒီကိုသွားချင် အကုသိုလ်လုပ်ချင်တဲ့စိတ်တွေ ပယ်သတ်ပါတဲ့။
ချင်ဆိုတာ တဏှာကို ပြောတာပါ။ တဏှာကို ပယ်သတ်ဖို့  မြတ်စွာဘုရားက ချင်ကို သတ်ပါတဲ့၊

Thursday, February 4, 2016

တိတ္ထိဆရာကြီး (၆)ယောက်



ဗုဒ္ဓလက်ထက်တော်အခါက ဗုဒ္ဓနှင့်ခေတ်ပြိုင် တိတ္ထိဆရာကြီး ခြောက်ယောက် ပေါ်ပေါက်ခဲ့ဘူး၏။ ဗုဒ္ဓနှင့်ခေတ်ပြိုင်ဟု ဆိုရသော်လည်း ယင်းတို့သည် ဗုဒ္ဓ၏အရင်ကပင် ကြိုတင်၍ ဘုရားဟု ၀န်ခံလျက် လူသူပရိသတ်အများခြံရံကျော်ဇောလျက် ရှိနေကြသူများဖြစ်၏။

ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ



တစ်ခါတုန်းက ထင်းခွေသမားတစ်ယောက်ရှိပါတယ်။တနေ့တော့ ထင်းခွေသမားဟာ ထင်းခွေရင်းနဲ့ပဲ မှောင်သွားပါတယ်။မှောင်သွားပြီဆိုတော့ မြို့ တံခါးလည်းပိတ်သွားပြီဆိုတော့ မြို့ ထဲဝင်လို့မရတော့ပါဘူး။

Wednesday, February 3, 2016

“အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ”


“အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ”

သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘု
ရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။

သော စ ဟောတိ ပဉ္စင်္ဂ၀ိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။ (အံ၊၁၊၁၆၁။)

အင်္ဂါ (၅)ပါးကို ပယ်ထားပြီး ဖြစ်ရမယ်။ အင်္ဂါ (၅)ချက်နဲ့ ပြည့်စုံပြီးလည်းဖြစ်ရ
မယ်။ ဘာအင်္ဂါ (၅)ချက်ကို ပယ်ရလဲ?

အကျိုးတစ်ခုကို ဘယ်လိုရွေးချယ်မလဲ?။

     ရွေးချယ်တဲ့အခါမှာ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊
အကျိုးရှိတယ် ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့
အင်မတန် ကြီးမားတဲ့ အကျိုးရှိတာလားဆိုတာ   မစဉ်းစားဘဲနဲ့ မနေသင့်ပါ။ အကျိုးတစ်ခုကို

ပစ္စည်းတန်ဖိုး။

     တခါ ဥစ္စာပေါတာ ကြည့်အုန်း။
ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့
စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။

သရဏဂုံ မှားမှန်ခွဲခြားနည်း။

     ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံက ဖြစ်ပါသည်။ “ဗုဒ္ဓေါမေ သရဏံ အညံ
နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ” ဘုရား၊ တရား၊ သံဃာဟူ
သော ရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာမရှိပါဟုလည်း နှလုံးသွင်းခံယူထားကြပါသည်။

Tuesday, February 2, 2016

အဆက်ဖြတ်ကြပါစို့ ...

အဆက်ဖြတ်ချင်တယ်ဆိုရင် ဝေဒနာကို ၀ိပဿနာရှုရမယ်။ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးရှိတယ်။ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာထည့်ပြီး ငါးမျိုးဟောထားတာလဲ ရှိတယ်။ ဒီဝေဒနာတွေဟာ ပေါ်တိုင်းပေါ်တိုင်း ပစ္စုပ္ပန်ခန္ဓာမှာ ပေါ်တာပဲ။

Monday, February 1, 2016

မာတာပိတု ဥပဋ္ဌာနံ- မိဘတို့ကို လုပ်ကျွေးပြုစုခြင်း


                               တက္ကသိုလ် ဆရာတစ်ယောက်က အသက်နှစ်ဆယ် ဝန်းကျင် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ အောက်ပါသမိုင်းရာဇဝင်လေးတစ်ခုကို ပြောပြပါတယ်။

"မင်းတုန်းမင်းကြီးလက်ထက်က ပညာရှိအမတ်ကြီး ဦးချိမ့်ဆိုတာ ရှိတယ်။ ဦးချိမ့်ဟာ သူ့အမေရဲ့  ထဘီကို ကိုယ်တိုင်လျှော်ပေးတယ်။ အိမ်ဖော်လို့ခေါ်တဲ့ အခိုင်းအစေတွေရှိပေမယ့် ဘယ်တော့မှ မလျှော်ခိုင်းဘူးတဲ့။

ပညာရှိသူတော်စင်များ လှူဒါန်းသော အလှူဒါန မူ(၅)မျိုး။

 ဘယ်လိုမူ(၅) မျိုးချပြီး လှူဒါန်း သလဲဆိုတော့ ...
၁။ သဒ္ဓါတရားထက်သန်စွာနဲ့ ယုံယုံကြည်ကြည်လှူပါတယ်။
၂။ ပစ္စည်းဥစ္စာကိုလည်း သန့်သန့်ရှင်းရှင်းထား၊ အလှူခံပုဂ္ဂိုလ်ကိုလည်း လေးစားပြီး
  ရိုရိုသေသေ လှူပါတယ်။

မြတ်စွာဘုရားက ရှင်အာနန္ဒကို ဟောကြားတဲ့ ၀ိပဿနာတရားတော်။

      တစ်နေ့သောအခါ ရှင်အာနန္ဒဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ တပည့်တော်ကို ကမ္မဋ္ဌာန်းတရား အကျဉ်းချုပ် ဟောပေးပါတဲ့။ အဲဒီ ကမ္မဋ္ဌာန်းတရား
အကျဉ်းချုပ်ဟောပြီးရင် တပည့်တော်ဟာ တစ်ပါးထဲ လွတ်လွတ်ကင်းကင်း နိဗ္ဗာန်ကို ဦးတည်ချက်
ထားပြီး ကြိုးကြိုးစားစား တရားအားထုတ် ပါ့မယ်” လို့ ဘုရားထံ ၀န်ခံပြီးတော့ တရားတောင်းတယ်။

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်ခဲ့သူ။

      မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။

Sunday, January 31, 2016

“သာဓု ၃-မျိုး”

သာဓုခေါ်တယ်ဆိုတာ အမျိုးအစားအားဖြင့် သုံးမျိုးရှိတယ်။အဲဒါတွေကတော့-
၁။ သာဓု နောက်လိုက်
၂။ သာဓု ဘိန်းစား
၃။ သာဓု အ၀စား-တို့ပဲ ဖြစ်တယ်-ဟု မိန့်တော်မူကာ
သာဓု သုံးမျိုးကို ဆက်လက် ရှင်းပြတော်မူသည်။