Saturday, May 6, 2017

ဓမ္မဒူတ အရှင်ဆေကိန္ဒ “အသိပေးစကားစုများ”

စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ။ ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲ လိုက်ပါ။

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ?

Friday, May 5, 2017

ဆရာတော် ဦးဇောတိက “တစိမ့်စိမ့်တွေးမယ်”

I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကို (သဘာဝတရားကို) မိဘသဖွယ် လုပ်ထားပါတယ်။

I have no home. I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။ ငါဟာ သတိကို အိမ်လုပ်ပြီးနေပါတယ်။

I have no life or death. I make the tides of breathing my life & death
ငါ့မှာ မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ဝင်လေ ထွက်လေကိုပဲ မွေးဖွားခြင်း၊ သေဆုံးခြင်းလို့ သဘောထားပါတယ်။

သကဒါဂါမ်ပုဂ္ဂိုလ် (၅)မျိုး

၁။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည်
လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,

၂။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ နတ်ပြည် နတ်
လောက (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,

အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ။

         ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့
အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။
သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်

သတိပဌာန် ၄ ပါး။

       သတိပဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပါယ်ရရှိ
ပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုပါ
သည်။ တရားကိုယ်အားဖြင့် သတိစေတသိက် ၁ ပါးတည်းဖြစ်သော်လည်း အာရုံ ၄ မျိုး၊ ယူပုံအ

Thursday, May 4, 2017

'ထေရဝါဒမှတ်စု'


'ဘယ်ဘုရားကမှမပေးဘူး' 
သာသနာတော်နှင့်ကြုံခိုက်ရိပ်သာဝင်ပြီး တရားအားထုတ်ကြတယ်။ဘုရားရှင်ကမှနိဗ္ဗာန်ကိုပေးနိုင်လျှင် ဘာမျှတရားအားထုတ်ဖို့ မလိုဘူး။ ဘုရားရှင်ထံတော်ကနိဗ္ဗာန်ကိုတောင်းယူရုံပဲပေါ့။သည်ဥပမာအတိုင်းပါပဲ လောကမှာ ဥစ္စာစီးပွားတိုးတက်အောင်လည်းကိုယ်အားထုတ်မှရတယ်။ဘယ်ဘုရားကမှမပေးဘူး။နတ်ဗြဟ္မာဖြစ်အောင်လည်း ကိုကအားထုတ်မှဖြစ်တာပဲ။ဘယ်ဘုရားကမျှနတ်ဖြစ်အောင် လုပ်မပေးဘူး။တည်ဆရာတော်ကြီး (ဓမ္မဗျူဟာ ၉၉၊ သြဂုတ်)

Wednesday, May 3, 2017

အ​သေလှတဲ့သူဖြစ်​ဖို့..

၁.. အစွဲကင်းရမယ်။
၂.. တစ်ကိုယ်ကောင်းမဆန်ရဘူး။
၃.. ကုသိုလ်ပူနွေးနေရမယ်။
၎.. အသိအမြင်မှန်ကန်ရမယ်။
       ဒီအရည်အသွေး လေးမျိုးနဲ့ ပြည့်စုံတဲ့ ကုသိုလ်ပိုင်ရှင်ဖြစ်မှ ကောင်းရာသုဂတိ ရောက်နိုင်မယ်...။
       ""မနေရလို့ သေရသောခါ.."" ဆိုတဲ့ စကားအတိုင်းပေါ့..

ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံး။

ကုသိုလ်ရလိုက်ရင် ဝမ်းနဲရတယ်လို့ ဘယ်တော့မှမရှိဘူး၊ ဘာကြောင့်လဲဆိုရင်
ကုသိုလ်ဟာ ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံးဖြစ်လို့ပါ၊ ကုသိုလ်က ကိုယ့်ကို ဘယ်
တော့မှ သစ္စာမဖောက်ဘူး။

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။

     ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀

မတ္တရာဆရာတော်လိုမျိုး သဘောထားကြမယ်ဆိုရင်။

     မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ

Tuesday, May 2, 2017

"ဘာသာမဲ့များ သေရင် ဘယ်ဘ၀ကို ရောက်နိုင်ပါသလဲ"

"ဘာသာမဲ့များ သေရင် ဘယ်ဘ၀ကို ရောက်နိုင်ပါသလဲ"

ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင် သူရဲ့လုပ်ရပ် အခြေအနေအပေါ်မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။ ဆက်ပါအုံးမယ်။ လုပ်ရပ်ဆိုတာက ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ ဖြစ်ပါတယ်။ ကောင်းတဲ့ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံများကြောင့် ဘ၀ကြီး သာယာဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ကြောင့်လည်း ဘ၀ကြီး ခက်ထန်ကြမ်းတမ်း သွားနိုင်ပါတယ်။ ဆိုလိုတာက ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ဘ၀ကို အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား” ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် ပြောပါအုံးမယ်။

Monday, May 1, 2017

လူငယ်နှင့် ၀ိပဿနာ


လူငယ်နှင့် ၀ိပဿနာ
ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ ?
ဒီမေးခွန်းရဲ့အဖြေကို မခြေင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို  အရင်ပြောပြရအောင်ပါ။
မဟာဓနသူဌေးသားရဲ့ ၀တ္ထုလေးပါ။

ရုပ်လှ အပြစ်။

     စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။
ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။
သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက

ရှင်အာနန္ဒာကို တရားထူးရစေတဲ့ တရားတစ်ပုဒ်။

       ရှင်အာနန္ဒ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန် ဓမ္မ
ကထိက အရာမှာ ဧတဒဂ်ရတဲ့   ရှင်ပုဏ္ဏရဲ့ တရားကို နာပြီးတော့ ရှင်အာနန္ဒ သောတာပန်
ဖြစ်လာပါတယ်။

ရဝေနွယ်(အင်းမ)၏ ပါရမီမြောက်ကုသိုလ်။

        ပါရမီမြောက်ဖို့အတွက် အင်္ဂါ ၃ ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက==
၁။ နိဗ္ဗာန်ကို ဦးတည်ရမယ်။
၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
၃။ မိမိအကျိုးကို မငဲ့ရဘူးတို့ ဖြစ်ပါတယ်။

Sunday, April 30, 2017

ပြီးပြည့်စုံသော "လောဘ"



ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။