Saturday, March 17, 2018

ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ဘယ်လိုကုသိုလ်မျိုး ပြုသင့်ပါသလဲ

Q.အရှင်ဘုရား…
ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။
(အေးအေး)


A.အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယ၀တ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…
၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း
၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း

Friday, March 16, 2018

ကံသုံးပါးလုံသည်ဆိုရာဝယ်...

ကံဟူသည် ပါဠိကမ္မဟူသော စကားလုံးကို မြန်မာမှုပြုထားခြင်းဖြစ်၏။ အလုပ်ဟု တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်၏။ ယင်းကံသည် အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏။ ကုသလကမ္မ ကောင်းသည့်အလုပ်နှင့် အကုသလကမ္မ မကောင်းသည့်အလုပ်ဟူ၍ ဖြစ်၏။ မည်သူမဆို နေ့စဉ်အလုပ်တစ်ခုခုကို လုပ်နေကြမည်သာဖြစ်၏။ ယင်းအလုပ်သည့် ကောင်းသည့်အလုပ် သို့မဟုတ် မကောင်းသည့်အလုပ် တစ်ခုခုပင်ဖြစ်၏။ ပုထုဇင်ပုဂ္ဂိုလ်မှန်သမျှ ဤနှစ်မျိုးမှ တစ်မျိုးမျိုးလုပ်နေကြမည်မှာ ဧကန်မုချပင်ဖြစ်၏။

ပါချုပ်ဆရာတော်ကြီး၏ တရားဓမ္မနဲ့ တည့်အောင်နေပါ။

      ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးဟာ အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်၊ လောကလူ
တွေကိုကြည့်ပါ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ။ အဘိုးကြီး အဘွား
ကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။

သာသနာတော်အတွက် လူကောင်းလူတော်များ ပေါ်ထွက်လာရေး။

      ပညာတတ်သော်လည်း ကိုယ်ကျင့်တရား မရှိပါက လူတော်လူကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။
သို့ဖြစ်၍ ကြီးပြင်းလာသောအခါ အထူးလိုအပ်လှသော  အခြေခံ ကိုယ်ကျင့်တရားကို ငယ်ရွယ်နုနယ်စဉ်မှ
စ၍ လိုအပ်ပါသည်။

အထင်ကြီးမှာကို ကြောက်လွန်းသော နန်းဦးဆရာတော်ဘုရားကြီး။

         ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ တောင်စွန်းဓမ္မဒူတ
ဆရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုန်းက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ

Thursday, March 15, 2018

ခန္ဓာရှိသူတိုင်း လေ့လာသင့်သော ပဋိစ္စသမုပ္ပါဒ်​တရား

ပဋိစ္စသမုပ္ပါဒ်တရား
_/|\_*_/|\_*_/|\_
***ယော ပဋိစ္စသမုပ္ပါဒံ ပဿ         တိ ၊ဿ
***သော  ဓမ္မံ ပဿ         တိဿ          ..
ယော...အကြင်ပုဂ္ဂိုလ်သည်
ပဋိစ္စသမုပ္ပါဒံ... ခန္ဓာဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို..
ပဿ         တိ.. သိမြင်၏ ။
သော..ထိုပုဂ္ဂိုလ်သည်
ဓမ္မံ.. တရားကို
ပဿ         တိ..သိ၏.. မြင်၏ ။

Wednesday, March 14, 2018

မသေခင်ပြုလုပ်ရမည့် အရာ

၁.. ကတ္တဗ္ဗံ   ကုသလံ။
          ကုသိုလ်ကောင်းမှု့ပြုရမည်။
၂... စရိတဗ္ဗံ ဗြဟ္မစရိယံ ။
           မြတ်သောအကျင့်ကို ကျင့်ရမယ် ။
#ကုသိုလ်ကောင်းမှု့ပြုရမယ်... ဆိုတာက ဒါနကောင်းမှု့ သီလကောင်းမှု့ .. သမထကောင်းမှု့လို့ခေါ်တဲ့  ကုသိုလ်ကောင်းမှု့ သုံးမ်ျုးကို ပြုလုပ်ရမယ်လို့ ဆိုလိုပါတယ်။
#မြတ်သောအကျင့်ကျင့်ရမယ်... ဆိုတာက သံသရာဝဋ်ဆင်းရဲ မှ အပြီးတိုင် လွတ်မြောက်သွားစေတဲ့  ၀ိပဿ         နာအကျင့်ကို ကျင့်ကြံအားထုတ်ရမယ်.. လို့ဆိုလိုပါတယ်..။

လူတိုင်းသိသင့်သော သုခ ၄ မျိုး။

     ၁။ အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ”  ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်

ဘုရားအလောင်းတော်တို့ တောင်းသောဆုတောင်းများ။

     ဘုရားအလောင်း သူတော်ကောင်းတို့ တောင်းသောဆုတောင်းများမှာ======
       ဤသည့်ပုည၊ ကုသလကြောင့်၊ အမတခေမံ၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်ထုတ်ချောက်၊ ရောက်စေသော်။
     ဤသည့်ပုည၊ ကုသလကြောင့်၊ အမတခေမံ၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်ထုတ်ချောက်၊ မရောက်သေးငြား၊

မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်။

- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။
      မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။

Tuesday, March 13, 2018

ရုပ် ၂၈-ပါး

ရုပ် ၂၈-ပါး
ရုပ် = မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘောတရား
“အေးတဲ့အခါ ရုပ်အစဉ်ကတစ်မျိုး မနေဘူးလား၊ ပူတဲ့အခါကျတော့ ရုပ်အစဉ်က တစ်မျိုးနေတယ်။
ဆာတဲ့အခါကျတော့ တစ်မျိုး၊
ရေငတ်နေတဲ့အချကျတော့ တစ်မျိုး၊
ပိုးကောင်တွေ အကိုက်ခံရတဲ့အခါ တစ်မျိုး နေတယ်။

ကုသိုလ်​မှတ်​တမ်းထားရှိပါ..

ပြုခဲ့ပြီးသမျှ ကုသိုလ်တွေကို မှတ်တမ်း ရေးထားသင့်ပါတယ် ။ ကုသိုလ် မှတ်တမ်းရေးတဲ့အကျင့်ကို ကျင့်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်။
        °º¤ø,¸¸,ø¤º°`°º¤ø,¸,
       သီဟိုဠ်ခေတ်က ဒုဋ္ဌဂါမဏိမင်းကြီးဆိုတာ ကုသိုလ်မှတ်တမ်း မှန်မှန်ရေးခဲ့တဲ့သူပါ ။  
      သေးငယ်တဲ့ဒါနလည်း ကုသိုလ်မှတ်တမ်း ထဲ ရေးထည့်ထားတယ် ။   ကြီးကျယ်တဲ့ဒါနလည်း ကုသိုလ်မှတ်တမ်းထဲ ရေးထည့်ထားတယ်။     အခါအားလျှော်စွာ ကုသိုလ်မှတ်တမ်း ကိုပြန်  ပြန်ဖတ်တယ် ။
          သေခါနီးမှာ စာတော်ဖတ်က ကုသိုလ်မှတ်တမ်း ဖတ်ပြတော့ ကုသိုလ် စာရင်း တစ်ခုပြီးတစ်ခု နားထောင်နေရင်း  တစ်နေရာအရောက်မှာ ဆက်မဖတ်တော့ဖို့ လက်ကာပြလိုက်တယ်။ 
  အဲ့ဒီကုသိုလ်ကို အနှစ်သက်ဆုံး ပီတိအဖြစ်ဆုံးမို့လို့တဲ့.......။      ဘာကုသိုလ်လဲဆိုတော့  ကိုယ်စားမယ့်ထမင်း မစားတော့ဘဲ ရဟန်းတော်တစ်ပါးကို လှူဒါန်းခဲ့တဲ့ ကုသိုလ်ပေါ့ ။

Monday, March 12, 2018

ခေမာမိဖုရားအတွက်

 ချစ်သမီးခေမာ..
           ကျင်နာခံခက် နှိပ်စက်တတ်သော .. မစင်မကြယ် ပုပ်ဟောင်  ညှီလှောင်သော  အနံ့ရှိသော ....
အထက်.. အောက် .. တစက်စက်ယိုတတ်သော    လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့..။
ခ..    မတင့်တယ်   စက်ဆုပ်ဖွယ်ဟု စိတ်ဝ်ါထင်ခြင်းမှာ  တစ်ခုတည်းသော  အာရုံရှိသော  ကောင်းစွာ တည်ကြည်သော ဘာဝနာစိတ်ကို  ပွားစေလော့..။ 

လူသားတို့၏ အဓိကမျှော်လင့်ချက်။

      ၁။ ချမ်းသာလိုခြင်း။ ။ လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ခြုံငုံပြီးတော့ ပြောရ
မယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်။ ချမ်းသာကြွယ်ဝချင်ကြ
တယ်။ ဒါဟာ လူသားတိုင်း မျှော်လင့်တောင်းတကြတဲ့ ဆန္ဒတစ်ခုပါ။

ဗောဓိပက္ခိယတရား ၃၇ ပါး။

     မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )

မိုးကုတ်ဆရာတော်၏ တရားတော်မှ ကောက်နုတ်ချက်များ(၁)။

  ၁။ ဒိဋ္ဌိက တဏှာထက် ပိုကြောက်စရာကောင်းသည်။
  ၂။ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာသည် ၀ိပဿနာ။
  ၃။ ကံအမိ ကံအဖမှ  ဉာဏ်အမိ  ဉာဏ်အဖဖြစ်အောင် လုပ်လိုက်ပါ။

Sunday, March 11, 2018

သေတယ်ဆိုတာ ဘ၀ခန္ဓာရှိလို့သေရတာပါ ။

အာရုံကာမဂုဏ်ခံစားမှု့ဟာ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာပါ ။
    ကာမဂုဏ်ချမ်းသာတွေအတွက်  လုပ်နေတဲ့ အလုပ်အားလုံးဟာလည်း  သေခြင်းတရားကို မလွန်မြောက်နိုငိတဲ့အလုပ်  အသေမလွတ်တဲ့အလုပ်တွေဖြစ်တယ် ။
      #၀ိပဿ     နာချမ်းသာ မဂ်ဖိုလ်ချမ်းသာ ဆိုတာကတော့ သေခြင်းတရားကိုလွန်မြောက်နိုင်တဲ့ ချမ်းသာ ပါ ။
       အရဟတ္တမဂ်   .. အရဟတ္တဖိုကိုရပြီးတော့  ရဟန္တာဖြစ်သွားပြီဆိုရင် #ဒီဘ၀ပဲသေရတော့မယ်..။
နောက်ဘ၀...နောက်ခန္ဓာတွေအသစ်ထပ်ပြိး မဖြစ်တော့တဲ့အတွက်ကြောင့်   သေခြင်းတရားကနေ အပြီးတိုင်လွန်မြောက်သွားပြီ... ဘယ်တော့မှမသေရတော့ဘူး ။