Saturday, July 7, 2018

ခလ္လာတိယနတ်ပြိတ္တာမ

☆ ကဿမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၌ လှပတင့်တယ် ရှုချင့်စ
ဖွယ်အဆင်းရှိသောခလ္လာတိယခေါ် အမျိုးသမီးတစ်ဦးရှိ၏။ ထိုမိန်မး၏ ဆံပင်
တို့သည် အလွန်မဲနက်၏။ ရှည်သွယ်၏။ နူးညံ့ပြီး အဖျားကော့၏။ ဖြေ၍ ချ
သော် ဖနောင့်နားသို့ရောက်မှ အဖျားကော့၍ တက်၏။ အဆင်းလှခြင်း၊ ဆံပင်
ကောင်းခြင်းတို့ကြောင့် ယောက်ျားများက ချစ်ကြိုက်စွဲလမ်းကြကုန်၏။

Friday, July 6, 2018

“မေတ္တာလွှမ်းခြုံ ဘေးရန်လုံ”



၁။ ကိုယ့်ကိုကိုယ်ခြောက်၊ အလွန်ကြောက်၊
မှတ်လောက်ကြောက်စရာ။
၂။ သက်မဲ့သက်ရှိ၊ နှောင့်ယှက်ဘိ၊
မှတ်သိကြောက်စရာ။
၃။ စည်းကမ်းဖေါက်က၊ ပြစ်ဒဏ်ရ၊
မှတ်ကြကြောက်စရာ။
၎။ တရားမကြွယ်၊ အထုပ်ငယ်၊
အပါယ်ခြောက်တဲ့ ကြောက်စရာ။

ဆွမ်းသုံးဆောင်ခါနီး ဆင်ခြင်ရန်။

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊
မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊
ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊
လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊

မဇ္ဈိမပဋိပဒါ။

   မဇ္ဈိမ = အလယ်အလတ်+ ပဋိပဒါ = အကျင့်
    ( အလယ်အလတ်အကျင့် = နိဗ္ဗာန်သွားရာလမ်းကြောင်း)
         ကာမဂုဏ်လိုက်စားသော ကာမသုက္ခလ္လိကအကျင့်သည် လည်းကောင်း၊ ခန္ဓာကိုယ်ကို
ဒုက္ခပေးသော အတ္တကိလမထအကျင့်သည် လည်းကောင်း၊ အောက်တန်းကျ၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို

ဘုရားလောင်းလျာကိုယ်တော်တိုင်၏ သံသရာခရီးသွားရင်း အမှား။

      သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ

Thursday, July 5, 2018

ဘာ့ကြောင့် လူသေ ရင် ၃ ရက် ထားကြတာလဲ

ဒီဓလေ့ဟာ သီရိမာ ကစတာပါ၊
သီရိမာ ဆိုတာ ပြည့်တန်ဆာတစ်ဦး
သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်၊
သူကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။
ဥတ္တရာ ရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူ ခဲ့တယ်။

Wednesday, July 4, 2018

☆“#အပျိုတန်မဲ့ပါးမှာမှဲ့”☆

‘အပျိုတန်မဲ့
ပါးမှာမှဲ့သို့
ကဲ့ရဲ့စရာ’
(မဃဒေ၀။ ပိုဒ် ၄၁၂။)
ချီးမွမ်း ခုနစ်ရက်
ကဲ့ရဲ့ခုနစ်ရက်
☆ ဒါတွေ အရေးမကြီးပါဘူး။ ချီးမွမ်းခံရတာလဲ လောကဓံ၊ ကဲ့ရဲ့ခံရတာလဲ
လောကဓံ မမှုမပါဘူး။
☆ ဤသို့သော ‘ဒဲ့တိုက်’ခံမှုသည် အကဲ့ရဲ့ခံရပြီးနောက် တံတွေးကွက်တွက် ပက်လက် မျောပြီးနောက်တွင်ကား မန္တန်တခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာ။

       မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။  တတိယဓည၀တီကို
ရခိုင်ဘုရင် “စန္ဒာသူရိယမင်း” က မဟာသက္ကရာဇ်(၉၇) ခု၊ ဘီစီ(၅၈၀) ခုနှစ်မှာ စတင်တည်ထောင်

ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲရမှာလဲ။

       သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။

ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူတွေများများကြည့်အောင်ပဲ နေသွားမှာလား? ။

        ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ  ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊  နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။

Tuesday, July 3, 2018

သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသ မေတ္တာပွားများနည်း။

ဒကာ။ ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာတစ်ယောက်၏ အခြေခံစိတ်နေသဘောထား။

         မိရိုးဖလာဗုဒ္ဓဘာသာတို့သည် ဗုဒ္ဓသာသနာတော်အတွက် အခြေခံအကျဆုံးခွန်အား ဖြစ်
၏။ ဘာသာရေးသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော လူ့အရေးအ
ရာ အားလုံး၏ အဓိက ပဓာန အချက်အချာ ဖြစ်သောကြောင့် မိရိုးဖလာဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာ
သာမြန်မာနိုင်ငံ၏ အခြေခံအကျဆုံး ခွန်အားဖြစ်ပါသည်။

ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်။

- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။
      မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။
    ပင်ပန်းရုံမျှ အားထုတ်က အတ္တကိလမထာ နုယောဂါ။

Monday, July 2, 2018

ဘုရားသော်မှ တွေ့ကြုံခံစားခဲ့ရသည့် လောကဓံတရားများ

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ ၊ ဧတံ မင်္ဂလာ မုတ္တမံ။
ဒေ၀ပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ ၊ လောကဓံတရားတို့နှင့်။
ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
စိတ္တံ ၊ စိတ်သည်။ နကမ္ပတိ ၊ မတုန်လှုပ်။
အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။
ဝိရဇံ ၊ ရာဂစသောမြူလည်းမရှိ။ ခေမံ ၊ ဘေးလည်းမရှိ။
ဧတံ ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။
မင်္ဂလံ ၊ မင်္ဂလာပေတည်း

Sunday, July 1, 2018

ဘုရားဟောသော ပိန်နည်း



မြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးဟာ ဆန်တစ်စိတ်(လေးပြည်)ချက် ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ညီမျှအောင် စီစဉ်ပေးရပါတယ်တဲ့။
တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားဆီရောက်တော့ ဦးချပြီး ထိုင်နေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်နေပါတော့တယ်။ ဒီတော့ မြတ်စွာဘုရားက ``မင်းကြီး..ထမင်းစားပြီး အပန်းလေး မဖြေခဲ့ဘူးလား´´လို့ မေးတော်မူပါတယ်။