Saturday, April 11, 2015
ဘာသာခြားတစ်ယောကါကို နိဗ္ဗာန်အကြောင်းကို ဖြေရှင်းပြခြင်း
မေးခွန်း ။ ။
ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ ပြပါ ? ဘာကို နိဗ္ဗာန်လို့ ခေါ်တာလဲ ?
ဘာမှမရှိတာကို နိဗ္ဗာန်လို့ ခေါ်တာလား ? နိဗ္ဗာန်ဆိုတာ စိတ်ကူးယာဉ်မှု တစ်ခုပါ ?
ဖြေဆိုချက် ။ ။
ကျွန်တော့်အနေနဲ့  ဘာသာခြားအစ္စလာမ်ဘာသာဝင် မွတ်စလင်သူငယ်ချင်းများ
မေးသော နိဗ္ဗာန်နှင့်ပတ်သက်တဲ့ ဖြေရှင်းမှုကို ဘာသာခြားများပါ နားလည်လွယ်အောင် ၊
ဖြေရှင်းချက် ပုံစံ ၃မျိုး နဲ့  ဥပမာများဖြင့် ဖြေရှင်းပြပေးလိုက်ပါတယ်။
စိတ်ကို သန့်ရှင်းအောင်ထား
စိတ်ကို သန့်ရှင်းအောင်ထား
ပေါ်လာတဲ့ မကောင်းတဲ့စိတ် အကုသိုလ်စိတ်တွေကို
အမှိုက်လိုသဘောထားပြီး ရှင်းရင်
 ကြာကြာအထားမခံရင် စိတ်ကြည်လင်မယ်၊
ကျန်းမားရေးကောင်းမယ်၊ ကုသိုလ် စိတ်တိုးမယ်။
အမှိုက်ဆိုတဲ့ အရာက ကြာလေ ပုပ်လေ အနံ့ဆိုးထွက်လေပါပဲ၊
မေတ္တာသုတ်လာ မေတ္တာပို့နည်း ( ၁၁) နည်း
 ၁။ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ ၂ရပ်များစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ ၂ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
Friday, April 10, 2015
ဘုရားရှင်၏ ရာဟုလာအား သြ၀ါဒတော် (၁)။
         ဗုဒ္ဓမြတ်စွာသည် ညနေချမ်းအခါဝယ် ရှင်ရာဟုလာအား သြ၀ါဒပေးတော်မူလိုသော
ကြောင့် ကမ္မဠာန်းကျောင်းကလေးသို့ ကြွတော်မူလေသည်။ ထို့နောက်  ဗုဒ္ဓမြတ်စွာသည် ထိုင်
တော်မူပြီးလျှင် ရေခွက်၌ ရေအနည်းငယ်ကို ချန်ထား၍ ရာဟုလာကို မေးတော်မူသည်မှာ - -
“ ရာဟုလာ ... ရေခွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား ?။”
 ရာဟုလာ။  ။ မြင်ပါသည် အရှင်ဘုရား။
တရားအားထုတ်မည့်သူ၌ ရှိရမည့် အပရိဟာနိယတရား ၇ ပါး။
၁။ ဘုရား၌ ရိုသေမှုရှိရမည်။
၂။ တရားတော်၌ ရိုသေမှုရှိရမည်။
၃။ သံဃာတော၊် ဆရာသမားနှင့် ထေရ်ကြီးများ၌  ရိုသေမှုရှိရမည်။
၎။ ကိုယ်ကျင့်သီလ၌  ရိုသေမှုရှိရမည်။
၅။ တည်ကြည်ခြင်း၌ ရိုသေမှုရှိရမည်။
မူကြိုတို့အတွက် ၀ိပဿနာ။
       မူလတန်းပညာကို တက်ရောက်သင်ယူရန်အတွက် အသင့်ပြင်ဆင်မှုအဖြစ် ကလေးများ
ကျောင်းနေပျော်အောင် မူကြိုကျောင်းကို တက်ရောက်သင်ကြားလေ့ရှိပါသည်။ ဒီနေရာ၌
မူကြိုတို့အတွက် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ ၀ိပဿနာတရား အားထုတ်ရန် တာစူနေသူတို့ကို
ဆိုလိုပါသည်။ အသက်အရွယ်အားဖြင့်မဆိုင် ၀ိပဿနာအားထုတ်ရန် စဉ်းစားခန်းဝင်နေသူတို့
နတ်ပြည်သို့သွားရန် ဒီ ၅-ခုပဲ လုံရမှာပါ။
          ဓမ္မမိတ်ဆွေအပေါင်းတို့ ပွင့်လျက်ရှိသော နတ်ပြည်လမ်းကြောင်းကြီးပေါ်သို့
လူတိုင်းသွားရောက်နိုင်ပါတယ်။ ဘယ်လိုလုပ်ပြီး သွားရောက်နိုင်သလဲဆိုရင် ရှင်းရှင်း
လေးပါ။
(၁) ပါဏော န ဟန္တဗ္ဗော -
- သူများအသက် မသတ်နဲ့။
(၂) အဒိန္နံ နာဒါတဗ္ဗံ -
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၂)။
  “သတိပဌာန် ဆောင်ပုဒ်များ(၂)”
  =================
     “သတိပဌာန် (ရှုပုံ)”
      ===========
ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။
ဖောင်းတာပိန်တာ၊ အစဖြာ၊ ပေါ်ရာ ရှုပါလေ။
စိတ်ပြေးစိတ်လွင့်၊ မထိန်းနှင့်၊ အသင့်ရှုပါလေ။
Thursday, April 9, 2015
ဝေဿန္တရာမင်းကြီး၏ ခန္တီ ၊ ပါရမီ နှင့် အလှူဒါန
ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။
ဝေဿန္တရာကို ဖွားမြင်သောနေ့၌ပင် ကောင်းကင်၌ ကျက်စားသွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူပေါက်ကလေးကို မင်း၏ဆင်တင်းကုပ်၌ ထားခဲ့ပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။ ထိုဆင်ဖြူတော်ကလေးအား ပစ္စယဟု အမည်ပေးသည်။
နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ
နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ
မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ (ခါးကုန်း) မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။
အကုသိုလ်ပြုမိခဲ့၍ နောင်တ အဖန်ဖန် ရနေသလော
နောင်တ တစ်ဖန်ပူပန်ခြင်း သဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စ” နောင်တတစ်ဖန် ပူပန်ထန်ပြင်း”ဟုဆိုခဲ့သည်။ ချဲဦးအံ့။ ဤကုက္ကုစ္စ၏ နောင်တရမှုသည် “အကုသိုလ်ပြုပြီးမှ ပြုမိတာ မှားလေစွ “ဟုလည်းကောင်း၊ ကုသိုလ်မပြုမိ၍ “မပြုမိတာ မှားလေစွ” ဟုလည်းကောင်း နောင်တရခြင်း(၂)မျိုးရှိ၏။
“မခွဲမခွာ ဘဝဆက်တိုင်းတွေ့လိုတဲ့ ဇနီးမောင်နှံနှစ်ဦးကို မြတ်စွာဘုရားက ပေးတဲ့နည်း”။
✧ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာ တူညီပါစေ ✧
✧ နကုလပိတာနှင့် နကုလမာတာ၊ ဒီဇနီးမောင်နှံတို့က ဘုရားရှင်ရဲ့ မိဘအဖြစ်
နဲ့ ဘ၀ပေါင်းငါးရာ, မိကြီး, မိထွေး, ဘကြီး, ဘထွေးအဖြစ်နဲ့ ဘ၀ပေါင်း ငါးရာ
စီဆိုတော့ ဘ၀ပေါင်း တစ်ထောင့်ငါးရာစီလောက် ဆွေမျိုး ဆက်တိုက် တော်စပ်
ခဲ့ဖူးကြပါတယ်။
စူဠသောတာပန်နှင့်ပတ်သက်၍ မြောင်းမြမြို့ဝေဠုဝန်ဆရာတော်၏ သြ၀ါဒ။
       သာသနာကြီးနှင့် ကြုံကြိုက်ပါလျက် အပါယ်သံသရာမှာ ပြန်ကျရဦးမယ်ဆိုရင် သာသနာ
တော်နဲ့ တွေ့ရကျိုး၊ လူဖြစ်ရကျိုး မနပ်တော့ဘူးလို့မှတ်ပါ။ ဒါကြောင့် မဟာသောတာပန်အဖြစ်
သို့ မရောက်သေးစေကာမူ “ တိဟိတ် ဒွိဟိတ်ရယ်လို့ ရွေးချယ်မနေဘဲ ကြိုးစားအားထုတ်သူ
မှန်သမျှ ဘယ်လူမျိုးမဆို ရနိုင်တဲ့ စူဠသောတာပန် အဖြစ်ကိုတော့ သာသနာတော်နဲ့ ကြုံတွေ့
မြတ်ဗုဒ္ဓ၏ နောက်ဆုံးမိန့်မှာစကားဖြင့် နိဗ္မာန်ဆီသို့ ဦးတည်ခြင်း။
     သံသရာထဲမှာ ကျင်လည်ရတဲ့အခါ ဒုက္ခဆင်းရဲတွေ နည်းနိုင်သမျှနည်းပြီး ချမ်းသာ
သုခ များစွာနဲ့  သံသရာထဲမှာ ကျင်လည်ရပြီး နောက်ဆုံးမှာ ချမ်းသာသုခတို့ ရဲ့  အ
ထွဋ်အထိတ် ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာထိအောင် မြတ်စွာဘုရားက လမ်းညွှန်ပေး
ထားပါတယ်။ ဘုရားဟောတဲ့ တရားတော်တွေဟာ နိဗ္ဗာန်ကို ဦးတည်တယ် ဆိုပေမဲ့
သစ္စာလေးပါးတရားသဘော။
         ၁။ ပိုင်းခြားသိရမယ့်တရား။   ။ မိမိသန္တာန်မှာ အမှန်အရှိက ခန္ဓာငါးပါး ရုပ်နာမ်
ဖြစ်ပျက်တရား သာရှိ၍၊ အို နာ သေရေး ဒုက္ခဘေးတို့မှ မလွတ်ကင်းကြောင့် ဒုက္ခသစ္စာ
သာတည်းဟု မှတ်ထားပါ။
         ၂။ ပယ်ရမယ့်တရား။    ။ ထိုဒုက္ခသစ္စာဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို
ဒုက္ခဟုမသိ၍ မိမိ လိုချင်တပ်မက်မှု= တဏှာ၊ စွဲလမ်းမှု= ဥပါဒါန်၊ ရချင်လို့လုပ်တဲ့
ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၃)။
“တရားပွဲတော်မှ ဖိတ်ကြားပါသည်။”
===================
၁။   သာသနာနှင့်  လူ့ဘ၀၊
      တွေ့ဆုံဖို့ရန်  လွန်စွာခက်ခဲလှ။
      သာသနာနှင့်  တွေ့ဆုံတုန်း၊
      တရား များများ  နာကြအုန်း။
Wednesday, April 8, 2015
သာဓု. . . . .
အရင်က တောရွာတစ်ရွာရဲ့အနီးမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိသတဲ့..... ဆရာတော်ကြီးဆွမ်းခံကြွတဲ့အခါမှာ ရွာနဲ့ အတော်လေးလှမ်းသတဲ့. . . ဒါကြောင်း ဆရာတော်ကြီးကို အလွန်ကြည်ညိုသူ ဒကာတစ်ဦး က ဆရာတော်ကြီးကြွလာချိန်မှာ အမောပြေ၊ အဆာပြေ ဘုဉ်းပေးဖို့ ရေနွေးကြမ်းနဲ့ ခဲဖွယ်တစ်ခုခုကို အမြဲစီစဉ်ထားပြီး သူ့အိမ်မှာ တစ်အောင့်တစ်ခဏနားနေ ဘုဉ်းပေးဖို့ အမြဲ ပင့်လျှောက်ပါသတဲ့. . . နေ့စဉ်နေ့တိုင်း ထိုင်အိမ်သဘောမျိုးနဲ့ ဆရာဒကာ
သေသွားတဲ့သူ ရည်စူပြီးလှူ သေသူ ရမရ
(နန်းစန်ဟွမ်) မေး။  အရှင်ဘုရား သေတဲ့သူကို ရည်စူးပြီး ဆွမ်းသွပ်အမျှဝေပေးတာ   သေဆုံး သွားတဲ့သူ ရနိုင် မရနိုင် သိချင်ပါတယ် ဘုရား။ တချို့လူတွေက ပြောတယ်   သေသွားတဲ့သူတွေ မရနိုင်တော့ဘူး။ အလှူအတန်းလုပ်တဲ့သူတွေပဲ ရတယ်လို့ ပြောကြတယ်။ အဲဒါ အရှင်ဘုရား ဘယ်လိုမြင်ပါသလဲဘုရား။   ကျေးဇူးပြု၍ ဖြေကြားပေးပါဘုရား။ 
(အရှင်စ၀်ဆုခမ်း)
ဖြေ ။  သေဆုံးသွားတဲ့သူတွေ တချို့ရနိုင်တယ်။ တချို့ မရနိုင်ဘူးလို့ပဲ ဖြေရပါမယ်။ 
မရနိုင်တဲ့သူတွေကတော့ - 
သိဒ္ဓိဟူသည်
                                                                  စီးပွါးရေး၊ ဘဝအခြေ မြင့်မားရေးတို့ အတွက် လောကီအစီအမံဖြင့် တစ်ပွဲထိုးရှာကြံလိုသူ ပေါများလျက်ရှိ၏ သိဒ္ဓိတင်ထားသည်ဆိုသော ပစ္စည်းများကို 'ဆောင်' ထားလျှင် 'အကျိုးပေးသည်'၊ "အကြံအောင်သည်" ဟူ၍လည်း အယူရှိကြ၏။ သိဒ္ဓိတင်စ္စည်း ရောင်းဝယ်မှုကို စီးပွါးရေး
ကိုးဘွဲ့ရဆရာတော်၏ " အသဲနာတယ် "။
        ဦးဇင်းတို့ လွန်ခဲ့တဲ့နှစ်ရက်လောက်က ပြည်မြို့ဘက်ကို သွားပါတယ်။ ပြည်မြို့အနီး ပေါက်
ခေါင်းမြို့နဲ့ ပေါင်းတလည်မြို့အစပ်ကြားမှာ အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ရွာကလေးတစ်ရွာရှိ
ပါတယ်။ အဲဒီရွာကလေးမှာနေကြတဲ့ တောင်သူလယ်သမားများ၊ ၀ါဆိုဝါကပ်တော်မူကြသော သံဃာ
တော်အရှင်မြတ်များအား ဦးဇင်းတို့က ၀ါဆိုသင်္ကန်း၊ ထီး၊ ဖိနပ် အစရှိသော လှူဘွယ်ပစ္စည်း (၁၆)
မဂ္ဂင် ရှစ်ပါး။
          မဂ္ဂင် ရှစ်ပါးမှာ ==
၁။ သမ္မာဒိဌိ = သစ္စာတရားလေးပါးကို ကောင်းစွာမြင်ခြင်း။ မှန်ကန်သောအယူရှိခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသောအကြံကို ကြံခြင်း။
၃။ သမ္မာဝါစာ = ၀စီဒုစရိုက်လေးပါးမှ ကြဉ်၍ ကောင်းသောစကားကိုပြောဆိုခြင်း။
၎။ သမ္မာကမ္မန္တော = ကာယဒုစရိုက်သုံးပါးမှ ကြဉ်၍ ကောင်းသောအမှုလုပ်ခြင်း။
စူဠသောတာပန်နှင့်ပတ်သက်၍ ညောင်လေးပင်တောရဆရာတော်၏ သြ၀ါဒ။
         ဒုလ္လဘသာသနာ တွေ့ကြုံပါလျက် စူဠသောတာပန်မဖြစ်ဘဲ သေလျှင် ရှက်ဖွယ်ကောင်း
သော သေရခြင်းသာ ဖြစ်လတ္တံ့။ ဘုရားရှင်လက်ထက်တော်၌ တစ်မဂ်တစ်ဖိုလ်မဖြစ်ဘဲ သေသူများကို အများဝိုင်း၍ ကဲ့ရဲ့ကြသတတ်၊  စူဠသောတာပန်မဖြစ်ဘဲ သေသူများကိုလည်း အသေခံ
ရဲဝံ့လေစွာ ယမမင်း၏ တူလော- သားလော- ဆွေမျိုးလောဟု မေးထိုက်၏။
ထာဝရချမ်းသာမယ့်နည်း။
     လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုး
ကို ရှာဖွေမှ တကယ့်အရေးကြုံလာတဲ့အခါမှာ ကောင်းတဲ့အခြေအနေမျိုးတွေ ဖြစ်နိုင်သလဲဆိုတာ ဘ၀အရေးနဲ့ 
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၁)။
     “သတိပဌာန်၏အကျိုး (၇) ပါး”
     =================
ကိလေညစ်ကြေး၊  ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး၊  ငိုကြွေးကင်းရန်၊
ကိုယ်စိတ်ဆင်းရဲ၊  ချုပ်စဲဖို့ရန်၊
မြတ်နိဗ္ဗာန်၊  အမြန် ဆိုက်ရောက်ရန်၊
Tuesday, April 7, 2015
ဗုဒ္ဓဘာသာဝင်တွေ သက်သတ်လွတ် စားသင့်၊ မစားသင့်
(၁) - ဗုဒ္ဓဘာသာဝင်တွေဟာ သက်သတ်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။
(၂) - ဒါပေမဲ့ သင် အသားစားရင် သတ္တ၀ါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။
(၃) - မဟာယာန ဗုဒ္ဓဘာသာဝင်တွေဟာ အသား မစားကြဘူး မဟုတ်လား။
ပါရာဇိက ဟူသည်
မေးအရှင်ဘုရား၊ ရဟန်းပါရာဇိက၊ ရှင်သာမဏေပါရာဇိက၊ ဘိက္ခုနီပါရာဇိက၊ သာမဏေရီပါရာဇိက နှင့် လူပါရာဇိကတို့ ဆုံးရှုံးပုံကို ရှင်းပြပေးပါဘုရား။
တဖန် ထိုပါရာဇိက ကျသူများ၊ မဂ်ဖိုလ်မှ မတားမြစ်၊ (မဆုံးရှုံးရ) အောင် မည်သို့ဆောင်ရွက်နိုင်ပုံနှင့် သီလရှင်များ ပါရာဇိက ကျနိုင်-မကျနိုင် 
ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ ( စောရန်နိုင်ထွန်း-တာချီလိတ် )
ဗုဒ္ဓသည် ဝိနည်းသိက္ခာပုဒ်တို့ကို တကြိမ်တည်း မပညတ်ရခြင်းအကြောင်း
ဗုဒ္ဓသည် သဗ္ဗညုတရွှေဉာဏ်တော်ရှင်ဖြစ် ပါလျက်နှင့် ဝိနည်းသိက္ခာပုဒ်တို့ကို တကြိမ်တည်းနှင့် အားလုံးအပြီး အဘယ့်ကြောင့် မပညတ် မပြဋ္ဌာန်းတော် မူပါသနည်း။
(မေးမြန်းလျှောက်ထားသူ - မစ္စတာ ဘာသာဆဟစ်၊ ဖန်ဆီ သိုးမွေးစက်ပိုင်ရှင်၊ မာလဘာကုန်းမြင့်၊ ဘုံဘိုင်မြို့၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံး။
ကုသိုလ်ရလိုက်ရင် ဝမ်းနဲရတယ်လို့ ဘယ်တော့မှမရှိဘူး၊ ဘာကြောင့်လဲဆိုရင်
ကုသိုလ်ဟာ ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံးဖြစ်လို့ပါ၊ ကုသိုလ်က ကိုယ့်ကို ဘယ်
တော့မှ သစ္စာမဖောက်ဘူး။
တစ်ဘဝလုံးလဲ သစ္စာမဖောက်ဖူး၊ တစ်သံသရာလုံးလဲ မဖောက်ဖူး၊ အထူးအားဖြင့်
နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။
၁။ စာတုမဟာရာဇ်နတ် = နတ်သက် နှစ်     ၅၀၀၊လူ့တွက်ကိန်းအသက် နှစ်       ၉,၀၀၀,၀၀၀။
၂။ တာဝတိံသာ နတ်   = နတ်သက် နှစ်    ၁၀၀၀၊လူ့တွက်ကိန်းအသက် နှစ်    ၃၆,၀၀၀,၀၀၀။
၃။ ယာမာနတ်           =  နတ်သက် နှစ်   ၂၀၀၀၊လူ့တွက်ကိန်းအသက် နှစ်   ၁၄၄,၀၀၀,၀၀၀။
၎။ တုသိတာနတ်        = နတ်သက် နှစ်   ၄၀၀၀၊လူ့တွက်ကိန်းအသက် နှစ်  ၅၇၆,၀၀၀,၀၀၀။
သုစရိုက် ၁၀ ပါး။
          သုစရိုက်  ၁၀  ပါးမှာ ==
၁။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ အဒိန္နာဒါနာ ဝေရမဏိ = သူ့ဥစ္စာကို ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ = သူ့အိမ်ယာ ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မုသာဝါဒါ ဝေရမဏိ = မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
အဓိပ္ပါယ်မသိတဲ့ “ဥုံမဏိပဒ္ဓေဟုံ”။
        “ဥုံမဏိပဒ္ဓေဟုံ” စာတန်းကို မော်တော်ကားမှာကပ်သူကပ်၊ လ္ဘက်ရည်ဆိုင်မှာချိတ်သူချိတ်၊
ဘုရားခန်းမှာထားသူထား၊ အဆောင်အယောင်အဖြစ် ကိုယ်နဲ့မကွာ ဆောင်သူဆောင်နှင့် ရိုးရိုး
စက္ကူကပ်ပြားအဆင့်သာ မဟုတ်တော့ဘဲ တန်ဖိုးရှိပစ္စည်းများဖြင့် သားသားနားနားပင် လုပ်ပြီး
ကိုးကွယ်မှုဆိုင်ရာ လုပ်လာကြပါသည်။ အဓိပ္ပါယ်မသိတဲ့သူ ရာနှုန်းပြည့်နီးပါး ရှိပါမည်။ သိလျှင်
အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။
    သူတော်စင်တွေ ဆုတောင်းတိုင်း   ၀ိပတ္တိတရား  လေးပါး။  ဗျာသနတရား  ငါးပါး။ ဆိုတာကြပါ
တယ်။  အဲဒီ ဗျာသနတရား ငါးပါးမှာ==ဥာတိဗျသန=ဆွေမျိုးတွေထဲက ပျက်စီးမှု။ ဘောဂဗျသန=
စည်းစိမ်ဥစ္စာတွေ ပျက်စီးမှု။ ရောဂဗျသန=ရောဂါဝေဒနာ ဖြစ်ခြင်းဖြင့် ပျက်စီးမှု။
သီလဗျသန=အကျင့်သီလ ပျက်စီးမှု။ ဒိဌိဗျသန=အယူဝါဒအမြင်ရဲ့ ပျက်စီးမှုတို့  ဖြစ်ကြတယ်။
Monday, April 6, 2015
မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၇ ( နိဂုံး )
ဟင် -- အဲဒီလို ခိုင်းလို့ ရသလား ၊ ငါတို့က သိမှ မသိတာ၊ ကြုံလဲ မကြုံဖူးတော့ ဘာလုပ်ရမယ်မှန်းလဲ မသိဘူး ကိုယ့်အတွက် သတိပဲ ထားနေရတယ် - -
တင်ပါ့ အခုတော့ ပြီးပါပြီ ကိစ္စမရှိတော့ပါဘူး၊ သူကလဲ ၀င်ပြီး ပြန်ထွက်ပေးမယ် ပြောပါတယ် ၊
ဒါကြောင့် တပည့်တော်ကလဲ ၀င်ခိုင်း လိုက်တာပါ ။ သူက ၀င်ပြီး မထွက်ရင် တပည့်တော်က သေမှာဘုရား - -တဲ့၊
အေး မဝေက ပြီးပေမယ့် ငါတို့က မပြီးနိုင်သေးဘူး၊ မေးစရာတွေ အများကြီးပဲ မေးရမှာပဲ - -ဆိုတော့ မေးပါ တဲ့။
ဒါနဲ့ စာရေးသူတို့ကလဲ တရစပ် မေးတော့တာပေါ့၊
Sunday, April 5, 2015
ရုပ်လှ အပြစ်။
        စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။
ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။
သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက
အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ ပြန်ပြီးတော့ကို အင်း .. ဖောက်
ဘုရားရှင်၏ “မာတုဂါမများနှင့် ဆက်ဆံရေး” ။
       “ ပစ္စည်း မာတု၊ ဤနှစ်ခု၊ ဘိက္ခုသေမင်း၊ ဓားနှစ်စင်း” တဲ့။ ဗုဒ္ဓသာသနာတွင် အဆိုးဝါး
ဆုံးသော အန္တရာယ်မှာ ရဟန်းတော်များအတွက် မာတုဂါမနှင့် ရွှေ ငွေ လာဘ်လာဘ တို့ပင်
ဖြစ်ပါသည်။ အမျိုးသမီးများသည် ရဟန်းတော်များကို အမျိုးသားများထက် ပို၍ ကြည်ညိုကြ
ပါသည်။ သဒ္ဒါတရားထက်သန်ကြပါသည်။ သို့သော် အများစုမှာ သဒ္ဒါလွန်ကဲပြီး ပညာအားနည်း
အရှင်နန္ဒမာလာဘိဝံသ၏ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှု။
      နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်=="သမ္မာဝါစာ"=စကားအပြောကို
ထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ  အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲ
ပြောရမယ်။ ။"သမ္မာကမ္မန္တ"=အပြစ်ရှိတဲ့ အလုပ်ကနေ ရှောင်ကြဉ်ပြီး အပြစ်ကင်းတဲ့
တစ်သက်လုံး တရားမွေ့လျော် နေတတ်အောင်။
ဉာဏ်အစစ်မရသေးခင်  ၀ိပဿနာပေါ်အောင်  ကြိုးစားရတယ်။  ၀ိပဿနာအစစ်ဟာ  ဘယ်အချိန်ဖြစ်
ဖြစ်  ပေါ်နိုင်ပါတယ်၊  ၀ိပဿနာဉာဏ်ပေါ်အောင်  ကြိုးစားတဲ့အလုပ်  လုပ်မယ်ဆိုရင်  အချိန်မရွေး
လုပ်နေပါ။  ၀ိပဿနာဆိုတာ  ပညာဉာဏ်ပါ၊  ဉာဏ်ရှိမှ  ၀ိပသနာဖြစ်ပါတယ်။  ဉာဏ်ရှိအောင်  ဘာ
“ သူယုတ်မာအင်္ဂါ လေးပါး ”
  (၁)သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောကြားတတ်ပြီး
မေးလျှင်လည်း ချဲ့ ကား၍ ပြောတတ်ခြင်း။
    (၂)သူတစ်ပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးလျှင်မပြောဘဲ မေးလျှင်လျှော့
ပေါ့၍ ပြောခြင်း။
မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၆
အေး ဒါဆိုလဲ ပြီးတာပါပဲ - ၀င် ခွင့်ပြုတယ် လို့ ပြောလိုက်ပါ၊
တင်ပါ ဆိုပြီး တဘက်ကို ခါးမှာစည်းနှောင်ပြီး ခဏနေတော့ လဲကျသွားတယ်၊ အမှန်တကယ်ပါပဲ သူ့ခန္ဓာကိုယ်က လူသေကောင်တယောက်လို အသက်မရှူတော့ဘဲ ၁၀ စက္ကန့်လောက်ပဲ ကြာမယ် အဲဒီအချိန်လေး အတွင်းမှာ
လဲကျသွားတဲ့ ခန္ဓာကိုယ်ကြီးကို အနားမှာ ရှိနေတဲ့ သူ့ညီမလေးက ကြမ်းပြင်ပေါ် လဲကျမသွားအောင် ထိန်းပေးရှာတယ်၊ စာရေးသူ တို့မှာတော့ ရင်တထိတ်ထိတ် နဲ့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ သတိထားကြည့်နေရတာပေါ့ ။
တရားအားထုတ်ပြီး အနန္တော အနန္တငါးပါးကို ပူဇော်ကန်တော့ရန်။
        "ဣမာယ ဓမ္မာနု ဓမ္မာပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိ၊
                  ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ။"
         ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ဟု
ဆိုအပ်သော ဤလောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိဝတ်
ဖြင့် ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ ဓမ္မံ- တရားတော်မြတ်ကို၊ သံဃံ-သံဃာတော်မြတ်
စူဠသောတာပန် ဖြစ်ရခြင်း၏ အကျိုးတရားများ။
  ၁။ မိမိ၏အသိဉာဏ် တိုးတက်လာပြီး သီလကို စင်ကြယ်အောင် စောင့်ထိန်းနိုင်သူ
တစ်ယောက်ဖြစ်လာသည်။
  ၂။ သီလရှိခြင်းကြောင့် စိတ်ဖြူစင်သန့်ရှင်းပြီး တည်ငြိမ်အေးချမ်းလာသည်။
  ၃။ သက္ကယဒိဋ္ဌိကို ပယ်ခွာနိုင်သဖြင့် သက္ကယဒိဋ္ဌိကြောင့်ဖြစ်ရသော လောဘ၊ ဒေါသ၊ မာန
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၀)။
            “သတိပဌာန် လမင်း”
            ============
ရှင်တော်ဗုဒ္ဓ၊  သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊  ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊  ဖြာကျနေစဉ်၊
နိုးသူများ၊  ရှုပွား အပူစင်။ ။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၃) ။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၂) ”
------------------------------------
၁၂။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ပဲ
မတ်တတ်တိုး၍ မသွားနှင့်။
၁၃။ စားဖွယ်စားရာ၊ ကပ်သောခါလည်း
ချဉ်းလာနီးစေ၊ ခြေစုံနေ၍
ရိုသေကိုင်းညွတ် ချဉ်း၍ကပ်။
ဂေါတမမြတ်စွာဘုရားဖြေကြားသော အာဠ၀ကဘီလူး၏မေးခွန်းများ။
 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)