Saturday, July 19, 2014

အတ္ထက္ခာယီ မိတ်ဆွေ။

၁။ မကောင်းမှုမှ တားမြစ်တတ်၏။
၂။ ကောင်းမှု၌ သက်ဝင်စေ၏၊ တိုက်တွန်းတတ်၏။
၃။ မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
၎။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်၏တို့ ဖြစ်ပါတယ်။ ။

နိဝရဏတရား ၅ ပါး။

            နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
                             ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
                             နိုင်သောစိတ်။

မြတ်စွာဘုရားက ရှင်ပုဏ္ဏကို သုနာပရ န္တ အရပ်မှာ နေခွင့်ပြုရခြင်း။

        ရှင်ပုဏ္ဏက “သုနာပရန္တ ဆိုတဲ့ အရပ်ကို တပည့်တော်သွားပြီး နေမှာပါ” လို့ဆိုတော့ မြတ်
စွာဘုရားက =“သုနာပရန္တ အရပ်ကလူတွေ လူဆိုးတွေ၊ လူကြမ်းတွေများတယ်။ မင်း အဲဒီနေရာ
သွားနေမယ် ဆိုလို့ရှိရင် မင်းကို အဲဒီလူတွေကမြင်တော့ ၀ိုင်းဆဲရင် ဘယ်လိုလုပ်မတုန်း။”

သမာဝတီ၏ မေတ္တာအစွမ်း။

        ကောသမ္ဗီပြည် ဥတေနမင်းဝယ် သမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရားသုံး
ယောက် ရှိပါတယ်။ သမာဝတီဟာ ရတနာသုံးပါးကို ကြည်ညိုတယ်။ မာဂဏ္ဍီကား မိဖုရား မဖြစ်
ခင် အပျိုစင်ဘ၀ကပင် ဘုရားအပေါ်မှာ ရန်ငြိုးထားခဲ့တဲ့ ပုဏ္ဏေးမကလေးပါ။ ဒါကြောင့် မာဂဏ္ဍီ

မဟာဇနကမင်းကြီး တောထွက်ပုံက ထူးဆန်းနေသလား ?့။

      မဟာဇနကမင်းကြီး ရသေ့ဝတ်တောထွက်ဖို့ရာတွင် နန်းတော်က သီဝလိဒေ၀ီမိဖုရားကြီးနဲ့ 
အခြေအရံတွေ၊ စစ်သည်တွေလည်း နောက်က လိုက်သွားကြပါတယ်။ လမ်းခရီးက ရွာတစ်ရွာ
ရောက်တော့ မိန်းကလေးတွေ ဗန်းငယ်၊ ဆန်ကောငယ်တွေနဲ့ ကစားနေကြပါတယ်။ အဲဒီထဲက  

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း


                                          



ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

* သေရွာပြန်တစ်ဦး၏ ဖွင့်ဟ၀န်ခံချက် နှင့် ရေစက်ကံအကြောင်း *



တစ်ခါက မောင်ကုသိုလ် လို့အမည်ရတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူ့မိဘတွေက ဘာသာတရားကိုင်းရှိုင်းသလောက် သူကတော့ သူ့နာမည်နဲ့မလိုက်အောင် အကုသိုလ်လုပ်တဲ့နေရာမှာ အလွန် အထုံဝါသနာပါတယ်။ ငှက်ပစ်တာ၊ ငါးဖမ်းတာ၊ အမဲလိုက်တာ… စသဖြင့် သူများအသတ်သတ်ရတာကို ပျော်တယ်လေ။ သူ့အဖေနဲ့အမေက ဘယ်လိုဆုံးမဆုံးမ မရဘူး။

ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာမည်၏။



ကစ္စာနီဇာတ်
တစ်ခါတုန်းက မြို့တစ်မြို့မှာ သားအမိနှစ်ယောက် ရှိပါတယ်။ သားဖြစ်သူက အမေကို နတ်လိုသဘောထားပြီး လုပ်ကျွေးနေတာပါ။
တစ်နေ့တော့ အမေဖြစ်သူက သားဖြစ်သူကို အိမ်ထောင်ပြုဖို့ ပြောလာပါတယ်။ လူဆိုတာ အာရုံနဲမတွေသေးခင် တကယ်အဖြူထည်လေးပါ။ အာရုံကြောင့်သာ အရောင်တွေပြောင်းသွားကြတာပါ။

Friday, July 18, 2014

ဝေဒနာ ချုပ်ခြင်း(သို့)မချုပ်ခြင်းအကြောင်း သိကောင်းစရာ



ဝေဒနာကား ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် တရားစုသာ ဖြစ်၏။ ဝေဒနာကို ကုန် အောင်တိုက်ရမည့် တရားကား မဟုတ်ပေ။ ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာအမျိုး မျိုးတို့ကိုသာ ကုန်အောင်တိုက်ရမှာ ဖြစ်သည်။ တဏှာကို ကုန်ခန်းစေသည့် ကျင့်စဉ်ကား --- အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါ ဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင် ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းရပ်ပင် ဖြစ်သည်။

ပရမတ္ထတရားကို စိစစ်နည်း



သဘာဝတရားတို့၏အခြေခံဖြစ်သော ပရမတ္တတရားတို့သည် သဘောမျှသာဖြစ်ကြပြီး သက်တမ်းအလွန့်
အလွန် တိုတောင်းကြသည့်အတွက် ၄င်းတို့ကို လက်ဆုပ်လက်ကိုင်ပြ၍ မရပါ။
ဤပရမတ္တတရားတို့ အမှန်တရယ်ရှိကြောင်းကို စိစစ်ပြနိုင်သော နည်းလေးမျိုှးရှိ၏။ ၄င်းတို့မှာ လက္ခဏ၊
ရသ၊ ပစ္စုပဋ္ဌာန်နှင့် ပဒဋ္ဌာန်တို့ဖြစ်ကြ၏။

လူငယ်တိုင်း ဖတ်သင့်သည့် လောကဓံတရား(၈)ပါး



လောကဓံသည်


၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။


၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။


၃။ယသ =အခြွေအရံများခြင်း။


၎။အယသ =အခြွေအရံမရှိခြင်း။


၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။


၆။ပသံသာ =ချီးမွမ်းခံရခြင်း။


၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။


၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ ဤသို့အားဖြင့် ရှစ်ပါးရှိပါတယ်။

ဝစီပရမ မိတ်ဆွေတု။

၁။ လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
၂။ မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
၃။ အချည်းနှီး လောကွက်မျှဖြင့် ချီးမြှောက်၏။

နိကာယ် ၅ ပါး။

         နိကာယ် ၅ ပါးမှာ ==
၁။ ဒီဃနိကာယ် = သုတ်သုံးကျမ်း။
၂။ မဇ္ဈိမနိကာယ် = ပဏ္ဏာသသုံးကျမ်း။

လူနှင့် ဘာသာ-ကိုးကွယ်မှုအစဟူသည်။

             လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘ၀မှ တဖြည်းဖြည်းချင်း
ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများ ဖြစ်လာသည်ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ
လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့စည်းထားသော သဏ္ဍာန်တစ်ခု
သာဖြစ်ကြောင်း ထင်ရှား၏။

ဝါဆိုလပြည့်ကျော်(၅) ရက်၊ အနတ္တလက္ခဏ အခါတော်နေ့။

        ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အခါတော်နေ့များတွင် အနတ္တလက္ခဏ အခါတော်နေ့
ကလည်း နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ၀ါဆိုလပြည့်နေ့မှာ မြတ်
စွာဘုရားက တရားဦးဓမ္မစကြာ ဟောတော်မူရာ ပဉ္စ၀ဂ္ဂီငါးဦးတို့ နေ့ရက်အစဉ် , ထေရ်အစဉ်ဖြင့်

စိတ်ထားတတ်ရုံနဲ့ ပါရမီဆယ်ပါး ဖြည့်နည်း။

         တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွား
ပျောက်တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မော
လာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည်
ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက် ချောက်တွင်းထဲကို ပြုတ်ကျသွား

Thursday, July 17, 2014

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံ နှင့် အကျိုးကျေးဇူး




“သန္ဓေ တောထွက် ဓမ္မစက် ပုန်းညှက်သင်းချို လ၀ါဆို” ဟူသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၄ခုနှစ် ဇူလိုင်လ ၁၁ – ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ၄င်း ၀ါဆိုလပြည့်နေ့တွင် ၀ါဆိုဝါကပ်ကြမည့် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများကို အနည်းငယ်မျှ ဖော်ပြပေးပါမည်။

သိကြားမင်း၏မိဖုရား ၄ ပါး။

       သိကြားမင်း၏မိဖုရား ၄ ပါးမှာ ==
၁။ သုဓမ္မာ = နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏ရှေ့က ခစားရသည်။
၂။ သုဇာတာ =  နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏လက်ျာက ခစားရသည်။
၃။ သုနန္ဒာ =  နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏နောက်က ခစားရသည်။

မဟာဇနကမင်းကြီး၏ သံဝေဂတရား။

         ဘုရားအလောင်းတော် မဟာဇနကမင်းကြီး ဆင်ဖြူစီးပြီး ဥယျာဉ်တော် ထွက်လာတဲ့အခါ
ဥယျာဉ်ဝမှာ အသီးတွေဝင်းမှည့်ပြွတ်ခဲနေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်၊ အသီးမရှိဘဲ အရွက်တွေ
စိမ်းမြစည်ပင်နေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်ကို တွေ့ရတယ်။ အဲဒီအချိန်မှာ လူတွေကတော့

မရောင်းကောင်းသော ကုန်ပစ္စည်းများ။

        မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည်
အင်္ဂတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ်၊ ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာဝင် တစ်ယောက်
အနေဖြင့် မရောင်းကောင်းသော ကုန်ပစ္စည်း ငါးပါးကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းတို့မှာ=
           (၁)။ သတ္တ၀ဏဇ္ဇာ  =အများသေစေကြောင်း လေး၊ မြှား၊ သေနတ်စသော လက်နက်

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၇)။

“သတိတမံ  ဉာဏ်မြေကတုတ်”
==================
ကိလေရေလျဉ်၊  စီးလာလျှင်
သင့်တွင်ဘာနှင့် တားမည်နည်း။
ကိလေရေလျဉ်၊  စီးလာလျှင်
အစဉ်သတိ  တားပါမည်။

Wednesday, July 16, 2014

ဘုရားအလောင်းတော်ရဲ့ မိတ်ဆွေကောင်း။

       ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရားအလောင်းတော်
ဇောတိပါလဆိုတဲ့ ပညာတတ်ဗြဟ္မဏပုဏ္ဏားနဲ့ ဃဋိကာရ အိုးထိန်းသည်ကြီးတို့ဟာ  အင်မတန်
ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ကြပါတယ်။ ဃဋိကာရ ဆိုတာက ကဿပမြတ်စွာဘုရားရဲ့  ဥပသကာ
ကြီးတစ်ယောက် ဖြစ်ပါတယ်။

ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါး။

            ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါးမှာ = =
၁။ ဘုရားလောင်း ဖွားတော်မူစက လက္ခဏာဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်း
ကို ကြားကုန်၍ အစောင့်အရှောက်ပြုကုန်၏။
၂။ ခမည်းတော် သုဒ္ဓောဒနမင်းကြီးက သဒ္ဒာကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေ

လောက တက္ကသိုလ်ကြီး။

      “ လောကကြီးဟာ သတ္တ၀ါတွေအတွက် အကျိုးအပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်”
ဆိုတာ ကြားဖူးကြမှာပါ။ နိတိကျမ်းတွေထဲမှာလည်း ဒီသဘောမျိုး ဆုံးမတာတွေ အများကြီးရှိပါ
တယ်။ စာဏကျနီတိကျမ်းမှာဆိုရင်---

လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

        စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်
မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း

ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။

         တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို
ပုဂ္ဂိုလ်ဆိုရင် (၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်
ယောက်ဟာ၊ ဆိုပါစို့... အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိ
အောင် သူ့အန္တရာယ် မဖြစ်အောင် စောင့်ရှောက်ပေးပါတယ်။ ဟော.. မကောင်းတာ လုပ်တာ

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၆)။

“ အနတ္တမြင်  ဒုက္ခစင်”
=============
ရုပ်နာမ်ဓမ္မ၊  သဘာဝကား
ခဏဖြစ်လျက်၊  ခဏပျက်၍
နှိပ်စက်တတ်စွာ၊  နှစ်မပါဘူး
လိုရာမကျ၊  စိုးမရမို့

နှလုးံအာဟာရလေးများ....။