၁။ ကိုးကွယ်ရမှာက ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ အားထားရမှာက
“ကိုယ်ရဲ့သီလ၊ ကိုယ်ရဲ့သမာဓိ၊ ကိုယ်ရဲ့ပညာ”။
၂။ မိမိအတ္တကိုရှေ့တန်းတင်ပြီးထောက်စ, ကြည့်လျှင် ပုဂ္ဂိုလ်ကြည့် ဝေဖန်နေလို့
လမ်းမဆုံးဘူး။
၃။ ဘာရှုံးရှုံး “ဥာဏ်မရှုံး” ပါစေနဲ့။
Saturday, April 18, 2015
ဗုဒ္ဓမြတ်စွာ၏ အနှစ်ထုတ်သြ၀ါဒအကျဉ်းချုပ်။ (နှစ်သစ်ကူးဓမ္မဒါန)
ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များမှာ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုး မုချ
ရစေနိုင်တဲ့ အဆုံးအမတွေပါ။ အခြေအနေ အမျိုးမျိုးမှာ ပုဂ္ဂိုလ်အမျိုးမျိုးရဲ့ စရိုက်အမျိုးမျိုးကို
ကြည့်ပြီး ဟောကြားဆုံမထားတဲ့ အဆုံးအမတွေဖြစ်လို့ အမျိုးအစားလည်း များပြားလှပါတယ်။
သို့သော်လည်း အဲဒီများပြားလှတဲ့ အဆုံးအမတွေအားလုံး ပါဝင်အောင် အနှစ်ထုတ် အကျဉ်း

ဗုဒ္ဓမြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ။ (နှစ်သစ်ကူးဓမ္မဒါန)
တစ်နေ့ ဇေတ၀န်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
(၁) ဝေဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်
မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ

ရင်လေးစရာကောင်းသည့် ဟန်ဆောင်မှုများ။ (နှစ်သစ်ကူးဓမ္မဒါန)
သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့...အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး၊ အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့.. ကိုယ့်အထင်နဲ့ ကိုယ်
လူတွေက ပြောနေကြတာ ရင်လေးစရာ ကောင်းပါတယ်။

Friday, April 17, 2015

လူအစစ်ဖြစ်ဖို့ရာ။ (နှစ်သစ်ကူးဓမ္မဒါန)
အို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့.....
၁။ ရုပ်နာမ်နှစ်ပါး၊ မှန်ငြားလျက်သာ
အမြင်ဖောက်ပြား၊ မှောက်မှားချက်နှာ
လူ့ဘ၀ကွဲ့၊ ရတဲ့အခါ
လူလိုပဲ ဝေခွဲသိလိုက်ပါ။
၁။ ရုပ်နာမ်နှစ်ပါး၊ မှန်ငြားလျက်သာ
အမြင်ဖောက်ပြား၊ မှောက်မှားချက်နှာ
လူ့ဘ၀ကွဲ့၊ ရတဲ့အခါ
လူလိုပဲ ဝေခွဲသိလိုက်ပါ။
Tuesday, April 14, 2015
ပန်းစကား...
အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို
အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ
ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်..
ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို
စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင်
လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး
ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့
Monday, April 13, 2015
ဒုလ္လဘအတွေးတခု (သင်္ကြန်ဆောင်းပါးတပုဒ်)
“သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပါ”

မြန်မာတို့ပြောကြတဲ့ “သင်္ကြန်”ဆိုတာ “သင်္ကန္တပုဒ်”မှဖြစ်ပေါ်လာတာပါ။ “သင်္ကန္တ”ဆိုတာ “ပြောင်းခြင်း”လို့
အဓိပ္ပာယ်ရတယ်။
ဒီကနေ့လူသားအများစုကတစ်နှစ်
သင်္ကြန်(သင်္ကန္တ)လို့ အဓိပ္ပာယ်ယူကြတယ်။သင်္ကြန်ရဲ့အဓိပ္ပာယ်ကို အဲဒီလောက်ပဲ
ဖွင့်ဆိုယူဆတာ မလုံလောက်ဘူး။
ဒီသင်္ကန္တပုဒ်ထဲမှာ လောကဓမ္မနှစ်ဋ္ဌာန ရှုထောင့်ကကြည့်လျှင် မွန်မြတ်တဲ့
အဓိပ္ပာယ်တွေ အများရရှိနိုင်ပါတယ်။
သင်္ကြန်စာနှင့် ဗေဒင်ဝါဒ

သင်္ကြန်မှာ ပထမ အကျနေ့၊ဒုတိယ အကြတ်နေ့၊တတိယ အတတ်နေ့ဆိုပြီး သုံးခု ခွဲထားတယ်။နောက်နေ့ကျတော့ နှစ်ဆန်းတစ်ရက်နေ့လို့ ခေါ်ကြတယ်။
ဒါဟာ ဗေဒင်သြဇာလွှမ်းမိုးတဲ့ သဘောပဲဗျ။
ဗေဒင်ပညာရှိဆိုတဲ့ ပုဏ္ဏားတွေလွှမ်းမိုးတော့ သူတို့အယူအဆ၊
သူတို့ဝါဒလည်း လွှမ်းမိုးပေရော့ပေါ့ဗျာ။

သကဒါဂါမ်ပုဂ္ဂိုလ် (၅)မျိုး။
၁။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည်
လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,
၂။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ နတ်ပြည် နတ်
လောက (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,

ဝိပဿနာအတု (ဒုဗ္ဗလ၀ိပဿနာ)။
ဒု = မကောင်းသဖြင့် သို့မဟုတ် မှားမှားယွင်းယွင်း ရုပ်နာမ်တို့သဘောကို ပိုင်းခြား
သိမ်းဆည်း ဝေဖန်ခြင်း မရှိဘဲ၊ “ငါ” လဲမဖြုတ်နဲ့ (ဗလ) အားကောင်းကောင်းနဲ့ သို့မဟုတ်
ကြိုးကြိုးစားစား “ငါ” တန်းလန်းနဲ့ အတ္တမှ ကင်းဆိတ်ခြင်း သုံညသဘောကို ကြားနာရှုမှတ်
ကာ နေခြင်းဖြစ်ပါတယ်။

သံသရာရှည်တာ သံသရာလည်တာ ဘယ်သူ့ ကြောင့်လဲ။
လောကမှာ သိနိုင်ခဲတယ်၊ သူများနားလည်အောင် ပြောရတာလဲ ခက်ခဲတယ်၊ ရှင်းရတာလဲ ခက်ခဲတယ်၊
နားထောင်ရတာလဲ ခက်ခဲတယ်၊ ရှင်းအောင် နားလည်ဖို့  မလွယ်တဲ့အရာ လေးမျိုး ရှိပါတယ်။ ၁။သစ္စာလေးပါးတရား၊
၂။သတ္တ၀ါ၊ ၃။စုတိပဋိသန္ဓေ၊ ၄။ပဋိစ္စသမုပ္ပါဒ် တို့ ဖြစ်ကြပါတယ်။
ပဋိစ္စသမုပ္မါဒ် လည်တာက၊ အ၀ိဇ္ဖာ ပစ္စယာ သင်္ခါရ၊

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၂)။
“သတိပဌာန် ဆောင်ပုဒ်များ(၂)”
=================
“သတိပဌာန် (ရှုပုံ)”
===========
ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။
ဖောင်းတာပိန်တာ၊ အစဖြာ၊ ပေါ်ရာ ရှုပါလေ။
စိတ်ပြေးစိတ်လွင့်၊ မထိန်းနှင့်၊ အသင့်ရှုပါလေ။

Sunday, April 12, 2015
တရားရှိနေရင် ငါဘုရားရှိနေပါတယ်။
မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။ “ ယောခေါ အာနန္ဒ
မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ ” တဲ့၊
အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင်ဓမ္မကိုလည်းကောင်း၊ ယော ၀ိနယောစ-
အကြင်ဝိနယ ကိုလည်းကောင်း၊ မယာ-ငါဘုရားသည်၊ ဒေသိတောဟောပြောအပ်ခဲ့လေပြီ၊

မြတ်ဗုဒ္ဓသာသနာ၏ အညစ်အကြေးများ။
ဗုဒ္ဓသာသနာကို ညှိုးမှိန် ကွယ်ပျောက်စေနိုင်သော အညစ်အကြေများကို ပုဂံခေတ်
တန္တရအနွယ်ဝင် အရည်းကြီးတို့က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက်ထုနှင့်
ထည်နှင့် ထားခဲ့ကြပေသည်။ ထိုအရည်းကြီးတို့၏ အလေ့အကျင့်များမှာ-

ရက်စက်ကြမ်းကြုတ်ခြင်းမှ အကြင်နာတရားသို့။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ခန့်လောက်တွင် အာသော
ကမင်းကြီးသည် အိန္ဒိယပြည်တ၀ှမ်း စစ်ရေးများဆင်နွဲပြီး ရက်စက်ကြမ်းကြုတ်မှုများ သူများနှင့်
မတူအောင် လုပ်ခဲ့သည်။
ညီအစ်ကို (၁၀၁)ယောက်ရှိရာ ညီအရင်းတစ်ယောက်ကိုချန်ပြီး (၉၉)ယောက်ကို သတ်

ဝိသုဒ္ဓိ ၇ ပါး။
ဝိသုဒ္ဓိ ၇ ပါးမှာ ==
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက်
သီလ စင်ကြယ်ခြင်း။
၂။ စိတ္တ၀ိသုဒ္ဓိ = ကမ္မဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရဈာန်စိတ်၏ စင်ကြယ်ခြင်း။

ဘ၀တစ်ခု၏ အနှစ်သာရ။
ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့ လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့  အနှစ်သာရကို ရအောင်ယူတတ်ဖို့  လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ

Subscribe to:
Posts (Atom)