Saturday, September 14, 2013

နိဝရဏတရား ၅ ပါး။

နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
                             ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
                             နိုင်သောစိတ်။

ဆရာတော် ဦးဗုဓ်။

         ကုန်းဘောင်ခေတ်မှာ ထွန်းကားခဲ့တဲ့ စာဆိုတော်များအနက် ဓမ္မစာဆိုတော်ကြီး တစ်ဦး
ဖြစ်တဲ့ ဆရာတော် ဦးဗုဓ်၏ ဇာတိနေရပ်မှာ စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ညောင်ကန်ရွာ ဇာတိ
ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် အင်းဝနှင့် အမရပူရနေပြည်တော်မှာ ဘုရင်အ

အမိဝမ်းတွင်းက ကလေးသေဆုံးရခြင်း၏ အကြောင်းရင်း




မေး။ ။ အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ ကလေးက မမွေးဖွားလာဘဲ ၀မ်းထဲမှာတင် သေတယ်။ အဲဒီသတ္တဝါက
စုတိစိတ်ကျတဲ့အခါ အခြားသတ္တဝါ တွေနဲ့တူတူဘဲလား။ ဘယ်လိုကုသိုလ်ကံကြောင့် လူမဖြစ်ရတာလဲ။

နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ



 အရှင်သူရိယ တရားတော်တွေထဲမှာလဲ ခုဇ္ဖုတ္တရာ အကြောင်းကိုနာဘူးခဲ့ပါတယ် - ခုဇ္ဖုတ္တရာဟာ ဘုရားပန်းကို အသပြာ လေး(သို့)သုံးကျပ်ဖိုးလောက်ပဲဝယ်ပြီ်း ကျန်အသပြာကို မိဖုရားမသိအောင် ယူလေ့ရှိတယ်။ တစ်နေ့ ဘုရားပန်းအဝယ်သွားရင်း ဘုရားတရားနာဖြစ်ခဲ့တယ်။ နာဖြစ်ပြီးတော့ အရင်ကလို အသပြာကို မယူတော့ပဲ ပြန်အမ်းလေတော့ မိဖုရားကြီးက အကြောင်းမေးကာ အကြောင်းဆုံး သိရှိသွားပြီး  ခုဇ္ဖုတ္တရာအား ကျန်အသပြာ ကိုယူစေပြီး ဘုရားဟောတရားတော်များကို

ဆရာတော်အရှင်ဇနကာဘိဝံသ၏ သြ၀ါဒများ‏


ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တန်ဖိုးရှိသောသြ၀ါဒများ

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊

ဘယ်သူ့ ကြောင့် သံသရာလည်တာလဲ။ သံသရာရှည်တာလဲ။(ပဋိစ္စသမုပ္ဖါဒ်)

      လောကမှာ သိနိုင်ခဲတယ်၊ သူများနားလည်အောင် ပြောရတာလဲ ခက်ခဲတယ်၊ ရှင်းရတာလဲ ခက်ခဲတယ်၊
 နားထောင်ရတာလဲ  ခက်ခဲတယ်၊ ရှင်းအောင် နားလည်ဖို့  မလွယ်တဲ့အရာ လေးမျိုး ရှိတယ်။  ၁။သစ္စာလေးပါးတရား၊

Friday, September 13, 2013

ဣသိဒါသီထေရီမ။

          ဣသိဒါသီထေရီမ အလောင်းသည် တစ်ခုသောဘ၀၌ ရွှေပန်းထိမ်သည်ဖြစ်ရာ သူတစ်ပါး
မယားကို ပြစ်မှားခြင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်၏။ ထိုဘ၀မှ သေခဲ့သော် ငရဲ၌ နှစ်ပေါင်း
များစွာ ကျခံရ၏။ ငရဲမှ လွတ်သောအခါ ကန်းလည်းကန်း၊ ခွင်လည်းခွင်သော ဆိတ်မတစ်ကောင်
၏၀မ်း၌ ပဋိသန္ဓေနေရလေ၏။ အရွယ်သို့ရောက်လျှင် သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော ကံ

ကာမသုဂတိ ၇ ဘုံ။

ကာမသုဂတိ ၇ ဘုံမှာ ==
၁။ မနုဿဘုံ = များသော ကုသိုလ်စိတ်ရှိသောဘုံ၊ လူ့ဘုံ(လူ့ပြည်)။
၂။ စတုမဟာရာဇ် = ဓဘရဌ၊ ၀ိရုဠက၊ ၀ိရူပက္ခ၊ ကုဝေရ တည်းဟူသော နတ်မင်းကြီးလေးပါး
                         စိုးပိုင်သော နတ်ပြည်။

ကံအပေါ် ယုံမှားသံသယ ရှိနေသည်လော




ကျွန်ုတို့ဗုဒ္ဓဘာသာအများစုသည် ကုသိုလ်ကောင်းမှုများကို စွမ်းအား ရှိသလောက် ပြုလုပ် နေကြပါသည်။ သို့သော် တစ်ခါတရံ၌ ကိုယ်က ကောင်းမှုကုသိုလ်လုပ်၍ ကောင်းကျိုး မရသည့်အခါ စိတ်ဓာတ်တွေကျ၊ ဒေါသတွေဖြစ်ကာ ကိုယ့်ကံတရားနှင့် ကိုယ်ကိုယ်တိုင် လက်ခံယုံကြည်သော ဘာသာတရားကို သံသယဖြစ်လာတတ် ပါသည်။ 

ဝေဿန္တရာမင်းကြီး၏ ခန္တီ ၊ ပါရမီ နှင့် အလှူဒါန


ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။

သံသရာ အတွက် ရေချိုဆောင် (သို့) ပူ နှင့် လူ



ပင်လယ်ထဲက ရေတွေဟာ အလွန်များပြားကြပေမယ့် သူချည်း သက်သက်မဟုတ်ဘူး။ ရေရှိသလောက် ဆားရှိတယ်၊ ရေနဲ့ထပ်တူ ဆားပါဝင်နေပါတယ်၊ ဒါ့ကြောင့် ငန်လွန်းလို့ သောက်သုံးလို့ မဖြစ်ပါဘူး။ 

မြတ်စွာဘုရားကိုယ်တော်တိုင် သံသရာခရီးသွားရင်း အမှားလုပ်ခဲ့မိတယ်။

         သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ
ဒုက္ကရစရိယ ကျင့်ခဲ့ရတယ်။ ကဿပမြတ်စွာဘုရားလက်ထက်က ဇောတိပါလဆိုတဲ့  ပုဏ္ဏားလု

Thursday, September 12, 2013

ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။

         ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊  ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာ
ဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။
         မဟာဗောဓိစေတီတော်၏ အနောက်မြောက်ဘက် ပေ ၇၀ ခန့် အကွာတွင်ရှိသော

ဆင်းရဲဒုက္ခ ၈ ပါး။

ဆင်းရဲဒုက္ခ ၈ ပါးမှာ = =
၁။ ဇာတိဒုက္ခ = ပဋိသန္ဓေနေရခြင်း ဆင်းရဲ။
၂။ ဇရာဒုက္ခ = အိုမင်းရင့်ရော်ရခြင်း ဆင်းရဲ။
၃။ ဗျာတိဒုက္ခ = နာမကျန်းဖြစ်ရခြင်း ဆင်းရဲ။

အကုသိုလ်ပြုမိခဲ့၍ နောင်တ အဖန်ဖန် ရနေသလော



နောင်တ တစ်ဖန်ပူပန်ခြင်း သဘောသည် ကုက္ကုစ္စတည်း။ ထို့ကြောင့် ကုက္ကုစ္စနောင်တတစ်ဖန် ပူပန်ထန်ပြင်းဟုဆိုခဲ့သည်။ ချဲဦးအံ့။ ဤကုက္ကုစ္စ၏ နောင်တရမှုသည်အကုသိုလ်ပြုပြီးမှ ပြုမိတာ မှားလေစွ ဟုလည်းကောင်း၊ ကုသိုလ်မပြုမိ၍မပြုမိတာ မှားလေစွဟုလည်းကောင်း နောင်တရခြင်း(၂)မျိုးရှိ၏။

ဒါနမပြုနိုင်၍ ဝမ်းနည်းနေခဲ့သော်




ငွေကြေး ချမ်းသာ ပြည့်စုံမှု မရှိသောကြောင့် ဒါနကို ကြီးကြီးကျယ်ကျယ် မပြုနိုင်ရှာသူ များသည် စိတ်ထိခိုက် ဝမ်းနည်းစရာ မလိုပါချေ။ ငွေကြေးဥစ္စာ ကုန်ကျရသောဒါနထက် အကျိုးပေးကြီးကျယ်သော 'သီလ' ကို မိမိ၏ စိတ်ဆန္ဒများ၊

သေသွားတဲ့သူ ရည်စူပြီးလှူ သေသူ ရမရ



(နန်းစန်ဟွမ်) မေး။  အရှင်ဘုရား သေတဲ့သူကို ရည်စူးပြီး ဆွမ်းသွပ်အမျှဝေပေးတာ   သေဆုံး သွားတဲ့သူ ရနိုင် မရနိုင် သိချင်ပါတယ် ဘုရား။ တချို့လူတွေက ပြောတယ်   သေသွားတဲ့သူတွေ မရနိုင်တော့ဘူး။ အလှူအတန်းလုပ်တဲ့သူတွေပဲ ရတယ်လို့ ပြောကြတယ်။ အဲဒါ အရှင်ဘုရား ဘယ်လိုမြင်ပါသလဲဘုရား။   ကျေးဇူးပြု၍ ဖြေကြားပေးပါဘုရား။ 

ပရော်ဖက်ရှင်နယ်ကုသိုလ်ဆိုတာ။

              ဗုဒ္ဓဘာသာဝင် မြန်မာအများစုသည် အလှူဒါန၌ မွေ့လျော်ကြပါတယ်။ ကုသိုလ်ကံ၏ ကောင်းကျိုးပေးမှုနှင့် အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ
ဘာသာတွေထဲမှာကို အတော်လေးခရီးရောက်နေပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ကံ၊ ကံ၏

Wednesday, September 11, 2013

တောင်ဖီလာ ဆရာတော်။

          အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက
စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဉ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘ၀တွင်လည်း  ကျော်။
                            (၂) ။ သာမဏေဘ၀တွင်လည်း  ကျော်။

ဒုလ္လဘ ၅ ပါး။

ဒုလ္လဘ ၅ ပါးမှာ = =
၁။ ဗုဒ္ဓပ္ပာဒ ဒုလ္လဘ = ဘုရား၏ အဖြစ်ကို ရခဲခြင်း။
၂။ မနုဿတ္တဘာဝ ဒုလ္လဘ = လူ အဖြစ်ကို ရခဲခြင်း။
၃။ သဒ္ဓာသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓာတရားနဲ့ ပြည့်စုံသည့် အဖြစ်ကို ရခဲခြင်း။

သိဒ္ဓိဟူသည်



စီးပွါးရေး၊ ဘဝအခြေ မြင့်မားရေးတို့ အတွက် လောကီအစီအမံဖြင့် တစ်ပွဲထိုးရှာကြံလိုသူ ပေါများလျက်ရှိ၏ သိဒ္ဓိတင်ထားသည်ဆိုသော ပစ္စည်းများကို 'ဆောင်' ထားလျှင် 'အကျိုးပေးသည်'၊ "အကြံအောင်သည်" ဟူ၍လည်း အယူရှိကြ၏။

အဟောင်းစားသူ

ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား

ဗုဒ္ဓဘာသာဝင်တွေ သက်သတ်လွတ် စားသင့်၊ မစားသင့်

(၁) - ဗုဒ္ဓဘာသာဝင်တွေဟာ သက်သတ်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။
(၂) - ဒါပေမဲ့ သင် အသားစားရင် သတ္တ၀ါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။

ဘုရားလောင်း (သိဒ္ဓတ္ထမင်းသား) အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။

      ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ  ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်

Tuesday, September 10, 2013

စတုလောကပါလနတ်မင်းကြီး ၄ ပါး။

စတုလောကလပါနတ်မင်းကြီး (စတုမဟာရာဇ်) ၄ ပါးမှာ==
၁။ ဓတရဌ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အရှေ့မျက်နှာအရပ်၌ နေ၏။
၂။ ၀ိရုဠက နတ်မင်းကြီး =  မြင်းမိုရ်တောင်၏ တောင်မျက်နှာအရပ်၌ နေ၏။
၃။ ၀ိရုပက္ခ နတ်မင်းကြီး =  မြင်းမိုရ်တောင်၏ အနောက်မျက်နှာအရပ်၌ နေ၏။

ရှင်သီဝလိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြမည်ဆိုလျှင်။

         မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်အချို့သည် ရှင်သီဝလိဂါထာတော်၊ စိန္တာမဏိဂါထာတော်များ
ကို ရွတ်ဖတ်ပူဇော်တတ်ကြပါသည်။ ရှင်သီဝလိမထေရ်မြတ်ကြီးသည် လာဘ်အရာ၌ အသာဆုံး
အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူရရှိတော်မူသော ထေရ၀ါဒပိဋကတ်တော်လာ ရဟန္တာအရှင်
မြတ်ကြီး ဖြစ်ပါသည်။ အရှင်မြတ်ကြီးသည် ၀ိပဿီမြတ်စွာဘုရားရှင် လက်ထက်တော်ကတည်းက

ပါရာဇိက ဟူသည်



မေး အရှင်ဘုရား၊ ရဟန်းပါရာဇိက၊ ရှင်သာမဏေပါရာဇိက၊ ဘိက္ခုနီပါရာဇိက၊ သာမဏေရီပါရာဇိက နှင့် လူပါရာဇိကတို့ ဆုံးရှုံးပုံကို ရှင်းပြပေးပါဘုရား။

ဗုဒ္ဓသည် ဝိနည်းသိက္ခာပုဒ်တို့ကို တကြိမ်တည်း မပညတ်ရခြင်းအကြောင်း

ဗုဒ္ဓသည် သဗ္ဗညုတရွှေဉာဏ်တော်ရှင်ဖြစ် ပါလျက်နှင့် ဝိနည်းသိက္ခာပုဒ်တို့ကို တကြိမ်တည်းနှင့် အားလုံးအပြီး အဘယ့်ကြောင့် မပညတ် မပြဋ္ဌာန်းတော် မူပါသနည်း။
(
မေးမြန်းလျှောက်ထားသူ - မစ္စတာ ဘာသာဆဟစ်၊ ဖန်ဆီ သိုးမွေးစက်ပိုင်ရှင်၊ မာလဘာကုန်းမြင့်၊ ဘုံဘိုင်မြို့၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၇ ( နိဂုံး )

       ဟင် -- အဲဒီလို ခိုင်းလို့ ရသလား ၊ ငါတို့က သိမှ မသိတာ၊ ကြုံလဲ မကြုံဖူးတော့ ဘာလုပ်ရမယ်မှန်းလဲ မသိဘူး ကိုယ့်အတွက် သတိပဲ ထားနေရတယ် - -
တင်ပါ့ အခုတော့ ပြီးပါပြီ ကိစ္စမရှိတော့ပါဘူး၊ သူကလဲ ၀င်ပြီး ပြန်ထွက်ပေးမယ် ပြောပါတယ် ၊
ဒါကြောင့် တပည့်တော်ကလဲ ၀င်ခိုင်း လိုက်တာပါ ။ သူက ၀င်ပြီး မထွက်ရင် တပည့်တော်က သေမှာဘုရား - -တဲ့၊

" ဗုဒ္စဘာသာအရေခြုံ၊ သရဏဂုံမဖြူစင်သူများ"

        ထေရ၀ါဒ ဗုဒ္မဘာသာဝင်တို့ သည်၊ ဗုဒ္မ၊ ဓမ္မ၊ သံဃ၊ တည်းဟူသော ရတနာသုံးပါးသာလျှင် ကိုးကွယ်
ရာရှိပါ၏။ ထေရ၀ါဒ ပိဋကတ်တော် များတွင်လည်း ရတနာသုံးပါါ်သာလျှင် "ကိုးကွယ်ရာ" အဖြစ်ဖေါ်ပြ
ထားပါသည်။ ထေရ၀ါဒ ပိဋကတ်တော်များတွင် အမ်းကုန်း၊ ကွမ်ယင်မယ်တော်၊ ၃၇-မင်းနတ်တို့  အ
ကြောင်း တစ်လုံးတစ်ပါဒမျှ ဖေါ်ပြမထားပါ။

Monday, September 9, 2013

လယ်တီဆရာတော်ကြီး ပြုစုခဲ့သည့်ကျမ်းများ။

        မြန်မာသက္ကရာဇ် ၁၂၄၇ -ခုတွင်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိ
သျှတို့ အနှစ် ၆၀ ကျော် အုပ်စိုးသွားပါသည်။ ဗြိတိသျှတို့ အုပ်စိုးသည့်ကာလအတွင်း လောကီ
လောကုတ္တရာ စာဆိုတော်ကြီးများ အသီးသီး ပေါ်ထွန်းခဲ့တဲ့အနက် လယ်တီဆရာတော်ဘုရား  ကြီးမှာ ဘာသာ၊ သာသနာအတွက် ထူးထူးခြားခြား စွမ်းစွမ်းတမံ ဆောင်ရွက်လမ်းညွှန်သွားတဲ့

ဘုရားလောင်းဖွားမြင်စက လက္ခဏာဖတ်သော ပုဏ္ဏား (၈) ယောက်။

ဘုရားလောင်းဖွားမြင်စက လက္ခဏာဖတ်သော ပုဏ္ဏား (၈) ယောက်မှာ ==
၁။ ရာမ ပုဏ္ဏား။
၂။ ဓဇ ပုဏ္ဏား။
၃။ လက္ခဏ ပုဏ္ဏား။

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၆

      အေး ဒါဆိုလဲ ပြီးတာပါပဲ - ၀င် ခွင့်ပြုတယ် လို့ ပြောလိုက်ပါ၊

တင်ပါ ဆိုပြီး တဘက်ကို ခါးမှာစည်းနှောင်ပြီး ခဏနေတော့ လဲကျသွားတယ်၊ အမှန်တကယ်ပါပဲ သူ့ခန္ဓာကိုယ်က လူသေကောင်တယောက်လို အသက်မရှူတော့ဘဲ ၁၀ စက္ကန့်လောက်ပဲ ကြာမယ် အဲဒီအချိန်လေး အတွင်းမှာ