Saturday, October 29, 2016

သီတဂူအဓိဋ္ဌာန်

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မန်မချ၊ မာနမပါ
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု၊ လုံ့လပြုအံ့။ ။

ဒို့ သီတဂူအဓိဋ္ဌာန်မှာ မှာထားတဲ့စကားနှစ်ရပ်ကို အားလုံးစွဲစွဲမြဲမြဲ မှတ်သားပြီးတော့ ဆောင်ရွက်ကြဘို့လိုတယ်။ အဲဒီထဲမှာ ”ဘ၀သမိုင်း မရိုင်းစေရန်” ဆိုတဲ့အချက်ပဲ။ မင်းတို့တပည့်တွေအားလုံး သာသနာတော်အတွက် ကံကောင်းလို့လုပ်ခွင့်ရနေတာ၊ အဲ့ဒီလုပ်ခွင့်ရနေ တာကိုက ကံကောင်းလို့ လုပ်ခွင့်ရနေတာ။

Friday, October 28, 2016

ပိဋကတ်သုံးပုံကိုReconfirm ပြုလုပ်တာကို သင်္ဂါယနာ တင်တယ်ခေါ်တယ်

ပိဋကတ်သုံးပုံကိုReconfirm ပြုလုပ်တာကို သင်္ဂါယနာ တင်တယ်ခေါ်တယ်။

ထေရ၀ါဒဆိုတာ နှစ်ပေါင်း၂၆၀၀ အတွင်းဘာမှပြောင်းလဲမှု မရှိပဲနဲ့မူရင်းအတိုင်းထိန်းသိမ်းလာခဲ့တဲ့ဓမ္မကို ထေရ၀ါဒဓမ္မ ခေါ်တယ်။

ပထမအဓိပ္ပါယ်က မူလ ပိဋကတ်သုံးပုံထဲမှာ Idea အသစ်တွေဘာမှမထည့်ဘူး။

နောက်ဒုတိယအဓိပ္ပါယ်က ပိဋကတ် သုံးပုံက မူရင်းအဆုံးအမတွေ ဘာမှနှုတ်မပစ်ဘူး။ဘာမှ ထုတ်ပယ်မပစ်ဘူး။

အရှင်နန္ဒမာလာဘိဝံသ၏ တရားအားထုတ်တယ်ဆိုတာ။

      ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ၀စီကံ မဟုတ်ပါ။ ပါးစပ်ကပြောရတဲ့အလုပ် မဟုတ်ပါ။
ခန္ဓာကိုယ် အင်နဲ့အား အသုံးချပြီး လုပ်ရတဲ့အလုပ် မဟုတ်ပါ။ စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်ပါ
တယ်။ ခန္ဓာကိုယ်ရဲ့ အနေအထား ဘယ်လိုပဲနေနေ စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုပါတယ်။

မိမိကိုယ်တိုင် စီမံဖန်တီးနိုင်ရေး။

     ဘုရားပွင့်တော်မမူမီနှင့် ပွင့်ပေါ်တော်ပြီးနောက်ပိုင်း ပေါ်ပေါက်တဲ့ အယူဝါဒတွေကို လေ့
လာကြည့်ရင် အများအားဖြင့် (ဖန်တီးရှင်/တန်ခိုးရှင်) သူတစ်ပါးစီမံသလို ခံယူရကြောင်း ဟောပြော
ညွှန်ကြားချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။

  ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ  လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို  ပညာပါရမီ ဖြည့်တယ်လို့  ခေါ်ပါ

Thursday, October 27, 2016

ဘုရားရှိခိုးရခြင်း ၏အကြောင်းရင်းနှင့်ဘာသာရေး ဗဟုသုတများ


::: ဘုရားရှိခိုးရခြင်း ၏အကြောင်းရင်းနှင့်ဘာသာရေး ဗဟုသုတများ။:::

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများနှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့ကဆရာအဖြစ်မှတ်ယူသည်။ဆရာ အဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။မြတ်စွာဘု၇ားကိုကြောက်၍ရှိခိုးခြင်းမဟုတ်ပါ။ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ် သည်။မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကိုငြိမ်းချမ်းအောင်လုပ်ပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင် စိတ်ချမ်းသာအောင်လုပ်ပေးဖို့ အရေးကြီးသည်။

Wednesday, October 26, 2016

အရိပ်သာခို၍ အပွင့်မပန် အသီးမစားကြသူများ

ကြည့်စမ်း သစ်ပင်ကြီး၊ အရိပ်ကြီးကလည်း ကောင်း၊ အပွင့်တွေက လည်း ပွင့်နေလိုက်တာ ဝေလို့၊ အသီးတွေကလည်း ပွတ်သိပ် ခဲနေတာပဲ သီးနေလိုက်တာ၊ အရည်ရွှမ်းပြီး အရသာ ရှိလိုက်မယ် ဖြစ်ခြင်း…. သို့သော်… ဒါပေမယ့် … သို့သော်…..
ပေါများလိုက်တဲ့၊ အဆောက်အဦး၊ ပေါများလိုက်တဲ့ စေတီပုထိုးများ၊ ပေါများလိုက်တဲ့ တရားဓမ္မ ပွဲသဘင်များ၊ ပေါများလိုက်တဲ့ ပရိယတ္တိစာသင်တိုက်တွေ၊ ပေါများလိုက်တဲ့ တရားရိပ်သာ တွေ၊ ပေါများလိုက်တဲ့ ကျမ်းတတ်အကျော် ပိဋကတ်မော်တွေ၊ ပေါများလိုက်တဲ့ အေးရိပ်ဆာယာ ဘ၀ နားခိုစရာတွေ….

“လောကကြီးကို အလေးထားပါ။”

         လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်ကြပါတယ်။
လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားကြပါတယ်။
အများစုက ဘယ်သူမှမရှိဘူး ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားကြတယ်၊ “ ဘယ်သူမှ

ဝိနည်းကိုလိုက်နာလျှင် ရရှိမည့်အကျိုး(၁၀) ပါး။

      ဗုဒ္ဓသည် ၀ိနည်းကျင့်ဝတ်များကို ဥပဒေအဖြစ်ဖြင့် ထုတ်ဖေါ်ပညတ်လိုက်ခြင်းသည် ထို
ဝိနည်းကို ချီးမြှောက်မြင့်တင်ရာရောက်သည်။ ၀ိနည်းကိုလိုက်နာလျှင် အောက်ပါ အကျိုးများကို
ရရှိပါသည်။
   ၁။ ကောင်းပါပြီဘုရားဟု စကားတော်ကို လက်ခံနိုင်ခြင်းအကျိုး။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၅)။

“ဘယ်လို အားကိုးရမလဲ”
==============
ဘယ်လိုကိုယ့်ကို၊  ကိုယ်မှီခို
ဘယ်လို  အားကိုးရသနည်း။
ဘယ်လိုတရား၊  ဘယ်လိုများ

Tuesday, October 25, 2016

ဖောက်ပြန်မှုမရှိသော နိယာမ

လူသားများသည် ဘ၀အတွက် စားသောက်ရေး၊ ၀တ်ဆင်ရေး၊ နေထိုင်ရေး၊ စိတ်ဖြေရေးတို့အတွက်  ပုံစုံမျိုးစုံဖြင့် အလုပ်လုပ်ကြရပါသည်။ ထိုသို့ အလုပ်လုပ်ကြရာတွင် အလုပ်သုံးမျိုး ထက်ပင် ပို၍မရှိနိုင်ပါ။ ထိုအလုပ်သုံးမျိုးမှာ-
၁။ အတွေးကံ (မနောကံ)၊ ၂။ အပြောကံ(၀စီကံ) ၃။ အလုပ်ကံ(ကာယကံ) တို့ဖြစ်ပေသည်။
၁။ အလုပ်ကံ(ကာယကံ)အစုတွင် (က)သူတစ်ပါးအသက်ကိုမသတ်ခြင်း၊ (ခ)မပေးသောဥစ္စာကိုမယူခြင်း၊ (ဂ)ကာမဂုဏ်ကိစ္စ၌ မဖောက်ပြန်ခြင်း တို့ပါဝင်ပါသည်။

Monday, October 24, 2016

ရေနဲ့ကြာ

နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။

ဓမ္မကို အလေးထားပါ။

        မြတ်စွာဘုရား ဟောတဲ့ တရားဓမ္မဟာ ကိုယ်ကျင့်သီလအကြောင်း ဟောတာရှိပါ
တယ်၊ သမာဓိအကြောင်း ဟောတာရှိပါတယ်၊ ပညာအကြောင်း ဟောတာရှိပါတယ်။
ကိုယ်ကျင့်သီလဆိုတာ ဘယ်လို ကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်၊ သမာဓိတရားဆို

သုဇာတာသေဌေးကတော်။

      သုဇာတာသည် ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ သေနိယသေဌေးကြီး၏သမီး ဖြစ်
သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==

ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါး။

           ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါးမှာ = =
၁။ ဘုရားလောင်း ဖွားတော်မူစက လက္ခဏာဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်း
ကို ကြားကုန်၍ အစောင့်အရှောက်ပြုကုန်၏။
၂။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေ

Sunday, October 23, 2016

လောကတွင် အကဲ့ရဲ့မခံရသူဆိုတာ မရှိ

လောကမှာ အကဲ့ရဲ့မခံရသူဆိုတာ မရှိနိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ သာဓက တစ်ခုဆောင်ပြပါ့မယ်။ သာဝတ္ထိမြို့ထဲက အမျိုးသားတစ်ယောက်ဟာ တရားနာဖို့ရန် ရှားတောထဲမှာ တစ်ပါးတည်းသီတင်းသုံးနေတဲ့ ရှင်ရေ၀တထံ သွားပါတယ်။ ရှင်ရေ၀တက တရားနှလုံးသွင်းနေလို့ ဘာစကားမှ ပြန်...မပြောလိုက်ဘူး။ ဒါကို သူက “ဆွံ့အနေသူ ဖြစ်မှာပါ၊ စကားလည်း တစ်လုံးမှမပြောဘူး” လို့ကဲ့ရဲ့ပြစ်တင်ပါတယ်။ အရှင်သာရိပုတ္တရာထံ သွားပြန်တယ်။ မထေရ်ကြီးက ပညာဉာဏ်ကြီးသူမို့ လေးနက်တဲ့တရားကို ဟောတယ်။ ဒါလည်း မကြိုက်ပြန်ဘူး။ “ဒီကိုယ်တော်ကြီးကလည်း ဘာတွေဟောမှန်းကို မသိဘူး။ တရားဟောတာက ပေါက်ပေါက်ဖေါက်နေတာ ကျနေတာပဲ” လို့အပြစ်တင်ပြန်တယ်။ အရှင်အာနန္ဒာထံ သွားပြန်တယ်။ အရှင်အာနန္ဒာက သိလွယ်မြင်လွယ်တဲ့ တရားစကားကို ဟောတယ်။ “ဒီကိုယ်တော့်နှယ် နွားကျောင်းသားတွေတောင် သိနိုင်တဲ့တရားမျိုးကို ငါ့ လာဟောနေသေးတယ်” ဆိုပြီး ပြစ်တင်ကဲ့ရဲ့ပြန်တယ်။ နောက်ဆုံး ဘုရားရှင်ထံသွားတော့ ဘုရားရှင်က လောကမှာ ကဲ့ရဲ့လွတ်သူမရှိကြောင်း ဟောတော်မူလိုက်ပါတယ်။