အချို့က ကမ္မဋ္ဌာန်းထိုင်တယ် ဆိုတဲ့အခါမှာ posture ကိုယ်ဟန်အနေအထား အတိုင်း
မထိုင်နိုင်ကြပါ။ အဲဒီလို အကြာကြီးထိုင်ရင် ဒုက္ခဖြစ်တယ်ဆိုပြီး ကမ္မဋ္ဌာန်းထိုင်ရမှာ ကြောက်
နေကြပါတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ သမထအလုပ်ကိုလုပ်တဲ့ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေ၊
ခန္ဓာ ကိုယ်ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်တွေသာ မြတ်စွာဘုရား ညွှန်ကြားထားတဲ့အတိုင်း တင်ပလ္လင်ခွေထိုင်၊
Saturday, January 17, 2015
မြတ်စွာဘုရားအလောင်းတော်ရဲ့ ဆရာ။
မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ
ကြီးက ဈာန်အဆင့် အားဖြင့် “ရူပါဝစရဈာန” လေးဆင့်အထိ ပေါက်ရောက်အောင်မြင်တဲ့အပြင် အရူ

ငါးပါးသီလ၏ အမည်ထူးများ။
၁။ လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် “ဓမ္မတာသီလ”။
၂။ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် “ဂရုဓမ္မသီလ”။
၃။ စကြ၀တေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် “စက္က၀တ္တိဓမ္မသတ်”။
၎။ ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသောတရားဖြစ်၍ “ကုရုဓမ္မသီလ”။
၅။ အရေအတွက် ငါးပါး ရှိသောကြောင့် “ပဉ္စသီလ”။

အနာထပိဏ်သေဌေး၏ အလှူကြီးများ။
အနာထပိဏ်သေဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏။ သူ၏ဖခင်မှာ သာဝတ္ထိပြည်မှ သုမန
သေဌေးကြီး ဖြစ်၏။ ကိုးကွယ်ရာမဲ့သူတို့အား ထမင်းပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍
“အနာထပိဏ်သေဌေး” ဟု ထင်ရှားလေသည်။ အနာထပိဏ်သေဌေး၏ ထူးခြားသော ကြည်ညိုဖွယ်
ဂုဏ်ရည်များမှာ ==
သေဌေးကြီး ဖြစ်၏။ ကိုးကွယ်ရာမဲ့သူတို့အား ထမင်းပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍
“အနာထပိဏ်သေဌေး” ဟု ထင်ရှားလေသည်။ အနာထပိဏ်သေဌေး၏ ထူးခြားသော ကြည်ညိုဖွယ်
ဂုဏ်ရည်များမှာ ==
ဒုစရိုက် (၁၀) ပါး။
ဒုစရိုက် (၁၀) ပါးမှာ==
၁။ ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း။
၂။ အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးယူခြင်း။
၃။ ကာမေသုမိစ္ဆာစာရ = သူ့အိမ်ရာကို ပြစ်မှားခြင်း။ (ကာယကံ ၃ - ပါး )
၎။ မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
၁။ ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း။
၂။ အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးယူခြင်း။
၃။ ကာမေသုမိစ္ဆာစာရ = သူ့အိမ်ရာကို ပြစ်မှားခြင်း။ (ကာယကံ ၃ - ပါး )
၎။ မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
"ဘာသာ မပျောက်အောင် သာသနာပြုနိုင်ခဲ့သည့် စူဠသုဘဒ္ဒါ"
စူဠသုဘဒ္ဒါဆိုသည့် သာသနာ့အာဇာနည် အမျိုးသမီးသည် အနာထပိဏ်သူဌေးကြီး၏
သမီးတစ်ဦးပါ။ ဘာသာခြားနှင့် အိမ်ထောင်ပြုခဲ့ပေမယ့် ဘာသာမပျောက်သည့်အပြင်
သာသနာကျယ်ပြန့်အောင် သာသနာပြုနိုင်ခဲ့သည့် သာသနာ့အာဇာနည်
မြတ်စွာဘုရားတပည့်အစစ်ပါ။ ယခုခေတ် ဗုဒ္ဓဘာသာဝင်တိုင်း၊ အထူးသဖြင့်
ဗုဒ္ဓဘာသာဝင်မိန်းကလေးတိုင်း အတုယူသင့်သည့် စံနမူထားသင့်သည့် အမျိုးသမီးပါ။
အနာထပိဏ်သူဌေးမှာ ကျောင်းနေဖက် ဘာသာခြား သူငယ်ချင်း ဥဂ္ဂသူဌေးဆိုသူ
ရှိပါတယ်။
သုခ လေးပါးတရားတော်
သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ
သုခါ သဒ္ဓမ္မ ဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ
သမဂ္ဂါနံ တပေါ သုခေါ။
ဗုဒ္ဓါနံ= သဗ္ဗညုဗုဒ္ဓ အမည်ရသည့်လော
ကထွတ်ထား မြတ်ဘုရားတို့၏။
ဥပ္ပါဒေါ=ဖြစ်ထွန်းပွင့်ပေါ်၍လာခြင်းသည်။ သုခေါ=ရှေးဦးအစပထမသုခချမ်း
သာပါပေတည်း။
အ၀တ်အစားမဲ့ဂိုဏ်း
ဘီစီ ၂၃၅ (၂၃၆) ခန့်မှာ ဘုရားရှင်ဟောကြားခဲ့တဲ့
ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို ကျင်းပရပြန်တယ်။
တတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့
တတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။
အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည်ကို
နာမည်ကြီးရှင်ဘုရင် အသောကမင်းကြီးအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ်။
အသောကမင်းကြီးအကူအညီနဲ့ တတိယသံဂါယနာတင်ပွဲကို ကျင်းပခဲ့ပါတယ်။
တကယ်တော့ အသောကမင်းကြီးအမျိုးအနွယ်တွေက
ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။
ကံစီမံခြင်း မခံရလေအောင်…
ကြားဖူးတာလေး တစ်ခုက… သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။
Friday, January 16, 2015
ရဟန်းတော်များနှင့် တာဝန်
ဒီဘုန်းကြီးကို ဒကာတို့ မကြည်ညိုဘဲ နေနိုင်သည်…
အပ္ပသာဒပဝေဒနီယသုတ်-
ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား …
အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေရာကုန်၏။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
၁။ လူတို့အား လာဘ် မရစိမ့်သောငှါ အားထုတ်၏၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားထုတ်၏၊
၃။ လူကို ဆဲရေး၏၊ ရေရွတ်၏၊ (ခြိမ်းခြောက်၏)၊
၎။ လူအချင်းချင်း ကွဲပြားစေ၏၊
Thursday, January 15, 2015
ဘ၀လက်ကိုင်။
* လောကအလယ်....
x ဧည့်သည်အဖြစ်၊ ခေတ္တရောက်လာ
x သူသူငါတို့၊ လာရာလမ်းကြောင်း
x ကောင်းခဲ့၍သာ၊ လူဖြစ်လာရ....၊
* ဤဘ၀တွင်.....
x “ဘ၀သမိုင်း၊ မရိုင်းစေရ
x ဧည့်သည်အဖြစ်၊ ခေတ္တရောက်လာ
x သူသူငါတို့၊ လာရာလမ်းကြောင်း
x ကောင်းခဲ့၍သာ၊ လူဖြစ်လာရ....၊
* ဤဘ၀တွင်.....
x “ဘ၀သမိုင်း၊ မရိုင်းစေရ
နွားသတ်သမား။
ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။ ကြည့်
လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီ အရိုးစုပြိတ္တာကြီးက ကောင်းကင်မှာသွားနေတာ။ ဠင်းတတွေ၊ စွန်တွေ၊

ကပ်ကြီး ၃ ပါး ကင်းလွတ်အောင်။
ကပ်ကြီး ၃ ပါး ကင်းလွတ်စေရန် စွမ်းဆောင်နိုင်တဲ့ နည်းလမ်းကတော့ လူတိုင်းကိုယ်စီ
ငါးပါးသီလ မြဲကြဖို့ပဲ လိုပါတယ်။
၁။ ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် တစ်ဦးနှင့်တစ်ဦး
ညှင်းဆဲသတ်ဖြတ်နေတဲ့ သတ္ထန္တရကပ်ဆိုးကြီး မကျရောက်အောင် ကာကွယ်ရာ ရောက်ပါတယ်၊
ငါးပါးသီလ မြဲကြဖို့ပဲ လိုပါတယ်။
၁။ ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် တစ်ဦးနှင့်တစ်ဦး
ညှင်းဆဲသတ်ဖြတ်နေတဲ့ သတ္ထန္တရကပ်ဆိုးကြီး မကျရောက်အောင် ကာကွယ်ရာ ရောက်ပါတယ်၊
အရိယာတပုဿနှင့် ရဟန္တာအရှင်မြတ်ဘလ္လိက ညီနောင်။
တပုဿ၊ ဘလ္လိကညီနောင်တို့သည် “အသိတဉ္စန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ
ဖြစ်ကြ၏။ နောင်တော်ကား တပုဿအမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏။ ညီနောင်နှစ်ဦးတို့
သည် ဗုဒ္ဓမြတ်စွာ အဌမသတ္တာဟအ၀င် ရာဇာယတနလင်းလွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူ
စဉ် ဖူးတွေ့ခွင့် ကြုံခဲ့၏။ ဘုရားရှင်အား မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်များ လှူဒါန်း၏။ သောက်တော်

လူကြီးတွေက ကလေးတွေကို ကော်ပတ်ရုပ်ထင်၍ နေကြကုန်၏။
လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။ ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။ အခု

"ဘုရားစစ် ဘုရားမှန်ဟူသည်"
ဘုရားဟူသည် လူစင်စစ်ကသာဖြစ်ရပါသည်။ လူမဟုတ်သော ၊ လူနှင့်မထိတွေ့နိုင်သော
လူတို့မမြင်ခဲ့ရသော ကောင်းကင်ဘုံက ဖန်ဆင်းရှင်ဘုရားဟူသော
လူတစ်ဦးတစ်ယောက်၏ ပြောစကားဖြင့် မှန်းဆရသော (Imaginary)၊အရာသည်
ဘုရားမဟုတ်ပေ။ (Unscientific)ကျနသေချာမှုမရှိသော သိပ္ပံနည်းမကျသော
လက်တွေ့မကျသော လူပြောသူပြောဖြင့် ဘုရားဟူ၍ မှန်းဆရခြင်းသည်လည်း
ဘုရားမဟုတ်ချေ။ နတ်၊ ဗြဟ္မာ တို့သည်လည်း ဘုရားမဟုတ်။ နဂါး
စသည့်တိရစ္ဆာန်တို့သည်လည်း ဘုရားမဖြစ်နိုင်ချေ။
မြတ်ဘုရား၏ တနေ့တာ လုပ်ငန်းစဉ် (၅) မျိုး
(၁) ပုရေဘတ္တပုဗ္ဗကိစ္စ = နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ်
မြတ်စွာဘုရားရှင်သည် စောစောစီးစီး ထတော်မူ၍ အလုပ်အကျွေး ရဟန်းတော်အား ချီးမြှောက်ရန် ရူပကာယကိုယ်တော် ချမ်းသာရန်အတွက် မျက်နှာတော်သစ်ခြင်း အစရှိသော ကိုယ်လက်သုတ်သင်မှုကို ပြုတော်မူပြီးလျင် ဆွမ်းခံဝင်ချိန်ရောက်သည့်တိုင်အောင် ဆိတ်ငြိမ်ရာအရပ်၌ ဖလသမာပတ်ဖြင့် အချိန်ကို ကုန်လွန်စေတော်မူ၍ ဆွမ်းခံချိန် ကျရောက်သောအခါ သင်းပိုင်ကို ပြင်ဝတ်၍
“နောက်တစ်ခါ လူလာဖြစ်ရင် …..”
တစ်ဘ၀နဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင်.နည်းကလည်း
သာသနာနဲ.ကြုံမှ ၊ တို.က သာသနာရှိနေတုန်း တခြားရောက်နေရင်
ဒီနည်းသည် တို.နဲ.မဆိုင်၊ သာသနာတို.နဲ.မဆိုင်ဖြစ်သွားမယ်နော်။
အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင်.နဲ.ရောက်သွားရင်လည်း
တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင်.ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။
သြကာသနဲ့  ဘာကြောင့် ကန်တော့ရသလဲ
သြကာသ ဆိုတာ ခွင့်ပေးပါလို့  ခွင့်တောင်တာ၊ အပြည့်အစုံဆိုရင်…
သြကာသံ ဒေထ၊ သြကာသံ ဒေထ၊ သြကာသံ ဒေထ လို့  ဆိုရမယ်။
ခွင့်ပေးတော်မူပါ ဘုရား လို့  သုံးကြိမ်တောင်းပန်တာကလား။
ဘာလို့ ခွင့်တောင်းရတာတုန်းလို့  မေးကြည့်။
တပည့်တော်တို့  ကိုယ်နှုတ်စိတ်ထား သုံးပါးများနဲ့ ပြစ်မှားမိခဲ့ တဲ့ 
အပြစ်ဟူသမျှတို့ ကို ပျောက်ကင်းစေချင်လို့ ပါဘုရားလို့ 
အဖြေပေါ်လာတယ်။
Wednesday, January 14, 2015
အမြတ်ဆုံးဒါန။
ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်
တဲ့ သူ့ဆီကပညာတွေက သူလိုချင်တဲ့အကျိုးကို မပေးစွမ်းနိုင်ပါ။ ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို

ဂင်္ဂါမြစ်ဘေး ရေလိုက်ရှာနေသူ။
“ကာလကဉ္စိကာ”ဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာပါတယ်။ ဗုဒ္ဓမြတ်စွာ
လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေမှာ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်နဲ့
ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြတဲ့ ကိုယ်တော်တွေက
တွေ့သတဲ့၊ တွေ့တဲ့အခါကျတော့ အဲဒီပြိတ္တာကြီးကို ဘာဖြစ်လို့ ပြေးလွှားနေတာလဲ၊ ဘာလိုချင်လို့လဲ

နတ်ပြည်၊ ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား။
လူ့ပြည်ဖြစ်သော ဤကမ္ဘာတွင် သဲမြေ၊ နူးမြေ၊ ရွံ့မြေ၊ ကျောက်မြေစသည်ဖြင့် မြေ
အမျိုးမျိုး ရှိပါသည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန့်ပါသောမြေမျိုး
မဟုတ်ပေ။ ဖန်မြေ၊ မှန်မြေ ဖြစ်၏။ ဖုံမှုန့်စသော အညစ်အကြေးကင်းစင်၍ နတ် ဗြဟ္မာတို့၏
အမျိုးမျိုး ရှိပါသည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန့်ပါသောမြေမျိုး
မဟုတ်ပေ။ ဖန်မြေ၊ မှန်မြေ ဖြစ်၏။ ဖုံမှုန့်စသော အညစ်အကြေးကင်းစင်၍ နတ် ဗြဟ္မာတို့၏
အာဟာရမျှတမှ တရားထူးရမည်။
အာဟာရသည် ရုပ်အာဟာရ၊ နာမ်အာဟာရ အားဖြင့်နှစ်မျိုးရှိ၏။ အာဟာရ၏ တိုက်
ရိုက်အဓိပ္ပါယ်မှာ= “လွန်စွာဆောင်တယ်” အဓိပ္ပါယ်ရှိ၏။ စားသောက်နေသော ထမင်းဟင်း စ
သည်တို့တွင် ဗီတာမင်အေမှ ဇတ်အထိ ရှိသည်။ ယင်း ဗီတာမင်ဓာတ် သြဇာဓာတ်ကို “အာဟာရ”
ဟု ဆိုရ၏။ သြဇာဓာတ်သည် ဤခန္ဓာကြီးကို ကောင်းစွာဆောင်ထား၏။ အာဟာရ ဟုခေါ်သော

ငရဲကြီး (၈) ထပ်။
ငရဲကြီး (၈) ထပ်မှာ===
၁။ သိဉ္ဇိုးငရဲ = အသက်ရှည်စွာ ငရဲသားတို့ ခံစားရသော ငရဲ။
၂။ ကာလသုတ် = အလျှံပြောင်ပြောင်တောက်သော တမျဉ်းခြည်ကိုချ၍ ရှစ်မြှောင့်၊ တစ်ဆယ့်
ခြောက်မြှောင့် ရွေ့သော ငရဲ။
၁။ သိဉ္ဇိုးငရဲ = အသက်ရှည်စွာ ငရဲသားတို့ ခံစားရသော ငရဲ။
၂။ ကာလသုတ် = အလျှံပြောင်ပြောင်တောက်သော တမျဉ်းခြည်ကိုချ၍ ရှစ်မြှောင့်၊ တစ်ဆယ့်
ခြောက်မြှောင့် ရွေ့သော ငရဲ။
ပါရမီဆယ်ပါးအကြောင်း
ဒါနပါရမီ ဖြည့်ကျင့်တော်မူပုံ မိမိပိုင်သက်ရှိသက်မဲ့ပစ္စည်းများကို သူတစ်ပါးအားပေးကမ်း စွန့်ကြဲလှူဒါန်းမူဒါနပါရမီကို ပထမဆုံး ဖြည့်ကျင့်တော်မူသည်၊ ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ ဤကောင်းမူကြောင့် လူစည်းစိမ် နတ်စည်းစိမ်လောကီ ဂုဏ်သိန်များကို သတကာတို့ကဲ့သို့ မတောင့်တ မမျှော်မှန်း၊ သတ္တ၀ါအများကို ကယ်မရန် သဗ္ဗညုတဉာဏ်ရဖို့သာ ရည်သန်တောင့်တတော်မူသည်။
ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းအကျိုး။
ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်း ပေးဝေတာကို မြတ်စွာဘုရားက “ဉာတိဓမ္မ”
ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောထားတာဖြစ်လို့ လုပ်သင့်လုပ်
ထိုက်တဲ့ကိစ္စ၊ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
၁။ ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။
ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောထားတာဖြစ်လို့ လုပ်သင့်လုပ်
ထိုက်တဲ့ကိစ္စ၊ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
၁။ ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။
တိရစ္ဆာန်ဘ၀ ရောက်နေသူ။
တိရစ္ဆာန် ဖြစ်နေသူဟာ ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။
တိရစ္ဆာန်ဘုံဆိုတာ ငရဲလောက်တော့ မဆင်းရဲပါ၊ သို့သော် တို့တတွေ ရထားသလို နေထိုင်

Tuesday, January 13, 2015
ကောင်းရာသုဂတိသို့ရောက်အောင် စုတေခါနီး ပြုပြင်ပေးရပုံ။
မကျန်းမာခြင်း စသည်ကြောင့် အချို့လူတို့သည် စုတေခါနီးကာလ၌ ဆရာသမားကောင်း
ဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ လူမမာသည်
ယခု ရောဂါမှ လွတ်နိုင်တော့မည်မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်း
အောင် ပြုပြင်ရမည်။ ဘုရားကိုရည်စူး၍ ပန်းများကို ရေမွှေးကောင်းကောင်း ဆွတ်ဖျန်းလျက် လှူ
ဒါန်းပူဇော်ထားရမည်။ ညည့်အခါဖြစ်လျှင် ဆီ(လျှပ်စစ်)မီးတွေ ထိန်လင်းအောင် ညှိထိန်းထားရမည်။

သားကောင်းရတနာ၊ သမီးကောင်းရတနာတွေ ရအောင် ကိုယ်တိုင်ရွေးချယ်ယူနည်း။
ဦးဇင်းတို့အမေ မှားခဲ့တာတစ်ခု ရှိသတဲ့။ ဦးဇင်းတို့ ငယ်ငယ်တုံးက ပြောပြီးပြီ။ အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုပဲ၊ ဖဲမရိုက်တတ်ဘူးလို့ ..မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ
ကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ အိုး ....“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၇)။
“သတိတမံ ဉာဏ်မြေကတုတ်”
==================
ကိလေရေလျဉ်၊ စီးလာလျှင်
သင့်တွင်ဘာနှင့် တားမည်နည်း။
ကိလေရေလျဉ်၊ စီးလာလျှင်
အစဉ်သတိ တားပါမည်။
==================
ကိလေရေလျဉ်၊ စီးလာလျှင်
သင့်တွင်ဘာနှင့် တားမည်နည်း။
ကိလေရေလျဉ်၊ စီးလာလျှင်
အစဉ်သတိ တားပါမည်။
“မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေ”
မနက် အိပ်ရာနိုးနိုးချင်း နိုးပြီဆိုတာကို သိတဲ့စိတ်ကလေး ၀င်လာပြီဆိုတာနဲ့  တပြိုင်နက်တည်းပဲ
အာနာပါန အားထုတ်ပါ။ အသက်ကို ၀အောင် ရှူလိုက်လို့ ရှိရင် ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်
ပိုပြီးတော့ ရလာတယ်။ ဦးနှောက်ဟာ အောက်ဆီဂျင် အများကြီးလိုတယ်။ အိပ်ရာနိုးနိုးချင်း
အိပ်ချင်မူးတူးဖြစ်နေချိန် မကြည်မလင်ဖြစ်နေချိန်မှာအာနာပါနကို အားရပါးရအားထုတ်လို့ 
“ဧဟိပဿိကော-လာပါ စုံစမ်းပါ တကယ်လက်တွေ့ လုပ်ကြည့်ပါ”
ဗုဒ္ဓဘာသာတရားဟာ သုတမယ၊ စိန္တာမယလောက်နဲ့ တင်
ရပ်ထားလို့ မရဘူး။ ဘုန်းကြီးကိုယ်တိုင်လည်း
သုတမယ၊ စိန္တာမယလောက်နဲ့  ရှိခဲ့တုန်းက ကိုယ့်ဟာကိုယ်
တော်တော်သိပြီလို့ ထင်ခဲ့တာ၊ တရားအားထုတ်ကြည့်လာတဲ့အခါမှာ
ကိုယ့်ဥာဏ်နဲ့ ကိုယ် သိလာတဲ့အခါမှာ သုတမယ၊ စိန္တာမယနဲ့ 
ဘာဝနမယဥာဏ်ကြားမှာ ခြားနားမှု ဘယ်လောက်ကြီးကျယ်သလဲ
ဆိုတာ ပို သိရတယ်။
ဥပုသ်သီလ ဆိုသည်မှာ
ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ
တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့ 
တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။
ဒီမနက်စားတဲ့အစာသည် တစ်နေ့ တာ လူသားလုပ်ဖို့  တာဝန်ပြီးပြီ။
ညစားတာက အဲဒါ တစ်ညလုံး ဘိန်းဖြူချက်သလိုကို
အိပ်ပြီးတော့ အစာချက်တာ။
မေတ္တာဖြင့်နိုးထခြင်း။
+ နေ့တစ်နေ့ အစ၊ နံနက်ထလျှင်
+ ဗုဒ္ဓဘာသာ၊ ရတနာသုံးပါး
+ ငါးပါးအနန္တ၊ ကန်တော့ကြ၍
+ သရဏဂုံတည်၊ သီလဆောက်ကာ
+ မေတ္တာပို့ခြင်း၊ ခံယူခြင်းနှင့်
+ ထိခြင်းငါးပါး၊ ဦးညွှတ်တွားလျက်
+ ဗုဒ္ဓဘာသာ၊ ရတနာသုံးပါး
+ ငါးပါးအနန္တ၊ ကန်တော့ကြ၍
+ သရဏဂုံတည်၊ သီလဆောက်ကာ
+ မေတ္တာပို့ခြင်း၊ ခံယူခြင်းနှင့်
+ ထိခြင်းငါးပါး၊ ဦးညွှတ်တွားလျက်
Monday, January 12, 2015
နေ့စဉ်နဲ့အမျှ ကောင်းအောင်ပြင်ပါ။
မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မ၀,၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြ
ပါတယ်။

ငရဲကျနေသူ။
ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး
မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ မရှိပါ။ အဲဒီ ငရဲကျနေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။
ငရဲဘုံဆိုတာကို ပါဠိလို “နိရယ” လို့ ခေါ်တယ်။ “နိရ်” ဆိုတာက မရှိဘူး၊ “အယ” က ချမ်း

အများအကျိုးအတွက် ပရဟိတဆိုတာ။
“အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မတိမ်းမစောင်း၊ ကိုယ့်လမ်း
ကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့။”
ပရဟိတဆိုတာ ကျယ်ပြန့်ပြီး နက်ရှိုင်းမှုလည်းရှိတယ်။ နာမှုကူညီရေး၊ ပညာရေးကူညီမှု၊
ကျန်းမာရေးထောက်ပံ့မှုဟာ ပရဟိတအလုပ်တွေ၊ အများကို ကူညီဆောင်ရွက်ပံ့ပိုးစောင့်ရှောက်

သူတော်ကောင်း ဥစ္စာ (၇) ဖြာ။
သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင် များခြင်း။
၎။ စာဂ = ပေးကမ်းစွန့်ကြဲခြင်း။
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင် များခြင်း။
၎။ စာဂ = ပေးကမ်းစွန့်ကြဲခြင်း။
ဘွဲ့တံဆိပ်ပေါင်း ၄၃ ဘွဲ့ရတိပိဋက ဆရာတော်
ဓမ္မာစရိယ (၉)ဘွဲ့၊ ပါဠိပါရဂူဘွဲ့၊ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၄)ဘွဲ့
နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၃)ဘွဲ့ရ
၁၂ ပါးမြောက်
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် အရှင်အဘိဇာတာဘိဝံသ
ဆရာတော် အရှင် အဘိဇာတာလင်္ကာရာဘိဝံသသည် (၆၂)ကြိမ်မြောက် တိပိဋက ရွေးချယ်ပွဲ စာမေးပွဲတွင် (၁၂)ပါးမြောက် 'တိပိဋကဓရတိပိဋကကောဝိဒ' ဘွဲ့တံဆိပ်တော်ကို ရ ရှိအောင်မြင်တော် မူခဲ့သည်။

*** ၀ိသာခါကို သူ့မိဘများမှာကြားလိုက်သော စကား(၁၀)ခွန်း ***
၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
ထိုင်းနိင်ငံမှမြဘုရား..။
မြဘုရား(-emerald-buddha)
…………………………………
မြဘုရား ကျောင်းသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင် ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။
ထိုင်းရာမ ဘုရင် ၁ (1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက်ခဲ့လေသည်၊
မြဘုရားသည် ကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။

“တရားထိုင်ခြင်းဟာ ကိုယ်ရောစိတ်ပါအေးချမ်းစေပါတယ်”
တရားထိုင်လို့  သတိ သမာဓိ နည်းနည်းလေး ကောင်းလာပြီဆိုရင်
ဒီဝေဒနာကိုလည်း သည်းခံပြီး ထိုင်သွားလို့ ရှိရင် ဒီခန္ဓာကိုယ်ဟာ
Endorphin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ထုတ်ပေးလာတယ်။
သူ့ စကားက နှစ်လုံးကို ပေါင်းထားတာပါ။ Endogenous morphine
ဆိုတဲ့စကားလုံးပဲနော်။ အပြင်က morphine က operation ခွဲစိတ်ကုသမှုတွေ ဘာတွေ လုပ်ရတဲ့လူကို ထိုးပေးတာနော်။
“ဘုရားရှင်ကို ဖူးတွေ့ လိုလျှင်”
ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို
အာရုံပြုကြည့်ပါ၊ အဲဒီအခါကျမှ ဘုရားဆိုတာ ဘယ်လိုလဲ
ဆိုတာ နည်းနည်းရိပ်မိလိမ့်မယ်။ စာဖတ်ပြီးတော့
သိထားရုံနဲ့ ဘုရားဆိုတာ သိပြီလို့  ပြောဖို့ မလွယ်ဘူး။
ဘုရားရဲ့ စိတ်အခြအနေကို ကိုယ်ကိုယ်တိုင် ကိလေသာကင်းမှ
ကိလေသာကင်းနေတာ ဘယ်လောက်မြင့်မြတ်သလဲဆိုတာ
သိနိုင်တယ်။ ဒါကြောင့်သိနေတာဟာ ကုသိုလ်ဖြစ်နေတာပေါ့။
Sunday, January 11, 2015
အဆင့်မြင့်ဆုံးဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။
မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရား
လောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။ အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့် အားဖြင့်
ခုနှစ်ဆင့်ထိ ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ တစ်ဖန် ဥဒက ရာမပုတ္တ ဆိုတဲ့ ရသေ့ကြီးက ဈာန်ရှစ်ဆင့်ထိ
အောင် ပေါက်ပြီးသွားတယ်။ အဲဒီ ပုဂ္ဂိုလ်ကြီး နှစ်ဦးဟာ ဘုရားလောင်းရဲ့ ဆရာကြီးတွေပါ။

Subscribe to:
Posts (Atom)