Saturday, November 19, 2016
အတုယူမှား​သော ဂီရိဒတ္တဇာတ်​​တော်
ပါရမီ ဆိုသည်မှာ
ပါရမီ = မြင့်မြတ်သူတို့ ၏လုပ်ငန်းစဉ်
၁-ဒါနပါရမီ = ပေးကမ်းလှုဒါန်းစွန့် ကြဲမှုကို ဖြည့်ကျင့်ခြင်း၊
၂-သီလပါရမီ = ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း၊
၃-နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း၊
၎-ခန္တီပါရမီ = သည်းခံခွင့်လွှတ်ခြင်းကို ဖြည့်ကျင့်ခြင်း၊
ရှင်ဥပါလိ၏ သံသရာအမှားတစ်ခု။
       ရှင်ဥပါလိဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘဝ
ရောက်သွားရှာတာ ဖြစ်ပါတယ်။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိပါတယ်။ ဘဝ
ကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျပါ။ လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်
ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်။
        လောက၌ ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု
ဘ၀၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောကီပုဂ္ဂိုလ်
ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဌာန်း အား
ဘ၀အမာရွက်ကြီးနဲ့ ဦးဇင်းသုံးတန်းတုန်းက ဆရာမအကြောင်း။
        အခု မှတ်မိတဲ့အကြောင်းက သုံးတန်းက ဆရာမအကြောင်းပေါ့။  ဆရာမကိုတွေ့တော့
ကိုယ့်ရဲ့စိတ်ထဲမှာ သနားတာလိုလို၊ အဲဒီလို မဖြစ်စေချင်တာလိုလို၊ ဆရာမကိုမဖြစ်စေချင်သလို
ကိုယ်လည်း အဲဒီလို မဖြစ်ချင်ဘူး။ ဆရာမရဲ့ ပါးပြင်မှာ အမာရွက် တစ်ခုရှိတယ်။ အမာရွက်ဆို
Friday, November 18, 2016
လက္ခဏာတော်မှ တစ်ဆင့်
လက္ခဏာတော်မှ တစ်ဆင့်
လက္ခီယတီတိ လက္ခဏံ။
လက္ခီယတေ ဧတေနာတိ လက္ခဏံ။
မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။
Thursday, November 17, 2016
မေတ္တာပို့စဉ် စိတ်ထားနည်း
မေတ္တာပို့စဉ် စိတ်ထားနည်း
စူးရှအောင် အဘယ်သို့ မေတ္တာဖြန့်ရပါမည်နည်း။ မေတ္တာဖြန့်ရာတွင် ရည်ညွှန်းသော သြဒိသမေတ္တာ မရည်ညွှန်း သော အနောဓိသမေတ္တာနှစ်မျိုးရှိရာ အနောဓိသမေတ္တာထက် သြဒိသမေတ္တာကစူးရှသည်။ သြဓိသတွင်လဲ မြင်ဖူးသူ မမြင်ဖူးသူရှိပြန်ရာ မမြင်ဖူးသူထက် မြင်ဖူးသူကို စူးရှသည်။မြင်ဖူးသူတွင်လဲ အမြင်နည်းသူထက် အမြင်များသူကို စူးရှသည်။ အမြင်များသူတွင်လဲ အကျွမ်းမဝင်သူထက် အကျွမ်းဝင်သူကို စူးရှသည်။
အခွင့်ကောင်းကို ရအောင်ယူ။
      ရှင်ဥပါလိက သတိပေးခဲ့တဲ့ စကားလေးတစ်ခွန်းက အလွန် မှတ်သားစရာကောင်းပါတယ်။
“မာ ဝေါ ခဏံ ၀ိရာဓေထ” -  “အေး၊ အခွင့်ကောင်းကြီးကို လွဲချော်မသွားကြစေနဲ့” တဲ့၊ ဒါကို-
အရေးတကြီး သတိပေးလိုက်တာပါ။ ကိုယ် ရ, ထားတဲ့ အခြေအနေကောင်းတွေကို ဆုံးရှုံး
ဒီစိတ်ပဲ.....(တောင်လေးတောရဆရာတော်၏် ကဗျာ)
 * အရေးမလှ၊ တွေးသမျှ၊
     ဆွေးရတာလည်း   ဒီစိတ်ပဲ...
  * အပြစ်မမြင်၊ အနှစ်ထင်၊
     ချစ်ချင်တာလည်း   ဒီစိတ်ပဲ...
ဗုဒ္ဓဘာသာဝင်၏ အယူဝါဒ ပျက်စီးခြင်း။
         ဗုဒ္ဓဘာသာဝင်များသည် (၁) ဘုရား၊ (၂) တရား၊ (၃) သံဃာ၊ (၄) ကံ၊ ကံ၏အကျိုး
(၅) အကြောင်းနှင့် အကျိုး ဆက်သွယ်မှု၊ (၆) အတိတ်ဘ၀၊ အနာဂတ်ဘ၀ တို့ကို ယုံကြည်၏။
         ဤ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်) နှင့် အကုသိုလ်ကံ (မကောင်း
Wednesday, November 16, 2016
အမှားကို မကြောက်ပါနဲ့
ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ။
(ပထမလယ်တီဆရာတော်ကြီး)
လူ့သဘောသဘာဝတစ်မျိုးက ကံဆိုးခြင်းတွေ ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့ သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာပေါ့ တစ်ဖက်သားကို သူ့ကြောင့်….သူ့ကြောင့်..ဆိုပြီး တာဝန်မဲ့တဲ့ ယုတ္တိမရှိတဲ့ စွဲချက်တွေနဲ့ အပြစ်ပုံချလေ့ရှိပြီး အဆိုးမြင် အပြစ်တင်တတ်ကြတယ်။ တကယ်တော့ ကိုယ့်အားနည်းချက်တွေဟာ တစ်ခြားသူတစ်ယောက်နဲ့ လုံးဝသက်ဆိုင်တာ မဟုတ်ပါဘူး။
Tuesday, November 15, 2016
အစမ်းသေကြည့်ရအောင်
တကယ် မသေခင် အစမ်းသေကြည့်ရအောင်…….
ဒီဘ၀ ဒီခန္ဓာ နဲ့ သံသရာ ၀ဋ်ဇတ် အမြစ်ပြတ် အောင် အားမထုတ်နိုင်သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုကတိ ရောက်ဖို့ ကိစ္စ ကို အရေး တကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂိုလ် ကတော့ ကောင်းရာ သုဂတိ ရောက်ဖို့ သေချာပြီးသာပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ
ဆိုရင် ပဲ အပ္ပါယ် လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိ ကို လုံးဝ မရောက်နိုင်တော့ပါဘူး။
ကိုယ့်အကျိုး သူ့အကျိုး။
      မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဒီသုံးမျိုးကို
ရှင်းပြထားပါတယ်။ လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ လွှမ်းမိုးနေမယ်၊ မောဟတွေ
လွှမ်းမိုးနေတယ်။ လောဘ လွှမ်းမိုးတဲ့အခါမှာ လိုချင်စိတ်တွေများပြီးတော့ သူများအသက်
အာရက္ခသမ္မဒါ ထိန်းသိမ်းစောင့်ရှောက်မှု။
        အာရက္ခသမ္မဒါဟူသည် ရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို မကုန်သင့်တာ မကုန်အောင်၊
မပျက်စီးသင့်တာ မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းပင် ဖြစ်၏။
         မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါး၊ မဖျက်ဆီးနိုင်အောင်
စောင့်ရှောက်ရသကဲ့သို့ ဥစ္စာငွေကြေးကို စည်းကမ်းတကျ သုံးစွဲခြင်းဖြင့် မကုန်သင့်တာ မကုန်
ဒုလ္လဘ ၅ ပါး။
        ဒုလ္လဘ ၅ ပါးမှာ = =
၁။ ဗုဒ္ဓပ္ပာဒ ဒုလ္လဘ = ဘုရား၏ အဖြစ်ကို ရခဲခြင်း။
၂။ မနုဿတ္တဘာဝ ဒုလ္လဘ = လူ အဖြစ်ကို ရခဲခြင်း။
၃။ သဒ္ဓာသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓာတရားနဲ့ ပြည့်စုံသည့် အဖြစ်ကို ရခဲခြင်း။
Monday, November 14, 2016
တန်ဆောင်မုန်း လပြည့်နေ့ (သာမည ဖလ အခါတော်နေ့)
တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။
၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။
၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။
Sunday, November 13, 2016
ဘုရားကိုးဆူ ပူဇော်သည်မှာ အဘယ်နည်း
ဘုရားကိုးဆူ အကြောင်းနှင့် ပတ်သတ်၍ မှတ်သားဖွယ် တော်တော် များများရှိသည်၊ ဘုရားကိုးဆူ  ဟူသော ဝေါဟာရကို ကပင် မှတ်သားဖွယ်ရာ ဖြစ်နေပါ၏။ ဘုရားကိုးဆူကား သဗ္ဗညုဘုရားချည်း  ကိုးဆူမဟုတ်၊ ဘုရားတစ်ပါး နှင့် ရဟန္တာ (၈)ပါးကိုပင် ဘုရားကိုးဆူဟု ခေါ်နေကြသည်။  ဘုရားအမှူးရှိသော ဘုရားနှင့် တကွသော ရဟန္တာ များကိုပင် ပဓာနဖြစ်သော ဘုရားကို ဦးတပ်၍  ဘုရားကိုးဆူဟု ခေါ်ထားခြင်း ဖြစ်နေသည်။
အခွင့်ကောင်းကိုယူတတ်တဲ့ ဥပါလိက။
       ဥပါလိက-က အဲဒီမင်းသားတွေကို ဆံပင်၊ မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ ဆတ္တာသည်တစ်
ယောက် ဖြစ်ပါတယ်။ သူတို့ခေတ်မှာ သူ့အမျိုးဟာ အင်မတန်မှ အောက်တန်းကျပါတယ်။
လူရာသွင်း မခံရပါ။ နေရင်လည်း နောက်နားလေးမှာ၊ခြေရင်းလေးမှာ၊ အပြင်မှာ နေရပါတယ်။
အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူ စားပွဲမှာ ထိုင်ဖို့ဆိုတာ အဝေးကြီးပါ။ အမြဲတမ်း သူတို့ဝေ
သတိပဌာန်တရား (၄) ပါး ဖြစ်ပေါ်လာပုံ။
     အနာပါနကမ္မဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ၀င်လေထွက်လေ ထိခိုက်မှု
ကို သိနေလျှင် ကာယာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပ
ညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာတို့ကို
ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။
အာရုံ ၅ ပါး။
        အာရုံ ၅ ပါးမှာ = =
၁။ ရူပါရုံ = အဆင်းကို ခုံမင်လိုက်စားခြင်း။
၂။ သဒ္ဒါရုံ = အသံကို  ခုံမင်လိုက်စားခြင်း။
၃။ ဂန္ဓာရုံ = အနံ့ကို  ခုံမင်လိုက်စားခြင်း။