Saturday, January 30, 2016

မဟာအဝီစိငရဲ (သို့မဟုတ်) ပဉ္စာနန္တိယကံထိုက်သူများ ကျရောက်ရသည့် ငရဲဘုံ”



မဟာအဝီစိငရသည် ငရဲကြီးရှစ်ထပ်တွင် အောက်ဆုံးထပ်ဖြစ်လေသည်။ မဟာတာပနငရဲအောက် ယူဇနာတစ်သောင်းငါးထောင် ကွာဝေးသော အရပ်၌ ရှိလေသည်။ ငရဲကြီးတစ်ခုလုံး ကျောက်သားဖြစ်၏။ ယူဇနာတစ်သောင်းကျယ်ဝန်းလေသည်။

အလှူခံပုဂ္ဂိုလ် (၁၄) ယောက်။

အလှူခံပုဂ္ဂိုလ်များမှာ ==
၁။ တိရစ္ဆာန်၊
၂၊ သီလမရှိသူပုထုဇဉ်၊
၃။ သီလ ရှိသူပုထုဇဉ်၊

အရှင်နန္ဒမာလာဘိဝံသ၏ တရားအားထုတ်တယ်ဆိုတာ။

       အမှတ်တမဲ့ မနေရဘူးတဲ့။ အပ္ပမာဒ ဆိုတဲ့ သတိတရားနဲ့ ထာဝရသတိရှိနေမယ်၊ သတိကပ်
နေမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ၀ိပဿနာအာရုံတွေက ပေါ်နေတာတဲ့။ မပေါ်တာက
အသိဉာဏ်နဲ့ သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ ဉာဏ် မပေါ်တာကိုပေါ်အောင် ကြိုးစား
အားထုတ်နေခြင်း သည်ပင်လျှင် တရားအားထုတ်တယ် လို့ ပြောတာ။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ

   ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
၁။  ကာမချမ်းသာ၊ သုံးဆောင်တာ
     ပယ်ခွာ ရှောင်ရမည်။
၂။  မသုံးဆောင်ဘဲ၊ ကိုယ်ညှဉ်းဆဲ
     ဒါလည်း ရှောင်ရမည်။

Friday, January 29, 2016

ရဟန်းသည် မရှိတာကို ဂုဏ်ယူတတ်ရမည်။



မနေ့က ကျိုက္ကဆံဘုရား အနောက်ဘက်မုခ်မှာ ကြုံရတဲ့ အဖြစ်အပျက်ကလေးပါ
+ + + + + + + + + + + +
မိမိက ဘုရားသို့အတတ်.. ထိုသူများက ဘုရားပေါ်မှ အဆင်း..
\\လူတစ်သိုက်..//
ယောကျာ်း၊ မိန်းမ လေးငါးယောက်လောက်ရှိမယ်.
ယောဂီဝတ်စုံတွေနဲ့..
လက်ထဲမှာ ပုတီးကိုယ်စီ..
\\ခပ်ငယ်ငယ် အတွဲတစ်တွဲ..//
ယဉ်ကျေးစွာ ဝတ်ဆင်ထားကြတယ်..
လက်ထဲမှာထီးကိုယ်စီ..
\\လူကြီးတစ်ဦးပေါ့..//
အဝတ်အစားတွေက အပေါစားခပ်ဆန်ဆန်ပေမဲ့ သန့်သန့်ပြန့်ပြန့်လေးပါ..
လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလို့..

Thursday, January 28, 2016

အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပထမသုတ်၌ လာဒါန (၈)မျိုး



၁။ အလှူခံရောက်လာလျှင် ကြန့်ကြာမနေဘဲ အရေးတယူ လှူဒါန်းခြင်း။
၂။ အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်ကျမည်ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း။
၃။ မိမိအား ရှေးက ပေးကမ်းခဲ့ဖူးသူဟူ၍ မိမိက လှူဒါန်းခြင်း။
၎။ ဤပုဂ္ဂိုလ်သည် ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်ဟု ရည်ရွယ်၍ ပေးလှူခြင်း။

အပါယ်လေးပါးသို့ ကျတတ်သော အလှူ ၁၀ မျိုး။

၁။ သမဇ္ဇဒါန- (ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပွဲ၊ စတိတ်ရှိုး ) ကချေအလှူ။
၂။ မဇ္ဇဒါန- (ဘိန်း ဘင်း ကစော်၊ မူးယစ်ဆေးဝါး) သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန- မိန်းမအလှူ။
၎။ ဥသဘဒါန-  နွားလား၊ မြင်းလား အလှူ။

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံ။

      ရှင်အာနန္ဒက စဉ်းစားလိုက်တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ်
မရတာတုန်း”လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖို့လည်း နီးလာပြီ။ သြော် ငါ့စိတ်တွေ
ပြင်းထန်နေပြီး ၀ီရိယတွေ လွန်ကဲနေတယ်၊ သမာဓိက လျော့နည်းနေတယ်။  အဲဒါကို ရှင်အာ
နန္ဒက သိတယ်။ ၀ီရိယတွေ သိပ်လွန်ကဲနေရင် ဥဒ္ဓစ္စ ဖြစ်တယ်။ သမာဓိတွေ လျော့နည်းတတ်တယ်။

ကိုးဘွဲ့ရဆရာတော၏ "အပါယ်မကျ၊ စိတ်သာချ"။

{* ဘုရားကိုသာယုံ၊
   တရားကိုသာယုံ၊
   သံဃာကိုသာယုံ၊

Wednesday, January 27, 2016

"မှတ်သားဖွယ်ရာ မျက်ရည် နှစ်မျိုး"



တပည့်တော် မေးပါရစေဦး။ မိဘနှစ်ပါးတို့ကို ချစ်မြတ်နိုး၍ ငိုကြွေးအပ်သော မျက်ရည်နှင့် တရားတော်ကို မြတ်နိုး၍ ငိုကြွေးရသော မျက်ရည်နှစ်မျိုးအနက် အဘယ်မျက်ရည်သည် ဆေးနှင့်တူ၍ အဘယ်မျက်ရည်က အဆိပ်နဲ့တူပါသနည်းဘုရား။

Tuesday, January 26, 2016

အောင်ခြင်းရှစ်ပါး ဂါထာ

မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။

ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။

ဗေဒင်ဆိုတာ။

         မြတ်စွာဘုရားနဲ့ဖွါးဘက်တော်တွေထဲက လူသားအနေနဲ့ အာနန္ဒ ရှိတယ်၊ ကာဠုဒါယီ ရှိတယ်၊
ယသောဓရာ ရှိတယ်၊ ဆန္န ဆိုတဲ့မြင်းတော်ခံအမတ် ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဗေဒင်ဆရာတွေက
ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုရင် တစ်နေ့ထဲ တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင်တူမနေဘူးလား၊
ဇာတာခွင် တူနေတဲ့ အထဲမယ် သိဒ္ဓတ္ထမင်းသား တစ်ပါးသာလျှင် ဘုရားဖြစ်ပြီး ကျန်တာတွေ ဘုရား

မိလိန္ဒမင်းကြီး၏ စိတ်ကိုပြုပြင်ပုံ ပြုပြင်နည်း။

        မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့ အမေး၊ အဖြေအကြောင်း ဗုဒ္ဓဘာသာဝင် အတော်များများ
သိရှိကြပါမည်။ သို့သော် သူတို့အကြောင်း သိရပြီး မှတ်သားစရာကို အသိပေးချင်ပါသည်။ မိလိန္ဒမင်း
ကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်
လွန်စွာအရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေး

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၅)။

   ”မဂ္ဂင်ရှစ်ပါး”
     xxxxxxxxxx
သိမှန် ကြံမှန်၊  ပြော ပြုမှန်နှင့်၊
ကောင်းမှန်သက်မွေး၊ ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြားသတိ၊

Monday, January 25, 2016

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း

ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။

Sunday, January 24, 2016

* သေရွာပြန်တစ်ဦး၏ ဖွင့်ဟ၀န်ခံချက် နှင့် ရေစက်ကံအကြောင်း *



တစ်ခါက မောင်ကုသိုလ် လို့အမည်ရတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူ့မိဘတွေက ဘာသာတရားကိုင်းရှိုင်းသလောက် သူကတော့ သူ့နာမည်နဲ့မလိုက်အောင် အကုသိုလ်လုပ်တဲ့နေရာမှာ အလွန် အထုံဝါသနာပါတယ်။ ငှက်ပစ်တာ၊ ငါးဖမ်းတာ၊ အမဲလိုက်တာ… စသဖြင့်

မြတ်စွာဘုရားရဲ့ဖွားဘက်တော်များ။

 မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို “ အာ ဗော ကာ ယ ဆန် ရွှေ ကဏ်” လို့ အတို
ကောက်လုပ်ထားတဲ့ အထဲမယ် အာ ဆိုတာ ရှင်အာနန္ဒကိုပြောတာ၊ ဗောကတော့ ဗောဓိပင်ပေါ့၊
ကာ က ကာဠုဒါယီ၊ ယ က ယသောဓရာ၊ ဆန် က မြင်းတော်ခံ မောင်ဆန်၊ ရွှေက ရွှေအိုးကြီး

ဗုဒ္ဓဟောကြားသော ကြီးပွားချမ်းသာကြောင်းတရားများ။

      လူတိုင်းလူတိုင်းသည် လူ့လောကအလယ်တွင် တင့်တင့်တယ်တယ် ပြည့်ပြည့်စုံစုံနှင့်
နေချင်ကြ၏။ ထိုသို့နေနိုင်ဖို့ရန် စီးပွားဥစ္စာ ရှာဖွေမှုကို ပြုကြရသည်ချည်း ဖြစ်ပါ၏။ လူသား
များအနေဖြင့် အသွေးအသားခန္ဓာရုပ်ကြီး ရှင်သန်တည်မြဲနေသေးသမျှ စားဝတ်နေရေး ဟူ
သော စာလုံးသည် စီးပွားရေးပင်စည်ကြီးအပေါ် အမှီပြုလျက် ရှိပါ၏။ စီးပွားရေးပင်စည်ကြီး

မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။

      လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။  အခု