အိမ်ထောင်ဦး ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ သည်သုံးမျိုး ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်ခဲကြုံလိမ့် “ ဟူသော စကားသည် ယောက်ျား နှင့် မိန်းမ နှစ်ဦးစလုံးအတွက် သက်ဆိုင်ပေသည်။
သို့သော် အိမ်ထောင်ဦး ဟူသော စကား၌ အိမ်ထောင်ပြုကြရာတွင် ယောက်ျား နှင့် မိန်းမ မတူကြပါ။ ယောက်ျား နှင့် မိန်းမကြား တစ်သက်တာ အတိုင်းအဆမဲ့ ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကတိသစ္စာဖြင့် လက်ထပ်ခြင်း ဖြစ်သော်လည်း လက်ထပ်ခြင်းအပေါ် ယူဆမှု ခြားနားပါသည်။