Saturday, January 24, 2015
အနာရောဂါကင်းရတာ။
      အချို့ကတော့ သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်နှင့် ပြုမူပြောဆို ဆက်ဆံတတ်ကြပါတယ်။
အခွင့်ကြုံလာရင်လည်း ညှင်းပန်းနှိပ်စက်မှုကို အထူးရှောင်လေ့ ရှိကြပါတယ်။ စာနာခွင့်လွှတ်လေ့
ရှိကြပါတယ်။ ဒီပုဂ္ဂိုလ်တွေသေရင် နတ်ပြည်ကို ရောက်ရတတ်ပါတယ်။ တကယ်လို့ အခြားကံ
ရပ်ပြစ်ရှစ်ပါး ကျခံရသူများ။
        ရပ်ပြစ်ရှစ်ပါး  ကျခံရသူများ  ဆိုသည်မှာ  လောကမှာ   လူလာဖြစ်သော်လည်း
အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်၊ လောကမှာ ဘ၀အခြေအနေ အကျိုးပေး
မလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်ကို ဆိုလိုပါတယ်။
         ၁ - ငရဲကျနေသူ ။  ။ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့   ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရား
ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။
၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
    ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ
    လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း။
ကိလေသာ (၁၁) ပါး။
           ကိလေသာ (၁၁) ပါးမှာ==
 ၁။ ကောဓ = အမျက်ထွက်ခြင်း။
 ၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း။
 ၃။ ထမ္ဘ = ရိုသေထိုက်သူကို မရိုသေခြင်း။
 ၄။ သာရမ္ဘ = သူတစ်ပါး မခံသာအောင် ယှဉ်ပြိုင်ခြင်း။
သုခငါးဖြာ။
       မဂ်ဉာဏ်လေးဖြာဖြင့် နှစ်သိမ့်ရောင့်ရဲသော၊ သစ္စာလေးဖြာ ပေါ်လွင်ထင်ရှားပြီးဖြစ်သော
ခန္ဓာမှကင်းဆိပ်ရာ နိဗ္ဗာန်ကို ဉာဏ်မျက်စိဖြင့် မြင်ပြီးဖြစ်သော ပုဂ္ဂိုလ်များမှာ=
   ၁။ ခန္ဓာရမှုမှကင်းဆိပ်ရာ နိဗ္ဗာန်သည် သုခတစ်ပါးဖြစ်သည်။
   ၂။ လောက၌ ဒေါသဗျာပါဒကင်းကွာ (ဥပစာရ)မေတ္တာသည် သုခတစ်ပါးဖြစ်သည်။
ယသော်ဓရာရဲ့ဆုတောင်းနဲ့ဖြစ်စဉ်အကျဉ်း
ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းက သုမေဓာနဲ့ သုမိတ္တာကို သိကြမယ်ထင်ပါတယ် ယသောဓရာကို ဘုရားရဲ့ ပါရမီဖြည့်ဖက်အနေနဲ့ပဲ သိကြတာဖြစ်လို့ ဘုရားအလောင်းကြောင်း ဟြေတာနဲ့ ယသောဓရာလည်း ပါတာပဲ
မပါတဲ့အကြောင်းရာကို ဟြေပါ့မယ်
ယသောဓရာဟာ ဘုရားလောင်းရဲ့ ပါရမီဖြည့်ဘက်အဖြစ် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက ပါလာတာမှန်ပေမဲ့ သူ့အတွက်လည်း ဆုတောင်းပြီး ပါရမီဖြည့်ပါတယ်
အဲဒီပါရမီဖြည့်တာကို စတာက လွန်ခဲ့တဲ့ကမ္ဘာတစ်သိန်းက ပဒုမုတ္တရမြတ်စွာဘုရားဆီမှာ နိယတဗျာဒိတ်ရပါတယ်
ယသောဓရာလောင်းလျာဟာ ဟံသာဝတီမင်းနေပြည်တော်မှာ အမျိုးကောင်းသမီးဖြစ်နေချိန်
တနေ့ ပဒုမုတ္တရမြတ်စွာဘုရားရှင်က ဘိက္ခုနီတစ်ပါးကို မဟာဘိညာပ္ပတ္တ အရာမှာ အသာဆုံးအမြတ်ဆုံးဆိုပြီး ဧတဒဂ် ပေးတော်မူတာကို မြင်လို့
လှူပုံလှူနည်း
အလှူဒါနတွေ လုပ်တဲ့အခါ အဆင့်မြင့်တဲ့ အလှူဒါနဖြစ်ဖို့အတွက် သစ္စာသိပြီးမှ လှူဒါန်းပါဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးစားပေး ဟောလေ့ ပြောလေ့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ အလှူဒါနမှန်လျှင် မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လှူတိုင်းလည်း ကောင်းကျိုး အတူတူ မရနိုင်ဘူးဆိုတာ အဘိဓမ္မာဒေသနာတော်က သက်သေခံထားပါတယ်။ ကုသိုလ်ဆိုတာ ဉာဏ်ပါမှ တော်ကာကျတယ်။
ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၄)
ဒိဋ္ဌိကို ငရဲမျိုးစေ့ဟုလည်းကောင်း၊ အပါယ်မျိုးစေ့ဟုလည်းကောင်း မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ မိန့်တော်မူလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒိဋ္ဌိမပြုတ်လို့ပဲ လုပ်ချင်ရာလုပ်နေကြတာ။ ဒိဋ္ဌိအစွဲတွေကြောင့်ပဲ အမြင်မမှန်ကြ၊ အမှန်မမြင်ကြပဲဖြစ်နေကြတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်မှတ်နေကြတာဟာ ဒိဋ္ဌိအစွဲကြောင့်ပါပဲ။
ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)
ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။
သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။
တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး
သာသနာပွဲလှူတာ ကောင်း မကောင်း။ (ဒကာမကြီး တစ်ဦး)
သာသနာလို့ဆိုလိုက်တာနဲ့ ရတနာသုံးပါးနှင့်ဆက်နွယ်လျက်ရှိနေမည်ဖြစ်သည်။ ဆိုတော့ သာသနာပွဲ မလှူကောင်းဘူးလို့တော့ မပြောလိုပါ။ ဒါပေမယ့် လှူတတ်ဖို့တော့ လိုပါလိမ့်မယ်။ အပေါ်က စာသားများက မှန်ပါတယ်။ ဒကာမကြီး။ ဖြစ်သင့်တာက ငှက်ပျောသီးအမှည့် အုန်းသီးအမှည့်များကို အရုဏ်တက်ပြီးသည့်အချိန်မှာ ကပ်လှူပြီး မွန်းမတည့်ခင် စွန့်တာပိုပြီးကောင်းလှပါတယ်။ ပြီးတော့
အနာရောဂါထူရတာ။
        အချို့သူတွေဟာ သေအောင်သတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဏ်ရာရအောင်၊
ကိုယ်လက်အင်္ဂါချို့ယွင်းအောင်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ညှင်းပန်းနှိပ်စက်တတ်ကြပါတယ်။ ဗိုလ်ကျတတ်ကြပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေသေရင် ငရဲရောက်ရတတ်ပါတယ်။ တကယ်လို့ အခြားကံ တစ်ခုခုကြောင့် လူ့ပြည်ကို ရောက်လာရင်လည်း လူ့ဘ၀မှာ ဆေးရုံ၊ ဆေးခန်း၊ ဆေး
မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်။
       မိစ္ဆာဒိဌိဖြစ်သူဟာ အကျွတ်တရားရဖို့ အခွင့်အရေး ဆုံးရှုံးနေသူပါ။  ဘုရားပွင့်တယ်၊
ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်။ ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့၊ မြတ်စွာဘု
ရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်နေမယ်၊
သောတာပန်အဖြစ်နဲ့ ဘုံစဉ်ခံစားကြသူများ။
        ကာမဘုံလူသားတွေဟာ ကာမဂုဏ်ကိုလည်း အပြည့်အ၀ခံစားချင်၊ ခံစားပြီးမှ နိဗ္ဗာန်ကို
သွားချင်တဲ့သူတွေ များပါတယ်။ ဒါဆိုရင် လူ့ဘ၀မှာ သောတာပန်ဖြစ်အောင် ကျင့်ကြံအား
ထုတ်ပါ။ ဒိဌိနဲ့ ၀ိစိကိစ္ဆာ ပြုတ်အောင်သတ်ရင် သောတာပန်ဖြစ်မှာပါ။ ကျန်တဲ့ လောဘ၊ ဒေါသ၊
မာန စတဲ့ ကိလေသာတွေ ကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီ လောဘ၊ ဒေါသတွေက ပုထုဇဉ်
ဥဂ္ဂတသေဌေး၏ ကြည်ညိုဖွယ်ရာများ။
       ဥဂ္ဂတသေဌေးသည် ၀ဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သားဖြစ်၏။ ဥဂ္ဂတသေဌေး၏ ထူး
ခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
         မြတ်စွာဘုရားသည် နာရ၀နဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနှစ်ရက်တိုင်တိုင်
သေရည်မူးယစ်လျက် ကချေသည်တို့ဖြင့် ခြံရံကာ ဥယျာဉ်သို့ သွား၍ မြူးတူးပျော်ပါးကြသော်
Friday, January 23, 2015
ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၂)
ကိုယ့်သန္တာန်မှာ ဖြစ်နေဆဲရုပ် ဖြစ်နေဆဲနာမ်ကို သိဖို့အရေးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိနိုင်ဘူးလားဆိုတော့လဲ ကျကျနန ရှင်းလင်းပြပေးနိုင်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ရုပ်လို့ ပြောမယ်ဆိုရင်တော့ သာမညအားဖြင့် အပြောဖြစ်လို့ ရူပက္ခန္ဓာကို ပြောခြင်းလို့ မှတ်ထားလိုက်ပေါ့။
ဒီရုပ်ကနေ လတ်တလော ယခုဖြစ်၍ ယခုပျက်တဲ့ရုပ်ကလေးတွေ ပေါ်ဆဲရုပ်ကလေးတွေ ထင်မြင်လာအောင် ကြည့်တတ်မယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာဖြစ်တဲ့ ၀ိပဿနာအရှုခံရုပ်ကလေးတွေ မြင်နေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် ရုပ်လို့ သာမညထင်မြင်နေရင် ရူပက္ခန္ဓာ၊ ပေါ်ဆဲရုပ်လို့ ထူးထူးခြားခြား သိနေရရင်တော့ အဲဒါ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။
ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၁)
                ရုပ်နာမ်မသိ လူဒိဋ္ဌိမှာ မိုးဖျားဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖောက်လွဲပါယ်ရွာ ရောက်တတ်စွာ၏။
ဝိပဿနာလုပ်လိုသူများအတွက် ရုပ်နာမ်ကို ရှေးဦးစွာ သိထားဖို့ အရေးကြီးပါတယ်။ ရုပ်ဆိုတာက ဖောက်ပြန်တတ်တဲ့သဘောတရားတွေပါပဲ။ အပူကြောင့်ဖြစ်စေ အအေးကြောင့်ဖြစ်စေ ဖောက်ပြန်တတ်တာ ရုပ်ပေါ့။ ရုပ်လည်း ဖောက်ပြန်တာပါပဲ၊ နာမ်လည်းဖောက်ပြန်တာပါပဲ။ ဒါပေမယ့် ရုပ်ရဲ့ ဖောက်ပြန်မှုက သိသာထင်ရှားလို့သာ ရုပ်ကိုမှ ဖောက်ပြန်တတ်တဲ့သဘော (ရုပ္ပတီတိ ရူပံ)လို့ ပြောရတာပေါ့။
နာကိုး တောင်းရှစ် သာဓုတစ်”- မေးခွန်း အဖြေ
“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
န၀ကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဉ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။
တရားသိနေသူ။
         လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့
အသိစိတ်လေး ပေါ်လာပါတယ်။ အဲဒီ မြင်သိစိတ်ကလေး ပေါ်လာတာကို မြတ်စွာဘုရားက
""အထုးသတိထားစရာ အုန်းသီး၊ ငှက်ပျောသီးနှင့် သာသနာပွဲ"
သာသနာပွဲဆိုတာ တစ်နည်းအားဖြင့် ဘုရားကိုလှူထားတဲ့ ဘုရားပွဲ မဟုတ်လား။ ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှူတာ။ ဂိုဏ်းသမားတွေ လုပ်ကြတာပဲ။ သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ် မသိဘူး။ တကယ်ဆိုရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စားဖွယ်သောက်ဖွယ်တွေ လှူမယ်ဆိုရင် အဆင်သင့်ဘုဉ်းပေးသုံးဆောင်နိုင်အောင် စီစဉ်ပြီးလှူရတယ်။
အသက်ရှည်ရတာ။
အချို့ကတော့ မေတ္တာ၊ ကရုဏာစိတ် အားကြီးကြပါတယ်။ ကူညီလိုစိတ်၊ စောင့်ရှောက်လိုစိတ်နှင့်
ပြုမူပြောဆို ဆက်ဆံတတ်ကြပါတယ်။ သတ်ဖြတ်ရမှာ အလွန်ဝန်လေးပြီး အထူးရှောင်ကြည်တတ်
ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေသေရင် နတ်ပြည်ကို ရောက်ရတတ်ပါတယ်။တကယ်လို့ အခြားကံ တစ်ခု
Thursday, January 22, 2015
၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။
       ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ မလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀
ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။
ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့အတူ ရှိနေပါသလဲ?။
        မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်
တင့်တယ်သပ္ပာယ်မှုကိုသာ ကြည်ညိုတတ်တဲ့ “၀က္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ ဒီရဟန်းက
ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီး ကြည်ညိုကိုးကွယ်နေချင်တယ်။ အဆုံးအမအတိုင်း လိုက်
နာကျင့်သုံး ပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က ==
"သိကြားသာသနာဟူသည်"
သိကြားသာသနာ ဟူသောစကားမှာ ခဏခဏ ကြားရသလို လူတိုင်းလည်း သိကြပါလိမ့်မည်။ ဘုရားက ၂၅၀၀ ၊ သိကြားက ၂၅၀၀ ဆိုတော့ ၅၀၀၀ ပေါ့။ မဟာပရိဗ္ဗာနသုတ်မှာ "ငါဘုရားရဲ့ အဆုံးမတွေကို လိုက်နာကျင့်သုံးနေသူရှိသမျှ ကာလပတ်လုံး ရဟန္တာမဆိတ်သုန်းဘူး သာသနာမကွယ်သေးဘူး" ဟုသာ မိန့်တော်မူ၍ နှစ်ပေါင်း ၅၀၀၀ တည်မည်ဟု ဟောသွားခြင်းလုံးဝမဟုတ်ပါ။ ပိဋကတ်တော်ထဲတွင်လည်း မရှိပါ။
ဒိဋ္ဌိနှင့်တဏှာ ဘာကို အရင်သတ်မလဲ
ကျွန်တော်တို့မြို့ရှိ ဥပုသ်နေ့တရားဆွေးနွေးဝိုင်းများတွင် ဒိဋ္ဌိကိုအလျင်သတ်ရမည်၊ တဏှာကိုအလျင်သတ်ရမည်ဟူသော ငြင်းခုန်မှုများကို ကြားနေရပါသည်။
ကျွန်တော်သည် မြတ်ပန်းရဂုံပရိသတ်ဖြစ်ခြင်းကြောင့် ဤငြင်းခုန်မှုများဖြစ်ပွားလာရာ လမ်းကြောင်းကို ဖတ်ရှု မှတ်သားဖူးပြီးဖြစ်ပါသည်။ သို့သော် ထိုဓမ္မသာကစ္ဆာဝိုင်းများတွင် အများနားလည်လက်ခံနိုင်အောင် ရှင်းပြနိုင်သည့် အရည်အချင်း မရှိပါခင်ဗျား။
အရိယာဟု ၀န်ခံကြသူများ
> ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ယောက်ထံမှ ‘အရိယာကြေညာစာတမ်း’ များကို ဖတ်ရပါသည်။ တာမွေမြို့နယ်မှ လူပုဂ္ဂိုလ်ဆရာတစ်ဦး၏ တရားပြမှုဖြင့် တရားထိုင်ကြကာ မိမိတို့ အရိယာတွေ ဖြစ်နေကြပါပြီဟူသော လူပုဂ္ဂိုလ်များ၏ ကြေညာစာရွက်များ ဖြစ်ပါသည်။ မိတ်ဆွေက လက်ခံချင်ပုံရပါသည်။ ထို့ကြောင့် ကျွန်တော်ထက် ပရိယတ္တိပညာ ကြီးသူများ၏ အဖြေများဖြင့် သူကိုရှင်းလင်းပြလိုသောကြောင့် လူသိရှင်ကြား မေးမြန်းအပ်ပါသည်ခင်ဗျား–
သမထနှင့်ဝိပဿနာ(အားထုတ်ယောဂီများသိသငိ့သည်)
ကျွန်တော်သည် တရားအားထုတ်မှုဆိုင်ရာ စာအုပ်များ၊ တရားခွေတွေကို ဖတ်ရှု နာကြားနေရာ မရှင်းလင်းသည့် အချက်များတွေ့ရှိလာပါ၍၊ အခြားသောတရားအားထုတ်သူ များပါသိသင့် သည်ထင်သော အောက်ပါမေးခွန်းများကိုတင်ပြလိုက်ပါသည်။
(၁) သမထကို ဦးစွာအားထုတ်ပြီးမှ ၀ိပဿနာသို့ကူးခြင်းနှင့် ၀ိပဿနာကိုတိုက်ရိုက် အားထုတ်ခြင်းတို့ရှိရာ ဉာဏ်အားနည်းသူတို့မည်သည့်နည်းကိုရွေးချယ်သင့်ပါသနည်း၊
"ဖရုသဝါစာ (ကြမ်းတမ်းသောစကား) သိက္ခာပုဒ်ကို လေ့လာခြင်း"
အာဇီဝမဋ္ဌကသီလ၌ ခြောက်ခုမြောက် သိက္ခာပုဒ်ပါ။ မြန်လိုပြန်ရင် ကြမ်းတမ်းသော စကားဟု အဓိပ္ပါယ်ရ၏။ ဖရုသဝါစာ၌ ဖရုသပုဒ်၊ ဝါစာပုဒ် ဟု နှစ်မျိုးပါဝင်၏။ ဖရုသကား ကြမ်းတမ်းသောစကား၊ ဝါစာ-ပြောဆိုခြင်း၊ထို့ကြောင့် ဖရုသဝါစာဆိုသည်မှာ “မြွေကိုက်ပါစေ၊ အသေဆိုးနှင့် သေပါစေ စသည်ဖြင့် မကြားကောင်းမနာသာ ရုန့်ရင်းကြမ်းတမ်းသော စကားမျိုးကို ပြောဆိုမှုဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူတစ်ပါးတို့ အမုန်းပွားစေတတ်သော ကိုယ်အမူအရာအမျိုးမျိုး၊ နှုတ်အမူအရာအမျိုးမျိုးတို့ဖြင့် မခံသာအောင် ပြုတတ်သည့် မိုက်မဲကြမ်းတမ်းသော စေတနာဆိုးကို ဖရုသဝါစာဟု ခေါ်၏။
အသက်တိုရတာ။
        အချို့သူတွေဟာ သနားကြင်နာစိတ်၊ ညှာတာထောက်ထားစိတ် အင်မတန်နည်းကြပါတယ်။ သတ်ရဖြတ်ရမှာ ၀န်မလေးကြပါ။ နိုင်ထက်စီးနင်း လက်ရဲဇတ်ရဲ သတ်ဖြတ်တတ်ကြပါ
တယ်။ သတ်ရ၊ ဖြတ်ရတာကိုပဲ ကျေနပ်အားရ ဖြစ်တတ်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေသေရင် ငရဲကို
ရောက်ရတတ်ပါတယ်။ တကယ်လို့ အခြားကံ တစ်ခုခုကြောင့်လူ့ပြည်ကို ရောက်လာရင်လည်း
အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်။
        “ဥဂ္ဃဋိတညူ”တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ်
အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွားနိုင်တယ်၊
ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လိုပါ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင်
ပထမတုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်
နေတယ်၊ သူ့ထံက ပညာတွေ သင်လိုက်တဲ့အခါ ဘာမှမယ်မယ်ရရ မရရှိလိုက်ပါ။   သူတို့
မီး ၁၁ ပါး ဆိုတာ။
   ၁။ ရာဂမီး     = လိုချင်တပ်မက်ခြင်း။
   ၂။ ဒေါသမီး   = စိတ်ဆိုး စိတ်ပျက်ခြင်း။
   ၃။ မောဟမီး  = အမှန်အတိုင်း မသိခြင်း။
   ၄။ ဇာတိမီး    = ပဋိသန္ဓေ နေရခြင်း။
ဧတဒဂ်ရ လူယောက်ျား (၁၀) ယောက်။
  ဧတဒဂ်ရ လူယောက်ျား (၁၀) ယောက်မှာ==
 ၁။ တပုဿ၊ ဘလ္လိကညီနောင် = ရှေးဦးစွာ သရဏဂုံတည်သော အရာ၌ ဧတဒဂ်ရသည်။
 ၂။ အနာထပိဏ်သူဌေး = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ စိတ္တသူကြွယ် = တရားဟောသောအရာ၌ ဧတဒဂ်ရသည်။
အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်သွယ်မှုသဘာဝ။
       ဗုဒ္ဓမြတ်စွာဘုရားက အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်စပ်မှုကို ဆင်ခြင်မိပါတယ်။
      အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။
      သင်္ခါရကြောင့် ၀ိညာဏ် = ဘ၀ဖြစ်ပေါ်ရေးအလုပ်တွေ လုပ်မိတဲ့အတွက် တစ်ဘ၀မှာ အစဆုံး
Wednesday, January 21, 2015
ရဟန်းများ ဦးချ ရှိမခိုးထိုက်သူ ( ၂၅ ) ပါး
မောင်လေး ညီမလေးတို့ရေ .... ရဟန်းများ ဦးချ ရှိမခိုးထိုက်သူ ( ၂၅ ) ပါးပါ ...
.
★ အမ နူးခင်ဗျား .... တစ်ချို့ ဗေဒင်ဆရာ .. ဘိုးတော်တို့ကို ဘုန်းကြီးတွေက တခါတလေ ရှိခိုးတာမြင်နေရတယ်အမ .... ဟိုတစ်လောကလဲ ကမ္ဘောရီးရားမှာ ဘိုးတော်တစ်ပါးက သူ့ကိုယ်သူ ဘုရားဝင်စားတယ်ဆိုပြီး ဘုန်းကြီးတွေ ရှိခိုးနေတာတွေ့၇တယ် ... ဘုန်းကြီးတွေကဘယ်သူတွေကိုရှိခိုး ရလဲ ဘယ်သူတွေ ကိုမရှိခိုးသင့်ဘူးလဲ အမနူး
.
ပြီးဆုံးအောင်ဖတ်ပါ မိတ်ဆွေ သင့်အားအကျိုးထူးပါလိမ့်မည်။
နိဓိကဏ္ဍသုတ္တန်
ရွှေအိုးမြှုပ်နှံ ကုသိုလ်ကံ တရားတော်
****************************
ထိုတရားဒေသနာတော်ကို မြတ်စွာဘုရားသာဝတ္ထိပြည်မွန်ဇေတဝန်ရွှေကျောင်းကိန်းအောင်းတော်မူစဉ်
သာဝတ္ထိပြည်သားသူဋ္ဌေးတစ်ယောက်
မြတ်ဘုရားနှင့် ရဟန်းသံဃာတော်များ
အားမိမိအိမ်သို့ပင့်၍မွန်မြတ်သောဆွမ်းခဲဖွယ်ဘောဇဉ် ကပ်လှူပူဇော်နေဆဲ်
ပသေနဒီကောသလမင်းမှငွေရေးကြေး
ရေး ဆွေးနွေးတိုင်ပင်စရာရှိ၍မင်းချင်း
တစ်ယောက်ကို အခေါ်လွှတ်ရာ
ဝဋ်ကြွေးကြမ္မာ မလွတ်သာ
တစ်ခါသော် ရဟန်းသုံးဦးတို့ သည် လမ်းသုံးလမ်းဖြင့်
ဗုဒ္ဓထံအရောက်သွားကြရာ ပထမတစ်သုတ်သည်
ရွာတစ်ရွာ၌ ထူးခြားသော သေခြင်းတစ်ခုကို တွေ့ ကြရ၏။
ရွာကိုမီးလောင်ရာ မြက်ခြောက်ကွင်းတစ်ကွင်းသည်
မီးလောင်ရင်းတန်းလန်း လေ၏အဟုန်ဖြင့် ကောင်းကင်သို့ 
တက်သွားကာ ကောင်းကင်တွင် ပျံသန်းနေသော ကျီးများအနက်
တစ်ကောင်သောကျီး၏ ဦးခေါင်းကို စွပ်မိသဖြင့် ထိုကျီးမှာ
ကောင်းကင်မှာပင် မီးလောင်ပြီး သေဆုံးခဲ့ရသည်။
အကုသိုလ်အပြစ်များ ကုစားနည်း
ကျွန်တော်တို့သည် လူငယ်ဘ၀က ခပ်ပေါ့ပေါ့နေခဲ့ကြရင်း သီလမလုံခြုံမှုများ ရှိခဲ့ပါသည်။ သို့သော်လည်း ယခုအခါတွင် မိတ်ဆွေကောင်းများ၏ တိုက်တွန်းမှုကြောင့် ဗုဒ္ဓတရားတော်များကို အလေးအနက် နာယူလျက် ရှိသဖြင့်ပြုခဲ့ပြီးသော အကုသိုလ်များကို နောင်တရလျက် ထိတ်လန့်၍လည်း နေကြပါသည်။
ရဟန်းတော်များအတွက် ပြုပြီးသော အပြစ်များကျေစေရန် အာပတ်ဖြေ ကုစားနည်း များကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့သလို လူဝတ်ကြောင်များအတွက် အကုသိုလ်ကုစား နည်းများ ဟောကြားခဲ့ပါက သိရှိပြီး လိုက်နာကျင့်သုံးလိုပါသည်ခင်ဗျား။
ဝိပဿနာ နှင့် ဒါန
ဗုဒ္ဓဘာသာဝင်များ ဒါနပြုကြရာတွင် အကျိုးကြီးမားသော ဒါနဖြစ်စေရန် ပြည့်စုံရမည့် အချက်များကို ကျမ်းဂန်များတွင် ဖတ်ရှုရသလို သံဃာတော်များဟောသည့် တရားများတွင်လည်း နာကြားမှတ်သားရပါသည်။
ထိုတွင် လှူသူနှင့် အလှူခံသူတို့ သီလပြည့်စုံမှု၊ အလှူပစ္စည်း၏ စင်ကြယ်မှု၊ လှူသူမှာ စေတနာ၊ သဒ္ဓါနှင့် ပြည့်စုံထက်သန်မှု လိုအပ်သည်များကို နားလည်၍ ကြိုးစားဖြည့်ဆည်းနိုင်ပါသည်။
Tuesday, January 20, 2015
ကုသိုလ်ဖြစ်ပွား နှလုံးသွင်း။
         ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောနိုင်ပါတယ်။
ကုသိုလ်ဖြစ်အောင်က  မျက်စိက မြင်စရာ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်
မှာ ဆင်ခြင်တုံတရားရှိရပါမယ်၊ သူများပိုင်တဲ့ပစ္စည်း ဆိုလို့ ရှိရင် “ဒါ သူများပိုင်တဲ့ ပစ္စည်းနဲ့
ပတ်သက်ပြီး ငါ-လောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး” လို့ ဒီအတွေးမျိုး
တွေးလိုက်တာနဲ့ ဒါ- ယောနိသောမနသိကာရ လို့ခေါ်ပါတယ်။
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်း။
        ရဟန်းတော် တစ်ပါးဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို လိုက်ရှာ
လိုက်တာ အခုခေတ်စကားနှင့်ပြောရရင်ကမ္ဘာအနှံ့ပေါ့နော်။ သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ
ဈာန်အဘိဉာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်
ပြည် ဗြဟ္မာပြည်ထိအောင် တက်ပြီးရှာပါတယ်၊
တရားအားမထုတ်မီ ပြုလုပ်ရမည့် မိုးကုတ်ဆရာတော်ကြီး၏ မှာစကား။
         မိုးကုတ်ဆရာတော်ဘုရားကြီးက တရားအားအထုတ်မီ ဒိဌိအယူကို အသိဉာဏ်ဖြင့်
ဦးစွာခွာပါဦး။ ဒိဌိတန်းလန်းဖြင့် အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မျှ မဂ် မရနိုင်ပါဘူးဟု
ခဏ ခဏ မိန့်တော်မူပါသည်။ ရုပ်နာမ် မကွဲလျှင်၊ ပညတ် ပရမတ် မစင်လျှင် ဒိဌိဝင်တတ်ပါ
သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးက =
၁။ ဒါနကို နောက်ထားပါဦး။
ဥပစ္ဆေဒကကံနှင့် သေရသူများ။
     လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
          ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို
ဧတဒဂ်ရ လူမိန်းမ (၁၀) ယောက်။
            ဧတဒဂ်ရ လူမိန်းမ (၁၀) ယောက်မှာ==
 ၁။ သူဌေးသမီး သုဇာတာ = ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဧတဒဂ်ရသည်။
 ၂။ ၀ိသာခါ = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ ခုဇ္ဇုတ္တရာ = အကြားအမြင်များသည့် အရာ၌ ဧတဒဂ်ရသည်။
 ၄။ သာမာဝတီ = မေတ္တာဖြင့်နေသည့် အရာ၌ ဧတဒဂ်ရသည်။
“ငါ့ဘ၀ဟာ တကယ်တော့ သူများအတွက် နေခဲ့တာပါ”
သေခါနီးတဲ့အခါမှာ အရင်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေ
ပြန်တွေးကြည့်တော့ အားလုံးကို ကွက်ကွက်ကွင်းကွင်း
မြင်တယ်။ ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးတွေနဲ့ 
တစ်ယောက်နဲ့  တစ်ယောက် စွပ်စွဲခဲ့တယ်၊
မုန်းခဲ့တယ်၊ ရန်ဖြစ်ခဲ့တယ်၊ မခေါ်နိုင်မပြောနိုင်
အကြီးအကျယ် စိတ်ဆင်းရဲခဲ့တယ်။
မေတ္တာစက်ကွင်း
ကိုယ့်ရဲ့ မေတ္တာ၊ ကိုယ့်ရဲ့ သတိ၊ သမာဓိကြောင့်
အင်မတန် တည်တည်ကြည်ကြည်၊ ကြည်ကြည်လင်လင်
အေးအေးချမ်းချမ်း နေထိုင်သွားလာ လုပ်ကိုင်နိုင်ပါတယ်။
တချို့ ဆရာတော်ကြီးတွေ စိတ်၊ အင်မတန် ကြည်လင်
အေးချမ်းပြီးတော့ သတိ သမာဓိ အလွန်ကောင်းတယ်။
သူတို့ အနားကိုရောက်သွားရင် ကိုယ့်စိတ်ကလည်း
အေးချမ်းပြီးတော့ ငြိမ်းချမ်းသွားတာမျိုး ခံစားရတယ်။
သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ
ခွင့်လွှတ်သည်းခံတတ်တဲ့ လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်း သိပေမယ့် ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့် သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်…
Monday, January 19, 2015
ပစ္စန္တရစ် လူဖြစ်သူ။
       မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊
သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင်  တရားဟောတာ ကြားနာခွင့်  မရတဲ့
အတွက် အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ လောကမှာ
ဝေးလံဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာ
မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂလင်္ကာ။
    ၁။ လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
         နောင်လာဘ၀၊ မတောင်းတဘဲ
         ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်
ဘုရားရှင်က သာသနာပြု စေလွှတ်တော်မူခြင်း။
        မြတ်စွာဘုရားသည် ပထမ၀ါ၌ မိဂဒါဝုန်တောတွင်ပင် ၀ါဆိုတော်မူ၏။ နာလက ရသေ့
အား မောနေယျအကျင့်ကို ဟောတော်မူ၏။ သူဌေးသား ယသကိုလည်းကောင်း၊ သူ၏ သူငယ်
ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။
ယသ ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတာပန် ဖြစ်ကြ၏။
ဘယ်ကျောင်းနေမလဲ မောင်ရေခဲ။ (ဝေဖန်ရေးသားပေးစေချင်ပါသည်။)
        စာသင်ကျောင်းကြီး နှစ်ကျောင်းရှိတယ် ဆိုပါစို့။ ပထမကျောင်းက “ ငါတို့ကျောင်းမှာ လာ
နေပါ။ ငါတို့ကို လေးစားအားကိုးပါ။ သင့်မှာ ဘယ်လိုချွတ်ယွင်းချက်တွေ ရှိနေနေ၊ သင် ဘာတွေမှ
အထွေအထူး မကြိုးစားလည်း ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ချွတ်ယွင်းချက် မှန်သမျှကိုလည်း
သရဏဂုံကို ၀မ်းကြာတိုက်ထဲကပင် ဆောက်တည်တဲ့သူ။
  မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို
ဝေဒနာနဲ့ဗုဒ္ဓဓမ္မ
လောကမှာ ပုထုဇဉ်လူသားအားလုံးရဲ့ ပြုမူပြောဆိုနေထိုင်မှုတွေဟာ ခံစားမှုလို့ခေါ်တဲ့ ဝေဒနာတွေအတွက်ပဲ ဦးတည်နေကြတယ်..။ ဝေဒနာကို ပထမဦးစားပေးနေရာမှာထားကြတယ်။
ဝေဒနာဆိုတာကလည်း ကာမဂုဏ်အာရုံ ၅ ပါးကရတော့ အဆင်းလှလှ၊ အသံချိုချို၊ အနံ့မွှေးမွှေး၊ အရသာရှိရှိ၊ အထိအတွေ့ကောင်းကောင်းဆိုရင် တကောက်ကောက်လိုက်ချင်ကြတယ်။ အဲလိုလိုက်ကြရင်းနဲ့ လိုချင်တာတွေရသွားလို့ တဒင်္ဂဆန္ဒပြည့်သွားကြ သူများလည်း ရှိရဲ့။ မရလို့ သောကပူဆွေးသူများလည်းရှိရဲ့။