ဗုဒ္ဓဘာသာတရားတော်များသည် စိတ်ကို ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စေရန် ဟောကြားတော်မူသော တရားတော်များ ဖြစ်လေသည်။
စိတ်သည် လိုချင်တပ်မက်ခြင်းဟူသော လောဘတရား၊ အလိုမကျမှု အမျက်ထွက်ခြင်းဟူသော ဒေါသတရား၊ အမှားအမှန်ကို ခွဲခြားမသိမှု တွေဝေမိုက်မဲခြင်းဟူသော မောဟတရား ဤအခြေခံကိလေသာတရားတို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ညစ်နွမ်း၏။ မကြည်လင် မသန့်ရှင်းတော့ဘဲ စိတ်ငြိမ်းအေးမှုကို မရနိုင်တော့ပေ။









တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ
ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန်
ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး
ဖြစ်ပါတယ်။


