Saturday, October 4, 2014

သာသနာ့ အန္တရာယ်


                                                          ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်” သည်နောက်ပါရဟန်း (၅၀၀)ဖြင့် “ပါဝါပြည်” မှ “ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာအားဖူးမြော် ရန်ကြွတော်မူလာစဉ် လမ်းခရီးအလယ်၌ တက္ကတွန်းတစ်ဦးထံ မှ... “ကုသိနာရုံ၊မလ္လာမင်း အင်ကြင်း ဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်

ဗုဒ္ဓကို လိုက်တုသော ဂျိန်းဘုရား

ဂျိန်းဘာသာနှင့် ပက်သက်သော အချက်အလက်များကို အရင်ပို့စ် ဒီနေရာတွင် ဖော်ပြထားပါသည်၊  ယင်းဘာသာ အကြောင်းကို အရင်လေ့လာထားပြီးမှ ဤပို့စ်ကို ဆက်စပ်ကာ လေ့လာရန် အကြံပေးလိုပါသည်၊
၁။ ဗုဒ္ဓသည် သက္ကတိုင်း ကပိလ၀တ္ထုမြို့ သာကီဝင်မင်းမျိုးမှ မင်းသားဖြစ်သည်။
ဂျိနသည် ၀ဇ္ဇီတိုင်း ဝေသာလီမြို့ လိစ္ဆ၀ီမင်းမျိုးမှ မင်းသားဖြစ်သည်။
၂။ ဗုဒ္ဓသည်တ၀မ်းကွဲနှမတော်စပ်သူ ယသော်ဓရာနှင့် လက်ဆက်ပြိး သားတယောက်ရသောအခါ အသက်(၂၉) တွင် တောထွက်သည်။

Friday, October 3, 2014

မျက်ကန်းများနှင့် ဆင်



တစ်နေ့မှာ ဆွမ်းခံအပြန် ရဟန်းတွေက ဘုရားရှင်ကို လျှောက်တယ်။ "အရှင်ဘုရား၊ ဆွမ်းခံလမ်းမှာ အခြားဘာသာရေးဂိုဏ်များမှ အယူအဆကွဲပြားပြီး သူတို့အမြင်တွေကို လှည့်လည်ဖြန့်နေတဲ့သူတွေဟာ အပြန်အလှန် ရန်လိုမုန်းထားပြီး "သူ့တရားက မှန်တယ်၊ ငါ့တရားကမှန်တယ်" ဆိုပြီး ငြင်းခုံရန်ဖြစ်နေတာကို တွေ့ခဲ့တယ်ဘုရား"

ဝိပဿနာဉာဏ်။


          တရားရှုမှတ်ပွားများလိုက်တဲ့အခါမှာ ဒီတရားတွေမှာ “ငါ” လို့ တွယ်တာစရာလည်း
တစ်ခုမှမရှိဘူး။ “ငါ့ဟာ”လို့ တွယ်တာစရာလည်း တစ်ခုမှမရှိဘူး။ အဲဒီလိုမြင်လိုက်တာနဲ့
တစ်ပြိုင်နက် အဲဒီထဲမှာ စွဲလမ်းစရာ တစ်ခုမှ မရှိသည့်အတွက်ကြောင့် ဒီ သဘာဝတရား
တွေအပေါ် စိတ်ပျက်ငြီးငွေ့မှု ဖြစ်လာတယ်တဲ့။ “၀ိပဿနာဉာဏ်” မြင်လာတဲ့အခါမှာ