Saturday, November 21, 2015
အစစ်ကို ဘာကွယ်နေသလဲ
 ရှေးလူကြီးများက ဘုန်းကြီးကို ပြောဖူးတယ်။
- ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။
- တရားအစစ်ကို အချို့ တရားဟောဓမ္မထိကတွေနဲ့ ကျမ်းစာတွေက ဖုံးနေတယ်။
- သံဃာအစစ်ကို တို့ဘုန်းကြီးတွေက ဖုံးနေတယ်တဲ့။
ဘုန်းကြီးက ဒါတွေ ကိုးကွယ်လို့ အပြစ်ရှိတယ်လို့ မဆိုလိုပါဘူး။ အစစ်ကို ရောက်အောင် အာရုံမပြု
နိုင်လို့ ပြောတာပါ၊ အစစ်ကို အာရုံမရောက်တော့ အကျိုးပေး နည်းတာပေါ့။
နောင် လာမယ့်နှစ်ကလေးတွေက ဘာသာကို မယုံတာကအစစ်အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကိုတွေ့ဖို့ကလဲ အဘိုး အဘွားတွေကအရေးကြီးတယ်။
တစ်ခါက ဇာတ်ပွဲတစ်ခုထဲမှာ လူတစ်ယောက်ကရသေ့ ဝတ်ပြီး တပည့်တစ်ယောက်နဲ့ ထွက်ခဲ့ရာ
ဆိုင်းက တီးပေးတော့ ရသေ့ကြီးက ကွေးနေအောင် က, ပြီး မောတော့ ကုလားထိုင်ပေါ် ပစ်ထိုင် လိုက်တယ်။နောက် တပည့်က “တို့ ဆရာကြီးဒါလောက်တောင်
ကြိုးစားတာ ဈာန် မဂ် ဖိုလ်မရတာ နာလိုက် လေကွာ”တဲ့။
ခုလဲ တို့ သာသနာကို ဘာသာခြားတွေက မဖျက်ပါဘူး၊ တို့ ဗုဒ္ဓဘာသာဝင်တွေကပဲ ဖျက်နေတာ၊မပျက်လို့ 
တော်သေးတာပေါ့၊ သာသနာ-ဘာသာဆိုတာ တို့က အချိုး မကျရင် ပျက်တော့မှာ၊ဘုန်းကြီးက ဒါကြောင့် 
ပြောနေတာ၊ ဘုန်းကြီးကလဲ ကိုယ်တော်တို့စိတ် မသိ၊ ကိုယ်တော်တို့ကလဲ ငိုက်ချင်သလို ငိုက်နေကြ၊
မသိ မသိချင်း ဆိုတာတော့ ဘာမှ မဖြစ်ဘူးပေါ့။
[ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ]
https://www.facebook.com/youngbuddhistassociation.mm/photos/a.32227...
ရှင်ဥပါလိ၏ သံသရာအမှား။
      ရှင်ဥပါလိဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘဝ
ရောက်သွားရှာတာ ဖြစ်ပါတယ်။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိပါတယ်။ ဘဝ
ကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျပါ။ လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်
ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ
အခြေအနေပေးသလို နေကြရတာဆိုတော့ နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။
ဂေါတမဘုရားရှင်လက်ထက် ဘုံစဉ်စံ ၇ ဦး။
         ဂေါတမဘုရားရှင်လက်ထက် ဘုံစဉ်စံ ၇ ဦးမှာ ==
၁။ အနာထပိဏ်သူဌေး။
၂။ ၀ိသာခါကျောင်းအမ။
၃။ ဂန္ဓမာနတ်သား။
၎။ နာဂဒတ္တ။
၅။ မဟာဣန္ဒာ။
** သေခါနီးတွင်ထင်လာသောအာရုံများ **
သေခါနီးမှာ ဘဝတစ်သက်တာကပြုလုပ်ခဲ့တဲ့ကောင်းမှု၊ မကောင်းမှု တွေဟာ လောလောဆယ်မှာ ပြုလုပ်နေရသလိုပဲပြန်ပြီးထင်မြင် လာတတ်ပါတယ်။ * ကောင်းမှု၊ မကောင်းမှုကျူးလွန်ခဲ့တုန်းက အသုံးအဆောင်ပစ္စည်းတွေ (ကိုယ်မတရား ရယူထားခဲ့တဲ့စည်းစိမ်ဥစ္စာ၊ ယာဉ်၊ အဆောက်ဦီးတွေ၊ ကိုယ်လှူဒါန်းထားခဲ့တဲ့လှူဖွယ်ပစ္စည်းတွေ)
* ကောင်းမှု၊ မကောင်းမှု ကျူးလွန်ခဲ့တုန်းက ပတ်သက်ရာပတ်သက်ကြောင်း ပုဂ္ဂိုလ်တွေကိုယ်အကျိုးပြုကူညီခဲ့တဲ့သူ၊ကိုယ်မတရားပြုခဲ့သူတွေရဲ့ရုပ်ပုံလွှာ တွေဟာ သေခါနီးမှာ ထင်ထင်ရှားရှားပြန်မြင်ယောင်လာ နိုင်ပါတယ်။
* မိမိသွားရမဲ့ဘုံဘဝနဲ့ ပတ်သက်တဲ့ အာရုံတွေ(အမေရဲ့သားအိမ်၊ ကောင်းကင်ဘုံဗိမ္မာန်၊
ငရဲမီးတွေ) ဟာ ထင်ထင်ရှားရှားမြင်လာပါတယ်။
*** သေခါနီး၌ ထင်လာသောအာရုံများကို ပြောင်းလဲခြင်း***
              =======================
* “မိသားစု၊မိတ်ဆွေများမှ ပြောင်းလဲပေးခြင်း”
သေခါနီးပုဂ္ဂိုလ်ရဲ့အမူအရာကို အကဲခတ်ပါ။ သူပြုထားခဲ့တဲ့ ကောင်းမှုကုသိုလ် တွေကိုပြန်ပြီးသတိရအောင်ပြောပေးပါ။ လှူဖွယ်ဝတ္တုတွေကိုယူဆောင်လာပြီးသေ ခါနီးပုဂ္ဂိုလ်ကို ကိုယ်ထိလက်ရောက်လှူဒါန်းခိုင်းခြင်းအားဖြင့် ကောင်းတဲ့အာရုံ
အချိန်မဖြုန်းနဲ့။
ဘာမှ မလုပ်နိုင်တော့တဲ့
သေခါနီးအချိန်ကျမှ
အသက်ရှည်ချင်နေမယ့်အစား
အခုလို အသက်ရှင်၊ ကျန်းမာတုန်း
တရားများများ အားထုတ်ထားတာက
Friday, November 20, 2015
တရား ရှုမှတ်နည်း
ခန္ဓာကိုယ်ကို စိုက်ပြီး သကာလ ဘုရားရှေ့မှာ ဖြစ်စေ၊ ကိုယ့်အိပ်ရာပေါ်မှာ ဖြစ်စေ၊ စိုက်ပြီး ကြည့်ပါ။ မကြည့်မီ ရှေ့အဖို့ကာလ၌ ဘာလုပ်ရမလဲလို့ မေးလို့ ရှိရင်ဖြင့် "လေလေး ထွက်လာတာလည်း သိနေပါ။ လေလေးပြန်ဝင်တာလည်း သိနေပါ။" ထိုသို့ သိနေတဲ့ အခါကျတော့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးတော့ဘူး။ ထိုကဲ့သို့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့
Thursday, November 19, 2015
စိတ် သဘာဝ - အမှန်တရားဓမ္မ နှင့် နှလုံးသွင်းမှု
I have no divine power.
I make honesty my divine power.
(စိတ်)
စိတ် ရှိနေသ၍ အာရုံကတော့ ရှိနေမှာပါ။
စိတ်ဟာ အာရုံ မရှိပဲ နေ၍ မရပါ။
အာရုံ၏ သဘောကို အခြခံ၍ စိတ် ထဲ စေတသိတ်တို့ ချယ်လှယ် ပေါင်းစည်း၍ လောကကို နေ့ စဉ်ဖြတ်သန်းနေကြပါသည်။
အခွင့်ကောင်းကိုယူတတ်တဲ့ ဥပါလိက။
       ဥပါလိက-က အဲဒီမင်းသားတွေကို ဆံပင်၊ မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ ဆတ္တာသည်တစ်
ယောက် ဖြစ်ပါတယ်။ သူတို့ခေတ်မှာ သူ့အမျိုးဟာ အင်မတန်မှ အောက်တန်းကျပါတယ်။
လူရာသွင်း မခံရပါ။ နေရင်လည်း နောက်နားလေးမှာ၊ခြေရင်းလေးမှာ၊ အပြင်မှာ နေရပါတယ်။
အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူ စားပွဲမှာ ထိုင်ဖို့ဆိုတာ အဝေးကြီးပါ။ အမြဲတမ်း သူတို့ဝေ
ယျာဝစ္စ လုပ်ပေးရပါတယ်။ အောက်တန်း နောက်တန်းကျတဲ့ အနေအထားမျိုးမှာ သူနေရတာ
မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂလင်္ကာ။
    ၁။ လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
         နောင်လာဘ၀၊ မတောင်းတဘဲ
         ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်
         အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မူ
နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။
၁။ စာတုမဟာရာဇ်နတ် = နတ်သက် နှစ်     ၅၀၀၊လူ့တွက်ကိန်းအသက် နှစ်       ၉,၀၀၀,၀၀၀။
၂။ တာဝတိံသာ နတ်   = နတ်သက် နှစ်    ၁၀၀၀၊လူ့တွက်ကိန်းအသက် နှစ်    ၃၆,၀၀၀,၀၀၀။
၃။ ယာမာနတ်           =  နတ်သက် နှစ်   ၂၀၀၀၊လူ့တွက်ကိန်းအသက် နှစ်   ၁၄၄,၀၀၀,၀၀၀။
၎။ တုသိတာနတ်        = နတ်သက် နှစ်   ၄၀၀၀၊လူ့တွက်ကိန်းအသက် နှစ်  ၅၇၆,၀၀၀,၀၀၀။
ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ။
       ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ မြန်မာလို အတိုချုပ်ပြောရရင် လိုချင်နှစ်သက်စရာ
ကာမဂုဏ်တွေကို နှစ်သက်သာယာပြီး ခံစားခြင်းပါပဲ၊ အဲဒီ ကာအဂုဏ် အာရုံတွေမှာ နှစ်သက်သာယာ
တဲ့ တဏှာနဲ့ယှဉ်ပြီး၊ ချမ်းသာလုံး ကောင်းလုံးကလေးဖြစ်အောင် အားထုတ်တာ ခံစားတာပါပဲ။ လိုချင်
နှစ်သက်စရာ ကာမဂုဏ် အာရုံတွေက ငါးမျိုးရှိပါတယ်။ လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အဆင်းအာရုံ
Wednesday, November 18, 2015
ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း
ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတို.သည် အမြဲ နိစ္စ ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။
၁။ အိုးအိမ်တိုက်တာ
(နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။
Tuesday, November 17, 2015
Way to reduce "Anger" (ဒေါသကို ဘယ်လိုပယ်မလဲ)
လူ သုံးမျိုးတွေ့ရပါတယ်။
၁) ဒေါသမဖြစ်အောင် နေတဲ့သူရယ်၊
၂) ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊
၃) ဒေါသဖြစ်ပေမယ့် ကိုယ်ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။
အခွင့်ကောင်းကို ရအောင်ယူ။
     ရှင်ဥပါလိက သတိပေးခဲ့တဲ့ စကားလေးတစ်ခွန်းက အလွန် မှတ်သားစရာကောင်းပါတယ်။
“မာ ဝေါ ခဏံ ၀ိရာဓေထ” -  “အေး၊ အခွင့်ကောင်းကြီးကို လွဲချော်မသွားကြစေနဲ့” တဲ့၊ ဒါကို-
အရေးတကြီး သတိပေးလိုက်တာပါ။ ကိုယ် ရ, ထားတဲ့ အခြေအနေကောင်းတွေကို ဆုံးရှုံး
မသွားပါစေနဲ့၊ အခွင့်အရေးဆိုတာ ခဏလေးနဲ့ ဆုံးရှုံးသွားနိုင်ပါတယ်။ လူ့ဘ၀ဆိုတာလည်း
ကျန်းမာနေတုန်းပဲ အလုပ်လုပ်လို့ ရပါတယ်။ အခြေအနေဆိုတာ အမြဲတမ်း ကောင်းနေမှာ မဟုတ်
ငါးပါးသီလ၏ အမည်ထူးများ။
  ၁။ လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် “ဓမ္မတာသီလ”။
   ၂။ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် “ဂရုဓမ္မသီလ”။
   ၃။ စကြ၀တေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် “စက္က၀တ္တိဓမ္မသတ်”။
   ၄။ ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသောတရားဖြစ်၍ “ကုရုဓမ္မသီလ”။
ကာမသုဂတိ ၇ ဘုံ။
           ကာမသုဂတိ ၇ ဘုံမှာ ==
၁။ မနုဿဘုံ = များသော ကုသိုလ်စိတ်ရှိသောဘုံ၊ လူ့ဘုံ(လူ့ပြည်)။
၂။ စတုမဟာရာဇ် = ဓဘရဌ၊ ၀ိရုဠက၊ ၀ိရူပက္ခ၊ ကုဝေရ တည်းဟူသော နတ်မင်းကြီးလေးပါး
                         စိုးပိုင်သော နတ်ပြည်။
၃။ တာဝတိံသာ = သုံးကျိပ် သုံးယောက်သော သိကြားမင်းတို့၏နေရာ နတ်ပြည်။
သာသနာပြုခြင်း။
  * သာသနာဆိုသည်မှာ ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမကို ခေါ်ပါသည်။
သာသနာ (၃) ရပ်ရှိပါသည်။
၁။ ပရိယတ္တိသာသနာ  = ပိဋကတ် စာပေသင်ကြားခြင်း။
၂။ ပဋိပတ္တိသာသနာ   = တရားတော်နှင့်အညီ ကျင့်ကြံခြင်း
Monday, November 16, 2015
အပြုံးနဲ့ ကြိုဆို , အငိုနဲ့ နှုတ်ဆက်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည် ဆုံးပါးသွားလို့ “အသုဘ” သွားမေးဖြစ်တယ်။ အသက်က (၄၈)နှစ်။ ကျွန်တော့်ထက် တစ်နှစ် ငယ်ပါတယ်။ အလုပ်အကိုင်က ဆရာဝန်,မ။ ကင်ဆာရောဂါကို (၁၂)နှစ်ကြာအောင် ကြံ့ကြံ့ခံရင်း နောက်ဆုံး လက်မြှောက် အရှုံးပေး သွားခဲ့ရတာပါ။ သမီးလေး (၃)ယောက် ကျန်ရစ်ခဲ့ပါတယ်။
Sunday, November 15, 2015
စိတ်ဓာတ်ကျဆင်းမှု ၊ စိတ်ဖိစီးမှု”ကိုလျော့ချခြင်း
                                                                          စီးပွားရေးမပြေလည်မှုတွေ၊ မိသားစုအတွင်း မပြေလည်မှုတွေ၊
ရောဂါဝေဒနာဖြစ်လို့ စိတ်ဓာတ်ကျနေတာတွေ၊ ဒါတွေကို အကြောင်းပြုပြီးတော့ လူတွေမှာ
“စိတ်ဖိစီးမှု”ဆိုတဲ့“စိတ်ဓာတ်ကျဆင်းမှု” ဆိုတာတွေ လူတွေရဲ့သန္တာန်မှာ ဖြစ်နေတတ်ပါတယ်။
ဥပုသ်နေ့ နှင့် အလွဲများ။
ဥပုသ်နေ့ တွေရောက်တိုင်း ရှစ်ပါးသီလ
ယူပြီးဥပုသ်ဆောက်တည်ကြတာဟာ
ဝမ်းသာစရာကောင်းလှပေမဲ့ ယူထားတဲ့
ရှစ်ပါးသီလ မှ သိက္ခာပုသ်တွေ ကျိုးပျက်တာ
ကိုမသိပဲ ကျူးလွန်နေကြတာတော့
ကိုယ့်အကျိုး သူ့အကျိုး။
        မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဒီသုံးမျိုးကို
ရှင်းပြထားပါတယ်။ လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ လွှမ်းမိုးနေမယ်၊ မောဟတွေ
လွှမ်းမိုးနေတယ်။ လောဘ လွှမ်းမိုးတဲ့အခါမှာ လိုချင်စိတ်တွေများပြီးတော့ သူများအသက်
သတ်ချင်လည်း သတ်မယ်၊ သူများဥစ္စာ ခိုးချင်လည်း ခိုးမယ်၊ သူတစ်ပါး သားမယား စော်ကားချင်
စော်ကားမယ်၊ လိမ်ပြောချင်လည်း ပြောမယ်၊ သူများကိုလည်းပဲ ဒီအလုပ်တွေလုပ်ဖို့ တိုက်တွန်းချင်
နိဝရဏတရား ၅ ပါး။
            နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
                             ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
                             နိုင်သောစိတ်။
၂။ ဗျာပါဒ နိဝရဏ = လိုချင်သော်လည်း မရသည့်အတွက် ရပြန်သော်လည်း ကြောင့်ကြသည့်
                          အတွက် စိတ်ပျက်စိတ်အိုက် ပူပင်သောစိတ်။
တစ်သိန်းမှာ တစ်ယောက်။
   “လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့ ”။ ။
      လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
      လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ