Saturday, October 17, 2015
နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ
နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ 
ရတာမလို လိုတာမရ ဤလောက
“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။
အားငယ်သူအတွက် ဆေးတစ်ခွက်
သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။
Friday, October 16, 2015
မေတ္တာကြောင့်လား ၊ ယတြာကြောင့်လား
ဓာတ်၊ယတြာ၊ အဆောင်၊ဂါထာမန္တာန်တို့က ကောင်းကျိုးပေးသည် ဟုယူဆနေကြ၏။ ထို့ကြောင့် စီးပွားရေးသမားတို့ အိမ်ခေါင်းရင်း၊ဆိုင်ခေါင်းရင်းတွင် ယတြာအဆောင်မျိုးစုံကို တွေ့နေရခြင်း ဖြစ်၏။
ယနေ့မှ စ၍ ပြတ်သားစွာ မှတ်သားပါလော့။
မိုးကုတ်ဆရာတော်ကြီး၏ ကိုယ်နာပေမယ့် စိတ်မနာစေနဲ့ 
တစ်သံသရာလုံး သမုဒယမီးနဲ့  ဒုက္ခထင်း ဒါပဲလှည့်နေတယ်။ လောင်လက်စမသတ်ဘူး။ ဆရာကောင်းနဲ့  မတွေ့ i ဖြတ်နည်း တောက်နည်း နိဿရည်းကိုလည်း မရတော့ပါဘူးဆို မီးနဲ့ထင်းသာလှည့်နေတာပဲ။ ထင်းသိမ်းတယ် မီးငြိမ်းတယ်လို့ ကိုမလာဘူး။
အဝေးက ရှောင်ကြလော့
ဤခန္ဓာကိုယ်သည် မစင်ဖြင့်ပြည့်သော သားရေအိတ်နှင့် တူ၏။ ရင်၌ အိုင်းအမာနှင့် တူသော သားမြတ်နှစ်ခုသည် အရေဖြင့်ဖွဲ့၍တည်၏။ ထိုခန္ဓာကိုယ်၌ ကိုးမျိုးသော စက်ဆုပ်ဖွယ်ရာ အရာဝတ္တု
အလျဉ်တို့သည် “ကိုးပေါက်သော ဒွါရ”တို့မှ အစဉ်မပြတ် ယိုစီးကျနေပေ၏။
ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး၊ ချွဲ၊ သလိပ် စသည်ဖြင့် ကိုးမျိုးသော အလျဉ်ရှိသည့် ခန္ဓာကိုယ်သည် မကောင်းသော အနံ့ကို ပြုတတ်၏။
မေတ္တာဖြင့်နိုးထခြင်း။
+ နေ့တစ်နေ့ အစ၊ နံနက်ထလျှင်
+ ဗုဒ္ဓဘာသာ၊ ရတနာသုံးပါး
+ ငါးပါးအနန္တ၊ ကန်တော့ကြ၍
+ သရဏဂုံတည်၊ သီလဆောက်ကာ
ကောင်းအောင်ပြင်ဖို့အတွက် ကိုယ့်ကိုယ်ကို အလေးထားပါ။
         ကောင်းအောင်ပြင်ဖို့အတွက်  တို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရ
ပါမယ်။ မြတ်စွာဘုရားက  နံပါတ်(၁) ကိုယ့်ကိုယ်ကို အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရ
မယ်။ နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရ
မယ်။ နံပါတ်(၃)က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။
ဝိပတ္တိတရား ၄ ပါး။
၁။ ဂတိ ၀ိပတ္တိ = လားရာဂတိ ဖြစ်ရာဘုံဘ၀ ပျက်ခြင်း၊ မကောင်းခြင်း။
၂။ ကာလ ၀ိပတ္တိ = မင်းနှင့်တကွ လူတို့ တရားမစောင့်ကြသော ကာလပျက်။
၃။ ပယောဂ ၀ိပတ္တိ = ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုခြင်း။
ဒီလမ်းလျှောက်မှ ဒီစခန်းရောက်မှာ။
 * သံသရာဝဋ်ဆင်းရဲမှ
     လွတ်မြောက်လိုသူတိုင်း
     “သတိပဌာန်လမ်း” ပေါ်
     မဖြစ်မနေ လျှောက်လှမ်းကြရပါမယ်။
Thursday, October 15, 2015
နတ်,ဗြဟ္မာများ အားပေး၍ မာရ်နတ် ကြောက်ရွံ့သော အလုပ်
'ဣတိဝုတ်ပါဠိတော်၊ ဒေဝသဒ္ဒသုတ်' ၌ မြတ်စွာဘုရား ဟောတော်မူသည်မှာ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသော သူတော်ကောင်း နတ်ဗြဟ္မာများ မာရ်နတ်နှင့် တိုက်ပွဲဝင်၍ ဝမ်းသာအားရ သာဓုခေါ် အားပေးသော အခါ သုံးမျိုးရှိ၏။
အထက်တန်းစားစိတ်နှင့် အောက်တန်းစားစိတ်
ထိုစိတ်ထားနှစ်ခုနှင့်စပ်၍ မှတ်ဖွယ်ကောင်းသောနယ်ပိုင်နှစ်ယောက်ဧ။် ကိုယ်တွေ့ဖြစ်ရပ်ကို တောင်တန်းဆရာတော်ကြီးဧ။် ကိုယ်တွေ့မှတ်တမ်းဆောင်းပါးတစ်ပိုဒ်တွင် မှတ်သားလိုက်ရသည် ။
သံဃာတစ်သိန်းကျော် ဆွမ်းလှူခဲ့ကြသူများ
မဖြစ်နိုင် ဘူးမထင် လိုက်ပါနဲ့…တကယ်လှူခဲ့တဲ့ အလှူကြီးပါ…
၁၃၂၀ ပတ်ဝန်းကျင် မှာပေါ့
ညောင် တုန်း ရွှေဟင်္သာတောရတိုက်ကြီးမှာ သံဃာအပါး ၂၀ မှ ၂၀၀ ထိ သီတင်းသုံးလေ့ရှိပြီး…မ ထေရ်ကြီးတစ်ပါးကသာ ဆွမ်းခံကျွေး၍ ကျန်သော သံဃာများကား ရသမျှနှင့် မျှတကာ စာပေသင်ကြားကြရပါသတဲ့…
Wednesday, October 14, 2015
အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး
ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုနဲ့ ပြည့်ဝတဲ့
အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။
ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ
ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း
လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
မိမိကံကို ပြုပြင်စီရင်နည်း
မိမိ ကံကို ပြုပြင်စီရင်၍ မရနိုင်ဟု အကြမ်းဖျင်းအားဖြင့် သိထားကြ သည်။ ပြုပြင်စီရင်၍ မရသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တိုင် ဝဋ်ကြွေးဆပ် ပရိတ်နိဗ္ဗာန်စံ ပျံလွန်တော်မူရသည်။ ရဟန္တာများ ပျံလွန်တော်မူခါနီး သည့်တိုင် အသေဆိုးနှင့် ပြီး ဝဋ်ကြွေးဆပ်ရသည့် သာဓကများလည်းရှိသည်။
၅၅၀ဇာတ်နိပါတ်တော်များတွင် ရှင်ဘုရင်ခေတ် တစ်ခေတ်တည်း ပါနေခြင်းမှာ အဘယ်ကြောင့်နည်း။
စာရေးသူကို မိတ်ဆွေ အချို့က မေးသည်။
“ကွန်ပြူတာ၊ တီဗီ၊ ဗီဒီယို၊ ဖုန်း၊ အင်တာနက်၊ လေယာဉ်ပျံ၊ မော်တော်ကား၊ ကျည်ဆန်ရထာ၊ တိုးတက်သော နိုင်ငံများတွင် ဂြိုဟ်တုတင်လွှတ်နိုင်သည်၊ အာကာသထဲမှာ စခန်းဆောက်နိုင်သည် အင်္ဂါဂြိုဟ်ပေါ်သို့ သွားရောက်နိုင် သည်။ သို့သော် မြတ်စွာဘုရားဟောကြားခဲ့သော ဘ၀ပေါင်းများစွာ ကမ္ဘာ ပေါင်းများစွာမှ ဇာတ်တော်များတွင် တပည့်တော်တို့ ယနေ့ခေတ်လို ခေတ်အနေအထားများမပါရှိပဲ “ ရှင်ဘုရင်၊ မိဖုရား၊ ကျေးကျွန်၊ အစရှိသော ဇာတ်တော်များ သည် ဆင်တူနေကြသည် များသည်။
“ကြီးပွားတိုးတက်ရေး ကျင့်စဉ် (၇)သွယ်”
ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြသော ဘာသာရေး
ခေါင်းဆောင်တို့က လောကလူသားတို့
ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင်၊
မိမိတို့ ရှုထောင့်အသီးသီးကနေ
ဟောပြောညွှန်ပြခဲ့ကြပါသည်။
သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။
       လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ
ပျော်ကြပါတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်း
တဲ့ဘက်မှာ စိတ်ကို ပိုဖြစ်ကြပါတယ်။
         မကောင်းတဲ့ဘက်မှာ အားသာနေသူအတွက် ကောင်းတဲ့ဘက် ရောက်အောင်
မထင်မရှားဖြစ်သော စိတ်များ။
   မိမိ၏ စိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည်
ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်
မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသောအခါမှာလည်း အမှတ်တမဲ့ မြင်ရ၊
ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။ စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိ
ပြိတ္တာ ၄ မျိုး။
       ပြိတ္တာ ၄ မျိုးမှာ = =
၁။ ပရဒတ္တူပဇီဝိ ပြိတ္တာ = သူတစ်ပါးတို့ ပေးအပ်သော အစာကိုမှီ၍ အသက်ရှင်သော ပြိတ္တာ။
၂။ ခုပ္ပိပါသိတ ပြိတ္တာ = ထမင်းငတ်ခြင်း ရေသိပ်ခြင်းဖြင့်နှိပ်စက်အပ်သော ပြိတ္တာ။
၃။ နိဇ္ဈာမတဏှိက ပြိတ္တာ = အမြဲကျွမ်းလောင်ခြင်းဖြင့် ပူလောင်ခြင်းရှိသော ပြိတ္တာ။
Tuesday, October 13, 2015
အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်
ပိဋကပါဠိတော်များ၌ အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ၀ိပဿနာ ရှုရန် ညွှန်ကြား-
ထားသည့် ဒေသနာတော်များသည် များစွာပင် ရှိကြပေသည်။ ထိုဒေသနာတော်များထဲမှ အသင်သူတော်ကောင်း
သောတာပန်ဆိုတာ ဒီလိုပါ
" သောတာပန် " ဆိုတဲ့ အဓိပ္ပါယ်ကို သံယုတ္တနိကာယ် သောတာပတ္တိသံယုတ် ဒုတိယသာရိပုတ္တသုတ်မှာ
မြတ်စွာဘုရားရှင်က ……
" ချစ်သားသာရိပုတ္တရာ သောတ သောတ လို့ ပြောနေကြတယ်။ဘာကို သောတလို့ခေါ်တာလဲ "
" ဘုန်းတော်ကြီးသော မြတ်စွာဘုရား သောတဆိုတာ မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား "
ဒီအဓိပ္ပါယ်ကို ယူရမှာ။
လူပျိုဘုရားရှိပါသလား
ဘုရှားရှင်ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတော် ဂုဏ်တော် ပါရမီတော်တို့ ကို ဦးထိပ်ထားပြီးပူဇော်ပါတယ် အရှင် ဘုရား။
★ လောကမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ မရေမတွက်နိုင်အောင် အသေင်္ချေအနန္တပွင့်တော်မူခဲ့ကြပြီးပါပြီ။
နောင်လည်းမရေမတွက်နိုင်အောင် အသင်္ချေအနန္တပွင့်တော်မူကြဦးမှာပါ။ပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေထဲမှာ လူပျိုဘုရား တစ်ဆူမှ မပါပါဘူး။ဘုရားအားလုံးအိမ်ထောင်ရှင်ဘုရားတွေချည်းပဲ။
Monday, October 12, 2015
စိတ်အလှကို ပြင်ဖို့ဆိုတာ။
      စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်
ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေ ဆိုတာမျိုးပါ။ အဲဒါတွေကို
ရုပ်ပွားဆင်းတုကိုးကွယ်နည်း။
        ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =
         အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
တော့ ဒီပုံဆိုရင်တော့ အန္တရာယ်ကင်းမယ်။ ဒါနဲ့ ထုထားရင်တော့အန္တရာယ်ကင်းမယ် ဆိုပြီး
ပါရာဇိက ၄ ပါး။
             ပါရာဇိက ၄ ပါးမှာ ==
၁။ မေထုန ပါရာဇိက = မေထုန်ဟူသော မမြတ်သောအကျင့်ကို ကျင့်ခြင်း။
၂။ အဒိန္နဒါန ပါရာဇိက = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။
၃။ မနုဿဝိဂ္ဂဟ ပါရာဇိက = လူစင်စစ်အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ခြင်း။
ဒီလိုဆိုရင် အပါယ်မကျဘူး။
      ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များတွင် ရှေးဘ၀၊ နောင်ဘ၀ရှိတယ်ဆို
တာ ဖြစ်စဉ်သာဓကများနှင့် ဟောကြားခဲ့သလို ဗုဒ္ဓဘာသာများကလည်း ယုံကြည်ကြပါတယ်။ တ
မလွန်ဘ၀ဆိုတာ ရှိနေသေးတဲ့အတွက်ကြောင့် ယခုဘ၀အရေးတင်မက နောင်ဘ၀အရေးအတွက်
ပါ ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ ရှိအောင်လုပ်ကြရပါမယ်။
Sunday, October 11, 2015
ကိုးကွယ်ခြင်းနှင့် ဘာသာတရား (၃)
★ ဒီနေ့ ကမ္ဘာတွင် အလွန် ထင်ရှားသော ကိုးကွယ်ရာ ဘာသာကြီး
လေးခုဖြစ်သော (၁) ဟိန္ဒူ ဘာသာ (၂) ဗုဒ္ဓ ဘာသာ (၃) ခရစ်ယန်
ဘာသာ(၄) အစ္စလမ် ဘာသာ တို့အနက် ဘာသာတရား အားလုံးလိုလို
သည် အရှေ့တိုင်း မှာပဲ ပေါ်ပေါက် ခဲ့ကြပါသည်။ အနောက် တိုင်းတွင်
ဘယ်သာသာ မှ စတင်မမွေး ဖွားခဲ့ပါဘူး။
ကိုးကွယ်ခြင်းနှင့် ဘာသာတရား (၂)
★ မြတ်ဗုဒ္ဓ မပွင့်သေးမှီ ရှေးအခါက လူတို့သည် ဘေးဒုက္ခအမျိုးမျိုး၊
ဘေးအန္တာရယ် အမျိုးမျိုးဖြင့် ခြိမ်းခြောက် ခံရတဲ့အတွက် ကြောင့်သော်
လည်းကောင်း၊ စည်းစိမ် ချမ်းသာ အဖြာဖြာကို လိုလား တောင့်တ၍
သော်လည်းကောင်း၊ ကိုးကွယ်ရာ အမျိုးမျိုး ရှာခဲ့ကြပါတယ်။ ကိုးကွယ်ရာ
ရသောအခါ ထိုကိုးကွယ် ရာက ချမ်းသာ စည်းစိမ်အမျိုးမျိုးကို ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည် ဟူ၍လည်း ယုံကြည်ခဲ့ ကြပါတယ်။
ကိုးကွယ်ခြင်းနှင့် ဘာသာတရား
ဆရာတော် ဘုရားကြီး၏ အလွန်မှတ်သားစရာ ကောင်းလှသောတရားတစ်ပုဒ်ဖြစ်ပါသည်။
★ မြတ်ဗုဒ္ဓသည် ဘုရား ဖြစ်တော် မူပြီးသည့် နောက် (၄၅) နှစ်လုံးလုံး ဟောကြား
တော်မူခဲ့သော တရားတော် များကို ဓမ္မဟု ခေါ်ဆိုပါတယ်။ ဓမ္မသည်
( Religion) မဟုတ်ပါဘူး။ ထို့ကြောင့် ဘယ်ဘာသာဝင်မျိုးမဆို၊ အသားအရောင်၊
အမျိုး၊ ဇတ် ကိုးကွယ်သည့် ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဓမ္မကို နားထောင် နိုင်ပါတယ်။