Saturday, May 24, 2014
ကိုယ့်ကိုယ်ကို အလေးထားပါ။
         ကောင်းအောင်ပြင်ဖို့အတွက်  တို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရ
ပါမယ်။ မြတ်စွာဘုရားက  နံပါတ်(၁) ကိုယ့်ကိုယ်ကို အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရ
မယ်။ နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရ
မယ်။ နံပါတ်(၃)က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။
လူတိုင်းအတွက် ဒါနပြုနည်း။
အကြင်သူတစ်ယောက်သည် ထမင်းအိုးကို ရေဆေးကြောသောအခါ အိုးဆေးရေကို
ရေအိုင်၊ ရေမြောင်းထဲ၌ သွန်ပစ်ရာ၌ပင် “ ရေအိုင်ထဲမှာရှိသော ပိုးမွှားတွေ စားသောက်ကြ
ပါစေ” ဟူသော စိတ်စေတနာဖြင့် သွန်ပစ်လျှင် ထိုအိုးဆေးရေကို စေတနာဖြင့် သွန်ပစ်ခြင်း
ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၏ ဟန်ဆောင်မှု။
     ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။  တရားစစ်တော့ ရှေ့ က   တစ်ယောက်ပြီးတစ်
သိဒ္ဓတ္ထမင်းသား အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။
      ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ  ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၂)။
     "" သီလကထာ ဒေသနာ""
          သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
          သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
          သီလစောင့်ငြား၊ မလားပါယ်ရွာ၊
Friday, May 23, 2014
လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ရေးအတွက်။
    မြတ်စွာဘုရားက လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားဖို့အတွက် အင်္ဂါနှစ်ချက် ဖေါ်ပြ
ထားတာ ရှိတယ်။
         ၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား
            ( External Condition ) ပေါ့။
တရားတစ်ပုဒ်ထဲ။
        လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ
ပျော်ကြပါတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်း
တဲ့ဘက်မှာ စိတ်ကို ပိုဖြစ်ကြပါတယ်။
         မကောင်းတဲ့ဘက်မှာ အားသာနေသူအတွက် ကောင်းတဲ့ဘက် ရောက်အောင်
သံသရာလည်ကြောင်းနှင့် သံသရာပြတ်ကြောင်း။
    သံသရာလည်ကြောင်းမှာ=၁။ စက္ခုဓါတ်ကိုလည်းကောင်း၊ ရူပဓါတ်ကိုလည်းကောင်း၊ စွဲ၍
စက္ခုဝိညာဏဓါတ် ဖြစ်ပါသည်။ သုံးပါးသောဓါတ်တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿဖြစ်ပါသည်။
ဖဿဟူသော  အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။ ဝေဒနာဟူသော  အကြောင်းကြောင့်
တဏှာ ဖြစ်ပါသည်။ တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန် ဖြစ်ပါသည်။ ဥပါဒါန်ဟူသော
သူများအထင်ကြီးမှာကို ကြောက်လွန်းသော နန်းဦးဆရာတော်ကြီး။
    ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ဓမ္မဒူတဆရာတော်က၊ မွန်ပြည်နယ်၊
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။
****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
      ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
      မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
      အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။
Thursday, May 22, 2014
စိတ်အလှကို ပြင်ဖို့ဆိုတာ။
        စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်
ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေ ဆိုတာမျိုးပါ။ အဲဒါတွေကို
ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလျှင်။
         ကိုယ်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် လောကအမြင်မှာတော့ ဘ၀ဆို
တာ တချို့ ပျော်စရာကြီးလို့ ထင်ကြတယ်။ တချို့ကလည်း ငြီးငွေ့စရာကြီးလို့ ပြောကြတယ်။
ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့= =
       ၁။ ဘ၀ဆိုတာ “မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ”၊ အခြေအနေက တည်ငြိမ်နေတာ
ပါရမီမြောက်ကုသိုလ်။
        ပါရမီမြောက်ဖို့အတွက် အင်္ဂါ ၃ ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက==
၁။ နိဗ္ဗာန်ကို ဦးတည်ရမယ်။
၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
၃။ မိမိအကျိုးကို မငဲ့ရဘူးတို့ ဖြစ်ပါတယ်။
လမ်းကြောင်းမှန်ရန်။
     မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပင်လျှင် ဘုရားမဖြစ်မှီ ဘုရားလောင်း
ဘ၀မှာ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အဆုံးကနေ အစရောက်အောင် ဆင်ခြင်တော်မူပါ
သည်။ တစ်ဖန် အစကနေ အဆုံးရောက်အောင် ဆင်ခြင်တော်  မူပါသည်။  ဤကဲ့သို့  ပဋိစ္စသ
မုပ္ပါဒ် ဒေသနာကို အစက အဆုံး၊ အဆုံးက အစ၊ ပြန်ရောက်အောင် ဆင်ခြင် သုံးသပ်တော်မူ
နန်းဦးဆရာတော် ဘုရားကြီး၏ အဆုံးအမ တစ်ခွန်း။
     ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံ
Wednesday, May 21, 2014
ကောင်းအောင်ပြင်ဖို့ဆိုရင်။
        မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မ၀,၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြ
ခန္ဓာရှိနေသရွေ့ ကံတွေရှိနေတယ်။
        ကံသည် ပြုလုပ်သူ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ
ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီး ရှိနေသမျှ ဒီကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွား
မှာမဟုတ်ဘူး။ သို့သော် ကံတိုင်း အကျိုးပေးသလားလို့ ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်
ဘုရားခြေတော်ရာ ၃ ဆူ။
၁။ သီဟိုဠ်ကျွန်း သမန္တကုဋတောင်ထိပ်တွင် မဏိအက္ခိက နဂါးမင်းတောင်းပန်၍ တစ်ဆူ။
၂။ ဇမ္ဗူဒီပါကျွန်း နမ္မဒါမြစ်နား၌ နမန္တာ နဂါးမင်းတောင်းပန်၍ တစ်ဆူ။
၃။ ဇမ္ဗူဒီပါကျွန်း သစ္စဗန္ဓတောင်ထိပ်တွင် သစ္စဗန္ဓမထေရ်တောင်းပန်သောကြောင့် တစ်ဆူ။
    ဤသို့အားဖြင့် ခြေတော်ရာ ၃ ဆူ ချတော်မူ၏။
ဘ၀တစ်ခု၏ အနှစ်သာရ။
     ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့ လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့  အနှစ်သာရကို ရအောင်ယူတတ်ဖို့  လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ
တစ်ခုမှာ သက်သက်သာသာနဲ့  ဘ၀ခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အကြောင်းအရာဟာ
သာသနာအတွက် ရင်လေးစရာကောင်းသည့် ကြည်ညိုဖွယ် ဟန်ဆောင်မှုများ။
      သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့ ...အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့ ..ကိုယ့်အထင်နဲ့ ကိုယ်
လူတွေက ပြောနေကြတာ ရင်လေးစရာ ကောင်းပါတယ်။
Tuesday, May 20, 2014
ရပ်ပြစ်ရှစ်ပါး ကျခံရသူများ။
         ရပ်ပြစ်ရှစ်ပါး  ကျခံရသူများ  ဆိုသည်မှာ  လောကမှာ   လူလာဖြစ်သော်လည်း
အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်၊ လောကမှာ ဘ၀အခြေအနေ အကျိုးပေး
မလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်ကို ဆိုလိုပါတယ်။
         ၁ - ငရဲကျနေသူ ။  ။ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့   ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရား
သီလဗ္ဗတပရာမာသ ဆိုတာ။
         သီလဗ္ဗတပရာမာသ ဆိုတာ ခွေးလို၊ နွားလိုကျင့်တဲ့ အကျင့်မျှသာ မဟုတ်ဘူး၊ ပါဠိ အ
ဌကထာများမှာ မပါတဲ့ အလေ့အကျင့် ဟူသမျှကို ယုံကြည်စွဲလမ်းတာတွေဟာ သီလဗ္ဗတပရာ
မာသ ဒိဌိချည်းပဲ။ “ သစ္စာမမြင်၊ မဂ္ဂင်မပါ၊
မြတ်စွာဘုရား ဒေသစာရီ ကြွရာခရီး ၃ ကြောင်း။
၁။ မဟာ မဏ္ဍလ  = ၄င်းအရပ်သို့ သီတင်းကျွတ်လဆုတ် ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
                         ၉ လ ကြွတော်မူသည်။
၂။ မဇ္ဈိမ မဏ္ဍလ  = ၄င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
                        ၇ လ တိုင်တိုင် ကြွတော်မူသည်။
အမြဲတမ်း မှန်နေသော သဘာဝ အရှိတရား။
      ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှ
မိဘက သားသမီးကို၊ ဆရာက တပည့်ကို၊ ဆဲဆူဆုံးမတာဟာ ဖရုသ၀ါစာကျူးလွန်ပါသလား?
     ဖရုသ၀ါစာ ဆိုတာ ဒုစရိုက်(၁၀)ပါးထဲမှာ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ဒုစရိုက်(၁၀)
ပါးကို ကျူးလွန်တဲ့သူဟာ အပါယ်ကျပါတယ်။ မိဘတွေက သားသမီးကို၊ ဆရာက တပည့်ကို
ဆဲဆူဆုံးမတဲ့အခါ ဖရုသ၀ါစာဖြစ်ရင် မိဘဆရာတွေ အကုန်လုံး အပါယ်ကျကုန်မှာပေါ့။
      ဒုစရိုက်(၁၀)ပါးမှာ==”ကိုယ်၌ဖြစ်သော ကာယကံ(၃)ပါး”=၁။ ပါဏာတိပါတ၊ ၂။ အ
Monday, May 19, 2014
မိစ္ဆာဒိဌိဖြစ်သူ၏ အခွင့်အရေး။
       မိစ္ဆာဒိဌိဖြစ်သူဟာ အကျွတ်တရားရဖို့ အခွင့်အရေး ဆုံးရှုံးနေသူပါ။  ဘုရားပွင့်တယ်၊
ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်။ ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့၊ မြတ်စွာဘု
ရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။
သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်နေမယ်၊
သညာသိမျှဖြင့် ထူးခြားတဲ့အသိ မဖြစ်နိုင်။
        ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်သိတဲ့ ပညာသိဖြင့်သာ ထူးခြားတဲ့ အသိဉာဏ်ကို
ဖြစ်စေနိုင်ကြောင်း၊ ကျက်မှတ်ပြီးသိတဲ့ သညာသိမျှဖြင့် အဖန်ဖန် ဆင်ခြင်နေပေမယ်လို့ ထူး
ခြားသော အသိဉာဏ်ကို မဖြစ်စေနိုင်ကြောင်းကိုလည်း လက်တွေ့စမ်းသပ်ကြည့်ရန် အောက်ပါ
အတိုင်း ပြဆို ထားပါသည်။
ဘုရားသခင်တို့ ကြွတော်မူသော် ခြေရာမထင်ခြင်းအကြောင်း ၃ ပါး။
၁။ အသားအရေ နူးညံ့သိမ်မွေ့လှသဖြင့် ၀ါဂွမ်းကိုချ၍ အရာမထင်ဘိသကဲ့သို့ လည်းကောင်း။
၂။ ခွန်အားကြီးသော သိန္ဓောမြင်းသည် ကြာရွက်တွင်နင်းသော်လည်း အရာမထင်ဘိ သကဲ့သို့
    လည်းကောင်း။
ဘာဝနာတရားဖြင့် နေနည်း။
      ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
အရှင်ဆေကိန္ဒ တရားလမ်းကြောင်းပေါ် ရောက်ခဲ့ရတဲ့ ”တရားတော်”
  ဒို့ များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့  ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့ ၊ အဲဒီတရားတစ်ပုဒ် တရား
Sunday, May 18, 2014
တရားသိနေသူ။
    လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့
အသိစိတ်လေး ပေါ်လာပါတယ်။ အဲဒီ မြင်သိစိတ်ကလေး ပေါ်လာတာကို မြတ်စွာဘုရားက
ဗြဟ္မာအစားအစာ။
      ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်
သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
ဘုရားလောင်း ၃ ပါး။
၁။ ဥဂ္ဃာဋိတညု = ပညာဓိက ဘုရားလောင်း၊ ပညာဉာဏ်အမှူးပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ
    ဖြည့်ရသည်။
၂။ ၀ိပဉ္စိတညု  = သဒ္ဓါဓိက ဘုရားလောင်း၊ သဒ္ဓါတရားအမှူးပြု၍ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ
    ဖြည့်ရသည်။
အကယ်၍ (Accident) မတော်တဆဖြင့် ကွယ်လွန်သွားသော်။
      ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ ဖြုတ်စရာ မလိုဘူး၊  လိုလို့ ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့် လန့်  တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
"ရှင်ချောင်သေကြပ်၊ရှင်ကြပ်သေချောင်" ကိုလေ့လာပါ။
    သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ
"ရှင်ချောင်သေကြပ်၊  ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီး
သီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်း
စဉ်က  ချောင်ချောင်ချိချိနေလျှင်  သေလျှင်ငရဲကျမည်ဖြစ်၍  အသေကြပ်မည်။  ရဟန်း