Saturday, November 28, 2015

ကုသိုလ် တွေစစ်ကြမယ်


'ကောင်းမူကုသိုလ် ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။ မကောင်းမှုအကုသိုလ်ပြု လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ) ပါဠိလို

Friday, November 27, 2015

ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ


ဘာသာရေးနဲ့ပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..
လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကိုမကြာခဏ တွေ့ရှိနေရပါတယ်..
အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..

အမျိုးသမီးများသတိထားသင့်သည့် အကုသိုလ်စိတ်။

       တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့်
အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ ဟု မေးလျှောက်သောအခါ=====
         ဘုရားရှင်က ‘‘ အနုရုဒ္ဓါ,  အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့်
တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ  အချက်သုံးချက်က ---

နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်။

        မြတ်စွာဘုရားက မျက်စိနှစ်ဘက် ကန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခိတလို့ ခေါ်
သလို လူဖြစ်လာပြီးတော့ ဘာမှမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးတဲ့။ လောကကြီးမှာ
လူဦးရေကို ပိုင်းခြားပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဘာမှမသိတဲ့ လူတန်းစားတစ်ခု ရှိပါတယ်။  
         စီးပွားဆိုတာ ဘယ်လိုလုပ်ရင် ရမလဲဆိုတဲ့ စီးပွားရေးမျက်စိ ရှိဖို့လိုပါတယ်။ ပညာရေး
မျက်စိ  ရှိဖို့လိုပါတယ်။ ကုသိုလ်ရေးမျက်စိ  ရှိဖို့လိုပါတယ်။  ဒီလိုအမြင်တွေ မရှိရင် မျက်လုံး

သောတာပတ္တိမဂ်ရခြင်း အကြောင်းအင်္ဂါ ၄ ပါး။

 ၁။ သပ္ပုရိသသံသဝေါ = ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့၌ ကျွမ်းကျင်လိမ္မာသော
(၀ါ) ဘ၀သစ်၌  အဖန်ဖန်ဖြစ်ရခြင်းကို ဒုက္ခသစ္စာဟူ၍ မလိုချင်၊ မရချင်အောင် ဟောပြော
တတ်သော ကျွမ်းကျင်လိမ္မာသည့် သူတော်ကောင်းနှင့် ပေါင်းဖေါ်ရခြင်း။
 ၂။ သဒ္ဓမ္မဿဝနံ = ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်သစ္စာတို့နှင့်စပ်သော တရားတို့ကို စာ

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၂)။

   "" သီလကထာ ဒေသနာ""
          သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
          သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
          သီလစောင့်ငြား၊ မလားပါယ်ရွာ၊
          မြတ်သီလ စိတ်ချကိုးကွယ်ရာ။ ။ ။

Thursday, November 26, 2015

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ် တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။ ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာအလှပဆုံး အချိန် အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။
သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမည ဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာ သာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမ ယတွင် သာမညဖလတရားတော်ကို နာကြားပူဇော် လေ့ရှိကြသည်။ 
ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း သည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန် ဒေသနာတော်ကို ကြားနာရသည့် အဆုံးတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာ အဖြစ် သို့ ရောက်ရှိတော်မူခဲ့သည်။ တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ 
ကထိန်ဟူသည်မှာ ''ကထိန''ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲ ခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု ချီးကျူးသြဘာ ထောမနာပြု ရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။ ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက် ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိ ရသည်။ 
ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ် သည်။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင် မုန်းလပြည့်နေ့အထိ ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန် အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက် မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။ 
ဘုရားရှင်သည် အဇာတသတ် မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင် မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ်ကျင်းပကြသည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။ သာမည ဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန် ချပ်ကြီးတစ်ခုပင် ဖြစ်သည်။ 
ကိုယ်ကျင့် သီလ ရှိသည်မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။ အရှင်ဒေဝဒတ်အား ကိုးကွယ် ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာ တသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည် အထိ အမှားကြီးမှားခဲ့ရာ ဖခင်ြကီးအား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ ဝေဒနာစွဲ ကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမား တော်၊ မည်သည့်ဆေးစွမ်း ကောင်း ကမျှ မကုသနိုင်တော့ပေ။ တန်ဆောင်မုန်း လပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ် ပေါင်းစုံ ညီစွာဖြင့်ညီလာခံ သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်း လပြည့်ဝန်း က ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှသည့် တန်ဆောင်မုန်းလပြည့်ည၏ အလှ ကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေး စေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများ အား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့သည်။

ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း မှူးကြီးမတ်ကြီးတို့၏ တင်ပြချက် ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူသည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံ ချဉ်းကပ်ဖို့ရန် ဆရာ ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော အချိန် မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်း သုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါး ရိပ်ကြောင့် အမှောင်ကျနေခြင်း တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။
အဇာတ သတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေ သည်။ အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား တော်ကို နာကြား ရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့ သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ် တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်း ကိုပင် ခံယူရရှိသည် ။အဇာတသတ်မင်း သည်ပထမသဂါင်္ ယနာတင် ဒကာအဖြစ်လည်းကောင်း ခံယူခဲ့ သည် ။ ဘုရားရှုင်၏ ဓာတ်တော်များကို စုဆောင်း သိမ်းဆည်း၍ ဓာတ်ေ တ်ာတိုက်ကြီးကိုလည်း တည်ထား ခဲ့ သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာ လဲပွဲကိုလည်း ကျင်းပကြသည်။ အရိမေတ္တေယျ ဘုရားအလောင်း နတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက ဂါထာတစ် ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊ လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့် တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း ခြင်းဖြင့် ရှင်မာလဲပွဲ ကို ဆင်ယင်ကျင်းပကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့ သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင် သည် ဆေးပေါင်းခသည်။ 
ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး ၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ် ကို စားသုံးကြသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့ ပွဲများ ကျင်းပကြလေသည်။
တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။ ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာ ကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန် မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင် ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်း သော လတစ်လပင် ဖြစ်ပါကြောင်းကို ပန်းတောင်းသန်းကြွယ်၏ ဆောင်းပါးအားဗဟုသုတအလိုဌာ တင်ပြ လိုက်ပါသည်။။
 Dhamma Dãna Source ►

Wednesday, November 25, 2015

တရားဓမ္မ လက်တွေ့ကျင့်သုံးရာတွင် အရေးပါပုံ


မမြဲခြင်းသဘောကို သိမြင်သဘောပေါက်မှုသည် တရားဓမ္မ လက်တွေ့ကျင့်သုံးမှုအတွက် အကူအပံ့ရရန် ထူးထူးခြားခြား အကျိုးပြုပေသည်။

မမြဲခြင်းသဘောကို သိမြင်သဘောပေါက်မှုသည် အလိုလောဘနှင့် မကောင်းသောစိတ်ထားတို့အတွက် ဖြေဆေးပင် ဖြစ်သည်။ တရားဓမ္မ လက်တွေ့ကျင့်သုံးရေးအတွက် သတ္တိမွေးပေးခြင်းလည်း ဖြစ်သည်။ ထို့ပြင် အရာခပ်သိမ်းတို့ အမှန်အတိုင်း ပကတိအတိုင်း ဖြစ်တည်နေပုံ ၊အရာခပ်သိမ်းတို့၏ အဆုံးစွန်သော သဘာဝကို သိမြင်သဘောပေါက်ရေးအတွက် ပဓာန သော့ချက်လည်းဖြစ်ပေသည်။


ရတနာအစစ်။

    မြတ်စွာဘုရားက ရတနာအစစ် ဆိုတာ အဲဒီ စိန်တွေ ရွှေတွေ ပတ္တမြားတွေ မဟုတ်ပါတဲ့။
“ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုပါတယ်။ ဟို စိန်၊ ရွှေရတနာတွေက 
ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။
         မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရ

သူတော်ကောင်းဥစ္စာ ၇ ဖြာ။

       သူတော်ကောင်းဥစ္စာ ၇ ဖြာမှာ ==
၁။ သဒ္ဓာ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင်များခြင်း။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂)။

          ”မကောင်းမှု”
          xxxxxxxxxxxxx
      ”ဣဓ  သောစတိ  ပေစ္စ  သောစတိ၊
      ပါပကာရီ  ဥဘယတ္ထ  သောစတိ။ ။
   သော  သောစတိ  သော  ၀ိဟညတိ၊
   ဒိသွာ  ကမ္မကိလိဌ မတ္ထနော”။ ။

Tuesday, November 24, 2015

ကျောက်ရုပ် ကို ဦးတိုက်ပြီးလုပ်ချင်ရာ လုပ်နေတာမဟုတ်ကြောင်း

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမြန်မာပြည်သို့ အလည်သွားဖူးသည့် (ယူကေ) မှ နိုင်ငံခြားသူတစ်ဦးမှ -

မင်းတို့  ဗုဒ္ဓတပည့်တွေက ဘာမှ မပြောနိုင်၊ မသိနိုင်တဲ့ ကျောက်ရုပ်ကြီးတွေ ၊ ကို ဦးတိုက်နေကြတယ် ၊ ပြီးတော့လည်း လုပ်ချင်ရာလုပ်နေကြတာပဲ မဟုတ်လား ဘာကြောင့်လဲ လို့  ဆွေးနွေးတဲ့ သဘောနဲ့  မေးလာခဲ့တဲ့အခါ-

Monday, November 23, 2015

"Higher State of Happiness" (မြင့်မြတ်သော စိတ်)

"Higher State of Happiness" (မြင့်မြတ်သော စိတ်)
(ခိုင်ခန့် တည်ကြည်သောစိတ်) (ဖြူစင်သောစိတ်)
--------------------------------------------------------------

"Equanimity" is fundamental skills of self exploration and emotional intelligence.
Equanimity comes from latin ward (aequus) : meaning balanced and animus : internal spirit. also called psycho - spiritual purification.

အခွင့်ကောင်းဆိုတာ နှစ်ခါမလာပါ။

        “အခွင့်ကောင်းကို ရအောင်ယူ” ဆိုတဲ့စကားကို အရေးတကြီး ပြောကြားခဲ့တဲ့အထဲမယ်
မြတ်စွာဘုရားရဲ့ တပည့်သားသာဝက ရှင်ဥပါလိမထေရ်ဆိုတာ ရှိပါတယ်။ ရှင်ဥပါလိမထေရ်ဟာ
ဝိနယပိဋကကို တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ မြတ်စွာဘုရားရဲ့ စည်းမျဉ်းစည်း
ကမ်းတွေကို တပည့်ပရိသတ်တွေအား အခွင့်ကောင်းကို ရအောင်ယူ သင်ကြားပေးခဲ့တဲ့
မထေရ်ကြီးဖြစ်ပါတယ်။ 

တရားအားမထုတ်မီ ပြုလုပ်ရမည့် မိုးကုတ်ဆရာတော်ကြီး၏ မှာစကား။

      မိုးကုတ်ဆရာတော်ဘုရားကြီးက တရားအားအထုတ်မီ ဒိဌိအယူကို အသိဉာဏ်ဖြင့်
ဦးစွာခွာပါဦး။ ဒိဌိတန်းလန်းဖြင့် အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မျှ မဂ် မရနိုင်ပါဘူးဟု
ခဏ ခဏ မိန့်တော်မူပါသည်။ ရုပ်နာမ် မကွဲလျှင်၊ ပညတ် ပရမတ် မစင်လျှင် ဒိဌိဝင်တတ်ပါ
သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးက =

စိတ်၏စေရာနောက်။

   ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
ဟူ၍ ယုံကြည်ထားကြသည်။ ဘ၀သံသရာသည် ရှည်လျားလွန်းသည့်အလျောက် နိဗ္ဗာန်သို့ မရောက်မီ ဘ၀တစ်

ဘုရားအနေကဇာတင်ခြင်း။

     ဆင်းတုတော်၊ ရုပ်ပွားတော်များကို ဆရာတော်များပင့်၍ အနေကဇာတင်ပြီးမှ
ဘုရားဖြစ်ပြီး ကိုးကွယ်ရမည်ဟု ဗုဒ္ဓဘာသာအများစုက ယူဆနေကြပါသည်။ မိမိမတတ်
နိုင်လျှင် ဘုရားအနေကဇာတင်သည့်အိမ်၌ မိမိအိမ်မှဘုရားအား ပင့်ဆောင်ပြီး ရောနှော
အနေကဇာတင်ကြတတ်ပါသည်။

Sunday, November 22, 2015

သံဃာသင်းခွဲသူရဲ့ အကျိုးရလာဒ်

သံဃာသင်းခွဲတယ်ဆိုတာ သံဃာအချင်းချင်းမညီညွတ်အောင် စိတ်ဝမ်းကွဲအောင် ပဋိပက္ခတွေလုပ်ဆောင်၊
သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်တာပါပဲ။

တရားသဖြင့် ဖြေရှင်းရမှာကို မတရားသဖြင့် ဖြေရှင်းတယ်။မတရားတာကိုလည်း တရားသယောင်ယောင် ဖန်တီးတယ်။လာဘ်စား၊ ဖြတ်စား အဂတိလိုက်စားနေတယ်ဆိုရင်ဒါဟာ သံဃာမညီညွှတ်ခြင်းရဲ့ အကြောင်းတရားပါပဲ။