Saturday, November 9, 2013

*သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

                                              ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။
သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား? ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း?

                  ဒကာ။ ။ ခုကာလ ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီတွေက ဝေဒနာချုပ်အောင်လိုက်တယ်၊ ကျွတ်အောင်လိုက်တယ်၊ ဝေဒနာချုပ်မှ တရားအမှတ်ဖြုတ်တယ်တဲ့၊ သူတို့ရဲ့ ၀ိပဿနာ ဓမ္မဆရာများကလည်း ဝေဒနာချုပ်အောင် လိုက်ရမယ်လို့ စေခိုင်းတတ်ကြပါတယ်တဲ့၊ အဲဒါတွေဟာ မှန်ပါရဲ့လား ဆရာတော်၊ စိတ်ရှိသူမှာ ဝေဒနာချုပ်နိုင်ပါသလား။

ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။

၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
    ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ

ခင်ပွန်းယုတ် အပြစ် ၆ ပါး။

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏။

အရှင်နန္ဒာဘိဝံသ၏ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှု။

     နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်=="သမ္မာဝါစာ"=စကားအပြောကို
ထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ  အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲ

Friday, November 8, 2013

ဥဂ္ဂတသေဌေး။

        ဥဂ္ဂတသေဌေးသည် ၀ဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သားဖြစ်၏။ ဥဂ္ဂတသေဌေး၏ ထူး
ခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
         မြတ်စွာဘုရားသည် နာရ၀နဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနှစ်ရက်တိုင်တိုင်

ပျင်းရိခြင်းအပြစ် ၆ ပါး။

၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြု။
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု။
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု။

ဘုရားဆုပန်ရာ၌ ဆုတောင်းပြည့်ရန် လိုအပ်သောအင်္ဂါရပ်များ။


   မအို၊ မနာ၊ မသေတဲ့တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့ သတ္တ၀ါအများအားလည်း
အဲဒီ မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်
တောင်းတတ်ကြပါသည်။

ကျိုက်ထီးရိုးစေတီဘက် မိန်းမများ တက်ကောင်းသလော၊ ကျိုက္ခမီဘုရားတန်ဆောင်းပေါ် မိန်းမများ တက်ကောင်းသလော

ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား
ဒကာ။ ။ ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည် နတ်ကြီးသည် ဒါကြောင့် ဤစေတီအနီးသို့ မိန်းမများ ချဉ်းကပ်ထိကိုင်လျက် ရှိခိုးဦးတိုက်ခြင်းမပြုရ၊ ပြုလုပ်လျှင် လေကြီးမိုးကြီးကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြပါသည်၊ ပုံပမာ ကျိုက်ထီးရိုးစေတီတို့လို ဟာမျိုး။

ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။


ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား
ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။

Thursday, November 7, 2013

လူဝတ်ကြောင် အရိယာ တပုဿနှင့် ရဟန္တာအရှင်မြတ်ဘလ္လိက ညီနောင်။

 
        တပုဿ၊ ဘလ္လိကညီနောင်တို့သည် “အသိတဉ္စန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ
ဖြစ်ကြ၏။ နောင်တော်ကား တပုဿအမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏။ ညီနောင်နှစ်ဦးတို့
သည် ဗုဒ္ဓမြတ်စွာ အဌမသတ္တာဟအ၀င် ရာဇာယတနလင်းလွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူ

သေရည်သေရက်သောက်ခြင်း အပြစ် ၆ ပါး။

၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
၎။ အရှိန်အစော် မဲ့တတ်၏။

သေရည်သေရက်သောက်ခြင်း အပြစ် ၆ ပါး။

၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။

မဂ္ဂင် ငါးပါးနှင့်ရှစ်ပါး



ကိုယ်ကျင့်သိက္ခာ တည်ဆောက်ရန်အတွက် သီလပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုး သမာဓိပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုး ပညာပိုင်းဆိုင်ရာ ကျင့်စဉ်နှစ်မျိုး စုစုပေါင်း ကျင့်စဉ်ရှစ်မျိုး ပြဋ္ဌာန်း၏။ 

ယင်းတို့သည် မဂ်၏အင်္ဂါများ ဖြစ်သောကြောင့် မဂ္ဂင်ရှစ်ပါး ဟုဆို၏။ မဇ္ဈိမပဋိပဒါ . . . သမ္မာပဋိပဒါ . . . စသည်ဖြင့်လည်း ခေါ်ဆိုကြပါသေး၏။

" ဘဝအ မှောင် ကိုဓမ္မအလင်းရောင်ဖြင့်ဖယ် ရှားခြင်း "


အဲဒီသွားရင်းလာရင်းနေရင်းထိုင် ရင်း လျောင်းရင်းဆိုတာက တော့လွယ်လွယ် ကူကူပြောလိုက်တာပါ။ ပါဠိတော်မှာစရသုတ္တန်ဆိုတဲ့အတိုင်း စရနဲ့စတာ။ စရတော သွားနေစဉ်။တိဋ္ဌတော ရပ်နေစဉ် နိသိန္နဿ ထိုင်နေစဉ်။ သာယာနဿ လျောင်းနေစဉ်။ မြန်မာပြန်မှာ သွားနေစဉ် ရပ်နေစဉ် ထိုင်နေစဉ် လျောင်းနေစဉ်လို့ပါပါတယ်။ 

Wednesday, November 6, 2013

ဘ၀မှာ အနိုင်ရသူဖြစ်ဖို့ 


ကဿပ ဘုရားရှင် လက်ထက်တော်အခါ က ရဟန်းတော် နှစ်ပါးရှိတယ်။
တစ်ပါးက ၀ိပဿနာ တရားအားထုတ်တယ် ဒါန ကောင်းမှူ လုပ်စရာမလိုဘူး။ဝိပဿနာ အကျင့်ပဲ ကျင့်မယ်လို့  ဆိုတယ်။

မာန်မာန ကင်းရှင်းခြင်း



“ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့ မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။” မာနသိပ်မကြီးပါနဲ့ ။

ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့အတူရှိနေပါသလဲ?။

     မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်
တင့်တယ်သပ္ပာယ်မှုကိုသာ ကြည်ညိုတတ်တဲ့ “၀က္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ ဒီရဟန်းက
ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီး ကြည်ညိုကိုးကွယ်နေချင်တယ်။ အဆုံးအမအတိုင်း လိုက်
နာကျင့်သုံး ပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က ==

စည်းစိမ်ပျက်ကြောင်း ၆ ပါး။

၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်
ကြောင်းတည်း။
၂။ အချိန်အခါမဲ့ (ညအခါ)၌ ခရီးသွားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ပြုပြင်စရာတွေ။

     မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေးကို အကြောင်းပြုလျက် ဘုရားပွဲ၊ ရှင်ပြုပွဲ၊ ရဟန်း
ခံပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို ကျင်းပလာခဲ့ကြပါသည်။ ယင်းသို့ ဘာသာရေးကို အကြောင်းပြုပြီး ကျင်းပ
ပင် ကျင်းပကြငြားသော်လည်း  ဘာသာရေးအရ ထိထိမိမိ အကျိုးဖြစ်ထွန်းရေးသို့  ဦးတည်ရှေ့ရှုမှု

Tuesday, November 5, 2013

ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည် အဓိက


ကိုယ်ကျင့်တရားသည် ကောင်းကျိုးအားလုံး၏ အရင်းခံ ရေသောက်မြစ်ကြီး ဖြစ်သည်။ ကောင်းရာ သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သော အထူးယာဉ်ကြီး လည်း ဖြစ်သည်။ မျက်မှောက်သံသရာ နှစ်ဖြာသော ဘဝအတွက် အရိပ်ပမာ အမြဲလိုက်ပါလျက် အကျိုးဆောင် မိတ်ကောင်းမိတ်စစ် ဖြစ်သည်။ အလှတိုး စေနိုင်သော အဆင်းတန်ဆာကောင်းလည်း ဖြစ်သည်။

“ သေချိန်ကို ကြိုသိစေနိုင်သော အာနာပါနသတိပဋ္ဌာန် ”




ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိရခြင်းဟာ  ကိုယ့်အတွက် လောကီဘက်မှာရော၊ လောကုတ္တရာဘက်
မှာပါ တန်ဖိုးမဖြတ်နိုင်ပါဘူး။

ညစ်ညူးသော ကံ ၄ ပါး။

၁။ သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။
၂။ မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။

ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။

      ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး

ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။

   ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော

Monday, November 4, 2013

စဉ်းစားပါဦး

 

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။

ဆရာဘုန်းကြီး၏အဆုံးအမ



ရှေးအခါက အညာကျေးလက်တောရွာတစ်ရွာတွင် စာပေတတ်မြောက် သော ဘုန်းတော်ကြီး တစ်ပါး ကျောင်းထိုင်လျက်ရှိသည်။ ထိုကျောင်း တွင် ကလေးသူငယ်အများအပြား စာပေ လေ့လာ သင်ကြားလျက်ရှိ ကြသည်။ ထိုကလေးသူငယ် အများအပြားအနက် မောင်သုတဆိုသော သူငယ်ကလေးနှင့် မောင်ဗာလဆိုသည့် သူငယ်ကလေးနှစ် ယောက်လည်းပါရှိသည်။

သေခြင်းအကြောင်း ၄ မျိုး။

၁။ အသက်တမ်း ကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ ဆီကုန်ခြင်း။)
၂။ ကံ  အစွမ်းကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ မီးစာကုန်ခြင်း။)
၃။ အသက်တမ်း၊ ကံ အစွမ်း ၂ မျိုးလုံးကုန်ခြင်း။ (ဆီနှင့် မီးစာ ၂ မျိုးစလုံး ကုန်ခန်းခြင်း။)

အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်သွယ်မှုသဘာဝ။

    ဗုဒ္ဓမြတ်စွာဘုရားက အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်စပ်မှုကို ဆင်ခြင်မိပါတယ်။
      အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။

အရှင်ဇ၀န (မေတ္တာရှင်၊ ရွှေပြည်သာ)၏ အခက်လေးမျိုး။

     ၁။ အကြည်ညို မခံရဖို့ထက်၊ အကြည်ညိုခံရဖို့က ပိုခက်တယ်။ ၂။ အမျိုးသမီးတွေ ကြည်ညိုဖို့ထက်
အမျိုးသားတွေ ကြည်ညိုဖို့က ပိုခက်တယ်။  ၃။ အမျိုးသားတွေ ကြည်ညိုဖို့ထက် ရဟန်းအချင်းချင်း ကြည်
ညိုဖို့က ပိုခက်တယ်။  ၄။ ရဟန်းအချင်းချင်း ကြည်ညိုဖို့ထက်   ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က  ပိုခက်တယ်။
         ဘုန်းဘုန်းတို့ မြို့ထဲမှာ အရာရှိကြီးတစ်ယောက်ရှိတယ်။ ခိုးတယ်၊ ၀ှက်တယ်၊ လိမ်တယ်၊ လာဘ်စား

Sunday, November 3, 2013

အလကားရလေ ခံရလေ

အလကားရလေ ခံရလေ
လူတွေအတွက်ဆိုရင်တော့...အများကောင်းကျိုးပြု လူမူရေး ပရဟိတအလုပ်.သာသနာရေး ပရဟိတအလုပ်တွေလုပ်နေရာမှာ အများအကျိုး။သာသနာအကျိုးကိုရှေ့မရှုဘဲ ကိုယ့်အကျိုးကိုရှေ့ရှုတဲ့ပုဂ္ဂိုလ်။ပရဟိတအလုပ်ကိုဗန်းပြပြီး ကိုယ်ကျိုး ကိုယ့်စီးပွား အမြတ်ထုတ်တဲံပုဂ္ဂိုလ်ဟာသန္တပုဂ္ဂိုလ်-သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်။ဘုရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲ။။

သား မယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်၏။ ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်၏။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မာဒတ်မင်းသည် မင်းပြု၏။ ထိုအခါ ဗာရာဏသီပြည်၏ အနောက် နိဂုံးရွာ၌ သုဒဿနအမည်ရှိသော ယောက်ျားသည် သုဇာတာအမည်ရှိသော ဇနီးနှင့် အတူ ပေါင်းသင်း နေထိုင်၏။

ဥပစ္ဆေဒကကံနှင့် သေရသူများ။

        လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။

ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅ ပါး။

၁။ စိတ်တည်ကြည်ရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။
၎။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။

ဗုဒ္ဓသာသနာ့ဘောင်သို့  ၀င်ရောက်လာကြသော " ရဟန်းအမျိုးမျိုး ” ။

    လူဝတ်ကြောင်များက သာသနာ့ဘောင် ၀င်ရောက်၍ ရဟန်းဝတ်လျှင် ကုသိုလ်ရသည်၊ ငရဲမကျ
ဟု ထင်ကြသည်။ အမှန်မှာ ရဟန်းဝတ်ရရုံဖြင့် ကုသိုလ်ရလှသည်တော့ မဟုတ်ပါ။ ရဟန်းဝတ်ပြီး မိမိ
တို့ နှင့်ဆိုင်သော  သိက္ခာပုဒ် သီလများကို မကျိုးမပေါက်အောင် ဂရုစိုက် ထိန်းသိမ်းနိုင်မှ ကုသိုလ်ရ
ပါသည်။ သို့ မဟုတ်က(လူဝတ်ကြောင်လို) ထိုင်နေရုံမျှဖြင့် အပြစ်အာပတ် သင့်ပြီး နေတတ်ပါသည်။