Friday, September 18, 2015
သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲ
                                        ပဉ္စသီဥပုသ်၊ မယုတ်အားကြိုး
ဤကျင့်ရိုးကား၊ ကောင်းကျိုးကုသိုလ်
မကင်းလိုတည့်၊ နေ့ကိုစောင့်က
နေ့ဖိုရ၏၊ ညလည်းထို့တူ
မှတ်လေမူလော့၊ ဆယ်ဆူသီလ
နိယာမလည်း၊ ကာလပိုင်းခြား
နေ့ရက်အားဖြင့်၊ မမှားမှန်လှ
စောင့်အပ်စွရှင့်
ကလေးဆိုတာ လူကြီးတွေကို ကြည့်ပြီး အတုယူတတ်ကြတယ်
ကလေးဆိုတာ လူကြီးတွေကို ကြည့်ပြီး အတုယူတတ်ကြတယ် လူကြီးလုပ်သူက ဘုရားရှိခိုးရင် ကလေးငယ်တွေကပါ လိုက်၍ရှိခိုးကြတယ် လူကြီးတွေ အရက်သောက်ပြရင် ကလေးငယ်တွေလဲ အတုမြင် အတတ်သင်ဆိုသလို လိုက်ပြီးသောက်ကြတယ် သမီးငယ်တွေလည်း အမေလုပ်သူကို
ဒေါသ၀င်လာရင်ဖြေဖျောက်နည်း (11)နည်း
(1)မေတ္တာပွား၍ဖျောက်ခြင်း
(2)မြတ်စွာဘုရား၏ အဆုံးအမ သြ၀ါဒကို ဆင်ခြင်၍ဖျောက်ခြင်း
(3)ရန်သူ၏ကောင်းကွက်ကိုရှာ၍ဖျောက်ခြင်း
(4)သနား၍ဖျောက်ခြင်း
(5)မိမိကိုယ်ကိုဆုံးမ၍ဖျောက်ခြင်း
(6)ကမ္မဿ ကတာဉာဏ်ဖြင့်ဖျောက်ခြင်း (ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့သိတဲ့ဉာဏ်)
တသက်လုံး မှီခိုအားထားရမည့် တရားများ
        ဗုဒ္ဓသာသနာတော်၌ တည်ကြကုန်သော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့သည် ဘုရားရှင်ဟောကြားသော တရားတော်များကို အခွင့်ကြုံတိုင်း နာယူကြရုံမျှမက တခါတရံ သူတို့တွေးကြံ၍မရသော ပုစ္ဆာများကိုလည်း ချဉ်းကပ်မေးမြန်းကြကုန်၏။
အခါတပါးတွင် နတ်သားတယောက်သည် ဗုဒ္ဓထံလာရောက်၍ ပုစ္ဆာလေးမျိုး မေးလျှောက်ရာ မှတ်သားလိုက်နာဘွယ် ကောင်းလှပါသည်။
ဓမ္မနဒီမှ မေးခွန်းလေးတခု
                            Kyaw Zayhtun အမြဲတရားအားထုတ်ပြီး တရားစခန်းဝင်နေတဲ့အဖွား၁ယောက်ကိုမေးဖူးတယ်။ဆေးရုံတက်လို့မခံမရပ်နိုင်အောင်နာကျင်နေတော့ "အဖွား..နာတာကိုတရားနဲ့ဖြေပြီး အားထုတ်လို့ရလား"မေးကြည့်တယ်။"အားထုတ်လို့မနိုင်ဘူး"တဲ့။သမ္မထအားကောင်းတဲ့အဖွားတောင်ဒီလိုနာကျင်မှုကိုမရှုမှတ်နိုင်သေးဘူးစိုတော့ ကျွန်တော်သေခါနီးရင်ဘုရားတရားအာရုံပြုနိုင်ပါ့မလား အရမ်းစိုးရိမ်မိတယ်ဗျာ..။
သတိပဋ္ဌာန်အဖေါ်
သတိပဋ္ဌာန် အဖေါ်ကို အဖော်ကောင်း ဖြစ်လာအောင် သေသေချာချာ ကြိုးစားရမယ်။ တကယ်တော့ နောက်ဆုံးအချိန်မှာ ဘယ်သူ အဖေါ်ဖြစ်နိုင်မလဲ။ နောက်ဆုံးအချိန်မှာ သတိပဋ္ဌာန် အဖေါ်နဲ့ပဲ လက်တွဲပြီးတော့ ဘဝသံသရာ ခရီးကို သွားရမှာပဲ။
ဒီဘုန်းကြီးလည်းအရင်တခါ အကြီးအကျယ် နေမကောင်း ဖြစ်လိုက်တယ်။
လမ်းခွဲရှိတယ် သတိထားပါဦး။
      ကံ တည်းဟူသောရေတွေ ခန်းနေပြီ။
ငါး နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။
သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။
အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။
သေခြင်းတရားဆိုတာ ဘ၀၏လိုအပ်ချက်။
သဘာဝဘေးပတ်ဝန်းကျင်ကို လေ့လာဆန်းစစ် လှမ်းမျှော်ကြည့်လိုက်ရင် အဟောင်း
အဟောင်းတွေကြွေကျမှ အသစ်အသစ်တို့ ဖူးပွင့်ဝေရတာဟာ လောကကြီးအတွက် အသွင်ဆန်း
ပြီး အမြင်လန်းစေပါတယ်။ အဟောင်းအဟောင်းတို့ မကြွေကျရင် အသစ်အသစ်တို့ ဖူးခွင့် ပွင့်
ခွင့် ဝေခွင့်မရတော့ဘဲ လောကကြီးကို အကျည်းတန်စေ၊ အရုပ်ဆိုးစေတာကတော့ အမှန်ပါ။
မြတ်စွာဘုရားအလောင်းတော်ရဲ့ ဆရာ။
         မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ
ကြီးက ဈာန်အဆင့် အားဖြင့် “ရူပါဝစရဈာန” လေးဆင့်အထိ ပေါက်ရောက်အောင်မြင်တဲ့အပြင် အရူ
ကိလေသာကြောင့် ကံဖြစ်တာပါ။
       ကိလေသာတွေကို အခြေခံပြီးတော့ ကံတရားတွေက စုဆောင်းမိ ဖြစ်လာတယ်။ ကံ
တရားတွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာ
တယ်။ ဆိုလိုတာက ကိလေသာ ရှိနေရင် ကံရှိနေမှာပဲ။ ကံ ရှိလို့ရှိရင်လည်းပဲ ၀ိပါက ဆိုတဲ့
အကျိုးတရား ရှိမှာပဲ။ ရှောင်လွဲလို့ မရပါ။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို ၀ဋ် လည်
Wednesday, September 16, 2015
ကုန်းချောစကား မပြောကြားနဲ့
ဒီကနေ့ခေတ် ဖေ့ဘုတ်စာမျက်နှာမှာ စကားကို
မဆင်မခြင်ပြောဆိုနေကြသူတွေ များစွာတွေ့ရတယ်။
အမှားကို အမှန်လုပ်ပြောတာ။ အမှန်ကို အမှားလုပ်ပြောတာ။
အချင်းချင်းသွေးခွဲစကားတွေ ရေးသားကြတယ်။မုန်းတီးစကားတွေ ပြောကြားကြတယ်။
မုန်းခြင်းသံယောဇဉ်
ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။
သံယောဇဉ် ဟူသည် ချစ်သော သူများ ကြား၌သာ ရှိသည်မဟုတ် မုန်းသော သူများ ကြား၌လည်း ရှိသည်။ မုန်းခြင်း သံယောဇဉ် သည်လည်း ဖွဲ့စည်း ချည်နှောင် တတ်သော သဘော ရှိသည်သာ ဖြစ်၏။
နံ့သာခိုးတဲ့ ဘုရားလောင်း
ဘုရားရှင်လက်ထက်တော်က ရဟန်းတစ်ပါးသည် ဇေတဝန်ကျောင်းတော်မှထွက်၍
 ကောသလတိုင်းအတွင်းရှိသော တောအုတ်တစ်ခုကို အမှီပြု၍ သီတင်းသုံးစဉ် တစ်နေ့၌ ပဒုမ္မာအိုင်တစ်ခုကို မြင်တွေ့ သောအခါ အိုင်အတွင်း ဆင်းသက်၍ ပွင့်နေသော ပဒုမ္မာကြာပန်း၏ လေကြေ၌ရပ်ကာ ပန်းနံ့ကိုခံယူ၏။
သေခြင်းကို ဘယ်လိုရင်ဆိုင်ကြမလဲ ?။
*** တစ်နေ့ထက်တစ်နေ့၊
*** တစ်ရွေ့ရွေ့ယွင်းယို၊
*** နောက်ပြန်လို့ မပျိုတယ်
*** ရှေ့ကိုသာအိုမြဲ သေဖို့သာပြင်ဆင်ပေး......
         တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အမှန်တကယ် ကြုံတွေ့ဆုံဆည်းရမည့်
နွားသတ်သမား။
           ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။  ကြည့်
လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီ အရိုးစုပြိတ္တာကြီးက ကောင်းကင်မှာသွားနေတာ။ ဠင်းတတွေ၊ စွန်တွေ၊
ဝဋ်ဆိုတာ။
ဟာရှိမယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မမြတ် တစ်ခုနဲ့တစ်ခုဟာ ဆက်
စပ်ပြီး ဖြစ်နေတာကို “ ၀ဋ် ” လို့ ခေါ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ၀ဋ်ဆိုတာနဲ့ ပတ်သက်
ပြီး ၃ မျိုး ရှိတယ်။ ၁။ ကိလေသ၀ဋ်၊ ၂။ ကမ္မ၀ဋ်၊ ၃။ ၀ိပါက၀ဋ်တို့ ဖြစ်ပါတယ်။ လူတွေမှာ
ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။
  ၀ိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါးမှာ==
 ၁။ အိမ်တွင်းကမီးကို အပြင်မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
 ၂။ အိမ်ပကမီးကို အတွင်းမယူရာ၊ အိမ်ပကရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။
 ၃။ ပေးတတ်သောသူကိုသာ ပေးရာ၏၊ ဥစ္စာကို ပြန်၍ပေးသူကို ချေးငှားရာ၏။
Tuesday, September 15, 2015
သဲသောင်ပြင်ပေါ်ရှိ လိပ်ဥများ (သို့) မေတ္တာဓာတ် အားကြီးသော အမျိုးသမီးများအကြောင်း
မ၊ သတ္တဝါတို့၏ မေတ္တာတရား အားကြီးတတ်ပုံကို လိပ်မတို့၏ သဘာဝဖြင့်လည်း သိနိုင်ပေသည်။ လိပ်တို့၏ သဘာဝမှာ ရေထဲတွင်အနေများ၏။ သို့သော် ဥ ဥသောအခါတွင်မူ ရေတွင်ဥလေ့ မရှိပေ။
ကမ်းစပ်သဲသောင်ပြင်ပေါ်သို့တက်၍ သဲသောင်များကိုယက်ပြီး ဥလေ့ရှိ၏။ ဥပြီးသောအခါ သဲများဖြင့် ပြန်၍ဖုံးအုပ်၏။ မြွှေစသော ဥစား သတ္တဝါတို့၏ အန္တရာယ်မှ ကာကွယ်ရန် ဖုံးခြင်းဖြစ်၏။
ဝီရိယနှင့် ကင်း၍ ချမ်းသာခြင်း သုခကို ရနိုင်သောအရပ်ဒေသ
အကြင်သူအား များစွာသော ကောင်းမူ ကုသိုလ်ကံတို့သည် ရှိကြပါကုန်ငြားသော်လည်း အားထုတ်သင့်သောအရာကို အားမထုတ်ခြင်း၊ အားမထုတ်သင့်သောအရာကို အားထုတ်ခြင်းဟု ဆိုအပ်သော ပယောဂဝိပ္ပတ္တိနှင့် တွေ့ကြုံ ဆုံမိသည်ဖြစ်အံ့။ ထိုကောင်းမူ ကုသိုလ်ကံတို့သည် ဖွံ့ဖွံ့ဖြိုးဖြိုး ကြီးမားသော အကျိုးပေးခြင်းငှါ အခွင့်မရကြကုန်။ မကောင်းမှုကံတို့ကသာ အကျိုးပေးခွင့်ရကြကုန်၏။
မစ္ဆရိယပြိတ္တာ
             ♦မစ္ဆရိယသည် သေးငယ်လျှင် “မိမိပစ္စည်း”ကိုသာ ဝန်တိုသည်။
♦ကြီးလာလျှင် “သူတပါး၏ ပစ္စည်း”ကိုပါလိုက်ပြီး ဝန်တိုလာတတ်သည်။
ကျွန်ုပ်၏ တပည့်မလေးတစ်ယောက်မှ တစ်ဆင့်သိရသော အဖွားကြီးတစ်ယောက်၏
အဖြစ်သည်ကား သနားစရာလည်းကောင်း၊ သံဝေဂရစရာလည်း ကောင်းလှပါသည်။
ထိုအဖွားကြီးသည် မစ္ဆရိယ၏ နှိပ်စက်မှုကြောင့် မပေးနိုင်မကမ်းနိုင် နှမြောစေးနည်း ဝန်တိုလှသည်။
Monday, September 14, 2015
ထောင်မကျသော သူခိုးကြီးများ
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
“သူတစ်ပါး မပေးသော ဥစ္စာကို မခိုးယူပါ” ဟု အဓိဋ္ဌာန်နှင့် ဆောက်တည်ရမယ်။ “မပေးသော ပစ္စည်းဥစ္စာကို မယူ” ဟူသော စကားကို ဗုဒ္ဓဘာသာမှာ သုံးစွဲလေ့ရှိတယ်။ “ခိုးသည်” ဟု အသုံးအစွဲ နည်းပါတယ်။ ပိုင်ရှင်က ပစ္စည်းဥစ္စာကို ကျွန်ုပ်တို့ လက်ထဲသို့ ပေးအပ်မှသာ ပေးမှုအရာ မြောက်တယ်။ မပေးလျှင် ပေးမှုအရာ မရောက်၍ “မပေးတာမယူ” ဟူသော ဝေါဟာရက ပို၍ မှန်ကန်ပါတယ်။
နိဗ္ဗာန်ကို ကြောက်နေကြသူများ
ဘာသာခြား ပုဂ္ဂိုလ် အချို့က နိဗ္ဗာန်ဆိုတာ အသေကြီးသေသွားတဲ့ ကိစ္စပဲလို့ အပြစ်တင် ကဲ့ရဲ့စာတွေ ရေးခဲ့ဖူးတယ်။ တချို့ကလဲ နိဗ္ဗာန်ဆိုတာ အိပ်မက် မမက်ပဲ အိပ်ပျော်နေမှုပဲလို့ ဆိုကြတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ ပျောက်ကွယ်သွားလို့ ကြောက်စရာကြီးလို့ ထင်မှတ်သူက ထင်မှတ်နေကြတယ်။
ကိုယ်ကံကောင်း မကောင်း ကိုယ့်စေတနာ ကိုယ်ကြည့်
စေတနာဆိုးရင် ကံဆိုးတာပါပဲ။ စေတနာကောင်းရင် ကံကောင်းတာပါပဲ။ ကံကောင်းဖို့ ဘာမျှအခက်အခဲမရှိဘူး။ ငါ့ကံ ကောင်းသလား ၊ မကောင်းဘူးလားဆိုတာကို ဗေဒင်မတွက်နဲ့ သိတယ်။ လက္ခဏာမမေးနဲ့ သိတယ်။ ကံကောင်းသလား ၊ မကောင်းသလား ဆိုတာကို ကိုယ့်စေတနာကို
ဂင်္ဂါမြစ်ဘေး ရေလိုက်ရှာသူ။
        “ကာလကဉ္စိကာ”ဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာပါတယ်။ ဗုဒ္ဓမြတ်စွာ
လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေမှာ တောင်ပြေးလိုက်၊   မြောက်ပြေးလိုက်နဲ့
ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြတဲ့  ကိုယ်တော်တွေက
တွေ့သတဲ့၊ တွေ့တဲ့အခါကျတော့ အဲဒီပြိတ္တာကြီးကို ဘာဖြစ်လို့ ပြေးလွှားနေတာလဲ၊ ဘာလိုချင်လို့လဲ
ဘုရားရှိခိုးခြင်း၏ အကျိုး။ (ဘုရားလက်ထက်တော်အခါက)
        မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက “ မဌကုဏ္ဍလီ ” အမည်ရှိ လူတစ်ဦးသည် သေလု
ဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်
တော်မူ၏။ မြတ်ဗုဒ္ဓသည် ထိုသူအား ကယ်တင်လိုသဖြင့် ထိုသူနေထိုင်ရာ အိမ်ရှေ့သို့ ကြွ
ရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်။ ထိုသူသည် ဘုရားရှင်အား ဖူးမြင်
မဂ်တရားကို ထိုးထွင်း၍ မသိနိုင်သူ (၁၅) ဦး။
             မဂ်တရားကို ထိုးထွင်း၍ မသိနိုင်သူ (၁၅) ဦးမှာ==
 ၁။ တိရစ္ဆာန်။
 ၂။ ပြိတ္တာ။
 ၃။ မိစ္ဆာဒိဌိ။
 ၄။ ကောက်ကျစ်စဉ်းလဲသူ။
သံသရာလည်ကြောင်းနှင့် သံသရာပြတ်ကြောင်း။
     သံသရာလည်ကြောင်းမှာ=၁။ စက္ခုဓါတ်ကိုလည်းကောင်း၊ ရူပဓါတ်ကိုလည်းကောင်း၊ စွဲ၍
စက္ခုဝိညာဏဓါတ် ဖြစ်ပါသည်။ သုံးပါးသောဓါတ်တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿဖြစ်ပါသည်။
ဖဿဟူသော  အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။ ဝေဒနာဟူသော  အကြောင်းကြောင့်
တဏှာ ဖြစ်ပါသည်။ တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန် ဖြစ်ပါသည်။ ဥပါဒါန်ဟူသော
Sunday, September 13, 2015
မေတ္တာ ဆိုတဲ့တရားဟာ ဘာဝနာတရား
မေတ္တာလို့ ဆိုတဲ့ တရားဟာ ရွတ်ဖတ်ရမယ့် တရားမဟုတ်ဘူး။ ပွားများရမယ့်တရားဖြစ်တယ်။ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ၀ိပဿနာတရားအားထုတ်မှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်။ မေတ္တာပို့ နေတာဟာလည်း ကမ္မဋ္ဌာန်းပဲပေါ့။ သမထကမ္မဋ္ဌာန်းထဲမှာပါတယ်။ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သတ်လာလို့ ရှိရင် ရွတ်ရမှာသက်သက် မဟုတ်ဘူး။ နာရမှာ သက်သက်မဟုတ်ဘူး။
သူသေကောင်နဲ့ သရဏဂုံ
တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့
ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ
ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော်ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး
ဖြစ်နေတာကြောင့် သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့်
တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့ အမေးနဲ့
လူသားဘယ်တော့ လိမ္မာမလဲ
ဗုဒ္ဓ၏ ရှေးကျသော ပါဠိစာပေကျမ်းဂန်များတွင် တချို့သော မိန့်ဆိုချက်များ၌ အောက်ပါအတိုင်း တွေ့ရှိရသည်။
အလိမ္မာပညာဖြင့်နေသောဘ၀သည် အကြီးကျယ်ဆုံးဘ၀ဖြစ်သည်။
"ပညာဏဇီဝ ဇီဝိတံ အဟု သေတ္တံ"
အသိပညာ အလိမ္မာသည် လူသားအတွက် ရတနာ ဖြစ်သည်။
"ပညာ နာရနံ ရတနံ"
ပညာနှင့်တူသော အလင်းရောင်သည်မရှိ။