Saturday, October 24, 2015
ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး စမ္မခဏ် ဂါထာတော်
ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး စမ္မခဏ် ဂါထာတော်
- ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒုက္ခံ အနတ္တံ ။
- သတ္တ ဗောဇ္ဈင် င်္ဂေါ အဋ္ဌင်္ဂိ ကော မဂ္ဂေါ စတု သတိ ပဋ္ဌာနံ ၊
- သဗ္ဗ ဿ ဣန္ဒော သဟဿ သူ ရိ ယော ။
- ဩောင်း နမော ဗု ဒ္ဓါနံ ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊
အဂ္ဂိဘယံ ၊ သတ္ထဘယံ ၊ သဗ္ဗဘယံ ၊ ဇယော ဇယတု မင်္ဂလံ ။
- အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ၀ယဓမ္မံ ၊ ၀ိရာဂဓမ္မံ ၊
နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။
အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်
အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်
---------------------------------------------
ပိဋကပါဠိတော်များ၌ အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ၀ိပဿနာ ရှုရန် ညွှန်ကြား-
ထားသည့် ဒေသနာတော်များသည် များစွာပင် ရှိကြပေသည်။ ထိုဒေသနာတော်များထဲမှ အသင်သူတော်ကောင်း
နှင့် အနီးစပ်ဆုံးဖြစ်နိုင်သည့် အနတ္တလက္ခဏသုတ္တန်မှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
ရင်ခုန်မိတာသေမလို့...။
“စူဠနိဒ္ဒေသအဋ္ဌကထာ” နဲ့ “အပါဒါနအဋ္ဌကထာ”တို့မှာ
“ကိလေသာမီး” ကြောင့် အသက်ပါ ဆုံးသွားရတဲ့“သီဟိုဠ်က ဝတ္တု” တစ်ခုကို ထုတ်ပြထားတယ်။
“မဟာဝိဟာရကျောင်းတိုက်”က ရဟန်းငယ်တစ်ပါးဟာ ရုပ်ကလည်းချော၊ အသံကလည်းကောင်း၊
တရားဟောတာကလည်းကောင်းတော့ သီဟိုဠ်မှာ တအားနာမည်ကြီးနေတာပေါ့။
ဓမ္မကို အလေးထားပါ။
       မြတ်စွာဘုရား ဟောတဲ့ တရားဓမ္မဟာ ကိုယ်ကျင့်သီလအကြောင်း ဟောတာရှိပါ
တယ်၊ သမာဓိအကြောင်း ဟောတာရှိပါတယ်၊ ပညာအကြောင်း ဟောတာရှိပါတယ်။
ကိုယ်ကျင့်သီလဆိုတာ ဘယ်လို ကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်၊ သမာဓိတရားဆို
တာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်၊ ပညာတရားဆိုတာ ဘယ်လိုကောင်း
ကမ္မ၀ါဒ။
        မြတ်စွာဘုရား၏ ။ကမ္ပ၀ါဒကို နားလည်သဘောပေါက်လျှင် ဗေဒင်ဆရာ၊ နတ်ကတော်၊
ဘိုးတော် စသည်တို့၏ ညွှန်ကြားစေခိုင်းချက်အရ၊ ကံပွင့်လာဘ်ခေါ် အစီအမံများ အဆောင်
လက်ဖွဲ့များ၊ သိဒ္ဓိတင်ပစ္စည်းများကိုသာ ဆောင်နေသူများ မဖြစ်လာနိုင်တော့ပါ။
         အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရား၏ ကမ္မ၀ါဒကို နက်နက်နဲနဲ ထဲထဲဝင်ဝင် သိ
တစ်သက်လုံး တရားမွေ့လျော် နေတတ်အောင်။
ဉာဏ်အစစ်မရသေးခင်  ၀ိပဿနာပေါ်အောင်  ကြိုးစားရတယ်။  ၀ိပဿနာအစစ်ဟာ  ဘယ်အချိန်ဖြစ်
ဖြစ်  ပေါ်နိုင်ပါတယ်၊  ၀ိပဿနာဉာဏ်ပေါ်အောင်  ကြိုးစားတဲ့အလုပ်  လုပ်မယ်ဆိုရင်  အချိန်မရွေး
လုပ်နေပါ။  ၀ိပဿနာဆိုတာ  ပညာဉာဏ်ပါ၊  ဉာဏ်ရှိမှ  ၀ိပသနာဖြစ်ပါတယ်။  ဉာဏ်ရှိအောင်  ဘာ
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁)။
         ”ကောင်းမှု”
             xxxxxxxxx
      ”ဣဓ  မောဒတိ  ပေစ္စ  မောဒတိ၊
      ကတပုညော  ဥဘယတ္ထ  မောဒတိ။ ။
             သော  မောဒတိ  သော  ပမောဒတိ၊
             ဒိသွာ  ကမ္မ၀ိသုဒ္ဓမတ္တနော”။ ။
Friday, October 23, 2015
"ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ "
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။
အပါယ်ငရဲသို့ ကျရောက်စေကြောင်းတရားဆိုးများ
လူသားတို့အား ဆင်းရဲဒုက္ခကြီးစွာခံစားရာ အပါယ်ငရဲသို့ကျရာက်စေကြောင်း မကောင်းမှုကံတို့ကို ကျူးလွန်ပြုလုပ်အောင် အတွင်းမှနေ၍ လှုံ့ဆော်-တိုက်တွန်း-တွန်းအားပေးကြသည့် အခြေခံ အတွင်းဓာတ်ခံ တရားဆိုးများအကြောင်းကိုရှင်းလင်းပြဆိုပါမည်။
အားရှိပြီး တရားမရှိရင် အားနဲ့ အနိုင်ကျင့်တတ်တယ်"
သတ္တဝါတွေဟာ တဒင်္ဂအရှိတရားအပေါ် အခြေခံပြီး
နိုင်ထက်စီးနင်း ပြုလေ့ရှိတတ်ပါတယ်။ ငွေအင်အား
ရှိတဲ့သူက ငွေနဲ့ အနိုင်ယူတတ်သလို ရာထူးပါဝါ ဂုဏ်အင်္ဂါ
စသဖြင့် အများထက်သာတဲ့ တဒင်္ဂအရှိတရားလေးတွေကို အကြောင်းပြုပြီးလည်း ကိုယ့်အောက်နိမ့်ကျသူတွေ အပေါ်မှာ
အင်အားသုံးပြီး အနိုင်ယူလေ့ ရှိတတ်ပါတယ်။
Thursday, October 22, 2015
ခွက်ကလေးနဲ့ အ၀တ်စုတ်။
     ရှေးတုန်းက သာဝတ္ထိပြည်မှာ သိပ်ဆင်းရဲတဲ့ ကလေးလေးတစ်ယောက်  စုတ်ပြတ်နေတဲ့ 
ပုဆိုးကလေးကို ၀တ်ထားပြီး ခွက်ကလေးဆွဲပြီးတော့ ခုနစ်နှစ်အရွယ် ကလေးလေးက သူ
တောင်းစားဘ၀ ရောက်နေတယ်၊ အဲဒီလို အ၀တ်ကလည်း စုတ်ပြတ်ပြီး ခွက်လေးဆွဲပြီး တောင်း
စားနေတဲ့ ကလေးလေးကို ရှင်အာနန္ဒ တွေ့တဲ့အခါကျတော့ သနားလို့ အရှင်အာနန္ဒက ခေါ်ပြီး
သန့်ရှင်းစင်ကြယ်သော ဥပုသ်။
       ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ အလုပ်မဖြစ်သည့်ကိစ္စမျိုး မရှိ
ရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ
ဆောက်တည်ထားသောအခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်၊ မိမိဆောက်တည်ထားသော
သီလဂုဏ် စသည်တို့ကို ဆင်ခြင် နှလုံးသွင်းလျက် နေရမည်။
သောတာပန် ၄ ပါး။
         သောတာပန် ၄ ပါးမှာ = =
၁။ သတ္တက္ခတ္တုပရမ သောတာပန် = ခုနှစ်ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော သောတာပန်။
၂။ ကောလံကောလ သောတာပန် = ၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော
                                          သောတာပန်။
ကိုယ်ကျိုးအတွက် ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်နေကြသူများ။
     ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ပင့်ဆောင်ကိုးကွယ်
ကြပါသည်။ နေ့စဉ်မပျက် ဆွမ်း၊ သောက်တော်ရေ၊ ဆီမီးစသည်များ ကပ်လှူ ပူဇော်ကြပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် အလှူဒါန ရက်ရောတတ်ပါသည်။ သဒ္ဓါလွန်သော ဗုဒ္ဓဘာသာ
ဝင်များကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးဟောင်းရုပ်ပွားဆင်းတုတော်ဟု ညာပြီး
Wednesday, October 21, 2015
ကောသလတိုင်း၊ သာလ၀တိကရွာစား လောဟိစ္စပုဏ္ဏားအိမ်၌ ဆွမ်းစားအပြီး လောဟိစ္စအား ဘုရားဟောသောတရား
“လောဟိစ္စ- သင့်မှာ ဘယ်လိုခံယူချက်တွေ ရှိသလဲ” “တရားရတဲ့သူတွေဟာ ကိုယ်ရတဲ့ တရားမပြောကြားရ။ ပြောလျင် တရားမရတာပဲ။ ကိုယ် ရတာလေးပြပြီး လာဘ်ချူတာဟာ တရားမရမှု အသစ်တစ်မျိုး ဖြစ်တယ်ပေါ့။ သည်လို အယူ တပည့်တော်မှာ ရှိတယ် ဗုဒ္ဓအသျှင်”
“အဲဒါ မိစ္ဆာပဲ လောဟိစ္စ”
“ဘာဖြစ်လို့ လဲ ဗုဒ္ဓအသျှင်”
ဘေးမဲ့အလှူ
အော်ညည်းသံတွေ ဆူညံနေတဲ့ အဆောက်အဦးထဲမှာ “နွားမ” တစ်ကောင်ဟာ နွားပေါက်လေးများနှင့်အတူ
သေမင်းတံခါးဝ မှာ တန်းစီစောင့်နေကြပါတယ်။တိရစ္ဆာန်သဘာဝ အကြောင်း၊အကျိုးခွဲခြား
နားမလည်နိုင်သော်လည်း သေမှာကိုတော့ ကြောက်တတ်ကြပါတယ်။
ဥပုသ်စောင့်ခြင်းနှင့် အကျိုး
ဗုဒ္ဓဘာသာတရားကို နားမလည်တဲ့သူတွေက" ဥပုသ်စောင့်ရင် ထမင်းဆာတာပဲ အကျိုးရ
တယ် " လို့ မရိုမသေပြောတတ်ကြတယ်။
သူတို့က ကုသိုလ် အကုသိုလ် ဆိုတာတွေကိုဘာမှ မသိကြဘူး။
ထမင်းစားလိုတဲ့ လောဘစိတ်တွေကို ပယ်ရှားပြီးကုသိုလ်တွေ ဖြစ်ပွားနေတာကို သူတို့က မသိကြဘူး။
သူတို့သိတာကတော့ အဖျားရောဂါရှိတဲ့သူများမှာထမင်းမကျွေးဘဲထားရင် ရောဂါပျောက်တတ်တယ် "
ဆိုတာမျိုးကြတော့ သူတို့က သိကြတယ်။
Tuesday, October 20, 2015
ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ
ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
တရားအားကိုးပါ
တရားသဘော ကတော့ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့မရဘူး။
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
ကိုယ့်အားကိုယ် ကိုးပါ။….တဲ့
သိအပ်သည်ကို သိစေအပ်၏
မိမိသန္တာန်၌ တစ်ခုခုသော အာရုံကို အကြံအစည်ပြု၍နေလေရာ ရှေးရှေးဖြစ်သောစိတ်အစု ခဏမစဲချုပ်ကွယ်၍ နောက်နောက်ဖြစ်သောစိတ်အစု
ခဏမစဲ အသစ်အသစ် ဖြစ်ပေါ်ပြောင်းလဲခြင်းရှိပါသော်လည်း ရှေ့စိတ်နောက်စိတ် အခြားဟူ၍ မထင်ပြီ။
တစ်နေ့လုံးပင် ကြံစည်၍နေသော်လည်း စိတ်တစ်ခုတည်းသာ ထင်ရ၏။
အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…
“လောကကြီးကို အလေးထားပါ။”
         လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်ကြပါတယ်။
လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားကြပါတယ်။
အများစုက ဘယ်သူမှမရှိဘူး ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားကြတယ်၊ “ ဘယ်သူမှ
မရှိဘူး၊ ငါ တရားထိုင်မယ် ” ဆိုတာ အနည်းစုသာရှိပါမယ်။ အင်မတန်မှနည်းပါတယ်။  ဒီတော့
ဒါနကုသိုလ်နဲ့ လာဘ်ထိုးခြင်း။
  * ကိုယ့်လက်ထဲကပစ္စည်း
     သူတစ်ပါးလက်ထဲ
     ထည့်ပေးလိုက်တာကို
     “ပေးကမ်း” တယ်လို့ ခေါ်ပါတယ်။
     တစ်ဖက်သား
ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ။
         မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့်  အဘိုးလေး၊ အဘွားလေးပါမကျန်  ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။
           ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး
မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ
သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊
Monday, October 19, 2015
“ခံစားမှုကို ဘေးဖယ်၊ လုပ်သင့်လုပ်ထိုက်တာကို ရွေးချယ်”
ညီငယ်တစ်ယောက် ဆုံးသွားသည်။ ကံကုန်၍ ဆုံးသွားခြင်း မဟုတ်။ သူ့လုပ်ရပ် မကောင်း၍ ဆုံးသွားခြင်း ဖြစ်၏။ အရက်ကို အလွန်အကျွံသောက်ရာက အသည်းကျွမ်းပြီး ဘဝတစ်ခု ပြောင်းသွားခြင်းဖြစ်၏။ သူဆုံးတော့ မယ်တော်ကြီနဲ့ ခမည်းတော်ကြီးက မိဘဖြစ်တဲ့အတွက် သားဆိုးသမီးဆိုး ဖြစ်ပေမယ့်လည်း မခံစားနိုင်တဲ့ သဘောရှိ၏။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
တစ်လောက ညီမငယ်တစ်ယောက်က သူအလိမ်ခံရတဲ့အကြောင်းကို လျှောက်ပြပါတယ်။ သူလည်းအတော် အခံရခက်နေတဲ့ သဘောရှိသလိုကိုယ်လည်းစိတ်မကောင်းပါဘူး။ ပြေရာပြေကြောင်း ဖြေဆည်ရာလေးတော့ ပြောပေးဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ ခံရတော့လည်း တွေးမိတဲ့အခါတိုင်း မကျေနပ်ချက်ကတော့ ဖြစ်ကြမှာပါ။ 
သို့သော် ဖြေဆည်ရာတော့ ရအောင်ရှာပြီး ကိုယ့်အနာကိုယ်ပြေအောင်ပဲ ကြိုးစားရမှာပေါ့။ အတိတ်ဆိုတာ ဖြစ်ပြီးသွားပြီဆိုတော့ ပူဆွေးနေလည်း ဝေဒနာတိုးတာပဲ အဖတ်တင်မှာပဲလေ။
ဒါလည်း ဆင်းရဲပါပဲ
ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်၊ အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း ဆင်းရဲတစ်မျိုးပါပဲ။ 
သတ္တဝါတွေရဲ့  စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွန်းတာ၊ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ၊ တောင့်တကြတာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ပင်းပန်းတာတွေ၊ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ၊ ခံစားရတာတွေ ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊ အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့ စသဖြင့် ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှုခံစားချက်ဟာ လူအတော်များများရဲ
Sunday, October 18, 2015
"ပထမ ဆုံး 'တေ၀ါစိက သရဏဂုံ' တည်သူ ဥပါသကာ၊ ဥပါသကာမ"
"ပထမ ဆုံး 'တေ၀ါစိက သရဏဂုံ' တည်သူ ဥပါသကာ"
*************************************
-"ယသ သတို့သား၏ဖခင်ကြီး" သည် သား "ယသ သတို့သား" အိမ်မှ ထွက်သွားသောကြောင့် သားပျောက်ရှာထွက်လာ၏။ ထိုအခါ "ဗုဒ္ဓမြတ်စွာဘုရားရှင်" နှင့်တွေ့၍ တရားနာရသောအခါ ပထမဦးဆုံး သရဏဂုံသုံးပါး တည်သူ (တေ၀ါစိက သရဏဂုံတည်သူ) ဖြစ်ပါလေ၏။
မေတ္တာပို့လွှတ်ရန်။
၁။ အထက်အရပ်မှာ များသတ္တ၀ါ၊
    ချမ်းသာကိုယ်စိတ် မြဲကြပါစေ။
    အန္တရာယ်ကင်း ဘေးတွေရှင်း၊
    လက်ငြင်းချမ်းသာကြပါစေ။ ။
စဉ်းစားပုံချင်း မတူကြပါ။
      ကိုယ့်ကိုယ်ကို ဘယ်လိုပြင်မလဲ ?- “ငါဟာ အခု ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ
လုပ်ခွင့်ရတယ်၊ ဒီဘ၀မှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျ
သွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်” ။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ
ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ၀က်ကလေး
ထင်ရှားသောနိဗ္ဗာန်။
       သန္တိသုခနိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ် မဟုတ်ပါ။
အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ။ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိ
ကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်မြတ်တို့သည် ခန္ဓာကိုယ် ထင်ရှားရှိစဉ် မိမိသိအပ်သော
နိဗ္ဗာန်ကို အာရုံပြုလျက် ဖလ သမာပတ် ၀င်စား၍ နေလေ့ ရှိကြပါသည်။ထို သမာပတ် ၀င်စား