Saturday, April 14, 2018

"ရဟန်းများကို ပြစ်မှားသော ကံ (သို့) အရိယူပဝါဒ အန္တရယ်

ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ် ...။ အရိယာပုဂ္ဂိုလ်မှန်း သိသည် ဖြစ်စေ မသိသည် ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့် စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ် ...။
ခုအခြေအနေဟာ ရဟန်းတွေကို ဘာသာခြားတွေ တင်မက ဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင် ပုတ်ခတ် စော်ကား ပြောနေကြပါတယ်..။ဘာသာခြားတွေကို မပြောလိုတော့ပါဘူး ..။ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ် ...။ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ ...။
ရောက်အောင်လည်းကြိုးစား အားထုတ်နေတဲ့သူတွေရှိပါတယ် ...။မိမိကိုယ်တိုင် မဂ်ဖိုလ် ရောက်ကြောင်း တရားကျင့်နေပြီ ဆိုရင်တေါ့ ဒီ ကံ မထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ ...။

Friday, April 13, 2018

လူသားနှင့် ဟိတ်


လူသားနှင့် ဟိတ်

ဗုဒ္ဓ“အဘိဓမ္မာ”သည် သဘာဝတောတောင်၊ ရေမြေ၊ မိုးကောင်းကင်နှင့်၊ လူသားတစ်ဦးခြင်း၏ ကိုယ်ကာယ ဖွဲ့စည်းပုံ၊ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်း တည်ဆောက်ထားပုံများကိုပြဆိုသည့် ပိဋကတ်ဖြစ်ပါသည်၊၊
ဗုဒ္ဓအဘိဓမ္မာတွင် ဟေတု=ဟိတ် (၆)မျိုးရှိကြောင်း လေ့လာရပါသည်၊၊
(၁) လောဘဟိတ်၊
(၂) ဒေါသဟိတ်၊
(၃) မောဟဟိတ်၊
(၄) အလောဘဟိတ်၊
(၅) အဒေါသဟိတ်၊
(၆) အမောဟဟိတ်တို့ ဖြစ်ပါသည်၊၊

ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။

       လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ အန္ဓပုထုဇဉ်။

       ရွှေဟင်္သာဆရာတော်ဘုရားကြီးက အမတဂါမိနီတရားတော်မှာ အန္ဓပုထုဇဉ်ရဲ့
သဘော လက္ခဏာ (၁၁) ချက်ကို ဖေါ်ပြထားပါတယ်။
 ၁။ အထူးထူး အပြားပြားသော ကိလေသာကို ဖြစ်စေတယ်။

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်ခဲ့သူ။

     မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။

Thursday, April 12, 2018

အောင်ပွဲရှင်တို့ အောင်ပွဲဆင်ဖို့


အောင်ပွဲရှင်တို့ အောင်ပွဲဆင်ဖို့
မြတ်စွာဘုရားရှင် ဘုရားအဖြစ်ရောက်တော်မူပြီးစ ပထမ၀ါကို မိဂဒါဝုန်တောမှာ ၀ါဆိုဝါကပ်တော်မူပြီး တရားဓမ္မများဟောကြားတော်မူခဲ့တာ ၀ါတွင်းသုံးလပြည့်တော့ ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုတဲ့ တပည့်ရဟန္တာပေါင်း ခြောက်ကျိပ် (၆၀) ရရှိတော်မူပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ရဟန္တာခြောက်ကျိပ်တို့ အချင်းချင်း ဖိတ်မန္တကပြုတဲ့ “ပ၀ါရဏာပွဲ’’ ဆင်နွှဲကြပါတယ်။ ပ၀ါရဏာပွဲဆိုတာ တစ်ဦး နဲ့တစ်ဦး အမြင်မတော်၊ အကြားမတော်တဲ့ကိစ္စတို့၊ အများကသံသယဖြစ်စရာ ပြောဆို၊ ပြုမူ၊ နေထိုင်မှုတို့တွေ့ခဲ့ရင် အချင်းချင်း ပြောဆိုဆုံး မကြဖို့ ဖိတ်ကြားတဲ့ပွဲပါပဲ။ ဖိတ်ကြားသူက ရိုးသားစွာဖိတ်ကြားသလို ဆုံးမသူကလည်း ကရုဏာရှေ့ထားပြီး အကျိုးလိုလားတဲ့စိတ်နဲ့ ပြော ဆိုဆုံးမပေးဖို့ အချင်းချင်း ကတိက၀တ်ပြုတဲ့သဘောဆောင်ပါတယ်။ အနှစ်ချုပ်ကတော့ ရိုးသားမှုကို ရိုးသားမှုနဲ့ဖိတ်ကြားတဲ့ပွဲပါပဲ။

Wednesday, April 11, 2018

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ

အမုန်းစိတ်၏ ထွက်ပေါက်။

      တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ

အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။

    အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။

ဘုရား၊ ရဟန္တာဓာတ်တော်။

    ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ နေအိမ်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်နှင့်
ကိုယ်တော်စား ရုပ်ပွားဆင်းထုတော်များကို ထားရှိ ကိုးကွယ်ကြပါသည်။ အချို့ဆိုလျှင် ရိုသေ
လေးစားအပ်သည့် နာမည်ကြီး ဘယ်ဆရာတော်က ဓာတ်တော်ကျသည်၊ ဘယ်ဆရာတော်ကြီးက

Tuesday, April 10, 2018

ဒေဝဒတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း…
၁…
ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။

Monday, April 9, 2018

မာတုဂါမများကြောင့် ရဟန်းသံဃာတော်တို့မှာ ဘယ်လိုအာပတ်တွေ သင့်တက်ပါသလဲ

ဦးဇင်းMA ။ ။ မာတုဂါမကြောင့် ရဟန်းသံဃာတော်များမှာ ဘယ်လိုအာပတ်တွေ သင့်တက်ပါသလဲဘုရား။
ဦးဇင်း ။ ။ မာတုဂါမကြောင့် ပါရာဇိတ အာပတ်လည်း သင့်နိုင်ပါတယ်။ သံဃာဒိသိသ်အာပတ်လည်း သင့်နိုင်တယ်။ ထုလ္လစ္စဉ်းအာပတ်လည်း သင့်နိုင်တယ်။ ပါစိတ်အာပတ်လည်း သင့်နိုင်တယ်။ ဒုက္ကဋ်အာပါတ်လည်း သင့်နိုင်တယ်။
ဦးဇင်းMA ။ ။ အာပတ်တွေ အကုန်လုံး သင့်နိုင်ပါသော်လည်း ဒကာမတွေနဲ့ ဆက်ဆံနေရတာပဲဘုရား။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။

     မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား

အရှင်ပညာစက္ကမထေရ်မြတ်၏ နောက်ဆုံးမှာတမ်း ဆုံးမစကား။

`ဤကိုယ်ကာယ၊ တစ်လံမျှ၌

နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။

နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၄)။

”များလှအကျိုးတွေ”
xxxxxxxxxxxxxxxx
ဗုဒ္ဓမြတ်စွာ၊  ပွင့်ထွန်းလာ၍၊
သစ္စာလေးအင်၊  ရှစ်မဂ္ဂင်နှင့်၊
သုံးအင်လက္ခဏာ၊  သင်္ခတာ“ သင်္ခတ၊

Sunday, April 8, 2018

ပညတ်နဲ့ပရမတ် နှစ်ခုစပ် သိတတ်သူမှမြတ်

ပရမတ်အစစ် မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာ ကောင်းတယ်”
(နတ်မှီတောရဆရာတော်)

တောင်တွင်းကြီးအပါအ၀င် မြေလတ်ပိုင်းမြို့တွေမှာ ငါးရက်တစ်ဈေးခေါ်ကြတယ်။ တခြားနေ့တွေမှာလဲ ဆိုင်ကြီးတွေ ဖွင့်ထားကြပေမယ့် ဈေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ငါးရက်တစ်ဈေးနေ့တွေ ရောက်မှပဲ တောရွာတွေက ရောင်းသူ ၀ယ်သူတွေနဲ့ စည်းကားတာ။