Saturday, August 13, 2016

ဗုဒ္ဓဘာသာဝင်မှန်လျှင်ယုံကြည်ရမည့်(၁၀)ချက်

သမ္မာဒိဋ္ဌိ (အမြင်မှန်) ၁၀-ချက်-

၁။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း။
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း။
၃။ လက်ဆောင်ပေးကမ်းပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း။
၎။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး ဆိုးကျိုး အကျိုးရင်း
အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း။

စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။

        မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေးရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်

အာရုံတစ်ခုခုကို ပြုလုပ်လိုခြင်း၊ ရယူလိုခြင်းဆိုသည့် ဆန္ဒ။

       “ဆန္ဒ၀တော ကိံနာမ နသိဇ္ဈတိ= ဆန္ဒရှိသူမှာ မပြီးနိုင်သောအရာ မရှိ” ။
အာရုံတစ်ခုခုကို ပြုလုပ်လိုခြင်း၊ ရယူလိုခြင်း သဘောသည် ဆန္ဒတည်း။ “ပြုလုပ်လိုခြင်း၊ ရယူ
လိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်

တစ်မိသားစုလုံး ငြိမ်းအေးလိုလျှင်။

     လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ

Friday, August 12, 2016

ဘ၀ (LIFE)

အရှင်ဘုရားရဲ့ ဘ၀အမြင်လေးလည်း သိပါရစေဘုရား။”
“ဘ၀ဆိုတာ အလုပ်လုပ်ခြင်း၊ ဘ၀ဆိုတာ သေဆုံးခြင်းလို့ပဲ ဘ၀ကို အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။ လုပ်ချင်တဲ့အလုပ်ကိုပဲဖြစ်ဖြစ်၊ မလုပ်ချင်တဲ့အလုပ်ကိုပဲဖြစ်ဖြစ်၊ လုပ်နေရတာဟာ ဘ၀ပါပဲ။
အလုပ်ဆိုတဲ့စကားထဲမှာ အကျိုးခံစားတဲ့အလုပ်ရော၊ အကြောင်းဖန်တီးလာတဲ့အလုပ်ရော ပါဝင်ပါတယ်။
ဒါပေမယ့် တကယ်တန်းကျတော့ ဘ၀ဆိုတာ အကျိုးခံစားတဲ့အလုပ် လုပ်နေရတဲ့အချိန်ထက် အကြောင်းဖန်တီးတဲ့အလုပ်ကို ဆင်းရဲပင်ပန်းစွာလုပ်ရင်း ပေးဆပ်နေရတဲ့အချိန်က ပိုများပါတယ်။
ပြီးတော့ သေဆုံးခြင်းဟာ ဘ၀ပါပဲ။ လူ့ဘ၀ရဲ့ နောက်ဆုံးပန်းတိုင်ဟာ သေဆုံးခြင်းလို့ ပြောကြပေမယ့် တကယ်တော့ အသက်ရှင်နေတဲ့အချိန်တိုင်း၊ အချိန်တိုင်းမှာလည်း ဘ၀ဟာ သေဆုံးနေပါတယ်။ ဘ၀တစ်ခုသေဆုံးပြီးမှ ဘ၀တစ်ခုဖြစ်နေကြရတာပါ။
ဥပမာ၊ ကျောင်းသားဘ၀သေဆုံးပြီးမှ ဆရာဝန်ဘ၀၊ ဆရာဝန်ဘ၀သေဆုံးပြီးမှ တရားသမားဘ၀ စသည်ဖြင့်ပေါ့လေ၊ ကျောင်းသားဘ၀မှာလည်း မူလတန်းကျောင်းသားဘ၀ သေဆုံးပြီးမှ အထက်တန်းကျောင်းသားဘ၀ စသည်ဖြင့် အဆင့်ဆင့် သေဆုံးခဲ့ရတာပါပဲ။
ဒါအကြမ်းအားဖြင့်ပြောတာပါ။ ဒီလောက်ဖြေရင် ဒီထက် အသေးစိတ်ပြီး ဆင်ခြင်ကြည့်နိုင်ပါတယ်။
မနေ့ကဘ၀ သေဆုံးပြီးမှ ဒီနေ့ဘ၀၊ ပြီးခဲ့တဲ့ နာရီ၊ မိနစ်၊ စက္ကန့်ဘ၀ သေဆုံးပြီးမှ အခုနာရီ၊ မိနစ်၊ စက္ကန့်ဘ၀ ဖြစ်ရတာပါ။
လူတစ်ယောက်ဟာ အချိန်မရွေးသေဆုံးသွားနိုင်တဲ့အတွက်၊ အသက်ရှင်သန်မှုဟာ သေခြင်းတရားနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘ၀သည်ပင်လျှင် သေဆုံးခြင်းပါပဲ။
ဘ၀ဆိုတာအလုပ်လုပ်ခြင်းနဲ့ ဘ၀ဆိုတာသေဆုံးခြင်းဆိုတဲ့ စကားနှစ်ရပ်ကို ဆက်စပ်ကြည့်လိုက်ရင် သေခြင်းတရားက လွတ်မြောက်နိုင်တဲ့အလုပ်ကိုလုပ်နေတာဟာ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို တည်ဆောက်နေတာပါ။”
ဆရာတော်အရှင်ဆန္ဒာဓိက ဖြေဆိုတာကို ကြည်ညိုမိတဲ့အတွက် ပြန်လည်ကူးယူတင်ပြပေးခြင်း ဖြစ်ပါတယ်။

Thursday, August 11, 2016

ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။
အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို

သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ။

ဘ၀ကလည်း သစ်ပင်တစ်ပင်လိုပါပဲ။ ရေလောင်းပေါင်းသင် ဆေးကျွေးနေနိုင်မှ စိတ်ကလေးတွေက လန်းနေတာပါ။ ရေမလောင်းဖြစ်တာနဲ့ စိတ်ကညှိုးလာတာပါ။ ပုထုဇဉ်သစ်ပင်တစ်ပင်ဟာ စိမ်းစိုတစ်လှည့် ခြောက်သွေ့တစ်လှည့်ပါပဲ။

ဒိဌိ၏ အထင်မှားမှုကြီးများ။

        မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ကိုဖယ်လိုက်တာနဲ့ တပြိုင်
နက် မှန်ရိပ်ထဲက ပုံရိပ်လွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ကိုယ် ထင်ပြီးတော့ အားကိုးစရာ အ
ရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့  မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အ

၁၇၉၂ ကြိမ်တိုင်တိုင် ဗုဒ္ဓဘုရားရှင် ပြောခဲ့သော တရားစကား။

         သီလပျက်ရင် သမာဓိပျက်မယ်။ သမာဓိပျက်ရင် ဟုတ်တိုင်းမှန်စွာ မမြင်နိုင်တော့ဘူး။
သီလပျက်ခြင်းဟာ အလုံးစုံပျက်စီးခြင်းပဲ။ အကြောင်းလေးပါး တိုက်ဆိုင်တဲ့အချိန်မှာ ရုပ်ဖြစ်ပါ
တယ်။ အကြောင်းလေးပါး ပျက်စီးချိန်မှာ ရုပ်ပျက်စီးပါတယ်။ အကြောင်းလေးပါးဆိုတာ ကံ၊

ဗောဓိပက္ခိယတရား ၃၇ ပါး။

        မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )

Wednesday, August 10, 2016

မြိတ်မြို့ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး သမိုင်းအကျဉ်း



  နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
မြိတ်မြို့ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး

သမိုင်းအကျဉ်း
တနင်္သာရီတိုင်း၏မြို့တော် မြိတ်မြို့သို့အ၀င် မျက်နှာစာတွင်ရှိသော ပထော်ကျေးရွာ၊ ပထက်တောင်ကမ်းခြေတွင် တည်ဆောင်ထားသည့် အတုလရံသီ ရွှေသာလျောင်းဘုရား ဆင်းတုတော်ကြီးသည် ညဏ်တော်အားဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးစာရင်းဝင်ဖြစ်၍ ခေါင်းပွသံကူကွန်ကရစ် တည်ဆောက်ပုံနည်းစနစ်အရ တစ်ဆူတည်းသာရှိသေးသော ဆင်းတုတော်ကြီးဖြစ်ပေးသည်။

အနှိုင်းမဲ့ရနံ့

လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့သင်းကြိုင်ပါတယ်၊ ပျံ့နှံ့အားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။

Tuesday, August 9, 2016

သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။
ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏။
ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက " မှန်၏။ အသက်(၆၀) နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် " ဟု ဟောကြားလိုက်လေသည်။
ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင်
■ ဥယျာဉ်စိုက်၏
■ နေရန် ဇရပ်ဆောက်၏
■ ရေတွင်းတူး၏
■ လမ်းဖောက်၏
■ တံတားဆောက်၏
စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှု အဆင်ပြေနေတော့သည်။
အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။
မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါ ကုသိုလ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ ပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန် တည်လေ၏။
(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း
(၂) အများစားသုံးရန် အရန်စိုက်ခြင်း
(၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း
(၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း
(၅) အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း
(၆) အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း
《မှတ်ချက်။ ။ "အရန်" စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။》
သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။
[ သီတဂူဆရာတော်ဘုရား ဟောကြားတော်မူအပ်သော အာယုဒီပ(၆)ပါးကို အကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။ ]

သီလရှင်အား ရှစ်ခိုးသင့် မသင့်...?

မေးခွန်း -- ရိုသေစွာလျှောက်ထား မေးမြန်းအပ်ပါသည် အရှင်ဘုရား။ လူမိန်းမတို့ သီလရှင်ဝတ်ခြင်း ကို မြတ်စွာဘုရားက ခွင့်ပြုခဲ့ပါသလား ဘုရား။ ယောက်ျားသားတို့ အနေနဲ့ သီလရှင်းအား ရှိခိုးထိုက်၊ ဘုရားထူးခြင်းများ ပြုအပ်ပါသလား။ ရဟန်းတု၊ ရဟန်းယောင် များကို၊ ရဟန်းအစစ်ထင်၍လှူဒါန်းပြုလျှင် ကုသိုလ်ရနိုင်ပါသလား။ မသိနားမလည်၍ မေးမြန်းလျှောက်ထားရခြင်းဖြစ်ပါသည်..။

မာန၏ အထင်မှားမှုကြီး။

      ဘ၀တစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်
ကို ဘယ်သူမှ မစဉ်းစားနိုင်ကြပါ။ သိလည်းမသိကြပါ။ ဘ၀ ရလာတာနဲ့  လူတိုင်း လူတိုင်းဟာ
“နိစ္စထာဝရ” မသေတော့မယ့်ပုံစံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်

ကိုးကွယ်မှုအစ၊ ကိုးကွယ်မှုအဓိပ္ပါယ်။

      လူနှင့် ကိုးကွယ်မှုတွင် သမိုင်းဆရာတို့၏ လေ့လာမှုအဆိုအရ လူသည် ခြေသလုံးအိမ်
တိုင်ဘ၀မှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့်နေတတ်လာသူများ ဖြစ်သည်
ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၇)။

“စိတ်မဲများကို ဖြူစင်စေသည့် နည်း ( ၆ ) မျိုး”
=============
မဲသည့်စိတ်ကို၊ ဖြူစေလိုသော်၊
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်၊

Monday, August 8, 2016

ဗုဒ္ဓဘာသာ စကားလုံးများ အဓိပ္ဂာယ်

(က) ကိုးကွယ်မှု = အားကိုးလျှင် - ကာကွယ်ပေးခြင်း

(အမှား) - ကြောက်ရွံ့မှု (ကမ္ဘာဦးအစ ကပ်ဘေးများကြုံ)၊ဆုလာဒ်ရလိုမှု (သားဆုပန်၊ လာဘ်လာဘ လိုချင်) ကြောင့် မသိမမြင်၊ အကြောင်းအကျိုး မမှန်တာလုပ်သော မှားယွင်းသောအယူ။
(အမှန်) - အကြောင်းအကျိုး မှန်ကန်မှုရှိသော ကိုးကွယ်မှုဆိုလျှင် ခွန်အားမျှ ဖြစ်သည်။

Sunday, August 7, 2016

ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ

စကားပြောတဲ့အခါမှာ -

(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။မပြောသင့်တဲ့အချိန်မှာ မပြောဘူး။

(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကိုမပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။

တဏှာ၏ အထင်မှား အမြင်မှား။

   ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်

သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦး။

      သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦးမှာ==
၁။ စိဉ္စမာဏ။
၂။ သုပ္ပဗုဒ္ဓ။
၃။ ဒေ၀ဒတ်။

မြတ်စွာဘုရား၏ ကာမဂုဏ်ဆိုင်ရာ “အမဲရိုး ဥပမာ”။

      အမဲဖျက်ခြင်း၌ ကျွမ်းကျင်သူသည် အမဲရိုးမှ အသားတို့ကို ဓားဖြင့်လှီး၍ယူ၏။ အထပ်ထပ်
အခါခါ ဓားဖြင့်လှီး၍ယူ၏။ ထို့နောက် အရိုး၌ကပ်နေသော အသားစကလေးများကိုလည်း ဓားဖြင့်
ခြစ်၍ယူ၏။ အထပ်ထပ်အခါခါ ခြစ်၍ယူ၏။ အမဲရိုးသည် အသားမရှိ ပြောင်ရှင်းလျက် ရှိတော့၏။