Saturday, January 3, 2015
ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။
      မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား
တယ်။ နှစ်သက်တွယ်တာမှုဆိုတဲ့ အတွယ်အတာ တဏှာရှိနေသေးသမျှ ဘယ်ခေတ်ဘယ်ကာ
ထင်ရှားသောနိဗ္ဗာန်။
        သန္တိသုခနိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ် မဟုတ်ပါ။
အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ။ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိ
ကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်မြတ်တို့သည် ခန္ဓာကိုယ် ထင်ရှားရှိစဉ် မိမိသိအပ်သော
နိဗ္ဗာန်ကို အာရုံပြုလျက် ဖလ သမာပတ် ၀င်စား၍ နေလေ့ ရှိကြပါသည်။ထို သမာပတ် ၀င်စား  
ဘုရားကိုရည်မှန်းပြီး အဝေးကနေ၍ လှူဒါန်းပူဇော်နည်း။
        ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးက
ပင် စဉ်းစားဖူးကြပါသည်။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။ မိမိ၏စိတ်
စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အ
ကျိုးရနိုင်ပါသည်။
နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။
        နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
တရားလမ်းကြောင်းပေါ် ရောက်ခဲ့ရတဲ့ အရှင်ဆေကိန္ဒဆရာတော်လောင်းလျာ။
   ဒို့ များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့  ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့ ၊ အဲဒီတရားတစ်ပုဒ် တရား
စိတ်၏ ထွက်ပေါက်(Exit) ။
       လူတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိပါ။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်
ဆည်းပေး မတင်းတိမ်နိုင်ပါ။ ကောင်းသည်ထက် ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်
အောင်၊ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကြိုးစားလာသည်နှင့်အမျှ လူ့
အသုံးအဆောင်တွေဘက်က တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ စိတ်ထဲမှာလည်းပဲ စိတ်ဖိစီးမှု
ပညာစစ်၊ ပညာတုဆိုတာ။
       ပညာစစ် = ကံ၊ ကံ၏အကျိုးကို သိတတ်သောဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို
နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတ
ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာအစစ်ပင်တည်း။
စေတနာထက်သန်မှုအပေါ် အကျိုးပေးကွာခြားပုံ။
         လှူဖွယ်ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် လှူဖွယ်ပစ္စည်းများများ ကြီးကြီးကျယ်ကျယ်
လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူညီကြချေ။ နည်းနည်းလှူဖို့ရန် အား
ထုတ်ရာ၌ တစ်ခဏနှင့်ကိစ္စပြီး၏။ ကြီးကြီးကျယ်ကျယ် များများလှူဖို့ အားထုတ်ရာ၌ကား အလှူ
ဝတ္ထု များပြားကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို ရှာဖွေစုဆောင်းခိုက်မှာ
ဒီအချိန်မှာ အကယ်၍ (Accident) မတော်တဆဖြင့် ကွယ်လွန်သွားသော်။
      ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ ဖြုတ်စရာ မလိုဘူး၊  လိုလို့ ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့် လန့်  တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
      မဟာနာမ်က နေ့ လယ်နေ့ ခင်း ဆိုရင် ဘုရားကျောင်းကိုသွား ညနေဆိုရင်ပြန်နဲ့  တနေ့ 
တော့.. ဘုရားရှင်ကိုလျောက်တယ်== ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့  ကပိလ
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၄)။
***စုန္ဒ သုတ်***
==========
“ဖြစ်လျှင် ပျက်မြဲ”
==========
ဖြစ်ပေါ်၍လာ၊  ထိုအရာ
မှန်စွာ  ပျက်ရသည်။
Thursday, January 1, 2015
မြောက်ဦးဆရာတော်၏ တရားအားထုတ်နည်း။
    ဘုရားရှင်၏ အဆုံးအမ တရားတော်ကို မိမိ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံအားထုတ်
ပွားများခြင်းဖြင့် နှလုံးသားကို အလှဆင်ကြမယ်ဆိုရင် တစ်မိနစ်ပဲ နေ-နေ၊ အကျိုးရှိပါ
တယ်။ တရားအားထုတ်မယ်ဆိုရင် မိမိရဲ့ ခန္ဓာကိုယ်ကို စနစ်တကျ ချမ်းသာစွာထိုင်ကာ
ဘယ်ဘက်လက်ကလေးကို အောက်မှာထား၊ ညာဘက်လက်ကလေးကို အပေါ်တင်ပြီး
လွှဲမှားနေသော စိတ်၏ထွက်ပေါက်များ။
       စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေး
ထားပါတယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှု
ဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွား
ရုံပါပဲ။ အေး .. မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မနာရလို့ ဒီနည်းတွေကို မသိတဲ့ပုဂ္ဂိုလ်တွေ၊ ဘု
အာနာပါနအကျိုးဆက်။
       တစ်ပါးသောတရားကို ပွားများလျှင် လေးပါးသောတရားနှင့် ပြည့်စုံမည်။
 = လေးပါးသောတရားကို ပွားများလျှင် ခုနှစ်ပါးသောတရားနှင့် ပြည့်စုံမည်။
 = ခုနှစ်ပါးသောတရားကို ပွားများလျှင် နှစ်ပါးသောတရားနှင့် ပြည့်စုံမည်ဟု မြတ်စွာဘုရား
ဟောတော်မူခဲ့ပါသည်။ ( မ- ၃၊ ၁၂၄)
ဥပကာရ မိတ်ဆွေ။
၁။ မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂။ မူးယစ်မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာဖြစ်၏။
၎။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆတက်သော စည်းစိမ်
Wednesday, December 31, 2014
ဟိတ် (၆) ပါးနှင့် နိဗ္ဗာန်ဆီသို့။
    ( ဟေတု = ဟိတ် ) ဟိတ်ခြောက်ပါးတရားဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊
အဒေါသ၊ အမောဟ တို့ဖြစ်၏။ ရှေ့သုံးပါးက အကုသိုလ်တရားများ ဖြစ်၏။ နောက်သုံးပါးက ကု
သိုလ်နဲ့ အဗျာကတတရားများ ဖြစ်သည်။
ဒေါသနှင့် အဒေါသ
ဒေါသသည် မီးနှင့်တူပြီး အဒေါသ (မေတ္တာ)ကား ရေစင်ရေအေးကဲ့သို့ အေးမြပါသည်။ ဒေါသသည် ၎င်းမှီရာ ပုဂ္ဂိုလ်ကို လောင်ကျွမ်းခြင်းသဘောရှိပြီး အဒေါသသည် ၎င်းမှီရာ ပုဂ္ဂိုလ်ကို အေးချမ်းစေပါသည်။ ထို့ကြောင့် ဒေါသဖြစ်သူမှာ ရုပ်ရေကြမ်းတမ်း ခက်ထန်လာပြီး အဒေါသဖြစ်သူမှာ နူးညံ့သိမ်မွေ့လာပါသည်။ (ဤသို့ မှတ်သားထားပါသည်။)
သို့သော် ဒေါသဟူသော မီးးသည်
ပုဂ္ဂိုလ်စွဲကြည်ညိုခြင်း၏ အပြစ်များ
ပုဂ္ဂလပ္ပသာဒသုတ်
၂၅၀။ ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ် ငါးမျိုး တို့နည်း ဟူမူ -
ရဟန်းတို့ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက နှင်ထုတ်သင့်သော သဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် နှင်ထုတ်ခဲ့အံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။
စင်ကြယ်သော လှူဖွယ်ပစ္စည်း
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များသည် သီလနှင့် ဘာဝနာကို အထူး အားမထုတ်နိုင်ကြသေးသည့် တိုင်အောင် ဒါနမှုကိုကား နေ့စဉ် ပြုလုပ်ဖြစ်ကြပါသည်။ ထို့ကြောင့် အကျိုးရှိအောင် ဒါနပြုနည်းကို ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်ပါသည်။ ကျွန်မသည်လည်း တတ်နိုင်သမျှ ဒါနနှင့်ပတ်သက်သော တရားများနာခြင်း၊ စာပေများ ဖတ်ခြင်းတို့ကို ပြုလုပ်ပါသည်။
Tuesday, December 30, 2014
ကောင်းသော ယှဉ်ပြိုင်ခြင်း။
      ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက “ဂဝေသီ”လို့ခေါ်တဲ့ ဒကာတစ်ယောက်
ရှိပါတယ်။ လူ ၅၀၀ ပါတဲ့ အဖွဲ့စည်းရုံးပြီး ခေါင်းဆောင်နေပါတယ်။ သူကလည်း ကိုယ်ကျင့်တ
ရားကောင်းတဲ့သူမဟုတ်၊ အကျင့်သီလ မပြည့်စုံပါ။ သူ စည်းရုံးထားတဲ့ အဖွဲ့သားဥပသကာ
၅၀၀ ဟာလည်းပဲ ကိုယ်ကျင့်သီလ မပြည့်စုံကြပါ။
စိတ်၏ ကျွန်၊ စိတ်၏ သခင်။
         အကုသိုလ်သည် စုန်လမ်း၊ အသွားရ လွယ်ကူ၏။ သွားသူလည်း များ၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား အပါယ်လေးပါး။
         ကုသိုလ်သည် ဆန်လမ်း၊ သွားလာရ ခက်ခဲ၏။ သွားသူလည်း နည်း၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား နိဗ္ဗာန်။
အားကိုးရာ မလွဲမှားစေနဲ့။
    ဘုရားကိုးကွယ်တာ တန်ခိုးအရာကို ကိုးကွယ်တာမဟုတ်ဘူး။ အဆုံးအမကို ကိုးကွယ်တာ
ပါ။ အန္တရာယ်ကင်း ဘေးမရှင်းတာဟာ သီလအကြောင်း မကောင်းလို့ဘဲ။ ဥစ္စာဓန ဆင်းရဲစေခြင်း
အကြောင်းဟာ ဒါနအကြောင်း မကောင်းလို့ဘဲ။ စိတ်ရောကိုယ်ပါ ချမ်းသာချင်ရင် ဘာဝနာအလုပ်
ကို လုပ်ဖြစ်အောင် လုပ်ရမယ်။ မိမိကိုယ်တိုင် အားကိုးလောက်တဲ့ ဒါန၊ သီလ၊ ဘာဝနာ။ သီလ၊
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၃)။
 “အမာတာ  ပုတ္တိကဘေး”
   ==============
စင်စစ်ဆိုသော်၊ ၀ါရွက်ရော်သို့
ရင့်ရော်ကြွေလု၊ အိုမင်းမှုနှင့်
နာမှုသေရေး၊ ဤသုံးဘေးသာ
သံသရာလည်တာ၊ သံသရာရှည်တာ ဘယ်သူ့ ကြောင်လဲ။
         လောကမှာ သိနိုင်ခဲတယ်၊ သူများနားလည်အောင် ပြောရတာလဲ ခက်ခဲတယ်၊ ရှင်းရတာလဲ ခက်ခဲတယ်၊
 နားထောင်ရတာလဲ  ခက်ခဲတယ်၊ ရှင်းအောင် နားလည်ဖို့  မလွယ်တဲ့အရာ လေးမျိုး ရှိတယ်။  ၁။သစ္စာလေးပါးတရား၊
 ၂။သတ္တ၀ါ၊   ၃။စုတိပဋိသန္ဓေ၊ ၄။ပဋိစ္စသမုပ္ပါဒ် တို့ ဖြစ်ကြတယ်။
သီလဆိုင်ရာ မေးခွန်းများ
ကျွန်တော်ကိုယ်တိုင် မဝေခွဲနိုင်သည့် သီလဆိုင်ရာ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန်…
(က) သီလသည် ကိုယ် (ကာယကံ) နှင့် နှုတ် (၀စီကံ) တို့ကို ကောင်းစွာစောင့်ထိန်းရုံဖြင့် ပြည့်စုံပါသလား။
(ခ) စေတနာသီလ နှင့် စေတသိကသီလအထူး။
(ဂ) ကုသိုလ် အကုသိုလ် ကံမြောက်မှုနှင့် ကံမမြောက်မှု ခြားနားချက်။
လေးစားစွာဖြင့်
မောင်သစ္စာ (သုံးခွ)
(က) နှင့် (ခ) ကို တပေါင်းတည်း ဖြေဆိုပါမည်။
(က) သီလယတိ ကာယ၀စီကမ္မာနိ သမ္မာ ဒဟတီတိ သီလံ။
ကံသုံးပါး၏ ကိစ္စ
ကျွန်တော်တို့သည် ဒုစရိုက် ၁၀ – ပါးကို ရှောင်ကြဉ်ကြရန်အတွက် ကာယကံဒုစရိုက် ၃ – ပါး၊ ၀စီကံ ၄- ပါး၊ မနောကံ ၃ – ပါးဟု ခွဲခြားနားလည်ကြပါသည်။ ထိုတွင် ကာယကံ ၃ – ပါးနှင့် ၀စီကံလေးပါး ကျူးလွန်မှုကို ထင်ရှားစွာ သဘောပေါက်ပါသည်။ ထိုကံတို့ကို ကျူးလွန်မိရာတွင် အကယ်၍ မနောကံ (စေတနာ) မပါလျှင် ကမ္မပထ မမြောက်ဟုလည်း နားလည်ပါသည်။
အဘိဓမ္မာ၏ အရေးပါမှု
မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။
ဇေယျာနောင်(စင်္ကာပူ)
ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ် မဟုတ်လား၊ (သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက် ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေး ကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ်လေ့လာချင်တယ်
Monday, December 29, 2014
နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။
      ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ
ပါတယ်။ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ် နာယူကြတဲ့ ပရိတ်တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို
ကံဟောင်းကုန်ရင် ဘ၀သစ်မရှိ။
     ဘုရား ရဟန္တာတွေဆိုတာ ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား
ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေရသလဲဆိုတာ မျက်စိလည်တတ်ကြ
တယ်။ ကံကုန်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ရတနသုတ်မှာတွေ့ရတာက “ ခီဏံ ပုရာဏံ နဝ
နတ္တိသမ္ဘ၀ံ ” ဘုရား ရဟန္တာတွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားပါတယ်။ ကံ
သံဝေဂတရား ၈ ပါး။
၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံး၌ အိုကြရမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံး၌ ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွေကွင်း ကြရမည်။
နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။
      ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို
မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ်
ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊
လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ
စိတ်၏စေရာနောက်ကို လိုက်နေကြပါတယ်။
     ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
သကြားနှင့်ဆား စားမှသိ ( ဝေဘူဆရာတော် ဘုရားကြီး )
ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော
မယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကို
သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည်
တော. ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည်.
တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။
“ဒါနရော ပါရမီထိ တက်ပြီးပြီလား…သီလရော ပါရမီထိ တက်ပြီးပြီလား”
အာရုံလုံလိုက်ရင် ကြက်သတ်ဖို့ ဝက်သတ်ဖို့ ရှိသေးလား..
မရှိတော့ပါဘူးဗျ။ အလိုလို သီလလုံသွားတယ်။
ဆိုင်ရာတံခါးပေါက်က သတိနဲ့ စောင့်တာ၊
အဲဒါ အာရုံလုံအောင်စောင့်တာ။
ကိုယ်ထဲက စိတ် အာရုံနောက် မပါစေရဘူး၊
အာရုံနောက်က ကပ်မြှောင်လိုက်လာတဲ့
ကိလေသာ ကိုယ့်စိတ်ထဲမ၀င်ရဘူး။
ကြားက စောင့်ရမယ်။ အဲဒါ ဥပုသ်စောင့်တာ။
“ဗုဒ္ဓဘာသာနှင်.မလဲနိုင်ပါ”(မဟာဂန္ဓာရုံဆရာတော်ကြီး)
မနေ.ကစကားပြောကြတယ်၊စကားပြောတော. နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲမဟုတ်၊ တချို.များ သူဌေးကြီးတွေဟာလေ တစ်နေ.သုံးလိုက်တဲ. အသုံးစားရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေတစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ မြန်မာနိုင်ငံရဲ. ပစ္စည်းရှိတဲ. သူဌေးတွေနဲ. တစ်သက်လုံးစားလောက်တဲ.စည်းစိမ်ကို တစ်နေ.တည်း သုံးပစ်တာပဲ၊အဲဒါလောက်ပေါတယ်တဲ.။
Sunday, December 28, 2014
ကောင်းသော ရက်၊ လ၊ နှစ်၊ တွေဖြစ်လာအောင်ဆိုရင်။ ။
      ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊
လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်
ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ
ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အား
ကိလေသာမရှိရင် ကံစွမ်းအားမရှိ။
        ကိလေသာ ဆိုတာ မရှိတော့ဘူးဆိုရင် “ကံ” စွမ်းအားလည်း မရှိတော့ဘူး။ ကံစွမ်း
အား မရှိတော့ဘူး ဆိုရင် ၀ိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ဒါကို အပြန်အားဖြင့် ဒီလို နား
လည်ရမယ်။ ဒီထဲမှာ အဓိကအချက်က “ကံ” လား၊ “ကိလေသာ” လားဆိုရင် “ကိလေသာ”
က အဓိကကျတယ်။ ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့
မိစ္ဆာဝိတတ်ရဲ့ သဘောတရား။
       မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတတ်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ
မဂုဏ်အာရုံနဲ့ပတ်သက်ပြီး စဉ်းစားလာပြီဆိုရင် ပိုက်ဆံ ချမ်းသာချင်ရင် ပိုက်ဆံကို မရ ရအောင်
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၂)။
  “သမာတာ  ပုတ္တိကဘေး”
  ===============
မီးလောင်ရေကြီး၊ သူပုန်စီးသည့်
ဘေးကြီးသုံးဖြာ၊ ဖြစ်ပေါ်လာသော်
မာတာမိခင်၊ သားရွှေစင်ကို
ကယ်တင်မရ၊ ချစ်သားလှလည်း
တစ်သက်လုံး တရားမွေ့ လျော် နေတတ်အောင်။
ဉာဏ်အစစ်မရသေးခင်  ၀ိပဿနာပေါ်အောင်  ကြိုးစားရတယ်။  ၀ိပဿနာအစစ်ဟာ  ဘယ်အချိန်ဖြစ်
ဖြစ်  ပေါ်နိုင်ပါတယ်၊  ၀ိပဿနာဉာဏ်ပေါ်အောင်  ကြိုးစားတဲ့အလုပ်  လုပ်မယ်ဆိုရင်  အချိန်မရွေး
လုပ်နေပါ။  ၀ိပဿနာဆိုတာ  ပညာဉာဏ်ပါ၊  ဉာဏ်ရှိမှ  ၀ိပသနာဖြစ်ပါတယ်။  ဉာဏ်ရှိအောင်  ဘာ
တရားတက်ဖို့ ရိုရိုသေသေ၊စူးစူးစိုက်စိုက်ရှုရပါမယ်
တရားထိုင်တဲ့ခါ ဣရိယာပုဒ် ကြာတာမကြာတာ ထက် အမှတ်သတိနဲ့ ဘယ်ဣရိယာပုဒ် မဆိုရှိနေရမယ့် အချက်ကလိုရင်းပါ။ ဣရိယာပုဒ်ကြာရှည်ပြီး တွေးချင်ရာတွေးနေမယ်ဆိုရင်သော်လည်းကောင်း၊ အိပ်ငိုက်နေရင်သော်လည်းကောင်း မထိရောက်ပါဘူး။ ဣရိယာပုဒ် ကြာရှည်အောင် တမင်သက်သက်လုပ်ယူ၇န် မလိုအပ်သလို၊ တရားက သမာဓိအားကောင်းလာရင် မဖြုတ်ချင်လောက်အောင် အလိုလိုဖြစ်ပြီး ဣရိယာပုဒ် ကြာကြာထိုင်လာနိုင်ပါတယ်။
“မျက်စိရှိသူတို့ သည်သာ မြင်နိုင်ကြကုန်၏”
ဘုရားရှင်လက်ထက်တော်က အရိယာ အရှင်မြတ်ကြီးများကဲ့သို့ 
မိမိတို့ ကိုယ်တိုင် ကိုယ်ပိုင် ကြိုးစားလျှင်လည်း ဈာန်အဘိညာဉ်နှင့်တကွ
အရဟတ္တဖိုလ်ပေါက် ဘာမဆိုရနိုင် ရောက်နိုင်သော
အခွင့်ကောင်းကြီးများကို အမှန်ပင် ရနေကြပါ၏။
ရဟန်းကိစ္စပြီးမြောက်ရုံမျှသာမက လောကီ အသိဥာဏ်ထူး
အမျိုးမျိုးနှင့် ပြည့်စုံသော အရှင်မြတ်ကြီးများလည်း
ဤလောက၌ ရှိနေကြသည်သာဖြစ်ပါကုန်၏။
တစ်သက်လုံးစိပ်မှ ပုတီးလေးလုံးသာရ
ပင်းယခေတ်၌ ထိုအချိန်က စစ်ကိုင်းတောင်
ပုညရှင်စေတီ အနီးတွင်
ရေငုံဘုန်းကြီးခေါ် ဆရာတော်တစ်ပါးရှိ၏။
ကျမ်းဂန်တတ်မြောက်ပြီး တရားဘာဝနာစီးဖြန်းနေကာ
စကားအဖျင်းပြောမိမည်စိုး၍
ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟုခေါ်သည်။
ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။
        တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်
မှာ သံယောဇဉ် ဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့
ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ အနာဂါမ်အဆင့်လောက် ရောက်နေပါပြီ။ အသက်အရွယ် ကြီးလာလို့
ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို မရောက်နိုင်ဘူး။ တစ်နေ့တော့ ရောဂါ
ဝေဒနာ သက်သာလို့ ကြိုးစားပြီးတော့ ကျောင်းသို့ရောက်လာပါတယ်။
ကိလေသာကြောင့် ကံဖြစ်တာပါ။
        ကိလေသာတွေကို အခြေခံပြီးတော့ ကံတရားတွေက စုဆောင်းမိ ဖြစ်လာတယ်။ ကံ
တရားတွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာ
တယ်။ ဆိုလိုတာက ကိလေသာ ရှိနေရင် ကံရှိနေမှာပဲ။ ကံ ရှိလို့ရှိရင်လည်းပဲ ၀ိပါက ဆိုတဲ့
အကျိုးတရား ရှိမှာပဲ။ ရှောင်လွဲလို့ မရပါ။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို ၀ဋ် လည်