Saturday, August 2, 2014

ရခဲလှတဲ့ လူ့ဘ၀နေနည်း။

         သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့
ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာ
ဘယ်လိုနေကြမလဲ။ တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။
ရာထူးဂုဏ်မြင့်မားအောင် ဆောင်ရွက်မယ်။ ပညာ၊ အောင်မြင်ကျော်ကြားအောင် ကြိုးစားမယ်။

မိစ္ဆာဝိတက်ရဲ့ သဘောတရား။

        မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတက်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ
မဂုဏ်အာရုံနဲ့ပတ်သက်ပြီး စဉ်းစားလာပြီဆိုရင် ပိုက်ဆံ ချမ်းသာချင်ရင် ပိုက်ဆံကို မရ ရအောင်
ရှာတော့မယ်။ ပိုက်ဆံကို လိမ်ညာပြီးလည်း ရှာမယ်။ ခိုးပြီးလည်း ရှာမယ်။ လုပြီးလည်း ရှာမယ်။

သဘင်သည်နှင့် ဈေးသည်။

(မေး) ( ခင်မိုးဝေ-ချောင်းဆုံ (တ)၊ တန်ဆည်မြို့နယ် )
         ဆရာတော်ဘုရား၊ သဘင်သည်၊ ဈေးသည်များသည် ငရဲ (သို့) ပြိတ္တာဘ၀သို့
ရောက်ကြသည်-ဟု ကြားဖူးပါသည်။ သဘင်သည် ဈေးသည်တိုင်း ငရဲသို့ ကျရောက်ပါသ
လားဘုရား၊ ထိုဘ၀များသို့ မကျရောက်ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သနားသဖြင့်

ပဋိသန္ဓေ ၄ ပါး။

၁။ အပါယ် ပဋိသန္ဓေ = ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တွင် ဖြစ်ခြင်း။
၂။ ကာမ သုဂတိပဋိသန္ဓေ = လူ့ပြည်၊ နတ်ပြည်၊ တွင် ဖြစ်သော ပဋိသန္ဓေ။
၃။ ရူပါဝစရ ပဋိသန္ဓေ = ရူပါဝစရ ဗြဟ္မာဘုံ ၁၆ တွင် ဖြစ်သော ပဋိသန္ဓေ။
၎။ အရူပါ ၀စရ ပဋိသန္ဓေ = အရူပ ၄ ဘုံ၌ ဖြစ်သော ပဋိသန္ဓေ တို့ ဖြစ်ပါတယ်။ ။

ဗုဒ္ဓဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။

         ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်
တမ်းတင်ထားပါတယ်။

အဇာတသတ်မင်းတရားကြီး။

        အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဘုရင်ကြီးကို
သတ်မိသည်အထိ ပြစ်မှားဆိုးသွမ်းခဲ့ပါသည်။ ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်  
ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။ သူ၏  မျက်လုံးတို့ကို လှံချက်ပေါင်း အ
ရာအထောင်တို့ဖြင့်  ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါသည်။ ထိုဝေဒနာ ပျောက်ကင်းအောင်
မည်သည့်ဆေးနှင့်မှ  ကုစား၍မရ ဖြစ်နေပါသည်။

ခွင့်လွှတ်ခြင်း တရားတော်



ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင်
လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို
နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။

ပါရမီဖြည့်ခြင်း အနုပညာ



ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။
အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမားကျယ်ပြန့်လာတဲ့အခါ လောက ကျေးဇူးကို သိမြင်ပြီး လောကနဲ့
ဝန်းကျင်ကို ကောင်းကျိုးပြု မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ်ပညာက
ကြီးကျယ်မြင့်မြတ်လာတဲ့အခါ လူသားတစ်ဦးဟာ သူ့ရဲ့ပါရမီခရီးကို
စတင်တော့တာပါပဲ။

သည်းခံခြင်း ခန္တီပါရမီ



နေပူပြစ်ကျဲကျဲထဲတွင် ဒေါသကို စိတ်ထဲ တင်းတင်းကြပ်ကြပ် ထည့်သွင်းထားပြီး
မျက်နှာကို အကြောပြတ်လုမတတ် တင်းလျှက် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ရှိရာ
ကျောင်းတော်သို့ ခြေလှမ်းကို ကျဲနိုင်သမျှ ကျဲကာ ခပ်မြန်မြန်လေး လျှောက်နေသည်။ သူ့ရင်ထဲတွင် ဤမနက် သူ့ဇနီး၏ အပြုအမူ ၀င်ရောက်လာသည်နှင့် တပြိုင်နက် သူက
ခြေလှမ်းကို ထပ်ဆင့် မြင့်တင် လိုက်သည်။

Friday, August 1, 2014

ဗုဒ္ဓဘာသာနှင့် ကလေးစောင့်ရှောက်မှု


                
                  

မိဘများက သားသမီးအပေါ်ထားရှိသည့် တာဝန်ဝတ္တရားများနှင့် ပက်သက်သော
ဟောကြားချက်များသည် ဗုဒ္ဓဘာသာဝင်များ အတွက်ကြီးမားသော အင်အားတစ်ခု
ဖြစ်ပေသည်။ ဥပမာအားဖြင့် ဗုဒ္ဓကဟော ကြားခဲ့သည်မှာ………

ကလေးများသည် လူသားတို့၏ အလွန် တန်ဖိုးရှိသော ရတနာများဖြစ်သည်။

မာရ်နတ်ကို အောင်တော်မူခြင်း



ဘုရားအလောင်းတော်ဟာ ကဆုန်လပြည့်နေ့ နံနက်မှာ သုဇာတာ လှူဒါန်းတဲ့ နို့ဃာဆွမ်းကို လက်ခံပြီး၊
နေရဉ္ဖရာမြစ်ဆီသို့ သွားပါတယ်။ ထိုမြစ်ရဲ့ တစ်နေရာ သုပ္ပတိဋ္ဌိတ
ရေချိုးဆိပ်မှာ ရေချိုးတော်မူပြီး အေးမြတဲ့သစ်ပင်အရင်းမှာ ထိုင်ကာ
နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏ ခန့် (ထန်းသီးအစေ့အရွယ်)ကို ၄၉
လုပ်ဘုဉ်းပေးပါတယ်၊ အဲဒီမှာ ဆွမ်းအလုပ်တိုင်းမှာ နတ်ဗြဟ္မာများက
လူနတ်များစားနိုင်တဲ့ သြဇာများ ထည့်ထားပါတယ်။

မေတ္တာရှိရင် အားလုံးရှိတယ်



ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာ အကောင်းဆုံးဟာ မေတ္တာပါပဲ။ မေတ္တာတရားဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး၊ ငြိမ်းချမ်းခြင်းရဲ့ ဗဟိုချက်မ၊ မြင့်မြတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။ မေတ္တာတရားမှာ ရွှင်လန်းချမ်းမြေ့တဲ့မျက်နှာ၊ ချိုသာကြည်မြတဲ့ အသံ၊
နူးညံ့သိမ် မွေ့တဲ့ အမူအရာနဲ့ ယဉ်ကျေးပျူငှာတဲ့ နှလုံးသားရှိပါတယ်။

သရုပ်ဆောင် မင်းသမီး/မင်းသားတွေ သေပြီးရင် ဘယ်ငရဲကို ရောက်မှာလဲ ?

         ဇာတ်မင်းသား ဦးဖိုးစိန်သည်၊ လယ်တီဆရာတော်ကြီးကို ဖူးတွေ့ ခွင့်ရသောအခါ၊
မိမိရင်တွင်း လိပ်ခဲတင်းလင်းဖြစ်နေသော အချက်အလက်အချို့ ကို၊မေးလျှောက်ခဲ့သည်။
ထိုအချက်မှာ အခြားမဟုတ်ဘဲ  "ယခုအခါ၌ မိမိသည် ၀မ်းရေးဝမ်းစာအတွက်၊ ဒဏ္ဍာရီ
ထိုးဇာတ်များ ကပြနေခြင်းကြောင့်၊မိမိသေလျှင် ပဟာသငရဲသို့  ကျပါမည်လား" ဟု

ဇိဝှါဒွါရဆိုင်ရာ ရှုမြင်ပုံ။

        မနက်စာစားမယ်။ နေ့လည်စာ စားမယ်၊ စားပြီဆိုပါစို့။ စားတဲ့အခါ အစာက ပါးစပ်ထဲ
ဝင်လာတယ်၊ ပါးစပ်ထဲ လျှာနဲ့ ထိတွေ့တယ်၊ လျှာနဲ့ ထိတွေ့တဲ့အခါ အရသာ ပေါ်လာတယ်။
အရသာ ပေါ်လာတဲ့အခါ  အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်သွယ်မှုကို
အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ စားလို့ရှိရင်လည်း လျှာရယ်၊ အရသာရယ်၊
လျှက်သိစိတ်ရယ်၊ ထိတွေ့မှု ဖဿရယ်၊ ခံစားမှုဝေဒနာရယ် လာတာပါပဲ။

နိရောဓသစ္စာ၏ အနက် ၄ ချက်။

၁။ နိဿရဏဌော = ဒုက္ခလက်မှ ထွက်မြောက် လွတ်လပ်ခြင်း သဘော။
၂။ ပ၀ိဝေကဌော = နှောင့်ယှက်ခြင်းတို့မှ လွတ်ကင်းသော သဘော။
၃။ အသင်္ခတဌော = အဖန်ဖန်ပြုပြင်ခြင်းမှ လွတ်ကင်းခြင်း သဘော။
၎။ အမတဌော = အဖန်ဖန်သေခြင်းမှ လွတ်ကင်းသော သဘော တို့ ဖြစ်ပါတယ်။ ။

ဒယ်အိုးဆရာတော်၏ ဖြစ်သမျှအကြောင်း ကောင်းအောင်လုပ်ပါ။

        ဗုဒ္ဓမြတ်စွာဘုရားက “သတ္တာနံ ၀ိသုဒ္ဓိယာ ” သတ္တ၀ါတို့ရဲ့ စင်ကြယ်ဖို့ရာ “ဧကယနော ယံ
ဘိက္ခဝေ မဂ္ဂေါ” တဲ့၊ ဘိက္ခဝေ ငါ၏ချစ်သား တပည့်များတို့ ဧကယနော တစ်ကြောင်းတည်းသော
လမ်းသည် မဂ္ဂင်လမ်းပဲရှိပါတယ်။ ဒို့တွေကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ဟာ လမ်းပြပုဂ္ဂိုလ်ကြီးပါ။
မဂ္ဂင်တရားလက်ကိုင်ထားရင် ချမ်းသာအစစ်ကို ရနိုင်ပါတယ်။ လွတ်မြောက်မှုကို ရနိုင်ပါတယ်။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ သံပေါက် လင်္ကာများ ။

၀၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာ ရှည်လှပြီ။
၀၂။ အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြ မရှိပြီ။
၀၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုး ယုတ်လှပြီ။
၀၄။ သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီး လှလေပြီ။

Thursday, July 31, 2014

လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ



လောကဓံတရား ဟူသည်မှာ လောကဓမ္မ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိပျက် စကားလုံး၊(တနည်း) ပါဠိစကားလုံးကို မြန်မာမှုပြု မွေးစားထားသော ပါဠိသက်စကားလုံး (ပါဠိမှဆင်းသက်လာသော စကားလုံး) သာ ဖြစ်ပါသည်။ လောကဓမ္မ ကိုပင် လောကဓံဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။

လောကဓံတရားနှင့်သေခြင်းကိုမကြောက်သောဂါထာ...



"""အဘိဏှသုတ် ပါဠိတော် မြန်မာပြန်"""
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
ကတမာနိ ပဉ္စ-
၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။

နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံငြားလော...။

လောကဓံကို ကြံ့ကြံ့ခံပါ
လူသားအားလုံးပင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေးအတွက် အမြဲတစေ ကြိုးစားအားထုတ်နေကြရ၏။ ဤကိစ္စသည်လည်း မိမိတို့ဘ၀တွင် အရေးကြီးသော တာဝန်ဝတ္တရား တစ်ခုပင်တည်း။ ပျော်ရွှင်သောစိတ်ဓာတ် ထားရှိနိုင်ခြင်းသည်
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေသော အကြောင်းရင်းဖြစ်၏။

ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါများ။

သမထ ဝိပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ကြတဲ့နေရာမှာ ပြည့်စုံရမည့်
အင်္ဂါတွေ ရှိပါတယ်။

(၁) သီလစင်ကြယ်ရမယ်။

(၂) ကမ္မဋ္ဌာန်းပေးစွမ်းနိုင်တဲ့မိတ်ဆွေကောင်း၊ ဆရာကောင်းထံချဉ်းကပ်ရမယ်၊

ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။

        နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။
ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ်
ပေါ်လာတယ်၊ နံသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်

ဒိဌဓမ္မအကျိုး ပွားတိုးစေသော အလှူအင်္ဂါ ၄ ပါး။

၁။ ၀တ္ထု သမ္ပဒါ = အလှူခံပုဂ္ဂိုလ်တို့သည် ပစ္စေကဗုဒ္ဓာ ရဟန္တာ သို့မဟုတ် အနာဂါမ်ပုဂ္ဂိုလ်
                      စသည်ဖြင့် မြင့်မြတ်သောသူ ဖြစ်ခြင်း။
၂။ ပစ္စယ သမ္ပဒါ = အလှူဝတ္ထု၏ စင်ကြယ်သော တရားသဖြင့်ရသည့် ပစ္စည်း ဖြစ်ခြင်း။
၃။ စေတနာ သမ္ပဒါ = သောမနဿ သဟဂတဉာဏသမ္ပယုတ်နှင့် ယှဉ်၍ စေတနာသုံးတန်

နကုလပိတာနှင့် နကုလမာတာ။

        မြတ်စွာဘုရား လက်ထက်တော်အခါဝယ် “နကုလပိတာ” ဟုထင်ရှားသော သူကြွယ်နှင့်
“နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘ၀ များစွာကပင် မကွဲမကွာ ဖြစ်လာ
ကြ၍ ယခုဘ၀၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန်များ ဖြစ်ခဲ့ရ

အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း ဟူသည်မှာ။

         မြန်မာနိုင်ငံ အိမ်အချို့၌ နတ်ရုပ်များကို ထားကြ၏။ ပူဇော်ပသကြ၏။ သုတ်ပါထေယျ ပါဠိ
တော် အာဋာနာဋိယသုတ်တော်၌ နတ် (၃၇) ပါးကို ဖော်ပြ၏။ ယင်းကို အတွင်း (၃၇) မင်းဟု ခေါ်
ကြ၏။ သာသနာတွင်းဟု ယူရန် ရှိဟန်၏။ ယင်းတို့မှာ ၁။ ဣဌနတ်။ ၂။ သောမနတ်။ ၃။ ၀ရုဏနတ်
၎။ ဘာရဒွါဇနတ်။ ၅။ ပဇာပတိနတ်။ ၆။ စန္ဒနနတ်။ ၇။ ကာမသေဌနတ်။ ၈။ တိန္နုဃဏ္ဍုနတ်။

Wednesday, July 30, 2014

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)



********************* ****************************

တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။

လောကတွင် အကြီးမားဆုံး ဆာနာရောဂါ



ဤဆာနာရောဂါ ဆိုသည်ကို လူတိုင်းသိရှိမည်မဟုတ်ပေ။ သိသူနည်းပေလိမ့်မည်။ လောက၌ ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ကို မည်သို့သောသတ္တ၀ါမျှ ကြံ့ကြံ့ခံနိုင်စွမ်း မရှိပေ။ ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ကို မခံနိုင်ကြ၍ သတ္တ၀ါတိုင်း နေ့စဉ်နှင့်အမျှ စားသောက်နေကြရ၏။
အစားအသောက်အတွက် နေ့စဉ်နေ့တိုင်း ကြိုးစား အလုပ်လုပ်နေကြရခြင်း ဖြစ်ပါသည်။

စိတ်ညစ်ရင် ရေချိုးပါ


တစ်ခါတုန်းက သားအဖ နှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖ နှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့ အုပ်တစ်ခုကို ဖြတ်သန်း
သွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း
ရှိနေပါတယ်။ဓားပြသူခိုးတွေရဲ့ လုပ်ထုံး အစဉ်အလာ တစ်ခုက သားအဖ နှစ်ယောက်
လာရင် သားကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့်
လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူ စေပါတယ်။

ကံအကျိုး မြင်လို့။

ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း၊ ရှင်၊ လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။
ဘယ်လိုလိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ
နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။
ဘယ်လို အကျိုးရှိတုန်း။

သောတဒွါရဆိုင်ရာ ရှုမြင်ပုံ။

         အကြားအာရုံနဲ့ ပတ်သက်ပြီး အသံက နားထဲမှာ ၀င်လာတယ်။ နားထဲမှာ အသံကို ကြား
လိုက်ရတယ်။ ကြားလိုက်ရတဲ့ အခါမှာ ကြားသိစိတ် ပေါ်လာတယ်။ ကြားသိစိတ် ပေါ်လာတော့
အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ပေါ်လာတာအခါ ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်
လာတယ်။  နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ် (၅) ခုပဲ -ဟော

မဂ်ဖိုလ်တရားကို ထိုးထွင်း၍ မသိနိုင်သူ ၁၅ ဦး။

၁။ တိရစ္ဆာန်
၂။ ပြိတ္တာ
၃။ မိ စ္ဆာဒိဌိ
၎။ ကောက်ကျစ်စဉ်းလဲသူ
၅။ အမိသတ်သူ

ဆရာတော်ဥူးသုမင်္ဂလ၏ သောတာပန်ဆိုတာ ။

        ဗုဒ္ဓဘုရားရှင်က အကုသိုလ်ဖြစ်မယ့် အလုပ်မျိုးကို လုံးဝမလုပ်ကြပါနဲ့။ ကြောက်ကြစမ်းပါ၊
ကုသိုလ်ဖြစ်မယ့် အလုပ်မှန်သမျှ လုပ်ဖြစ်အောင် လုပ်ကြ။ အခု လောကီမှာရှိတဲ့ ရာထူးတွေ၊
စည်းစိမ်တွေ၊ ဂုဏ် ပါဝါတွေနဲ့ ဘုရားရဲ့အဆုံးအမမှာ ဘုရားအဆုံးအမက တန်ဘိုးရှိပါတယ်။
          သုပ္ပဗုဒ္ဓလူနူကြီး ကြားဖူးကြမှာပါ။ အဲဒါ သကြားမင်းက ဆင်းလာပြီးတော့ စမ်းတယ်။

အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်။

        ဗုဒ္ဓဘာသာသမိုင်းတွင် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အလှူဒါနပြုလုပ်
ရာတွင် စံတင်ထိုက်သော သူဌေးကြီးတစ်ဦးဖြစ်၏။ ဇေတ၀န်ကျောင်းတော်ကြီးကို ငါးဆယ့်လေး
ကုဋေ အကုန်ကျခံ၍ လှူဒါန်းရသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ တစ်နေ့သုံးကြိမ် ဘုရား
ကျောင်းတော်သို့ သွားလေ့ရှိ၏။ နံနက်သွားလျှင် ယာဂု၊ နေ့လယ်သွားလျှင် အဖျော်ရည်၊ ညနေ

Tuesday, July 29, 2014

★"ဗုဒ္ဓ မြတ်စွာဘုရားရှင် အား တရားဟောသော ပုဂ္ဂိုလ်" ★


______________________________________________
"ဗုဒ္ဓ မြတ်စွာဘုရားရှင် အား တရားဟောသော ပုဂ္ဂိုလ်" 
_______________________________________________


ယခု ဘ၀၌ "ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်" ဖြစ်ရခြင်းအတွက် ရှေးကံ ကို ကျေးဇူးတင်လွန်းသဖြင့် ဤဆောင်းပါးကိုရေးအပ်ပါ၏။ ကျွန်တော် တို့ ယုံကြည် ကိုးကွယ်ကြည်ညို သော "ဗုဒ္ဓမြတ်စွာဘုရားရှင်"   နှင့် "ဗုဒ္ဓ၏ တပည့် သံဃာတော်များ" တို့သည် မြင့်မြတ်ကြီးမြတ်လှသော ဓမ္မစိတ်ထားပိုင်ရှင်များ ဖြစ်ကြောင်း ထေရ၀ါဒ စာပေကျမ်းဂန်များ ပိုမိုဖတ်မိ လာလေလေ၊ ပိုမို ကြည်ညို သိရှိလာရလေလေ ဖြစ်ပါ၏။
ဓမ္မမိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မည်။
 ဆိုပါစို့ရဲ့။
 "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ လက်ယာတော်ရံ "အရှင်သာရိပုတ္တရာ" မထေရ် သည် တပည့်ဖြစ်သူ "ကိုရင်" ငယ်ကလေး၏ ထောက်ပြမှုဖြင့် သင်္ကန်းရုံခြင်းကိုပြန်လည်ပြင်ဆင်၍ ထို ကိုရင်ငယ်လေး ကို "ဆရာ" အဖြစ်မှတ်ယူပါ၏။
တရားဓမ္မ တို့၏ အရှင်သခင်ဖြစ်တော်မူထ သော "ဗုဒ္ဓမြတ်စွာဘုရားရှင်" သည်လည်း တပည့် သံဃာတစ်ပါး ၏ တရားဟောခြင်းကို နာယူခဲ့ဖူးပါ၏။ "တပည့် ဟောတာပဲ ဘာမှ နာစရာ အကြောင်းမရှိဘူး" ဟူသော စိတ်ထားမျိုး မရှိခဲ့ပေ။
 "ဗုဒ္ဓ မြတ်စွာဘုရားရှင် အား တရားဟောသော ပုဂ္ဂိုလ်" ၏အကြောင်း ကို ဆက်လက်တင်ပြလိုပါသည်။

စက္ခုဒွါရဆိုင်ရာ ရှုမြင်ပုံ။

    မျက်စိနှစ်လုံးဖွင့်ပြီး မြင်စရာ အာရုံတွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိမှာ
ရူပါရုံ ထင်ဟပ်လာတဲ့ အခါမှာ ထင်ဟပ်မှု စွမ်းအားကြောင့် ထိုရူပါရုံကိုမြင်ပြီး သိတဲ့စိတ်
ဆိုတဲ့ စက္ခုဝိညာဏ် စိတ်ကလေး ပေါ်လာပြန်ပါတယ်။ အဲဒီ စက္ခုဝိညာဏ်စိတ်ကလေး ပေါ်
လာတာနဲ့တစ်ပြိုင်နက် အာရုံနဲ့စိတ် ထိတွေ့မှုဆိုတဲ့ ဖဿ ဆိုတာ ပေါ်လာပါတယ်။ အဲဒီ

ဆရာတင်မှားက အပါယ်လားနိုင်သည်



                                  

ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြ၀ါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏
သြ၀ါဒတစ်ခုကိုနာကြားရပါသည်။ “ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့ တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့ မသင့်ဘူး” ဟု နာကြားရပါသည်။

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား..?

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

နောင်တော်ဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသရေးပို့လိုက်သည့် ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။ ဘာတွေရေးထားလဲပေါ့....။....

မြတ်ဗုဒ္ဓ၏ တရားဦး

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

ရူပပထမဈာန် အင်္ဂါ ၅ ပါး။

၁။ ၀ိတက်   = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ရောက်အောင် ပို့ပေးခြင်း။
၂။ ၀ိစာရ     = ၀ိတတ်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာ
                    ရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း။

ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် ၁၃ ယောက်။

၁။ န၀ီသတိဂဿ = ပဋိသန္ဓေယူသည့်နေ့မှစ၍ အနှစ် (၂၀) မပြည့်သေးသောသူ။
၂။ အန္တိမ၀တ္ထုအဇ္ဈာပန္န = ပါရာဇိကကျပြီး ပုဂ္ဂိုလ်။
၃။ ပဏ္ဍုတ် = သူတစ်ပါး၏ သုက်သွေးကို စုတ်ယူသောသူ။

ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။

         ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊  ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာ
ဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။
         မဟာဗောဓိစေတီတော်၏ အနောက်မြောက်ဘက် ပေ ၇၀ ခန့် အကွာတွင်ရှိသော

သည်းခံစိတ်ထားရှိသော သုမင်္ဂလသူဌေး။

          ကဿပဘုရားရှင် လက်ထက်တော်အခါက သုမင်္ဂလ အမည်ရှိသော သူဌေးတစ်ဦးသည်
ကြီးကျယ်ခမ်းနားသော ရွှေကျောင်းကြီးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းထား၏။ မကြာခဏ
ဘုရားကျောင်းတော်သို့  သွားလေ့ရှိ၏။ တစ်နေ့သ၌ ကျောင်းမှအပြန် မြို့တံခါးအနီးရှိ ဇရပ်တစ်
ဆောင်ပေါ်တွင် သင်္ကန်းကို ခေါင်းမြီးခြုံ၍ အိပ်နေသော သူခိုးတစ်ယောက်ကို တွေ့မြင်၏။

Monday, July 28, 2014

★"ဗုဒ္ဓ မြတ်စွာဘုရားရှင် ကို စုံစမ်း ထောက်လှမ်းခြင်း" ★


______________________________________________
"ဗုဒ္ဓ မြတ်စွာဘုရားရှင် ကို စုံစမ်း ထောက်လှမ်းခြင်း" 
_______________________________________________


ဗုဒ္ဓဘာသာဝင် မဟုတ်သေးသော ပညာတတ် လုလင်ငယ်တစ်ဦး သည်  "ဗုဒ္ဓမြတ်စွာဘုရားရှင်" ကို (၇)လ ကြာ ထောက်လှမ်း၍ သူ၏ ဆရာ့ထံ သို့ အစီရင်ခံခဲ့ဖူးပါသည်။
ထို လုလင်၏အမည်မှာ"ဥတ္တရလုလင်" ဖြစ်ပြီး သူ၏ ဆရာ မှာ "ဗြဟ္မာယု ပုဏ္ဏား"ဖြစ်ပါ၏။ အသက်(၁၂၀) ခန့်ရှိပြီဖြစ်သည့် ထို ပုဏ္ဏားကြီး သည် "မိထိလာပြည်"၌ နေထိုင်၍ လောကီပညာ တစ်ဖက်ကမ်းခတ် တတ်မြောက်သူဖြစ်ပြီး ပညာဆည်းပူးလာသူ တပည့်များအား သင်ကြားပေးသဖြင့် ကျော်ကြားသော ဆရာ တစ်ဆူ ဖြစ်ပါ၏။
"ဗုဒ္ဓမြတ်စွာဘုရား" သည် "၀ိဒေဟတိုင်း"သို့ ဒေသစာရီကြွချီ လာသောအခါ "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ ဂုဏ်သတင်းကျော်စောခြင်းကို ကြားရပါသည်။ "အရဟံ" အစ "ဘဂ၀ါ" အဆုံး (၉)ပါးဂုဏ်တော်တို့နှင့် ပြည့်စုံသော ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်သတင်းမှာ ပြန့်နှံ့ကာ ကျော်ကြားလျက်ရှိပါသည်။
ပညာတတ် ပုဂ္ဂိုလ်ဖြစ်သော "ဗြဟ္မာယုပုဏ္ဏား" သည် ပြောသံကြားဖြင့်လက်မခံတတ်ပါ။ ထို့ကြောင့် ပညာတတ်၍ မွန်မွန်ရည်ရည်ရှိပြီး ဆရာ့စကားကို မြေ၀ယ်မကျ နားထောင်လိုက်နာသူ ၊ ယုံကြည်စိတ်ချရသည့် "ဥတ္တရ လုလင်" ကိုတာဝန်ပေးပါ၏။ ကျော်စောသည့်သတင်းအတိုင်း မှန်၊မမှန် စုံစမ်းစေပါ၏။ "ဝေဒကျမ်း"တို့၌ လာသော "ယောက်ျားမြတ်လက္ခဏာတို့နှင့် ပြည့်စုံခြင်း" ရှိ၊ မရှိ စိစစ်ရန် ၊စုံစမ်းရန် အဓိက တာဝန်ဖြစ်ပါ၏။

ကလျာဏမိတ်ဆွေဂုဏ် ၇ ပါး။

၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်။
၂။ သီလ၊ သမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်။
၃။ မေတ္တာရေမခမ်း ပွားစေအပ်သောဂုဏ်။
၎။ သူတစ်ပါးကို ကောင်းအောင် ဆုံမတတ်သောဂုဏ်။

ငြိမ်းသတ်ရန်လိုသော မီး ၁၁ ပါး။

၁။ လောဘမီး = တပ်မက်နှစ်သက်သဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
၎။ ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

ဝက်ဝံကြီးပြောသွားတဲ့ မှတ်သားစရာ စကားတစ်ခွန်း။

        ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးပါတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့
ပုံပြင်လေးတစ်ခုပါ။ ပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားရ
တယ်။ တစ်ယောက်က လက်နက်ပါလာတယ်။ နောက်တစ်ယောက်က လက်နက်မပါဘူး။ လက်
နက်ပါတဲ့သူက ဘာပြောသလဲဆိုတော့ “ ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာ
ကောင်ကြီးပဲတွေ့တွေ့ ငါကာကွယ်နိုင်တယ်၊ ဘယ်အကောင်မှ မကြောက်ဘူး ” တဲ့။ သူကဒီလို

ဥူးသုမင်္ဂလ၏ ၀ိတတ် တို့ရဲ့ သဘောတရား။

         အဲဒီအတွက် ဗုဒ္ဓဘုရားရှင်က “ဒွေဓါဝိတက္ကသုတ်” မှာဟောထားတာက= ၀ိတတ်ဆိုတာ
အတွေးအကြံကိုပြောတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဟာ ဘုရားမဖြစ်ခင် ဗောဓိပင်နှင့်
ရွှေပလ္လင်ပေါ်မှာ သဗ္ဗညုတ ရွှေဉာဏ်တော် မရောက်ခင် ကြံစည်ခြင်း ၀ိတတ်နဲ့ ပတ်သတ်ပြီး
တော့ ပထမ ၀ိတတ်က ငါးပါးအာရုံ ကာမဂုဏ် အကြံအစည် “ကာမ၀ိတတ်” ။ နောက် သတ်ချင်

တောင်ဖီလာ ဆရာတော်။

        အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက
စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဉ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘ၀တွင်လည်း  ကျော်။
                            (၂) ။ သာမဏေဘ၀တွင်လည်း  ကျော်။