ဥပုသ်စောင့်ခြင်း
မြတ်စွာဘုရားသည် သာဝတ္ထိ ပြည်အနီး ၀ိသာခါကျောင်းအမကြီး လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းတော်ကြီး၌ သီတင်း သုံးတော်မူစဉ် ဥပုသ်နေ့တစ်နေ့တွင် ၀ါသာခါကျောင်းအမကြီးသည် ပန်းများနှင့် အခြားလှူဖွယ်ပစ္စည်းများကို ယူဆောင်၍ မြတ်စွာဘုရား ထံတော်သို့ လာရောက်ကာ ရိုသေစွာ ရှိခိုးလျက်ထိုင်နေ၏။
မြတ်စွာဘုရားက “၀ိသာခါ - နေမြင့်မှ ဘာကိစ္စလာသလဲ” ဟု မေးတော်မူ၏။ ၀ိသာခါက “ယနေ့ဥပုသ်နေ့ဖြစ်၍ တပည့်တော်မ ဥပုသ်စောင့်လာပါသည်ဘုရား” ဟုလျှောက်ထား၏။
မြတ်စွာဘုရားက “၀ိသာခါ - ဥပုသ်သုံးမျိုး ရှိသည်” ဟု အစချီကာ ဥပုသ်အမျိုးမျိုးကို ရှင်းပြဟောကြားတော်မူ၏။
Saturday, May 11, 2013
တဘ၀စာအပါယ်လွတ်ရန်၊နည်းလမ်းကောင်း....(၃)
ကံ = အလုပ်
ကံဆိုသည်မှာ ပါဠိဘာသာ “ကမ္မ” ကို မြန်မာဘာသာဖြင့် “ကံ” ဟုခေါ်၍ “ပြုလုပ်ခြင်း” ဟု အဓိပ္ပါယ်ရသည်။
ကိုယ်ဖြင့်လုပ်သောအလုပ် (ကာယကံ) ဆိုသည်မှာ တစ်စုံတစ်ယောက်ကို တုတ် ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ လဲနေသူကိုထူပေးခြင်း၊ ကူညီမချီပေးခြင်းမျိုးကို ခေါ် သည်။
နှုတ်ဖြင့်ပြောဆိုသည့်အလုပ် (၀စီကံ) ဆိုသည်မှာ တစ်စုံတစ်ယောက်ကို ဆဲဆိုခြင်း “ရိုက်လိုက်” ဟုခိုင်းခြင်း၊ ချီးမွမ်းပြောဆိုခြင်း၊ “ကူညီမစလိုက်ပါဟု” ခိုင်းခြင်းမျိုးကို ခေါ်သည်။

တဘ၀စာအပါယ်လွတ်ရန်နည်းလမ်းကောင်း(၂)
သီလ
ကိုယ်ကျင့်သီလ
ကိုယ်အပြုအမူ၊ အပြစ်ကင်းအောင်၊ နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့် နှုတ် (ကာယကံနှင့် ၀စီကံ) ကို စောင့်စည်းထိန်းသိမ်းခြင်းကို သီလ ဟုခေါ် သည်။
သီလ ဆိုသည်မှာ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားနှင့် သီလ အဓ္ပိပါယ် အတူတူပင်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းလျှင် သီလစင်ကြယ်သည်။ ကိုယ်ကျင့်တရား ကောင်းသည်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်မကင်းလျှင် သီလပျက်စီးသည်။ ကိုယ်ကျင့်တရား ပျက်သည်။
အပြစ်ဆိုတာ ထိခိုက်နစ်နာမှုကို အပြစ် ဟုခေါ်သည်။

တဘ၀စာအပါယ်လွတ်ရန်၊နည်းလမ်းကောင်း....
(၁)ဗုဒ္ဓဘာသာနှင့်ယုံကြည်စိတ် {သဒ္ဓါတရား}
ဗုဒ္ဓဘာသာဝင်တို့၏
ရည်မှန်းရာပန်းတိုင်သည်ကားသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ၊နားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ၊
တူညီသည်မှာကားနိဗ္ဗာန်သို့ ရောက်ရှိရေးပင်ဖြစ်သည်။နိဗ္ဗာန်သို့ ရောက်ရှိရန်အတွက်
အချို့သောတရားဟော၊တရားပြဆရာအပေါင်းနှင့်သံဃာတော်အရှင်သူမြတ်များက၄င်းတို့ ဖတ်မှတ်သိကျင့်
တက်ထားသမျှ တရားတို့ အားလူအများသိရှိနားလည်ရန်အတွက်

သရဏဂုံအစွမ်း-( သမ္ဗုဒ္ဓေ မကြောက်သော သရဲ )
သမ္ဗုဒ္ဓေ မကြောက်သော သရဲ
၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက
အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံးတည်ခြင်း၊ ရောဂါတစ်ခုပင်။
စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။

စိတ်သဘောလေးမှသည်...စိတ္တနုပဿနာသို့..
သူတော်ကောင်းတို့၊ ခုတခါစိတ်အကြောင်းလေးနဲနဲ ပြောကြတာပေါ့ အနုစိတ်လေးတွေ ပါလို့သေသေ ချာချာလေး ဖတ်မှအဆင်ပြေပါလိမ့်မယ်၊ ဒါကြောင့်အချိန်လေးပေးပြီး ဖတ်ပေးပါလို့ ကြိုတင်တောင်းပန်ပါတယ်
နီဝရဏတရား (၆) ပါး ဆိုတာ
တရားအားထုတ်တဲ့အခါ နီဝရဏတရား(၆)ပါးက တရားအသိဥာဏ်တွေမရနိုင်အောင်၊ မတိုးတက်အောင် နှောင့်ယှက်ပိတ်ဆို့ထားတတ်ပါတယ်။
ရှေ့ပိုင်းနီဝရဏ(၅)ပါးကတော့ ၀ိပဿနာခဏိကသမာဓိဖြစ်နေတဲ့အချိန်နဲ့ သမထအားထုတ်လို့ဧကဂ္ဂတာသမာဓိ ရနေတဲ့အချိန်တွေမှာဖယ်ရှားထားနိုင်ပါတယ်။
ဒါပေမဲ့ နံပါတ်(၆) အ၀ိဇ္ဇာက ၀င်နှောင့်ယှက်တတ်လို့ တရားမရှုမှတ်ပဲကြာရင်တော့ အဲဒီနီဝရဏတရားတွေဟာ စိတ်ကိုညစ်နွမ်းအောင် ပြုလုပ်တတ်ကြ
ပြန်ပါတယ်။

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ

ကိလေသာ ပြဿနာ ။
သူတော်ကောင်း တို့ကို ကိလေသာအကြောင်းနဲနဲပြောချင်ပါတယ် အချို့လူတွေနားလည် ထားတာက ကိလေသာဆိုတာ ယေင်္ကျား နဲ့ မိန်းမ တဏှာရာဂ ကိစ္စတွေဘဲ လို့ရောထွေး အမှတ်မှားနေကြပါတယ်။ မိန်းမ များများယူထားတဲ့သူ ကိုလည်း ကိလေသာထူပြောတဲ့ သူလို့သုံးနှုန်းတတ်ကြပါတယ် ဒီမှာ “ကိလေသာ” အသုံးမှားနေကြတော့ လူတွေက ကိလေသာဆိုတဲ့ဝေါဟာရ
ဒုက္ခအရိယသစ္စာ
ဒုက္ခအရိယသစ္စာ
အရိယာ(ဥာဏ်ပညာရှိသူတွေ)သိတဲ့ ဒုက္ခသစ္စာတွေက ဘာတွေလဲဆိုတော့-
> ပဋိသန္ဓေနေရတာ ၊ လွယ်ထားရတာ ၊ မွေးဖွားရတာဟာလည်း ဒုက္ခပါပဲ။
> အသက်ကြီးလာလို့ အိုမင်းရင့်ရော် ပင်ပန်းဆင်းရဲရတာဟာလည်း ဒုက္ခပါပဲ။

တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ?
တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ?
ဗုဒ္ဓဘာသာတိုင်း အနန္တောအနန္တငါးပါး ရာတနာ (၃) ပါးကို ဦးညွှတ် ပူဇော်ကြလေ့ရှိပါသည်။
ဘုရားရှင်မြတ်အား ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ ရှိပါသည်။ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။
ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်အား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော်တတ်ကြပါသည်။

မေးခွန်းလေးတစ်ခု
(လူ၊သတ္တ၀ါတို့အတွက်အရေးကြီးဆုံးမေးခွန်းတခု)
လူ၊သတ္တ၀ါတို့သေလျှင်အဘယ်ကြောင့်အပ္ဖါယ်၊ငရဲသို့ရောက်ရသနည်း............?
(က)အနောက်တိုင်းဘာသာတခု၏အဖြေမှာ......................................။
(၁)ထာဝရဘုရားသခင်ကိုမယုံကြည်သောသူများ.........................။
(၂)ဘုရားသခင်၏ပညတ်တော်[10]ပါးကိုမလိုက်နာသူများ.............။
(၃)ဘုရားမကြိုက်တာလုပ်သူများဟာငရဲသို့ရောက်ကြပါတယ်.........။
(ခ)အရှေ့အလည်ပိုင်းဘာသာတခု၏အဖြေမှာ.................................။

ဆုတောင်းလို့ ဆယ့်တစ်မီးငြိမ်း မှာသေချာလား ?

ကလျာဏ နွယိဝင်သူတော်ကောင်းအပေါင်းတို့ သူတော်ကောင်းတို့ နေ့စဉ်ဘုရားရှစ်ခိုး ၀တ်ပြုကြတဲ့အခါ အမြဲဆုတောင်းတဲ့ စကားစုလေး တစုမပါမဖြစ် အမြဲထည့် ဆိုဆုတောင်း တာသူတော်ကောင်းတို့ သတိထားမိကြရဲ့လား သတိမထားဖြစ် ရင်လည်းပြန်ပြော ပြပါ့မယ် “ဆယ့်တစ်ပါးသောမီး ငြိမ်းအေးရပါလို၏ ”
ဟုထည့်ဆိုဆုတောင်း ကြတာသိကြမှာပါ၊

မဂ်၊ ဖိုလ်၊ ရမည့်သမာဓိအဆင့်ဆင့်.....။
သီလ၊ သမာဓိ၊ ပညာ၊ ဟုအဆင့်ဆင့် ဆိုရာဝယ်..။
သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး ရှိတဲ့ထဲမှာ ပညာကို လုပ်ရင်သီလနဲ့ သမာဓိဟာ တခါတည်း ပါသွားပါတယ်၊ ဒီအကြောင်းအသေးစိတ်လေး
တင်ပြချင်ပါတယ် ဘုရားရှင် လက်ထက်တော်က မပဋာ ဟာ သွက်သွက်ခါအောင် ရူးသွတ်နေရာမှ ဘုရားရှင်ဟောတဲ့ ခန္ဓာဉာဏ်ရောက် တရား

ဒုက္ခသစ္စာ၊ ပါးပါးလေးတခု..။
(သင်ခွင့်ရဘူးလား)
သင်ငယ်စဉ်ကျောင်းနေချိန်မှစလို့အကြောင်းကြောင်းကြောင့်ခွင့်ယူဘူးလား ?
သင့်ကျောင်းကခွင့်ပေးတာဘဲမလား.............................................။
သင်အရွယ်ရောက်ချိန်သင့်ချစ်သူနဲ့တွေဖို့ချိန်းပြီးမှအရေးကြီးကိစ္စတခုပေါ်လာ
လို့ချစ်သူနဲ့မတွေ့ဖြစ်ရင်သင့်ချစ်သူကိုတောင်းပန်ဘူးလား ?

သံဝေဂ ဆိုတာ....?
သံဝေဂ ဆိုတာ....?
ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့၊ သူတော်ကောင်းတို့ကို ဘာကြောင့် ဘာသာရေးလိုက်စား တရားအားထုတ် ၀ိပဿနာလုပ်ကြ လဲဟုမေးလျှင် သူတော်ကောင်း တို့ဘယ်လိုဖြေမည်နည်း၊ အဖြေကအမျိုးစုံ ထွက်လာပါမည်၊ သို့သော် မည်သည့်အကြောင်းပြချက်ကြောင့်ဘဲ အားထုတ် အားထုတ် အဓိကကျသည့်၊ ဖြစ်စဉ်တခုကိုမကျော်လွှား ဘဲစစ်မှန်သော တရားတို့ကို ရနိင်မည်မဟုတ်ပေ ထိုကျော်လွှားရမည့် ဖြစ်စဉ်လေးမှာ

အနှိုင်းမဲ့ ရတနာတပါး ၊
ယုံကြည် ကိုးကွယ်မှု ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်း အပေါင်းတို့ မျက်စိထဲပြေးမြင် ကြမည်မှာ ဘုရား၊ တရား၊ သံဃာ ဟု
ဆိုအပ်သော ရတနာသုံးပါး ကိုပင်ဖြစ်ပါသည်၊ တကယ်လည်း မှန်ကန်ပါသည်၊ ရတနာသုံးပါးသည် သူတော်ကောင်းတို့ အပေါ်ကျေးဇူး မရှိသ
လော ဟုမေးမြန်းပါက သူတော်ကောင်းတို့ မည်ကဲ့သို့ဖြေမည်နည်း၊ ကျနော့်အဖြေကတော့ ကျေးဇူးလုံးဝ ရှိသည်ဟု ဖြေရပါမည် အဘယ်ကြောင့်
ကျေးဇူးတင်ရသည်ကိုလည်း တင်ပြလိုပါသည်
ကျေးဇူးဂုဏ်ကိုသိမှ ကျေးဇူးရှိကြောင်းကို နားလည် သဘောပေါက်ပါမည်။
ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးကြီးပုံ အထူးပြောစရာ ပင်လိုမည်မထင်ပါ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ ငယ်စဉ်မှ သင်ယူမှတ်သား လာရသော
ဗုဒ္ဓ၀င်များ နုမှာငါးရာ ရင့်မှာတကျိပ် လေးသင်္ချေ နှင့် ကမ္ဘာတသိန်း အပြင် အသွေး အသား အသက်၊ စည်းစိမ်၊ သားမယား၊ မလှူဘူးတာမရှိ
ပါရမီဖြည့်၍လူ့ ဘ၀မှာပင် တောထွက်ပြီး ဒုက္ကရစရိယာ (၆)နှစ် ကျင့်ကြံခါ ဘုရားအဖြစ်သို့ရောက်သော အခါမှာလည်းနှစ်ပေါင်း(၄၅) ကျော်
သတ္တ၀ါတို့ အတွက် လောကီ၊ လောကုတ်၊ နှစ်ဖြာသော အကျိုးရှိစေမည့် တရားတော်များကို မနားမနေ ဟောကြားဆိုဆုံးမခဲ့ သည့်အတွက်ကျေး
ဇူးကြီးလှပါသည် ။
တရားတော်များ၏ ကျေးဇူးကြီးပုံမှာလည်း ထူးခြားဆန်းကြယ်လှပါသည်၊ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀) ကျော်မှ ထွန်းကားပြန့်ပွားလာသော
မှန်ကန် လေးနက် သဘာဝရုပ်တိ ပြည့်စုံသော အယူဝါဒကြီး တခု လူ့အဖွဲ့အစည်းကြီး တခုလုံးကို လိမ်မာယဉ်ကျေး အောင်လမ်းညွှန်ပြသ ပေး
သော တရားတော်များ လူမျိုးမရွေး ဘာသာမရွေး ယခုကျင့်သုံး ပါကယခုပင် ချက်ခြင်းလက်ငင်း ငြိမ်းအေးချမ်းသာ ခြင်းအကျိုးကို ပေးစေသော
တရား ပိုလေ့လာလေ ပိုသိလေ အနှစ်သာရ ပိုရှိလေ ချမ်းသာခြင်းအစစ် ဖြစ်သော နိဗ္ဗာန်ထိရောက်အောင် လမ်းပြပေးနိင်သော၊တန်ဖိုးမဖြတ်နိင်
သော လောကီကြီးပွား ကြောင်းတရားများ လောကုတ္တရာ သံသရာလည်ကြောင်းမှ လွတ်မြောက်စေသောတရားမှ ကျေးဇူးမတင်ဘူးဆိုလျှင်ဘယ်
လောက် မိုက်မဲရာကျမည် ဆိုဘွယ်ရာမရှိပေ ။
သံဃာရတနာ ဒီရတနာ တပါးမှာတော့ ဆွေးနွေးတင်ပြစရာလေးရှိပါတယ်၊ အထက်မှာခေါင်းစဉ် လုပ်ထားတဲ့ရတနာ ဆိုတာဒီရတနာကို ဆိုလို
ချင်တာပါ သံဃာတော် တို့ရဲ့ စွန့်လွှတ်၊ စွန့်စား၊ အနစ်နာခံ မှုတွေဟာပြော၍ မကုန်နိင်ပါဘူး သိသူများလည်း ထပ်ပွားနိင်ပြီး မသိသူများ အဖို့
တော့ မဟာအခွင့်ထူးကြီးတခုပါဘဲ ကျနော်ဆိုလျှင် ဘုရားရှစ်ခိုးတိုင်း သံဃာဂုဏ်တော် ကို ပူဇော်တိုင်း ကြက်သီးထ ပီတိမျက်ရည် ၀ိုင်းခဲ့ရသော
အခါမနဲပါ အဘယ်အကြောင်း ကြောင့်ဆိုတာ ရှင်းပြပါမည်၊ သံဃာတော်များ မှာဘုရားရှင်စပွင့် ရာမှ နှစ်ပေါင်း (၂၅၀၀) ကျော် ၀ိနည်းများ ထိန်း
သိမ်း၍ ဓမ္မခန္ဓာ ပေါင်းရှစ်သောင်းလေးထောင် ကျော်တို့ပါဝင်သော ပိဋကတ် (၃) ပုံ ကိုအာဂုံဆောင် အလွတ်ကျက် မှတ်လက်ဆင့် ကမ်း ထိန်း
သိမ်း လာခဲ့သည်မှာ ရှင်မဟာကဿဖ ဦးဆောင်၍ ညီတော်အနန္ဒာ ပါဝင်သော ရဟန္တာ (၅၀၀) စုစည်းပြီး ပထမ သံဃာယနာ တင်အခမ်းအနား
မှအစ ပြုပြီး အဆင့်ဆင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် လာခဲ့သည်မှာ သံဃာတော်များ ပင်မဟုတ်ပါလား သံဃာတော်များ သာသန
ဝန်ထမ်း မစောင့်ရှောက် မထိန်းသိမ်းခဲ့ပါက ယနေ့ ကျနော်တို့နာယူ နေရသော တရားတော်များသည်လည်ကောင်း၊ ယဉ်ကျေးစွာနေထိုင် နိင်ေ၇း
လောကီတရားများသည်လည်ကောင်း ဆိတ်သုံးပျောက်ကွယ်၍ ရိုင်းစိုင်းသောသူများ ပင်ဖြစ်သွားမလား မပြောနိင်ပါ၊ရှေးအရင်က စာပေ ကျမ်းဂန်များ မပေါ်သေး၍အလွတ်ကျက်မှတ်ပို့ချရပါသည်။ ကျနော်မျက်ရည်လည်
သည့် နေရာလေးဆက်ပြောပါမည်၊ ဤသို့ ပိဋကက် (၃) ပုံကို အလွှတ် အာဂုံဆောင်၍ လက်ဆင့်ကမ်း ပို့ချနေစဉ် အိန္ဒိယ နှင့် နီပေါ နိင်ငံ
တ၀ိုက်တွင် ဆိုးရွားလှစွာသော အငတ် ဘေးကြီးကျရောက် လာရာ သံဃာတော်များကို လောင်းလှူဖို့နေနေသာသာ တိုင်းသူပြည်သား များပင်
အငတ်ဘေးဒါဏ် မခံနိင်ဘဲ သေသူကသေ ပြေးသူများက တိုင်းပြည်မှ ထွက်ပြေး နှင့်ဒုက္ခ ခံစားနေရချိန် လှူသူရှိမှ ဆွမ်းကွမ်းပြည့်စုံရသော
ရဟန်း၊ သံဃာတော်တို့ အဖို့တွင် ဆိုဖွယ်ရာမရှိချေ ဆွမ်းအငတ်ခံ ရပေမယ့် စာဝါအကျက် မပျက် ဆရာတော်များ ကလဲစာချမပျက် သာသန
တာဝန်ထမ်းဆောင်ရင်း ဗိုက်ဆာလျှင် ရေသောက် ရေဆွမ်းဘုန်းပေးပြီ ညအခါ ဆွမ်းနှင့်တူတာဆို ၍ ဘာအဖတ်မျှ ၀မ်းတွင်းမရှိ ၀မ်းဟာသော
အခါ ၀မ်းပူ၊ ရင်ပူ၊ သက်သာစေရန် သဲအိတ် များကို ၀မ်းဗိုက်တွင် ကပ်၍၎င်း ရင်ဘတ်တွင်ကပ်၍၎င်း အဆာဖြေ ခဲ့ရပြီ အချို့ကိုယ်တော်များမှာ
စာဝါကျက်မှတ် ရင်းသွေးအန်ပြီး ပျံလွန်တော်မူ သည်မှာ အပါးပေါင်းမရည်တွက် နိင်ပါ သို့သော် ယင်းအချိန်က သာသနာမကွယ်အောင် အသက်
ပေးစောင့် ရှောက်ခဲ့သည်မှာ သာသန အာဇာနည် ရဟန်းသံဃာ များပင်ဖြစ်ပါသည်၊ စာတော့ရှည်နေပါသည်သို့သော် အနည်ငယ်ဆက်တင်ပြချင်
ပါသည်၊ ဆဒ္ဒန်ဆင်မင်းဇတ်တော် တွင် သောနုထိုရ် မုဆိုးကို ရန်သူမှန်းသိသော ဆင်မင်းသည်အမှောင် တွင်းမှာနှာမောင်းနှင့် ဆွဲယူလိုက်ရာ
မုဆိုး က သံဃာတော်များ ရုံသည့်သင်္ကန်း ကိုနှာမောင်းတွင်း ထည့်ပေးလိုက်ရာ ယ္ခင့် ယခင် ပြုခဲ့ဘူးသောပါရမီများ ကြောင့် သူတော်ကောင်း
များဝတ်ဆင်သည့် အရာပါလားဟု အသိတရားရခါ ရန်မူတော့ဘဲ ကိုယ်တိုင် အစွယ်ကိုဖြတ်ပေး ခဲ့သောသာဓက ရှိခဲ့ရာကျနော် တို့အဖို့ ဆိုဖွယ်
ရာမရှိ ရဟန်း၊ သံဃာတော်များကို မလေးမစား မထီမဲ့ပြင် မပြုအပ်ပေ ယနေ့ခေတ် သမုတိ သံဃာတော် များမှာ စာဝါတက်နေသော သံဃာများ
ဝိပဿနာအားထုတ် နေသော သံဃာတော်များ၊ များစွာရှိသည့် အနက် အချို့အနည်းငယ် မျှသော သာသန သံယုတ်ပတ္တိ နှင့်မညီသော ရဟန်း
များကို တွေ့ရ၍ ကြည်ညိုသဒ္ဓါ တရားမပျက်သင့်ပေ၊ ဆဒ္ဒန်ဆင်မင်း သည်ပင်လျှင် သံဃာတော်မဟုတ်ဘဲ သင်္ကန်းကိုပင် ရိုသေတရား ထားပြီး
အသက်ပေးခဲ့သည် ဆိုလျှင် ကျနော်တို့အနေဖြင့် အသက်မပေးသည့်တိုင်အောင် ရိုသေမှုဂါရ၀တရား ရှိသင့်ပါသည်။
နိဂုံးချုပ်ဆိုရသော် တရားတော်များကို နှစ်ပေါင်း (၂၅၀၀) ကျော်အောင် အသက်ပေးစောင့်ရှောက်လာသော သံဃာတော်များ၊သာသန
အာဇာနည်များ၊ယနေ့အချိန်ထိလည်း တရားရေအေး အမြိုက်ဆေးကို တိုက်ကြွေး ဟောကြားနေသော သာသနာကို ကိုယ်ကျိုးစွန့် အနစ်နာခံ
နေသော ရဟန်းသံဃာ တော်များကို ရိုသေ ဂါရ၀ တရားထား၍ သံဃဂုဏ်တော် တို့ကို အာရုံပြု ကြည်ညို သဒ္ဓါတရားပွားနိင် ကြပါရန် ညီလေး
ညမလေး၊ အကို အမ အားလုံးကို မေတ္တာဖြင့် တိုက်တွန်းနိုးဆော်လိုက်ရပါသည် ။
(၀ိဇ္ဇာစရဏသံမ္ပတော)

မလှူသင့်သောအရာသုံးမျိုး..။
မလှူသင့်သောအရာသုံးမျိုး
ကလျာဏနွယ်ဝင်သူတော်ကောင်းအပေါင်းတို့၊ ဗုဒ္ဓဘာသာဝင်တို့ သည်လှုတန်း ပေးကမ်းစွန့်ကြဲ သောအရာ၌ သူမတူအောင် ဒါနပန်းတို့ပွင့်လန်းကြသည်၊ အခြားဘာသာဝင်တို့ထက်ပင် စေတနာ
သဒါပိုလေ၏ စကားပုံတခုပင် ကြားဖူးလေသည်၊ တပဲရလို့ တမူးလှူ ဆိုရလောက်အောင် စိတ်အားထက်သန်ကြလေသည်၊ သို့သော် လှူရင်ကုသိုလ်ရသည် ဆိုတိုင်းရမ်းသန်း မလှူသင့်ပေ

ကလျာဏ အင်္ဂါငါးပါး...။
ကလျာဏအင်္ဂါငါးပါး..။
မဂ်၊ဖို ရရန် အားထုတ်ကြ ကုန်သောသူတော်ကောင်း အပေါင်းတို့ ပကတိသာဝက အိမ်ရာထောင် - သောတာပန် များမှစ၍ မြတ်စွာဘုရားရှင် အထိ ကလျာဏ အင်္ဂါ ငါးပါးအနက် တပါး နှစ်ပါး သုံးပါး
စသဖြင့် ပြည့်စုံရပေ၏ ထိုအင်္ဂါငါးပါး တို့မှာ -

ဝိပဿနာ ပျက်စေသော အကြောင်းတရားများ။ (မဂ်တု ဆယ်ပါး)
ဝိပဿနာပျက်စေသောအကြောင်းများ..။
ဝိပဿနာကိုလိုက်စား အားထုတ်ကြသော သူတော်ကောင်း များဝိပဿနာ၏ လမ်းဆုံးသို့ မရောက်မီ တွေ့ကြုံတက်သော ၀ိပဿနာပျက်စီးရာ အကြောင်း(၁၀)ပါး တွင်တ၀ဲလည်လည် ဖြစ်ပြီး
လမ်းဆုံးသို့ မရောက်မီ ခုလတ်မှာပင် တရားရသွားပြီဟု ထင်သူကထင် သို့မဟုတ် (နိယတမိစ္ဆာဒိဋ္ဌိ)ဖြစ်၍ လမ်းလွဲတက် သည်ကို ကျပ်ကျပ် သတိပြုအားထုတ်သင့်ပါသည်။

ဗုဒ္ဓဘာသာဝင်များဝမ်းမြောက်ဖွယ်သတင်းကောင်း...။

ယ္ခုဆိုလျှင် ဗုဒ္ဓသာသနာ ပေါ်ထွန်းခဲ့သည်မှာ၊နှစ်ပေါင်(၂၅၅၆) ခုနှစ်တိုင်ခဲ့လေပြီ၊ သာသနာတ၀က်ကျော်ခဲ့ပြီဟုဆိုလျှင်လဲမမှားနိင်ပါ၊ သာသနာ
(၂၅၀၀)ကျော်ပါက (၀ိမုတ္တိယုဂ)ခေတ်သို့ ပြန်လည်ရောက်ရှိလာပါပြီ၊ ၀ိမုတ္တိယုဂ ခေတ်ဆိုသည်မှာ ဘုရားရှင်သက်ရှိ ထင်ရှား ရှိဘိအလား

ဝိပဿနာဆိုသည်မှာ....?
ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်၊ သူတော်ကောင်းများ အားလုံးသိရှိ နားလည်း အားထုတ်နေကြသော ၀ိပဿနာ
ဆိုသည်မှာ အဘယ်နည်းဟု မေးခွန်းထုတ်သော် ၀ိ ဆိုသည်မှာအထူး ပဿနာ ကတော့ရှုမှတ်မှုကိုခေါ်ပါတယ်
အထူး ရှုမှတ်အားထုတ်မှုဆိုလည်း မမှားပါဘူး သို့သော် ၀ိပဿနာ ဆိုသည်မှာ ဤတခုပင် ရှိသလောဟုမေးစ
ရာထပ်မေးသော် (၃)မျိုးရှိသည်ဟု ဖြေရပါမည်၊ ၎င်းတို့ကိုဖေါ်ပြရလျှင်....
၁။ -သင်္ခါရပရိဂ္ဂဟ ၀ိပဿနာ။ ။အားထုတ်မှု ဖြစ်ပေါ်မှု တို့ကို ပိုင်းခြား၍ သိမြင်သော ၀ိပဿနာ ၊
၂။ -ဖလသမာပတ် ၀ိပဿနာ။ ။ငြိတွယ်မှုကို ပယ်သတ်နေသည့် ၀ိပဿနာ ။
၃။ -နိရောဓသမာပတ် ၀ိပဿနာ။ ။စိတ်နှင့် စေတသိတ်တို့ကို ချုပ်ငြိမ်းအောင် ဆင်ခြင်နေသည့် ၀ိပဿနာ ။

သောတာပန်ဖြစ်စေသော၊အင်္ဂါလေးပါး..။
***သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါး***
(သုတ်ပါထေယျ၊ပါဋ္ဌိတော်)
*စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိ ယင်္ဂါနိ၊ ကတမာနိ စတ္တာရိ၊
သပ္ပုရိသသံသေဂေါ သဒ္ဓမ္မသ၀နံ ယောနိသော မနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တီတိ။
*သံသရာဝဋ်ကျော့ကွင်း ညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့၊ လေးပါးသော တရားတို့သည်၊ သောတာပန် ဖြစ်ဖြင်း အကြောင်း အင်္ဂါတို့တည်း၊ အဘယ်အကြောင်း တရားလေးပါး တို့နည်းဟုမှုကား။

ကမ္မ၀ါစာညှပ်ခြင်းဟာ ဘုရားဟောဖြစ်ပါသလား
မြတ်စွာဘုရားသည် ဘုရားဖြစ်စ၌ ရဟန်းပြုလိုသူများကို `ဧဟိ ဘိက္ခု´ ခေါ် ၍ ကိုယ်တော်တိုင် ရဟန်းပြုပေးတော်မူသည်၊ ဧဟိဘိက္ခု ရဟန်းဖြစ်ဖို့ လုံလောက် သော ရှေးဘုန်းရှေးကံပါသူ အနည်းဆုံး သောတာပန် အဆင့်ရှိသည့် အရိယာပုဂ္ဂိုလ် မျိုးကိုသာလျှင် `ဧဟိ ဘိက္ခု´ ခေါ်၍ ရဟန်းပြုပေးပါသည်၊ ဘုရားလက်ထက်က ဧဟိဘိက္ခု ရဟန်းပေါင်း (၂၈၆၄၁) နှစ်ေသာင်း ရှစ်ထောင် ခြောက်ရာ လေးဆယ့် တစ်ပါးရှိသည်။
အကြွေးကင်းမှ ရဟန်းခံရမှာလား
အမေး။ ။အရှင်ဘုရား...လူတစ်ယောက်ဟာ အခြားသူကို ပေးဆပ်စရာ အကြေွး တင်နေပါတယ်။ သူက ရဟန်းလြဲပုချင်နေတယ်။ တပည့်တော်သိလိုတာက အကြေွးရှိရက်နဲ့ ရဟန်းခံ လို့ ရ-မရဆိုတာကို သိချင်ပါတယ်ဘုရား
စံမင်းအောင် တိုက်ကြီး
စံမင်းအောင် တိုက်ကြီး
ဗုဒ္ဓဘာသာကို လိုက်စားမူများလာရင် လွယ်လွယ်နဲ့ အရှုံးပေးတတ်သွားမည်လော့
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာရင်၊ ဗုဒ္ဓဘာသာကို လိုက်စားမူများလာရင် လွယ်လွယ်နဲ့ အရှုံးပေးတတ်သွားမယ်ဆိုတာ မဟုတ်သေးဘူး၊ တရားနဲ့ ဖြေပေါ့လို့တော့ပြောမယ်၊ ဒါဟာ အရှုံးပေးလိုက်လို့ ပြောတာ မဟုတ်ဘူး။ စိတ်ကို ခွန်အားပေးတဲ့ သဘောပဲ နှစ်သိမ့်တဲ့ သဘောပဲ။
Subscribe to:
Posts (Atom)